SUMMARY
OF
The Rakhine State Revolutionary Parliament
Democratic forces in the Rakhine State – are in political crises due to factionalism, divided unity, leadership vacuum, and anarchy and above all, lack of a democratic political institution. In this book, it is proposed to establish the much needed democratic political institution in the form of a Revolutionary Parliament (RP). The foundation of the RP is based upon the liberal democracy and equal political rights. Liberal democracy in the context of the Rakhine traditions and political liberalism and democracy. Structure and functioning of the British Parliament and the American Congress are briefed.
Every citizen of the Rakhine State Revolutionary Parliament. The Rakhine State citizens may participate in the RP individually, procedures or organizations. The RP follows the functional procedures of the British Parliament. The RP is essentially a legislative body. But its resolutions, policies, and orders will be executed and carried out by the Bureaus, each of which will be headed by a Director. The Director General is the chief – Directors constitute the Board of Directors. They are to be elected by the RP for a three-year term.
It is recommended here that the RP should be bicameral consisting of a people’s Congress is made up of all individual citizens as the party-affiliation, if any, is null and void here, whilst the Parties’ congress is constituted with the representatives of the parties under a rule of proportional representation. Party less private members are grouped together and taken as a body, equivalent of a party or organization, that will also send its allotted number of representatives to the Parties’ congress.
Methods of voting and voting systems are also briefed. Procedure of legislation is also explained. Finally it is hoped that the Theory and Practice of the RP will help bear the sweet fruits of democracy.
ရခိုင်ပြည် တော်လှန်ရေးပါလီမန် အကျဉ်းချုပ်
ရခိုင်ပြည်ဒီမိုကရေစီ အင်အားစုများသည် အုပ်စုဝါဒများကြောင့်၎င်း၊ သွေးကွဲမှုများ ကြောင့် ၄င်း၊ ခေါင်းဆောင်ကင်းမဲ့ခြင်းကြောင့်၎င်း၊ မင်းမဲ့ဝါဒီ စိုးမိုးမှုကြောင့်၎င်း၊ အရေးကြီး ဆုံးအနေဖြင့်- ဒီမိုကရေစီနိုင်ငံရေး အဆောက်အအုံများမရှိ၍၄င်း- နိုင်ငံရေးအကျပ်အတည်း တွင်းသက်ရောက်နေကြပေသည်။ ဤစာအုပ်တွင်-ယင်းအရေးကြီး လိုအပ်နေသော ဒီမို ကရေစီနိုင်ငံရေးအဆောက်အအုံကို တော်လှန်ရေးပါလီမန်တရပ်ဖြင့် တည်ဆောက်ကြပါရန် တိုက်တွန်းအတည်ပြုထားပေသည်။ တော်လှန်ရေးပါလီမန်ကို ကျယ်ပြန့်သောဒီမိုကရေစီနှင့် တန်းတူညီမျှသော နိုင်ငံရေးအခွင့်အာဏာ အခွင့်အာဏာပေါ် တည်ဆောက်ထားပေသည်။ ကျယ်ပြန့်သောဒီမိုကရေစီကို ရခိုင်ပြည်၏ ဓလေ့ထုံးစံနှင့် နိုင်ငံရေးအမွှေအနှစ်များနှင့် စပ်ဟပ်ကာ တင်ပြထားပေသည်။ အနောက်တိုင်းကျယ်ပြန့်သောဝါဒနှင့် ဒီမိုကရေစီတို့ကို လည်းနှိုင်းယှဉ်ဆွေးနွေးထားပါသည်။ ဗြိတိသျှ ပါလီမန်နှင့် အမေရိကန် ကွန်ဂရက်တို့၏ ဖွဲ့စည်းပုံနှင့် အလုပ်လုပ်ပုံကို အကျဉ်းချုပ်ရေးထားပေသည်။
ရခိုင်ပြည်သူ အားလုံးကို ရခိုင်ပြည်တော်လှန်ရေးပါလီမန်၏ အမတ်များအဖြစ် သတ်မှတ်ပေသည်။ ရခိုင်ပြည်သူတိုင်းသည် တော်လှန်ရေးပါလီမန်တွင် တစ်ဦးချင်းအနေဖြင့် ဖြစ်စေ၊ ပါတီအဖွဲ့များအနေဖြင့် ဖြစ်စေပါဝင်ဆောင်ရွက်နိုင်သည်။ တော်လှန်ရေးပါလီမန်သည် ဗြိတိသျှပါလီမန်၏ အလုပ်လုပ်ပုံ ထုံးနည်းများကို ကျင့်သုံးပေသည်။ အဓိကအားဖြင့် တော်လှန်ရေးပါလီမန်သည် ဥပဒေပြုဌာနဖြစ်သည်။ သို့သော် ၄င်း၏ဆုံးဖြတ်ချက်များ၊ ပေါ်လစီများ၊ အမိန့်များကို ဗြူရိုများဖြင့် တာဝန်ယူဆောင်ရွက်အကောင်အထည်ဖော်ပေမည်။ ဗျူရိုများကို ဒါရိုက်တာများက ဦးစီးပေသည်။ ဒါရိုက်တာချုပ်မှာ အကြီးဆုံး အမှုဆောင်အရာရှိလည်းဖြစ် ညှိနှိုင်းသူလည်း ဖြစ်ပေသည်။ ဒါရိုက်တာများကို တော်လှန်ရေးပါလီမန်မှ သုံးနှစ်တစ်ကြိမ် ရွေးချယ်တင်မြှောက် ရပေမည်။
တော်လှန်ရေးပါလီမန်ကို၂--ဆင့်ပါလီမန်အဖြစ်ကျင့်သုံးသင့်ကြောင်း ထောက်ခံတင်ပြထားပေသည်။
ယင့်၂-ဆင့်မှာ-(၁) ပြည်သူ့ကွန်ဂရက်နှင့် (၂) ပါတီများကွန်ဂရက်ဖြစ်ပေသည်။ ပါတီဝင်အဖွဲ့ဝင် ဆိုသည်မှာ ဤပြည်သူများကွန်ဂရက် ကိုပုဂ္ဂိုလိက အမတ်များကိုလည်း ပါတီအဖွဲ့တစ်ခုသဘွယ် စုစည်းယူဆပြီး အချိုးကျသတ်မှတ်ထားသော အရေအတွက်အတိုင်း- လိုအပ်သောကိုယ်စားလှယ်များကို ပါတီကွန်ဂရက်သို့ စေလွှတ်စေရမည်။
မဲပုံနည်းများ မဲပေးမှုစနစ်များကိုလည်း အကျဉ်းချုပ်တင်ပြထားပေသည်။ ဥပဒေပြုနည်း တို့ကိုလည်း ရှင်းလင်းထားပေသည်။ နိဂုံးချုပ် အနေဖြင့် ဤတော်လှန်ရေး ပါလီမန်၏ သီအိုရီနှင့် လက်တွေ့ကို ချိုမြသော ဒီမိုကရေစီ အသီးအပွင့်တို့ကို ဖြစ်ထွန်းစေမည်ဟု ယူဆမျှော်လင့်ထားပေသည်။
ရခိုင်ပြည်တော်လှန်ရေးပါလီမန်
( Rakhine State Revolutionary Parliament)
နိဒါန်း။ ။
၁၉၆၁ - ခု ဇွန်လ ၁၃- ရက် နေ့စွဲအနေဖြင့် ရခိုင်ပြည်နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားရန် ရခိုင်ပြည်တော်လှန်ရေးပါလီမန်ဖြင့် ခရီးဆက်သင့် ကြောင်းကို ရခိုင်ပြည်ထွက်ရပ်လမ်း ကော်မတီကို တင်ပြခဲ့ပါသည်။ တဖန်သြဂုတ်လ အတွင်းတွင်လည်း ယင်းကော်မတီနှင့် လူကိုယ်တိုင်တွေ့ဆုံပြီး တင်ပြရှင်းလင်းခဲ့ပါသည်။ တဖက်တွင်လည့် အောက်တိုဘာလတွင် ပြုလုပ်ကျင်းပသော ဒီမိုကရေစီနှင့် ခေါင်းဆောင် အလုပ်သင် သင်တန်း (Democracy and Leadership Workshop)- session- 1 တွင်လည့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ဤစာတန်း၌ ယင်းရှင်းလင်းတင်ပြချက်တို့ကို စုစည်းပြီး လိုအပ်သလိုမွမ်းမံတင်ပြအပ်ပါသည်။
ဤတင်ပြချက်တို့သည် ကျွန်တော် ယခင်ကတင်ပြခဲ့သော ဆန်းစစ်တင်ပြချက်များ- (အမှတ်-၁ ၁၉၈၂ မတ်လ-၂၁ ရက်။ အမှတ် ၁၉၈၂ ခုနှစ် ဒီဇင်ဘာလ -၇ ရက်။ အမှတ်-၃ ၁၉၈၂- ဒီဇင်ဘာလ -၂၂ ရက်) ၏ အတွေးအခေါ်တို့ကို ယနေ့နိုင်ငံရေး ဘ၀နှင့် ကိုက်ညီအောင် ဖွံ့ဖြိုးတိုးချဲ့ ထားခြင်းဖြစ်ပါသည်။
နိုင်ငံရေး အတွေးအခေါ်တို့သည် နိုင်ငံရေးဘ၀ကို ပြောင်းလဲစေပြီး နိုင်ငံရေးဘ၀ တို့သည်လည်း နိုင်ငံရေးအတွေးအခေါ်ကိုပြောင်းလဲစေပါသည်။ မှား၏ မှန်၏ ကောင်း၏ ဆိုး၏ သင့်တော်၏ မသင့်တော် ဆိုသည်တို့မှာကား ကာလဒေသ ပယောဂတည်း ဟူသော ကြေးမုံပြင်တွင် ထင်ဟပ် ပေါ်ပေါက်လာသော အရိပ်အယောင် များသာဖြစ်ပါ သည်။ Dialectical Criticism ဟုခေါ်သော အနုဋိလောမဝေဖန်ချက်ဖြင့်လေ့လာ ဆန်းစစ်နိုင်ကြပါစေ။
၂.၁။ ။ ကျယ်ပြန့်သောဒီမိုကရေးစီ ဝေါဟာရ အဓိပ္ပါယ်
၁၉၈၂ ခုနှစ် ဒီဇင်ဘျာလ ၇ ရက်နေ့စွဲပါ ဆန်းစစ်တင်ပြချက် အမှတ် ၂ တွင်အောက်ပါအတိုင်းဖေါ်ပြခဲ့ပါသည်။ (၁)ကျယ်ပြန့်သော ဒီမိုကရေစီမှာ အင်္ဂလိပ် ဝေါဟာရ (liberal Democracy) ကိုဘာသာပြန်ထားခြင်းမဟုတ်။
(၂)ကျယ်ပြန့်သောဒီမိုကရေစီ ဟူသောဝေါဟာရကို ယနေ့လက်ရှိ နိုင်ငံရေးအသုံးအနှုန်း တို့နှင့် လိုက်လျော့ညီထွေးစေရန် အင်္ဂလိပ်ဝေါဟာရ (liberal Democracy) ဟုပြန်ဆိုရခြင်းသာဖြစ်ပေသည်။ တိုက်ရိုက်ဘာသာပြန်ဆိုပါမှု”Broad Democracy” ဟုပြန်ဆိုရပါပေမည်။
ဤသို့ရှင်းလင်းခဲ့ရခြင်းမှာ ကျွန်တော်ဆိုလိုသည့် ”ကျယ်ပြန့်သောဒီမိုကရေစီ” သည် ရခိုင်ပြည်နှင့်ဗမာပြည် နိုင်ငံရေးဘ၀ဖြစ်ရပ်များ ကိုအခြေခံပြီး တွေးခေါ် ပေါ်ပေါက်လာသောာ အတွေးအခေါ် တစ်ရပ်ပင်ဖြစ်ကြောင်း အထောက်အထားပြခြင်းပင်။ ဥရောပနိုင်ငံရေးအတွေးအခေါ် တို့ကို တိုက်ရိုက်လက်ခံကျင့်သုံခြင်းမဟုတ်။ သို့သော်လည်း အတွေးအခေါ် အယူအဆတို့မည်သည်မှာ ကမ္ဘာတစ်ဝှမ်းလုံး ပျံ့နှံ့ဆက်စပ်မှုရှိရာကား၊ ယင်းဥရောပနိုင်ငံရေး အတွေးအခေါ် တို့နှင့် လုံးဝကင်းရှင်းပြီး ပေါ်ပေါက်လာသည် ဟုဆိုပါက မှားယွင်းပေမည်။ ကမ္ဘာ့ လူမှု့အဖွဲ့အစည်း (Human Society) အထူးသဖြင့် ဥရောပနှင့် အရှေ့တိုင်း နိုင်ငံရေး အဆောက်အအုံ (European and oriental Political Institutions) များပေါ်ပေါက်လာသော အခြေခံ သဘောတရားများကို ရခိုင်ပြည်၏ နိုင်ငံရေးဘ၀ (Rakhine Political Life) နှင့် ကာလ၊ ဒေသ၊ ပယောဂ အလိုက် ချိန်ဆလေ့လာမှု ပေါ်ပေါက်လာသော အတွေးအခေါ် တစ်ရပ်ဖြစ်သည်။
၂.၂ ဒီမိုကရေစီစနစ်၏ အဓိပ္ပါယ်နှင့်ကျင့်သုံးချက်
ဒီမိုကရေစီဟူသော ဝေါဟာရသည် ဂရိ (Greek) ခေတ် (500-BC) မှစ၍ ပေါ်ပေါက်ခဲပါ၏ အဓိပ္ပါယ်နှင့် ကျင့်သုံးချက်တို့သည် အမျိုးမျိုးပြောင်းလဲ ပေါ်ပေါက် လာခဲ့သည်ဟု ဆိုရပါမည်။ သို့သော် ယင်းဝေါဟာရ၏ ပင်မအဓိပ္ပါယ်ကား မပြောင်းလဲ့ဘဲ ပိုမိုပြည့်ဝလာသည့် ဟုဆိုရပါမည်။ သို့သော် ယင်းဝေါဟာရ၏ အဓိပ္ပါယ်ကား မပြောင်းလဲဘဲ ပိုမိုပြည့်ဝ လာသည်ဟု ဆိုရပါမည်။ ဂရိ (Greek) စကားတွင် ဒီမို (Demos) ပြည်သူ့ (၀ါ)တိုင်းသူပြည်သားလူများ၊ ကရေစီ (critic) အုပ်ချုပ်ရေး(၀ါ) အုပ်ချုပ်ခြင်း ဟူ၍အဓိပ္ပါယ်ရပါသည်။
၁။ ။ ရခိုင်ပြည်တော်လှန်ရေး ပါလီမန်၏ ရေသောက်မြစ် ၂- သွယ်
ရခိုင်ပြည်တော်လှန်ရေး ပါလီမန်သည် ကျယ်ပြန့်သော ဒီမိုကရေစီ (Liberal Democracy) နှင့် လူတိုင်းတန်းတူညီမျှသော နိုင်ငံရေးအခွင့်အာဏာ (Equal Political Rights) ရှိသည်ဟူသောနိုင်ငံရေးခံယူချက် ၂- ရပ်အပေါ် မြစ်ဖျားခံ ပေါ်ပေါက်လာသော နိုင်ငံရေး ရေစီကြောင်း တစ်ရပ်ပင်ဖြစ်သည်။
၂။ ။ ကျယ်ပြန့်သော ဒီမိုကရေစီ (Liberal Democracy)
တော်လှန်ရေးခံယူ ပြောဆိုနေကြသော ရခိုင်ပြည်နိုင်ငံရေးတွင် ကျယ်ပြန့်သော ဒီမိုကရေစီကို အခြေံခံပြီး နိုင်ငံရေးအဆောက်အအုံ ဖွဲ့စည်းတည်ဆောက်သင့်ကြောင်းကို ၁၉၇၈- ခုမှစ၍ နီးစပ်ရာပုဂ္ဂိုလ် အသင်းအဖွဲ့ ပါတီများသို့ ကျွန်တော်တင်ပြခဲ့ပါသည်။ ၁၉၈၂- ခုတွင်ကား ဆန်းစစ်တင်ပြချက်အမှတ် ၁-၂-၃ များဖြင့် စာတမ်းပြုစု ရေးသားဖြန့်ဝေခဲ့ပါသည်။ ၁၉၈၄-ခု ဧပြီလ- ၈ ရက်နေ့စွဲဖြင့်ရေးသားဖြန့်ဝေ ခဲ့သော ”အဝေးရောက် နိုင်ငံချစ် မြန်မာများ၏ သဘောထား- မူကြမ်း-၁” တွင်လည်း ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံ ဟုခေါ်သောနိုင်ငံတစ်ဝှမ်းလုံးနှင့် တိုင်းတာပြီး ဒီမိုကရေစီ၏ ၀ိသေသလက္ခဏာများ၊ လက်တွေ့ကျင့်သုံးမှုများ ကို ကျွန်တော် တင်ပြဆွေးနွေးခဲ့ပါသည်။ ယင်းတင်ပြချက်တို့သည် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေစီးကြောင်းကို အားမာန် ဖြည့်ဖြိုးပေးခဲ့သည်ကိုကား ကျွန်တော်အနေဖြင့် ၀မ်းမြောက်စွာ ဂုဏ်ယူပါ၏။ ၁၉၈၈- ခု ဒီမိုကရေစီ ရေစီးကြောင်းတိုက်ပွဲများသည် ကျွန်တော်၏ ဒီမိုကရေစီအတွေးအခေါ် တို့ကို ခိုင်မာစေခဲ့ပါသည်။ တိုးတက်ဖွံ့ဖြိုးစေခဲ့ပါသည်။ ယနေ့တွင် ယင်းကျယ်ပြန့်သော ဒီမိုကရေစီ ကို သစ်လွင်စွာ ထပ်မံအားပေးပြီး တင်ပြပါမည်။ ယင်းသို့တင်ပြရာတွင် ကျယ်ပြန့်သော ဒီမိုကရေစီ၏ အတွေးအခေါ်များ၊ ခံယူချက်များ၊ သဘောတရားများ၊ ၊ ကျင်းသုံးမှုများ (Liberal Democratic Thoughts, Concepts, Theories and Practices) ကို၊ လွှမ်းမိုးချုံ၍ ဖြစ်စေ၊ ကဏ္ဍုခြား၍ဖြစ်စေ တင်ပြသွားပါမည်။
ပိုမိုပြည့်စုံရန်ကား- ကျွန်တော် ၁၉၈၂- ခုတွင်ရေးသားခဲ့သော ဆန်းစစ်တင်ပြချက် အမှတ် ၁-၂-၃ များနှင့် ၁၉၈၄ ခုတွင်ရေးသားခဲ့သော” အဝေးရောက်နိုင်ငံချစ်မြန်မာများ၏ သဘောထား များကြောင်းများပင်။
၂-၃ ။ ။ အရိစ္စတိုတယ်၏ အတွေးအခေါ်
အရိစ္စတိုတယ် (Aristotle, 384-322 B.C) သည်သူခေတ်တွင် အစိုးရသုံးမျိုးခွဲခြားသတ်မှတ်ခဲ့သည်။
(၁) လူတစ်ဦးတည်း အုပ်ချုပ်မှု (Rule of one; Monarchy)
(၂) လူတစ်ဦးအုပ်ချုပ်မှု (Rule of few; Aristocracy)
(၃) လူအများအုပ်ချုပ်မှု (Rule of many; Duality)
တစ်ဖန် အစိုးရတို့သည် အောက်ပါ အခြေခံစည်းမျဉ်းများကို ကျင့်သုံး တတ်ကြသည်ဟုဆိုပါ၏။
(၁) လူတစ်ဦးတည်း အုပ်ချုပ်မှုသည် အများပြည်သူ့အကျိုးကို လစ်လျူပြီး ကိုယ်ကျိုးကိုသာကြည့်တတ်၍”Tyranny” ခေါ်သော ရက်စက်ကြမ်းကြုတ်မှုကို အခြေခံကျင်းသုံးသည်။
(၂)လူတစ်စု အုပ်ချုပ်မှုသည် အများပြည်သူ့အကျိုးကို လစ်လျူပြီး ကိုယ်ကျိုး၊ ကြည့်လာသောအခါ” Oligarchy” ခေါ်သော လူတန်းစားရေးဝါဒကို အခြေခံကျင်းသုံးသည်။
(၃) လူအများ အုပ်ချုပ်မှုသည် ”ကိုယ်ကျိုး” ကြည့်မှုအနည်းပါးဆုံး၊ အများပြည်သူ့အကျိုး ကိုထောက်ရူမှု အများဆုံး ဖြစ်သော ”Democracy” ခေါ်ပြည်သူ့အုပ်ချုပ်ရေးကို အခြေခံကျင့်သုံးသည်။
ဤသို့လျှင် အရိစ္စတိုတယ်သည်သူ၏ ”Politics” အမည် (Athens) မှာ မြို့ပြနိုင်ငံဟု နားလည်ကြသော ”Polis” တစ်ခုဖြစ်ပါသည်။ ယင်း” Polis” ၏အရေးအရာများကို ပြုဆောင်ချက်များကို “Politics” ဟုခေါ်သည်။ ယင်း “Politics” ကိုမြန်မာဘာသာတွင် ”နိုင်ငံရေး” ဟုဘာသာပြန်သုံးနှုန်းသည်။
၂.၄။ ။ဂရိခေတ်ဒီမိုကရေစီ
ယင်းဂရိခေတ်တွင်ကျင့်သုံးသော ဒီမိုကရေစီကို တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) ဟုခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူတိုင်းသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့တွင် တိုက်ရိုက်ပါဝင် ဆောင်ရွက်ကြ၍ ဖြစ်သည်။ ၁၉၉၁ အောက်တိုဘာလ - ၁၄ ရက်နေ့တွင် ကမ္ဘာ့ဒီမိုကရေစီ ၂၅၀၀-နှစ်ပြည့် အခန်းအနားကို ဂရိ နိုင်ငံ အေသင်မြို့၏ pny+hill တောင်ပေါ်ရှိ Amphitheater တွင်၊ လက်ရှိ ဂရိနိုင်ငံသမ္မတ (Constantine Caramel’s) နှင့်တကွ နိုင်ငံတကာ ခေါင်းဆောင်များ တက်ရောက်ကျင်းပခဲ့ သည်။ ယင်းနေ့တွင်ပင် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်းချမ်းရေး ဆုရရှိကြောင်း ကြေငြာခဲ့ သည်။ ယခုအခါတွင်ကား ”politics” နှင့် “Democracy” တို့၏ အဓိပ္ပါယ်နှင့် ကျင့် သုံးမှုတို့သည် ပိုမိုကျယ်ပြန့် နက်ရှိုင်းလာခဲ့ပြီ။
၂.၅။ ။ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)
ဂရိခေတ် တိုက်ရိုက်ဒီမိုကရေစီမှသည် ယခုအခါ ”ယခုအခါ ကိုယ်စားပြုကိုယ်စားပြု ဒီမိုကရေစီ (Representative Democracy) ထွန်းကားခဲ့ပေသည်။ လူဦးရေများပြားလာ သည်က တကြောင်း၊ မြို့ပြနိုင်ငံ၏ (Polis) များသည်၊ အမျိုးသားနိုင်ငံ (Nation State) များသို့ တိုးတက်ထွန်းကားလာသည် ကတကြောင်း၊ လူဦးရေအချိုးကျ နယ်မြေဒေသ အလိုက်ကိုယ် စားလှယ် ရွေးချယ် စေလွှတ်ပြီး ဥပဒေပြုခြင်း၊ အုပ်ချုပ်ခြင်း တို့ကိုပြုလုပ် လာပေသည်။ ဤ သည်ပင်လျှင် ကိုယ်စားပြုဒီမိုကရေစီစန် ကျင့်သုံးမှုဖြစ်ပေသည်။
၂.၆။ ။ တိုက်ရိုက်နှင့် ကိုယ်စားပြုဒီမိုကရေစီ
များစွာသော တိုင်းပြည်တို့တွင် တိုက်ရိုက်ဒီမိုကရေစီ နှင့် ကိုယ်စားပြုဒီမိုကရေစီကို ယှဉ်တွဲကျင့်သုံးကြဆဲဖြစ်သည်။ မြို့နယ်၊ ဒေသန္တရအုပ်ချုပ်ရေးများ (Town Administrations and local Government) တို့တွင် လူထုတိုက်ရိုက်ပါဝင်သော ”တိုက်ရိုက်နှင့်ဒီမိုကရေစီ” ကိုကျင့်သုံးကြပြီး အမျိုးသား (၀ါ) နိုင်ငံတော်အစိုးရအဆင့် ဥပဒေပြုမှုအဆင့်ဆင့်တွင် ”ကိုယ်စားပြုဒီမိုကရေစီ” ကိုကျင့်သုံးကြသည်။
၂.၇ ။ ။ ပါလီမန် (Parliament)
ယင်းသို့ ကိုယ်စားပြုဒီမိုကရေစီ ကျင့်သုံးမှုစနစ်ကြောင်း ပါလီမန်ဟုခေါ်သော(၀ါ) နိုင်ငံတော် ဥပဒေပြုဌာနသည် ဗြိတိန်နိုင်ငံတွင် ၁၂၆၅- ခုနှစ် (Simon de Mont fort ) လက်ထက်မှစ၍ အစပျိုးပေါ်ပေါက်လာခဲ့ပေသည်။ ယခုအခါတွင် ယင်းကိုယ်စားပြု ဒီမိုကရေစီစနစ်ကို ပုံစံအမျိုးမျိုးဖြင့် ကမ္ဘာအ၀ှမ်းတွင် ကျင့်သုံးနေကြပေသည်။ ဗြိတိသျှ ဒီမိုကရေစီစနစ်တွင် အချုပ်အခြာအာဏာသည် ပါလီမန်တည်ရှိပေသည်။ ဤသည်မှာ ဥပဒေပြုအချုပ်အချာအာဏာသည် ပါလီမန်၌ တည်ရှိပေသည်။ ဥပဒေပြုအချုပ်အခြာအဏာ (Legal Sovereignty) နိုင်ငံရေး အချုပ်အခြာအဏာ ( Political Sovereignty) မှာကား ပြည်သူများလက်ဝယ်တည်ရှိပါသည်။ ဤစနစ်ကို ပါလီမန်ဒီမိုကရေစီစနစ် (Parliamentary Democracy) ဟုခေါ်တွင်ပါသည်။
(၃) ကျယ်ပြန့်ခြင်းနှင့် ကျယ်ပြန့်သောဝါဒ (Liberal and Liberalism)
ရခိုင်ပြည်တွင်သော်၎င်း၊ ဗမာပြည်တွင်သော်၎င်း နိုင်ငံရေးနိမ့်ကျ၍ ဖွံ့ဖြိုးမှု နောက်ကျ၍နိုင်ငံရေးဝေါဟာရခေါင်းပါးမှုကို လူတိုင်းသဘောပေါက် လက်ခံနိုင်ကြပေမည်။ ရခိုင်ပြည်နှင့်ဗမာပြည် တွင်ဖြစ်ရှိနေသော ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ၀ါဒစွဲများကို လွန်မြောက်ပြီး “ကျယ်ပြန့်ခြင်း” နှင့် “ကျယ်ပြန့်သောဝါဒ” ကို ကျင့်သုံးသင့်ကြောင်းကို ၁၉၈၂-၃ တွင်ရေးသား ခဲ့သော ဆန်းစစ်တင်ပြချက် အမှတ် ၁-၂-၃ များတွင်၎င်း ၁၉၈၄- ခုတွင်ရေးသားခဲ့သော ”အဝေးရောက်နိုင်ငံ ချစ်မြန်မာများ၏ သဘောထားမူကြမ်း “၁” တွင်၎င်း တင်ပြဆွေးနွေးခဲ့ ပါသည်။ ယခုအခါထပ်မံဆွေးနွေးပါအံ့။
ကျွန်တော်ဆိုလိုသော ”ကျယ်ပြန့်ခြင်း“ နှင့် “ကျယ်ပြန့်သောဝါဒ”ကို ကမ္ဘာ့နိုင်ငံရေး စာပေ လောက၌ ရှာဖွေသောအခါ၊ ကမ္ဘာကနားလည်သော ”Liberal and Liberalism” နှင့်ထပ်တူထပ်မှကျသည်ဟု ဆိုရပါမည်။ ကျွန်တော် တို့လိုချင်သောပုဂ္ဂိုလ်စွဲ၊ ၀ါဒစွဲ၊ ပါတီစွဲများ စသည့် “အစွဲ” များလွန်မြောက်မှုကို “ Liberal and Liberalism” ဟုအမည်တပ်ကာ ပလေတို (Plato, 427- 347BC) နှင့် အရိစ္စတိုတယ် (Aristotle, 384- 322BC) ဂရိမှစ၍ နိုင်ငံရေး ပညာရှင်များစွာ နိုင်ငံရေးသမားများစွာ တို့က နှစ်ပေါင်း ၂၅၀၀ မျှနက်ရှိုင်း ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြပြီးပါပြီ။ ယခုခေတ်တွင်လည်း ဆွေးနွေးကြဆဲ၊ ငြင်းခုံကြဆဲ၊ စဉ်းစားကြဆဲ၊ ရေးသားကြဆဲ ဖြစ်ပါ၏။ ယနေ့ယင်းဝေါဟာရနှင့် အယူအဆတို့၏ အဓိပ္ပါယ် ကျင့်သုံးမှုကို ဆွေးနွေးပါမည်။
၃.၁။ ။ နိုင်ငံရေးပညာရှင်များနားလည်သော Liberal
Liberal ဟူသောဝေါဟာရ၏ သာမန်အဓိပ္ပါယ်မှာ ထွေပြားပါ၏။ ဤနေရာတွင်ကား open-minded (ပွင့်လင့်သောစိတ်ထားရှိခြင်း) having, showing, a broad- mind, free-from prejudice (အထင်ကြီးမှု အထင်သေးမှု ပွင့်လင့်သောစိတ်ဓာတ်ရှိခြင်း၊ စိတ်ထားပြခြင်း) ဟု Oxford Advanced Learner’s Dictionary of Current English, 1974, ကအဓိပ္ပါယ် ဖွင့်ဆိုချက်ကို အရပ်သားနားလည်မှု ပထမဆုံးတင်ပြလိုပါ၏။ ယင်းသို့ပွင့်လင့်သောစိတ်ထား ကျယ်ပြန့်သောစိတ်မနောတို့ဖြင့် ပြုမှုကျင့်သုံးမှုများကို Liberalism လီဘရယ်ဝါဒ ဟု အရပ် သားစကားနှင့် ပြောရပါမည်။
နိုင်ငံရေးအဓိပ္ပါယ်တွင်ကား----
”-------a person is liberalism is termed “liberal “who supports political ideas in a broad-minded manner, and is not bigoted or narrow-minded. He is sympathetic towards views which differ from his own, since he appreciates that there are merits in many arguments, and is open to persuasion that his views might not always be correct. Since he welcomes new ideas and prefers discussion and voluntary persuasion rather than force as methods of settling problems, he has been described as “democratic” rather than “ authoritarian” in personality.’’ ……………….. C.A Leeds သည်သူ၏ “Political Studies” (2nd dition, London, Macdonald and Evans, 1976) စာအုပ်တွင် စာမျက်နှာ ၁၁၃-၁၁၃ တွင်ရေးသားဖော်ပြပါ၏။ ဘာသာပြန် ရပါသော်…..
”………………….လူတစ်ဦးသည်” ခေါင်းဆောင်မှု လည်းမရှိ၊ ကျဉ်းမြောင်းသော စိတ်ဓာတ်လည်းမရှိဘဲ ”ကျယ်ပြန့်သော စိတ်ထားဖြင့် နိုင်ငံရေးအမြင်အတိုင်း ကိုထောက်ခံ ပါက၊ ယင်းပဂ္ဂိုလ်ကို Liberal (ကျယ်ပြန့်သည်) ဟုသတ်မှတ်ကြပေသည်။ ယင်းပုဂ္ဂိုလ်သည် ငြင်းခုံ ဆွေးနွေးမှုများတွင် ကောင်းကျိုးတရားများ ပါရှိသည်ကို ယုံကြည်နှစ်သက် သည်ဖြစ်၍လည်း မိမိ၏အမြင်နှင့် ဆန့်ကျင်သောအမြင်တို့ အပေါ်မှာလည်း ဂရုဏာတရား ထားပေသည်။ ထို့အပြင် သူ၏အမြင်တို့သည် အမြဲတမ်းမမှန်နိုင်ဟူသော အချက်ကိုလည်း ကောင်း လက်ခံရန်တံခါး ဖွင့်ထားပေသည်။ ယင်းပုဂ္ဂိုလ်သည် အမြင်သစ်များကို ကြိုဆိုပြီး၊ ပြဿနာကို ဖြေရှင်းရာတွင် “အား” သုံးသောနည်းများထက်၊ ဆွေးနွေးခြင်း - ဖျောင်းဖျခြင်း နည်းများကို သာလိုလားရကား - ၎င်းအား- ”Authoritarian” လက်ဝါးခြမ်းအုပ်အာဏာရှင် မဆန်ဘဲ “ Democratic” ဒီမိုကရေစီဆန်သူ ဟုသတ်မှတ်ကြပေသည်။`
ဤသည်မှာ Liberal လီဘာရလ် ဟူသောဝေါဟာရ၏ နိုင်ငံရေးသိပ္ပံ ဆိုင်ရာ အဓပ္ပါယ်ဖြစ်ပါ၏။ ဤနိုင်ငံရေး အဓိပ္ပါယ်နှင့်ကျင့်သုံးမှုမို Liberalism လီဘာရယ်ဝါဒဟု ခေါ်ဆိုပါသည်။
၃.၂။ ။ နိုင်ငံရေးစနစ်များတွင် ထပ်မံတင်ပြရသော် နိုင်ငံရေးဝိသေသ တို့ကို အလျားလိုက် ဆန်းစစ်ချက်အရ အောက်ပါအတိုင်း သတ်မှတ်ကြပေသည်။
(၁)ဖောက်ပြန်ရေးဝါဒီ (Reactionary)
(၂)မူထိန်းရေးဝါဒီ (Conservative)
(၃)ကျယ်ပြန့်မှုဝါဒီ (Liberal)
(၄)ဝေဖန်ရေးဝါဒီ (Radical)
(၅)တော်လှန်ရေးဝါဒီ(Revolutionary) လက်ယာမှာ လက်ဝဲ
ဆက်လက်ဖေါ်ပြပါမည်