Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

05 June, 2012

Monday, June 4, 2012

- စစ်တွေဈေး အခွန်အကောက်နှုန်း မြင့်၍ ဆန္ဒပြရာမှ အဓိကရုဏ်း ဖြစ်ပွား click
- စစ်တွေ ပစ်ခတ်မှု click
- စစ်တွေမြို့ ဈေးခွန်အရေးအခင်းတွင် ရဲပစ်ခတ်မှုကြောင့် ၁၁ ဦး ဒဏ်ရာရ click
- လူမျိုးရေးပဋိပက္ခကြောင့် တောင်ကုတ်မြို့တွင် ၁၀ ဦး အသတ်ခံရ click
- တောင်ကုတ်တွင် အသတ်ခံရသူ ၁၀ ဦးကို ယနေ့ နေ့လည် သဂြိုဟ်မည် click
- ရခိုင်ပြည်နယ် လူသတ်မှုအပေါ် ၈၈ မျိုးဆက်ကျောင်းသားများ မေတ္တာရပ်ခံ click
- တောင်ကုတ်မြို့ လူသတ်မှု သမ္မတထံ ၀န်ကြီး တင်ပြ click
- ရခိုင်ပြည်နယ်တွင်းမှကိစ္စများ အစိုးရ အထူးသတင်း ထုတ်ပြန် click
- လယ်ယာမြေများပေါ်တွင် စွန့်ပစ်မြေစာများ မပုံရေး ဆန္ဒပြတောင်းဆို click
- ရွှေတွင်းအလုပ်သမား ဆန္ဒပြမှုအခြေအနေ မေးမြန်းချက် (အသံ) click
- ဇေကမ္ဘာနှင့် လယ်သမားများ မြေယာအငြင်းပွားမှု မနက်ဖြန် စစ်ဆေးမည် click
- ငါးဖမ်းခွင့် ကန့်သတ်မှုနှင့် ငါးစားကျက် ပျက်စီးနေ၍ ရေလုပ်သားများ အခက်ကြုံ click
- လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲ ဖယောင်တိုင်မီးငြိမ်းပြီး အဆုံးသတ် click
- ဥပဒေရေးရာ ဆွေးနွေးပွဲ (ရုပ်သံ) click
- အလုပ်သမားသမဂ္ဂများ ဖွဲ့ရန် စက်မှုဝန်ကြီး ထောက်ခံ click
- အဓမ္မ လုပ်အားပေးခိုင်းစေခံရမှု ရင်ဖွင့်ချက် - ၁ (ရုပ်သံ) click
- အဓမ္မ လုပ်အားပေးခိုင်းစေခံရမှု ရင်ဖွင့်ချက် - ၂ (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် မသိတဲ့ ဒုက္ခသည်စခန်းအကြောင်း (ဆောင်းပါး) click
- ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ click
- နျူကလီးယားကို ဆေးဘက်ဆိုင်ရာ အသုံးပြုရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဒု-၀န်ကြီး ပြောကြား click
- ဇွန်လတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လုပ်မည် click
- ၀န်ကြီးဌာနများ၏ ပြောရေးဆိုခွင့်ရှိသူ စာရင်းထုတ်ပြန် click
- ကရင်ပြည်နယ် အလုပ်သမားအဖွဲ့ တရားဝင် မှတ်ပုံတင်ပြီ click
- ဒလပြည်သူများအတွက် ဖွင့်လှစ်လိုက်တဲ့ အမေ့အားမာန် ပညာဒါနကျောင်း (ရုပ်သံ) click
- ရှင်စောပု မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ပြီးစီး click
- မြန်မာနိုင်ငံသားများ ပြည်ပသို့ သွားရာတွင် နိုင်ငံခြားငွေ ယူဆောင်ခွင့်နှင့်ပတ်သက်၍ အမိန့်ထုတ်ပြန် click
- မြ၀တီ-ကော့ကရိတ် အကောက်ခွန်အချို့ လျှော့ချ click
- ငွေတိုးချေးသူမှ မတရား အိမ်သိမ်း (ရုပ်သံ) click
- ဒေလီရောက် ချင်းဒုက္ခသည်တဦး ခွေးကိုက် ဒဏ်ရာကြောင့် သေဆုံး click
- ကိန်းရုပ်ရှင်ပွဲတော်မှာ အာရှဂန္ထ၀င် ရုပ်ရှင်ကားများ ပြသ click
- ဇွန် ၃ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၂၉ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၂၅ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၂၀ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၁၃ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၆ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click

စီမံကိန်းကြီးများတွင် ပွင့်လင်းမြင်သာမှု ရှိရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Published on June 1, 2012 by နေသွင်   ·   No Comments
ထိုင်းနိုင်ငံက မြန်မာပြည်မှာ အကောင်အထည်ဖော်နေတဲ့ ထားဝယ် အထူးစီးပွားရေးဇုန် အပါအ၀င် စီမံကိန်းကြီးတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိရင် အနာဂတ်မှာ ပြဿနာတွေ ဖြစ်လာနိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဘန်ကောက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တယောက်ရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။
“ပွင့်လင်းမြင်သာမှုက သိပ်ကို အရေးကြီး ပါတယ်။ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါတယ်။ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်သူတွေကို ပြောချင်တာ က မြန်မာပြည်မှာ ဘာပဲ လုပ်လုပ် ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ကြပါ။ ရင်းနှီးမြှုပ်နှံမှု ကိစ္စတင်မကပါဘူး၊ ဖွံ့ဖြိုးရေး အကူအညီတွေ၊ လူသားချင်းစာနာမှု အကူအညီတွေမှာလည်း ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်ပါတယ်။ ဒါမှ နောင်မှာ ဖြစ်လာ နိုင် တဲ့ ပြဿနာတွေ ကို ရှောင်ရှားနိုင်ပါ လိမ့်မယ်။”
ဒါကြောင့် စီမံကိန်းတွေ လုပ်ကိုင်တဲ့အခါမှာ၊ အကူအညီတွေပေးတဲ့အခါမျိုးမှာ ပြည်သူတွေအတွက် သိခွင့်ရနိုင်တဲ့ ပွင့်လင်းမြင်သာမှု လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ထားဝယ်စီမံကိန်း အပါအ၀င် တခြား အကျိုးတူ စီမံကိန်းကြီးမှာ ပြဿနာဖြစ်နေရတဲ့ အကြောင်းက မြန်မာပြည်သူတွေဟာ ဒီလို ကိစ္စတွေကို လုံးဝကို ဘာတခုမှ သိခွင့်မရကြပါဘူး၊ စာချုပ်က ဘယ်လိုဖြစ်တယ်၊ ဘာတွေ လုပ်နေတယ်၊ ဘာတွေ ဖြစ်မလဲ ဆိုတာမျိုးတွေကို သိခွင့် မရကြပါဘူး။ အခြေအနေတွေကို ဆွေးနွေးခွင့်တွေ၊ အမြင်ချင်း ဖလှယ်ခွင့်တွေ မရကြပါဘူး။ ဒါဟာ တိုင်းပြည်အတွက် သိပ်ကို အန္တရာယ်များပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အန္တရာယ် ရှိပါတယ်။ သံသယနဲ့ မယုံကြည်မှုတွေကို တိုးပွားလာစေနိုင်ပါတယ်။ ဒါကြောင့် ရင်းနီးမြှုပ်နှံမှု လုပ်တဲ့အခါတိုင်းမှာ အစိုးရချင်း သဘောတူ လက်မှတ်ထိုးတာပဲဖြစ်ဖြစ်၊ အကူအညီတွေ ပေးတော့မယ် ဆိုရင် ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ကြပါ။ ပြည်သူတွေက နားလည်ခွင့်ရတဲ့ အခြေအနေ၊ ဘာတွေ လုပ်မယ်၊ ဘယ်သူအတွက် အကျိုးရှိမလဲ ဆိုတာကို ရှင်းအောင်လုပ်ကြပါ။ ဒီလိုမှ မဟုတ်ရင် အကျိုးအမြတ်က တဖွဲ့တဖွဲ့၊ ဒါမှမဟုတ် လူတဦး တယောက်အတွက် ဖြစ်သွားနိုင်ပါတယ်။”
မြန်မာပြည်မှာ အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလို ဥပဒေမျိုးကို ပြည်သူတွေ အသိမပေးဘဲ ရေးဆွဲ ထားတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာပြည်မှာ အခြေခံအဆောက်အဦတွေ ပြည့်စုံတဲ့ အချိန်အထိ မစောင့်ကြဘဲ ကိုယ်တိုင်က အခြေခံ အဆောက်အဦတွေကို တစိတ်တပိုင်း တာဝန်ယူတာမျိုး၊ အလုပ်အကိုင်တွေကို မြန်မြန် ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို သူ့အနေနဲ့ လိုလားတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။