Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

16 February, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၅-၂-၂၀၁၂ - ညပိုင်း)


Wednesday, February 15, 2012


- အလုပ်လက်မဲ့ပြဿနာ ဖြေရှင်းဖို့ ပြင်ဆင်ပြီးဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
- တပ်နှင့် ပြည်သူ ပိုနီးစပ်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော click
- မြန်မာကို စီးပွားရေးအတွက်သာ မရှုမြင်ရန် တရုတ်အား ဒေါ်အောင်ဆန်းစုကြည် ပြော click
- မရမ်းကုန်းရောက် ဒေါ်အောင်ဆန်းစုကြည် click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှည်းကူးစည်းရုံးရေးခရီး click
- ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးခရီးစဉ် click
- ဒေါ်အောင်ဆန်းစုကြည် လှည်းကူးမြို့နယ် ခရီးစဉ် (ဓာတ်ပုံသတင်း) click
- ဒေါ်အောင်ဆန်းစုကြည် လှည်းကူးစည်းရုံးရေးခရီးစဉ် (ရုပ်သံ) click
- ဂျာမန် ဖွံ့ဖြိုးရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် (ရုပ်သံ) click
- ကြံခင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ အခမ်းအနား (ရုပ်သံ) click
- ဦးသိန်းစိန် ဦးဆောင်ပြောင်းလဲမှု EU အားရ click
- စစ်တပ်လွှမ်းမိုးမှု လျှော့ချရေး လွှတ်တော်တွင်း ဆွေးနွေး click

ပိတောက်စည်သံ စာစောင် /အတွဲ(၂) အမှတ်(၁)


15 February, 2012

တာရာမင်းဝေ ရဲ့စာအုပ်များ

  1. တာရာမင်းဝေ – ပန်းခေတ်ကလမင်း
  2. တာရာမင်းဝေ – ကိုးမရှိတဲ့နဝင်း
  3. တာရာမင်းဝေ – ကျွန်တော်နဲ့ကြေးသွန်းယဉ်ကျေးမူ
  4. တာရာမင်းဝေ – သင်နှင့်နံနက်ခင်းကိုသာဝင်ခွင့်ပြုမည်
  5. တာရာမင်းဝေ – ကျွန်တော်နှင့် ကြယ်မြင်လမြင်လောကဓံ
  6. တာရာမင်းဝေ – မှော်ဆရာရဲ့ကျောင်းစာအုပ်
  7. တာရာမင်းဝေ – ကောင်းကင်အကြွေကောက်တဲ့လက်
  8. တာရာမင်းေ​​ဝ – ကိုယ့်လက်နဲ့ဖမ်းမိတဲ့ နဂါးငွေ့တန်း
  9. တာရာမင်းေ​​ဝ – ပြိုင်မြင်းတို့ရဲ့ခွာသံ
  10. တာရာမင်းေ​​ဝ – အရှေ့မြို့ရိုးမှမိုးရေစက်များ
  11. တာရာမင်းဝေ-ကျွန်တော်နဲ့ဧဒင်ကခြေသည်
  12. တာရာမင်းဝေ – ပင်လယ်အတုထဲကကျွန်း
  13. တာရာမင်းဝေ – သူအိုးပုတ်လေး ကျွန်တော်ပြန်ပေးပါ
  14. တာရာမင်းဝေ – ကိုယ်ရေးကိုယ်တာ ပုရပိုက်
  15. တာရာမင်းဝေ – လရောင်ကိုပန်၍ ညယံ၌လည်း မွေးမွေးဖြူနိုင်ကြပါစေ
  16. တာရာမင်းဝေ – နေရဲ့အင်္ကျီ
  17. ကျွန်တော်နှင့်ကံကြမ္မာလက်နှက်များ
  18. တာရာမင်းဝေ – သူသည်ကဗျာဆရာတစ်ယောက်ဖြစ်သည်
  19. တာရာမင်းဝေ – အနေအထိုင်မတတ်တဲ့ကြယ် (Font problem)
  20. တာရာမင်းဝေ – ရွှေအတောင်ပံ မှာဒဏ်ရာတွေ ပြန်ကောင်းလာတဲ့နေ့
  21. တာရာမင်းဝေ – ယန္တရားအရေခွံနှင့်လူ
  22. တာရာမင်းဝေ – လူငယ်တစ်ယောက်၏ ကျောက်ထွင်းရာဇ၀င်
  23. တာရာမင်းဝေ – ကျောခိုင်းထားတဲ့နေမင်း
  24. တာရာမင်းဝေ – ကျွန်တော်တူးဖော်ခဲ့သည် မြေစိုင်မြေခဲများအကြောင်း
  25. တာရာမင်းဝေ – စောင်းကြိုးပြတ်ရွာ မွန်းတည့်အလွန် ၄နာရီ
  26. တာရာမင်းဝေ – ကျွန်တော်နှင့်ဆောင်းရာသီဒသာန
  27. တာရာမင်းဝေ – နတ်ပျိုမအတွက်ပန်း
  28. တာရာမင်းဝေ – စောင်းကြိုးတန်းလမ်းနှင့်လခြမ်း
  29. တာရာမင်းဝေ – ကြယ်သီချင်းနှင့်လမင်းသံစဉ်
  30. တာရာမင်းဝေ – ဆောင်းကြိုးပြတ်ရွာ မနက်(၄) နာရီ 
  31. တာရာမင်းဝေ – ကျွန်တော်နဲ့ နတ်ဘုရားရုပ်ထု 
  32. တာရာမင်းဝေ – စုန်းကိုက်ခံရတဲ့ သစ်သီး
  33. တာရာမင်းဝေ – ရှူး 
  34. တာရာမင်းဝေ – ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး
  35. အမှတ်တရစာစုများ

ဝမ်းဗိုက်အဆီ လျော့ကျစေမည့် အလွယ်နည်း ၉ သွယ်

ဝမ်းဗိုက်အဆီ လျော့ကျစေမည့် အလွယ်နည်း ၉ သွယ်

ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေသူတွေအတွက် ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင်မယ့် အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း အားလုံးဟာ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဝမ်းဗိုက်အဆီကျအောင် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီးအုပ်စု သုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့် မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေခဲ့ရာ ကယ်လိုရီ လောင်ကျွမ်းပုံချင်း တူပေမယ့် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေကသာ ဝမ်းဗိုက်အဆီ လျော့ကျမှုရှိခဲ့တာကို တွေ့ရပါတယ်။ စွမ်းအားမြှင့် လေ့ကျင့်ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့် လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ ပါဝင်နေပါတယ်။

14 February, 2012

My Valentine Lyrics

တိုင်းရင်းသားလား နိုင်ငံသားလား

 တိုင်းရင်းသားလား နိုင်ငံသားလာ
ကျွန်ပ်တို့၏ကမ္ဘာမြေပြင်၌နေထိုင်ကြသောလူမျိုးတိုင်းသည်လူမျိုးစုများဖြစ်ကြပါသည်။   မြန်မာနိုင်ငံတွင် လူမျိုး စုပေါင်း ၁၀၀ ကျော်ခန့်နေထိုင်ကြောင်းလေ့လာမှတ်သားဖူးသည်။ မည်သို့ပင်ဖြစ်စေ လူမျိုးစု၊လူ နည်းစုဆိုသည်မှာ လူဦးရေနည်းသော လူမျိုးတစ်စုကိုခေါ်ဆိုကြောင်းကျွန်တော်တို့ အလွယ်တကူသဘော   ပေါက် မိကြသည်။ ထိုသဘောပေါက်မှုသည်မှားယွင်းသောသဘောပေါက်မှုဖြစ်သည်။ ထိုသို့ယူဆမိ    သောကြောင်း ( ethnic minorities as ethic, ethic people ) လူမျိုးစု၊ လူနည်းစုဖြစ်ရခြင်းမှာ သာမန်မဟုတ်သလိုထင်တတ်ကြပြီး၊ လူဦးရေများသည့် လူအဖွဲ့အစည်းတစ်ခုမှ ကွဲပြားခြားနားသူများ (Diviant) အဖြစ်ရှုမြင်တတ်ကြသည်။ Neil Thomspon ရေးသားသော Anti-Discriminatory Practice စာအုပ်တွင် သူပြောသည်မှာ..
“it is often forgotten that all people are ‘ ethnic’, that is, belong to a cultural group, and so it is both inaccurate and misleading to refer to members of ethnic minorities as ‘ethnics’ or ‘ethnic people’. This implies that to be a member of the ethnic majority is ‘normal’ and so members of ethnic minorities are by definition deviant. This is a form of racism” ဟုဆိုပါသည်
လူတိုင်း၊လူတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းကို ယင်းတို့၏ တန်ဖိုးများ၊ ယဉ်ကျေးမှုများ၊ အတွေးအမြင်များ၊ အမျိုးသားရေလက္ခဏာများဖြင့်ဖွဲ့စည်းထားပါသည်။ ယင်းကြောင်း လူမျိုးစု များနှင့် တခြားလူဦးရေ များသော လူမျိုးတစ်မျိုးနှင့် လူဦးရေများသည်ကလွဲပြီး မည်သည်တစ်ခုမျှကွာခြားခြင်းမရှိပါ။ ထို့ကြောင်း သည်ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်လူအားလုံးသည် လူမျိုးစုများဖြစ်ကြပါသည်။ အခြားတစ်မျိုးယူဆလျှင် သည်ကမ္ဘာမြေကြီးတွင် လူမျိုးစု (သို့) တိုင်းရင်းသားဆိုသည်ဝေါဟာရများမရှိနိုင်ပေ။

13 February, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့်..ဗုဒ္ဓဘာသာအမြင်..



Posted by ကိုညီညီတင် on ဖေဖော်ဝါရီ 13, 2012 at 3:27pm
သတင်းပို့မယ် View Blog

ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်

Burma Project USA ကို တည်ထောင်သူ၊မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် ( ၈ )နှစ် တာ နေထိုင်ခဲ့ဖူးသည့် မစ္စတာ အလန် ကလီးမင့်ထ်စ် က ဒေါ်အောင်ဆန်းစုကြည် နှင့် စကားပြောဖြစ် ခဲ့သည် များကို( Comversation  with Aung San Su Kyi )ခေါင်းစဉ်ဖြင့် (Shambhala Sun, September 1997) တွင်ရေးသားဖော်ပြခဲ့ပါသည်။ ထင်ရှားသည့်မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာ အမြင်များကို သိရှိနိုင်စေရန် မိတ်ဆက်ဖော်ပြ လိုက်ပါသည်။

အလန်ကလီးမင့်ထ်စ်- “ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက် ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆို တဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”

ဒေါ်အောင်ဆန်းစုကြည် -“ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။”

အလန်ကလီးမင့်ထ်စ်- “တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ ပြောရင်တော့ ခင်ဗျားဟာ ဗုဒ္ဓဘုရား အဖြစ် ရောက်ရှိဖို့အတွက် အခြားသူတွေ လွတ်မြောက်မှုရရှိကြပါစေ ဆိုတဲ့ စေတနာဆန္ဒတွေနဲ့ ပညာပါရမီ၊ ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိ ယ တစ်ယောက်လို့တောင် ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။”

ဖေဖေါ်ဝါရီ (၁၃) ရက် ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ

10 February, 2012

သရီးအင်ဝမ်း

သရီးအင်ဝမ်း
မောင်မောင်ဘု

သရီးအင်ဝမ်း ဆိုတော့ ကော်ဖီမစ်ကို ပြောတယ်လို့ မထင်ကြစေလို။ နိုင်ငံရေးအကြောင်းကို တင်ပြချင်တာပါ။ တကိုယ်ရေ အမြင်လေးပါ။ ဝေဖန်သမှု ပြုပေးကြပါ။ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ ဆိုင်တယ်လို့ ယုံကြည်ပြီး ဒီဆောင်းပါးကို ရေးပါတယ်။ အာဏာရှင်စနစ်အောက်မှသည် ဒီမိုကရေစီဆီသို့ ပြောင်းလဲဖို့ ရုန်းကန်နေရတဲ့ အချိန်မှာ နိုင်ငံရေးအပေါ် လူအမျိုးမျိုး၏ ခံယူပုံများကို လေ့လာတင်ပြချင်ပါတယ်။

လူအုပ်စုကြီး ၃ ခုမှာ ...

(၁) နိုင်ငံရေးဆိုတာ ငါတို့နဲ့ပဲ ဆိုင်တယ်လို့ တရားသေ ယူဆထားသူများ
(၂) နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်လို့ ခံယူထားသူများ
(၃) နိုင်ငံရေးဆိုတာ ငါတို့နဲ့ မဆိုင်လို့ လုံးလုံးယူဆထားသူများ

09 February, 2012

စာပေ ဟောပြောပွဲများ ရခိုင် လူထု စိတ်ဝင်စားမူ ပိုမို များပြားလာ

                 ယခုနှစ် စာပေရာသီ၌ ရခိုင်ပြည်နယ် အနှံ့အပြားတွင် စာပေဟောပြောပွဲများကို ကျင်းပ ပြုလုပ်နေရာ ရခိုင်လူထု အနေဖြင့် စာပေ ဟောပြောပွဲများကို ယခင်နှစ်များကထက် စိတ်ဝင် စားမူပိုမို များပြားလာကြောင်း စာပေ သမိုင်း သုတေသီ သူမြတ် မဟာအောင်မြေက ပြောသည်။

" ခါတိုင်းနှစ်တွေနဲ့ မတူတာက ကျွန်တော်တို့ လူထုအနနဲ့ စာပေဟောပြေပွဲတွေကို ပိုမို စိတ်ဝင်စားလာတာကို တွေ့ရတယ်။ စာပေဟော ပြောပွဲတိုင်းမှာ တက်ရောက်နားထောင်သူ ပရိသတ် အရေအတွက်က အရမ်းများလာတာကို တွေ့ရတယ်။ ပီးတော့ အာရုံ စူးစိုက်ပီး နားထောင်တာတွေ၊ စာပေဟောပြောပွဲတွေ အပေါ်မှာ အလေးနက် ထားလာတာတွေကိုလည်း တွေ့လာရပါတယ်။ အားရစရာကောင်းပါတယ်" ဟု စာပေ ဟောပြောပွဲ ၂၀ ခန့်သို့ ယခုနှစ် အတွင်း သွားရောက် ဟောပြောခဲ့သူ သူမြတ် မဟာအောင်မြေက ပြောသည်။

မြန်မာ့ရေးရာ သတင်းပဒေသာ (၈-၂-၂၀၁၂ )

- ကိုမိုးသီးဇွန်နဲ့ ၀န်ကြီးဦးအောင်မင်း တွေ့ဆုံ click
- ၈၈ ​ကျောင်း​သား​ခေါင်း​ဆောင် ကိုမိုး​သီး​ဇွန်နှင့်​ ဦး​အောင်မင်း တွေ့ဆုံ click
- လွတ်ငြိမ်း​ခွင့်​ကို တပြည်လုံး​အတိုင်း​အတာ လုပ်မှသာ အားလုံးရဲ့ ယုံကြည်မှုကို ရ​စေနိုင်တယ် (ကိုမိုးသီးဇွန်နဲ့ မေးမြန်းခန်း) click
- ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ခရီးစဉ်တလျှောက် ကြိုဆိုသူများ ပြည့်နှက်လျက်ရှိ click
- ဒေါ်အောင်ဆန်းစုကြည်၏ ပုသိမ်ခရီးစဉ် click
- “ဒီလောက် အင်တိုက်အားတိုက် ကြိုပြီးမှ ပုသိမ်မှာ ကျွန်မတို့ မနိုင်ဘူးဆိုရင် မဟုတ်တော့ဘူးနော်” (ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မိန့်ခွန်း) click
- ပုသိမ်ဒေသခံတွေ ဝမ်းမြောက်ကြည်နူးတဲ့ နေ့ (ဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းခရီးစဉ် (ရုပ်သံ) click
- ပါတီမှတ်ပုံတင်သော်လည်း အမျိုးသားညီညွှတ်ရေးကို ထိခိုက်မည်မဟုတ်ဟု ALD ပြော click
- နိုင်ငံတကာ လေ့လာသူများအား ရန်ကုန်တိုင်း ကော်မရှင်ဥက္ကဋ္ဌ ကြိုဆို (အင်တာဗျူး) click
- လှိုင်သာယာ ဆန္ဒပြအလုပ်သမား​များ​ကို အလုပ်ဖြုတ်မည်ဟု သတိပေး click
- ၀န်ထမ်းလစာ တိုးရန် သူရဦးရွှေမန်း အဆိုတင် click
- အစိုးရဝန်ထမ်းတွေ လစာတိုးမြှင့်ပေးဖို့ ဦးရွှေမန်း အဆိုတင် click
- အစိုးရဝန်ထမ်းများ လစာတိုးပေးရေး ဦးရွှေမန်း တင်ပြ click
- ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဝန်ခံမှုများ၊ တိုက်တွန်းမှုများ ပြုလုပ် click
- CIA ညွှန်မှူး မြန်မာနိုင်ငံသို့ သွားမည် click
- CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ သွားရောက်ဖွယ်ရှိ click
- CIA ညွှန်ကြားရေးမှူး မြန်မာပြည်သို့ လာရောက်ဖွယ်ရှိ click
- အ​မေရိကန် စီအိုင်​အေ ညွှန်ကြား​ရေး​မှူး မြန်မာပြည် သွားမည် click
- အမေရိကန်က ပိတ်ဆို့မှု လျှော့ပေးမယ် (ဓာတ်ပုံ) click
- ASEAN စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင် click

“အကယ်၍များ” (ကာတွန်း ဘီရုမာ - ဧရာဝတီဝက်ဘ်ဆိုက်)
- တရုတ်နိုင်ငံထဲရောက် ကချင်စစ်ပြေးဒုက္ခသည်တွေ ထောက်ပံ့မှု မလုံလောက် click
- ကချင်စစ်ပြေးဒုက္ခသည်များ ရိက္ခာအခက်အခဲဖြစ်နေ click
- ကချင်စစ်ပြေးဒုက္ခသည်များအတွက် 'မနောအလှ ဂီတည' click
- အပစ်ရပ်သော်လည်း လူထုဘက်မှနေ၍ တိုက်ခိုက်ရန် အသင့်ပြင်ထားဟု ဒု-ဗခက ယွက်စစ် click
- ၆၅ နှစ်မြောက် သျှမ်းပြည်နယ်နေ့၌ ကျိုင်းတုံစစ်ဒေသအတွင်း တိုက်ပွဲဖြစ် click
- KNU/KNLA ငြိမ်းချမ်းရေးကောင်စီနဲ့ မြန်မာအစိုးရ ပဏာမ ငြိမ်းချမ်းရေး လက်မှတ်ထိုး click
- CNF က ချင်းပြည်နယ်အတွင်း တပ်စခန်းနေရာချရေး စတင် click
- ရခိုင်ပြည်နယ်ရေးရာကို ၀န်ကြီးချုပ်လက်မှတ် ရေးထိုးခွင့်ရသူက ချယ်လှယ်ထား click
- ကျောင်း​သား​ခေါင်း​ဆောင်မျိုး​ဆက်များ​ စုံညီ​တွေ့ဆုံ click
- လယ်ဧက ၅၀ ထပ်သိမ်းခံရကြောင်း လယ်သမားများ သမ္မတထံ တိုင်ကြားစာပို့ click
- ရန်ကုန်လေဆိပ် လုံခြုံရေးအဆင့် မြှင့်ထား click
- ရန်ကုန်တော့ ဖြည်းဖြည်းပေါ့ … (ထွေရာလေးပါး) click
- မြန်မာဂျာနယ်လစ်တယောက်ရဲ့ ပြန်တော်ပြန် (ရုပ်သံ) click
- မူးယစ်ဆေးကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ထိခိုက် click
- ခိုးကူးခွေများ ဖမ်းပေးဖို့ အကယ်ဒမီ ဝေဠုကျော် အာဏာပိုင်များကို တောင်းဆို click
- မြန်မာနှင့်ထိုင်းစုံတွဲ နေအိမ်တွင် အသတ်ခံရ click
- ရန်ကုန်မြို့တွင် မွန်အမျိုး​သား​နေ့ ပြန်လည်ကျင်း​ပခွင့်​ရ click
- ၆၅ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပခဲ့ကြ click
- မ​ကွေး​တိုင်း​အတွင်း​ စာ​ပေ​ဟော​ပြောပွဲများ​ ပိတ်ပင်ခံရ click
- စာပေဟောပြောပွဲများ ရခိုင်လူထု စိတ်ဝင်စားမူ ပိုမို များပြားလာ click
- ၂၀၁၀ ခုနှစ်အတွက် အကယ်ဒမီဆု ချီးမြှင့်ပေးအပ် click
- မြန်မာ့ရုပ်ရှင်ပြသတဲ့ အာဆီယံရှပ်ရှင်ပွဲတော် (ရုပ်သံ) click
- ပေါ်လကီးတို့ လာချေပြီ အပိုင်း (၂) (ဆောင်းပါး) click
- ဆီးရီးယားက ပြုပြင်မယ်လို့ ပြောကြောင်း ရုရှ ဆို click
- ဂရိနိုင်ငံ ခြွေတာရေးအစီအစဉ် click
- မြေသိမ်းခံရသည့် တရုတ်လယ်သမား လေးပုံတပုံ နစ်နာကြေးမရ click
- စာရေးဆရာကြီး Charles Dickens နှစ် ၂၀၀ ပြည့် နှစ်ပတ်လည် click

08 February, 2012

၂၀၁၃ ပြည်သူ့ဝန်ထမ်းလစာတိုးဖို့ လွှတ်တော် အတည်ပြု

               ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွေမန်း ရဲ့ အဆိုပြု ဆွေးနွေးချက်ကို ပြည်သူ့ လာမယ့် ဘဏ္ဍာရေး နှစ်မှာ နိုင်ငံဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်ပေးရေးအဆိုပြု ချက်ကို ပြည်ထောင်စုလွတ်တော်မှာ ဒီကနေ့ ကန့်ကွက် သူမရှိ ထောက်ခံခဲ့ကြပါတယ်၊ လွှတ်တော် ဥပဒေကြမ်း ကော်မီတီက အဆိုတရပ် တင်သွင်းခဲပြီး ပြည်ထောင်စု လွတ်တော်ထဲမှာ ထောက်ခံ အတည်ပြု ခဲ့ကြတာ ဖြစ်ပါ တယ်၊ နိုင်ငံမှာနိုင်ငံခြားကြွးမြီ တွေရှိနေပေမဲ့ အကျိုးမရှိတဲ့ စီမံကိန်းနဲ့ လုပ်ငန်းတွေကို ရပ်ပစ်ပြီး ၀န်ထမ်းတွေ ရဲ့ လစာကို တိုးမြှင့်ကာ အကျင့်ပျက် ခြစားမှုတွေ ပပျောက်အောင် ဖြစ်တယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ် တွေက ပြောပါတယ်၊ ဒီသတင်းအပြည် အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးပါ၊

မပျော်နိုင်+ ရတာနာမိုင်

ဒေါ်အောင်ဆန်းစုကြည့် ပုသိမ်မိန့်ခွန်း

မျိုးရိုး+ ဝင်းကိုခိုင်

06 February, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေ

ရွေးကောက်ပွဲ ဥပဒေ/နည်းဥပဒေများ

  1. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ
  2. နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ
  3. နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ
  4. အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ
  5. အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ
  6. ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ
  7. ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ
  8. တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်)ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ
  9. တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်)ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ


myanmarelection2010