Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

08 February, 2012

၂၀၁၃ ပြည်သူ့ဝန်ထမ်းလစာတိုးဖို့ လွှတ်တော် အတည်ပြု

               ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွေမန်း ရဲ့ အဆိုပြု ဆွေးနွေးချက်ကို ပြည်သူ့ လာမယ့် ဘဏ္ဍာရေး နှစ်မှာ နိုင်ငံဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်ပေးရေးအဆိုပြု ချက်ကို ပြည်ထောင်စုလွတ်တော်မှာ ဒီကနေ့ ကန့်ကွက် သူမရှိ ထောက်ခံခဲ့ကြပါတယ်၊ လွှတ်တော် ဥပဒေကြမ်း ကော်မီတီက အဆိုတရပ် တင်သွင်းခဲပြီး ပြည်ထောင်စု လွတ်တော်ထဲမှာ ထောက်ခံ အတည်ပြု ခဲ့ကြတာ ဖြစ်ပါ တယ်၊ နိုင်ငံမှာနိုင်ငံခြားကြွးမြီ တွေရှိနေပေမဲ့ အကျိုးမရှိတဲ့ စီမံကိန်းနဲ့ လုပ်ငန်းတွေကို ရပ်ပစ်ပြီး ၀န်ထမ်းတွေ ရဲ့ လစာကို တိုးမြှင့်ကာ အကျင့်ပျက် ခြစားမှုတွေ ပပျောက်အောင် ဖြစ်တယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ် တွေက ပြောပါတယ်၊ ဒီသတင်းအပြည် အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးပါ၊

မြန်မာနိုင်ငံမှာကျင်းပနေတဲ့ ပြည်ထောင်စုလွတ်တော်အစည်းဝေးတွင်းမှာ ရှေ့ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ် တွင်း ပြည်သု့ ၀န်ထမ်းတွေရဲ့လစာတိုးမြင့်ရေး အဆိုပြုချက်ကို ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် အင်္ဂါနေ့မှာ အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်၊ လွတ်တော် ၂ရပ်ပူးတွဲကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသား စီမံကိန်း ဥပဒေကြမ်းကို ဆွေးနွေးကြတဲ့ အထဲ ဒီကနေ့မှာတော့ ပြည်သူ့လွတ်တော်ဥက္ကှဋ္ဌသူရ ဦးရွှေမန်းက နိုင်ငံမှာ အတိတ်က အဖြစ်အပျက်တွေကို အားလုံး သင်ခန်းစာယူကာ ခေတ်နဲ့ မဆီလျော်တဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ ဆွေးနွေးချက်ပေါ်အခြေခံပြီး ခုလို ၀န်ထမ်း လစာ တိုးရေး အဆိုပြုချက် တွေ ထွက်လာခဲ့တာပါ၊

နိုင်ငံထဲမှာ အကျိုးမရှိတဲ့ စီမံကိန်းတွေ ရပ်ပစ်ပြီး မလိုအပ်ဘဲ နိုင်ငံ့ဘဏ္ဍာငွေတွေမသုံးရေးဆိုတာတွေနဲ့ ၀န်ထမ်းတွေရဲ့ ဘ၀ကို မြင့်တင်ဖို့လည်း သူရ ဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်၊

စားဝတ်နေရေး မလောက်ကြတဲ့ လစာတွေနဲ့ ရပ်တည်နေရတဲ့အတွက် ပြည်သူဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု အဂတိ လိုက်စားမှုတွေ နိုင်ငံမှာ အမြစ်တွယ်သလို ဖြစ်နေတာကို တိုက်ဖျက်နိုင်ဖို့ ဆိုတဲ့ဆွေးနွေးချက်တွေပေါ်အခြေခံကာ ဥပဒေကြမ်း ကော်မတီက ၀န်ထမ်းလစာတိုးရေး အဆိုပြုချက် တင်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြု ထောက်ခံခဲ့တာ ဖြစ်တယ်လို့ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်၊

“ဒီကနေ့ နေရာအနှံ့မှာ ၀န်ထမ်းတွေဟာ လက်ဘက်ရည်ဖိုး စာရွက်ဖိုး ဟိုကိစ္စ ဒီကိစ္စဆိုပြီးတော့ အကြောင်းအမျိုးမျိုး ပြပြီးတော့ မသမာနည်းတွေနဲ့ ငွေရှာနေရတယ်။ ဒီလိုဖြစ်နေရတဲ့အကြောင်းရင်းက ၀န်ထမ်းတွေ လစာ မလုံလောက်လို့ ဖြစ်တယ်။ ဒါကြောင့် လာမယ့်နှစ် ဘတ်ဂျက်မှာ ပြည်သူ့ ၀န်ထမ်းတွေရဲ့ လစာကို တိုးမြှင့်ပေးဖို့ အဆိုတရပ်ကို တင်သွင်းသင့်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ဆွေးနွေးလို့အပြီးမှာ ဥပဒေကြမ်းကော်မီတီရဲ့ အတွင်းရေးမှူး ဦးစောလှထွန်းက ၀န်ထမ်းလစာတိုးပေးရေး လမ်းညွှန်ချက်ကို အဆိုတရပ်အဖြစ် တင်သွင်းပါတယ်။ ဒါကို အဲဒီကော်မီတီကပဲ ဒေါ်နန်းဝါနုက ထောက်ခံပြီးတော့ ပြည်သူ့လွှတ်တော်က အတည်ပြုပေး လိုက်ပါတယ်။ ဒါကြောင့် လာမယ့် ဘတ်ဂျက်နှစ်မှာ ပြည်သူ့ဝန်ထမ်းတွေအတွက် လစာတိုးပေးရေးကိစ္စက သေချာသ လောက် အောင်မြင်သွားပါတယ်။”

ဒီလိုဝန်ထမ်းလစာတိုးမြှင့်ရေးအပါအ၀င် လယ်သမားတွေရဲ့ဘ၀နဲ့ စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွေ ဖွံ့ဖြိုးဖို့ ကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆက်ပြီးမြှင့်တင်ပေးနိုင်မယ့် အခြေအနေတွေကို ဆွေးနွေးကြဖို့ ကိုလည်း သူရ ဦးရွှေမန်းက တိုက်တွန်းခဲ့တယ်လို့လည်း ပြောပါတယ်၊

“လယ်သမားတွေ စပါး ဈေးမရဘူး၊ ရှုံးတယ်၊ ငါးမွေးမြူရေးတွေလည်း ရှုံးတယ်၊ ဒါတွေဟာ ထုတ်လုပ်သူတွေ အရှုံးပေါ်တဲ့အတွက် နိုင်ငံအတွက်လည်း ကောင်းကျိုးမဖြစ်နိုင်ဘူး။ အဲဒီစီမံကိန်းတွေကို ချမှတ်ပေးဖို့ အဲဒါတွေကို အကောင်အထည်ဖော်ပေးဖို့ လွှတ်တော်ကို ၀န်ကြီးဌာနတွေကို သိမ်းသွင်းဖို့ လိုတယ်၊ ဥပဒေကြမ်းကို ဆွေးနွေးတဲ့နေရာမှာ အများအားဖြင့် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ လေ့လာမှု ကျွမ်းကျင်မှု အားနည်းသေးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အကုန်လုံးကောင်းပါတယ်၊ ထောက်ခံပါတယ်ဆိုတာမျိုးပဲ ဆွေးနွေးနေတာ တွေ့တွေ့ နေရတယ်ဗျ။ ကျနော်တို့တွေက နှစ်ပေါင်းများစွာ ပွင့်ပွင့်လင်းလင်းမရှိခဲ့တာ ကြာပါပြီ၊ ဒါကြောင့် နိုင်ငံတော်မှာ ဘယ်လောက်ကြွေးမြီတွေ ထူတယ် ဆိုတာလည်း ခုမှပဲ သိတယ်၊ ဒီလိုအားနည်းချက်တွေရှိတယ်ဆိုတာလည်း နိုင်ငံက ခုမှစပြီး သိလာကြ တယ် ဗျ။”

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းပါရှင်၊ ဒီအဆိုပြုချက်ကို သမ္မတနဲ့ သူ့အစိုးရအဖွဲ့ထဲ တင်ပြကာ အစိုးရက အကော်အထည်ဖော်ပေးရမှာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က နောက်ထပ် ဆက်လုပ် ရမယ့် အဆင့်တွေကို ရှင်းပြပါတယ်၊

ကျနော်တို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီဆိုရင် အစိုးရအဖွဲ့ကို တိုက်တွန်းမှာပေါ့။ လာမယ့် ၂၀၁၂-၂၀၁၃ ဘတ်ဂျက်မှာ ၀န်ထမ်းလစာကို သူတို့ အစိုးရအဖွဲ့က တွက်ပေးရတော့မှာပေါ့။ အစိုးရအဖွဲ့ကို ကျနော်တို့ တိုက်တွန်းတဲ့ သဘောပါ။ အစိုးရအဖွဲ့က အကောင်အထည်ဖော်ပေးရမယ့်သဘောပေါ့။ ၂၀၁၂-၁၃ ဘတ်ဂျက်ကလည်း ခုကို အတည်ပြုတော့မှာလေ။ ၂၀၁၂-၁၃ ဘတ်ဂျက်ကို အတည်ပြုပေးတဲ့ အခါမှလည်း အသေးစိတ်ပါပါတယ်။ ဆိုတော့ ၀န်ထမ်းလစာနှုန်းတွေကိုလည်း ကျနော်တို့ ရက်ပိုင်းအတွင်း မှာပဲဆွေးနွေးအတည်ပြုကြ တော့မှာပေါ့။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ တင်နေတဲ့ နိုင်ငံတကာရဲ့ ကြွေးမြီက အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရှိနေတာပါ၊ လက်ရှိမှာ ဒီလို ကြွေးမြီ ပြဿနာတွေ ရှိနေပေမဲ့ သန့်ရှင်းတဲ့ အစိုးရတရပ်ဖြစ်ရေးနဲ့ နိုင်ငံသားတိုင်း ပြည်သူ့ဝန်ထမ်းတိုင်းဟာ ခံစား ပိုင်ခွင့် ရှိနိုင်ရေးတွေကိုတော့ အစိုးရက မဖြစ်မနေလုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်၊

ဝန်ထမ်းတွေရဲ့ လစာကို ပေးရပြီဆိုရင် ၀န်ထမ်းတွေရဲ့ ခံစားပိုင်ခွင့်က နိုင်ငံတကာစံရှိဖို့လိုမယ်၊ ငွေကြေးဖောင်းပွတာကို ထည့်တွက်လို့ မရဘူး။ ၀န်ထမ်းတွေရဲ့ ခံစားခွင့်ကို နိုင်ငံတကာစံအတိုင်း နာရီနဲ့တကွ ရပိုင်ခွင့်တွေရှိရမယ်။ အလုပ်သမား အခွင့်အရေးပေးရမယ်။ အလုပ်သမားတွေဟာ အလုပ်ခွင်နဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကို လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ခွင့်ရှိရမယ်။ ဒါ ကျနော် တို့အကောင်အထည်ဖော် ပေးရမယ့်အပိုင်းတွေပါ။ နောက်ပိုင်းမှာ လွှတ်တော်မှာ ကော်မရှင်ပေါ်ကောင်း ပေါ်လာနိုင်ပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပါရှင်၊

တတိယအကြိမ်အဖြစ် ကျင်းပနေတဲ့ လွှတ်တော်အစည်းဝေးထဲမှာနိုင်ငံတော် ဘတ်ဂျက်ကိစ္စကို အဓိက ဆွေးနွေးနေ ကြတာ ဖြစ်ပြီး ၂၀၁၂ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)တွေ ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်းကိစ္စတွေအပြင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်းတွေအပြင် ဘဏ္ဍာ ငွေ ရ-သုံးဆိုင်ရာ ဥပဒေကြမ်းစတဲ့  ဥပဒေတွေကိုတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်ထဲမှာ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်၊

No comments:

Post a Comment