Search This Blog
03 March, 2012
02 March, 2012
သျှမ်းပြည်မြောက်ပိုင်း ဂက်စ်ပိုက်လိုင်းပြဿနာ ပြည်နယ်လွှတ်တော်အတွင်းငြင်းခုံဆွေးနွေး
တရုတ်ပြည်သို့ တင်ပို့မည့် ရေနံနှင့် ဂက်စ်ပိုက်လိုင်းဖြတ်သန်းခံရသည့် လယ်ယာမြေများ၏ လျော်ကြေးရရှိမှု၌ တူညီမှု မရှိခြင်း၊ မတရားငွေကြေးဖြတ်စားခံရခြင်းနှင့်ပတ်သက်သည့်မေးခွန်းကို ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ်က ယမန်နေ့အစည်းအဝေး၌ တင်ပြရာ လယ်ယာစိုက်ပျိုးရေးဝန်ကြီးနှင့် ငြင်းခုံပြောဆိုခဲ့ရကြောင်း လွှတ်တော်များ သတင်း ရပ်ကွက်ကဆိုပါသည်။
“ နမ္မတူက နန်းခမ်းအေးရဲ့ မေးခွန်းပေါ့။ လယ်ယာမြေ အသိမ်းခံရတဲ့ဒေသခံတွေရဲ့ လျော်ကြေး ရရှိမှုမတူတာ ၊ မြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်တွေကနေ မတရား ငွေဖြတ်စားခံရတာ စတာတွေကို ခရိုင်ကို ဖြေရှင်းပေးဖို့ ညွှန်ကြားလိုက်ပြီလို့ ဝန်ကြီးက ဖြေတယ်။ ဒါကြောင့် ဒီပြဿနာက ခုထိ မရှင်းသေးဘူး။ လယ်ယာမြေပိုင်ရှင်တွေလဲ ကျေနပ်မှုမရှိသေးဘူး လို့နန်းခမ်းအေးက ပြန်ပြောတော့ ဝန်ကြီးက ဒါ လယ်ယာမြေပိုင်ရှင်တွေက ကျေကျေနပ်နပ်နဲ့ပေးတာလို့ ပြန်ပြောတာ။ ဒီနေ့မှဘဲ လွှတ်တော်ထဲမှာ နိုးနိုးကြားကြားရှိတော့တယ်” ဟု အစည်းအဝေးတက်ရောက်သည့် ကျားဖြူအမတ်တဦးက ပြောသည်။
သျှမ်းပြည်မြောက်ပိုင်း ဂက်စ်ပိုက်လိုင်းပြဿနာ ပြည်နယ်လွှတ်တော်အတွင်း ငြင်းခုံဆွေးနွေး click
- ရခိုင်က တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ရပ်ရန် ကမ္ဘာတလွှား တောင်းဆို click
- ရန်ကုန် ရွှေဂက်စ်လှုပ်ရှားသူများ ခံဝန်လက်မှတ်ထိုးရ click
- ရွှေသဘာဝဓာတ်ငွေ့အကျိုး ခွဲဝေခံစားခွင့်ရရှိရေး ကျောက်ဖြူတွင် လှုပ်ရှားမှုပြုလုပ် click
- ရန်ကုန် ရွှေဂတ်စ်လှုပ်ရှားသူ ၉ ဦး စစ်ဆေးမေးမြန်းခံရ click
- ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့ ထုတ်ပြန်ချက် click
- ဓာတ်ငွေ့ပိုက်လိုင်းကို ၀ိုင်းဝန်း ကန့်ကွက်တဲ့နေ့ (ဓာတ်ပုံသတင်း) click
- ရခိုင်က တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ရပ်ရန် ကမ္ဘာတလွှား တောင်းဆို click
- ရန်ကုန် ရွှေဂက်စ်လှုပ်ရှားသူများ ခံဝန်လက်မှတ်ထိုးရ click
- ရွှေသဘာဝဓာတ်ငွေ့အကျိုး ခွဲဝေခံစားခွင့်ရရှိရေး ကျောက်ဖြူတွင် လှုပ်ရှားမှုပြုလုပ် click
- ရန်ကုန် ရွှေဂတ်စ်လှုပ်ရှားသူ ၉ ဦး စစ်ဆေးမေးမြန်းခံရ click
- ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့ ထုတ်ပြန်ချက် click
- ဓာတ်ငွေ့ပိုက်လိုင်းကို ၀ိုင်းဝန်း ကန့်ကွက်တဲ့နေ့ (ဓာတ်ပုံသတင်း) click
01 March, 2012
ရခိုင်က တရုတ်ဓာတ်ငွေ့ပိုက်လိုင်းရပ်ရန် ကမ္ဘာတလွှားတောင်းဆို
Published on March 1, 2012 by အေးနိုင် ·
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံထဲကို သွယ်တန်းဖောက်လုပ်နေတဲ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ဆိုင်းငံ့ထားဖို့ အဖွဲ့အစည်း ၁၃၀ လောက်က မြန်မာသမ္မတ ဦးသိန်းစိန်ကို တောင်းဆိုလိုက်ပါတယ်။ဒီတောင်းဆိုတဲ့ အဖွဲ့တွေထဲမှာ နိုင်ငံပေါင်း ၂၀ က လူအခွင့်အရေးအဖွဲ့တွေနဲ့ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ ပါဝင်ပြီး ဒီသမ္မတဦးသိန်းစိန်က ကချင်ပြည်နယ် မြစ်ဆုံရေ ကာတာကိုဆိုင်းငံ့သလို ဒီဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကိုလည်း ရပ်နားဖို့ လှုပ်ရှားတာလို့ ဦးဆောင်သူ ကိုဝင်းအောင်က ပြောပါတယ်။
“ဒီစီမံကိန်းကရတဲ့ အကျိုးအမြတ်တွေရယ် အရင်းအမြစ်တွေကို ကျနော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ စွမ်းအင်လိုအပ်ချက်ကို မဖြည့်ဆည်းပေးတဲ့အပြင် လက်တဆုပ်စာ စစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ဒီပိုက်ဆံတွေကို ကြိုက်သလို သုံးနိုင်တယ်ဆိုတဲ့ အနေအထားတခုမှာ ပြဌာန်းထားတာ တွေ့ရတယ်။ ဒါကြောင့် လောလောဆယ် ဒေသခံတွေ အတွက် အကျိုးမရှိတဲ့ ဒီစီမံကိန်းကို ရပ်နားထားဖို့ တောင်းဆိုတာပါ။”
ဒီစီမံကိန်းက ဒေသခံတွေရဲ့ မိရိုးဖလာ လုပ်နေတဲ့ လယ်တွေကို သိမ်းဆည်းပြီး နစ်နာကြေး တခိျု့ပေးပေမယ့် အလုပ်အကိုင်ပျောက်ကုန်တာရယ်၊ ဒေသံတွေဟာ စီမံကိန်းလုပ်ငန်းမှာ ကျောက်သယ်၊ အုတ်သယ်အလုပ်တွေပဲရတာ။ ဒီစီမံကိန်းကနေရလာမယ့် အမေရိကန်ဒေါ်လာ ၃၀ ဘီလျံခန့်ရှိတဲ့ ငွေတွေကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရပဲ လိုသလို သုံးနိုင်ပြီး ဒေသခံတွေအတွက် အကျိုးခံစားခွင့် မပါတာတွေကိုလည်း ရွှေဂတ်စ်ရပ်တန့်ရေး လှုပ်ရှားသူ တွေက ထောက်ပြပြီး ဆန့်ကျင်ကန့်ကွက်ကြပါတယ်။
မတ် ၁ ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် သတ်မှတ်ထားပြီး ဒီစီမံကိန်းရပ်တန့်ဖို့ တိုက်တွန်းတဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်၊ စစ်တွေ၊ ကျောက်ဖြူမြို့ တွေမှာ လုပ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ချင်းမိုင်မြို့်တွေက တရုတ်သံရုံးတွေရှေ့မှာ စီမံကိန်းရပ်ဖို့ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ ဂျပန်၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဥရောပနိုင်ငံတွေမှာလည်း အလားတူ လှုပ်ရှားဖို့အစီအစဉ်တွေ ရှိနေပါတယ်။
ရန်ကုန်မြို့ သာကေတမြို့နယ်က တိုင်းရင်းသားကျေးရွာမှာလည်း ဒီစီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားမှုကို မနက် ၉ နာရီမှာ လုပ်ဆောင်ခဲ့ရာမှာ လှုပ်ရှားသူတွေက ‘ငါတို့သဘာဝဓာတ်ငွေ့၊ ငါတို့အ နာဂတ်္လ ဆိုတဲ့ စာတမ်းပါ တီရှပ်တွေ ဝတ်ဆင်ဝေငှပြီး ပြုလုပ်ခဲ့ပါတယ်။
သာကေတက ရွှေဂတ်စ်လှုပ်ရှားသူတွေကို တိုင်းရင်းသားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကနေ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကို ရဲကခေါ်ဆောင်ပြီး ဒီလှုပ်ရှားမှုကို နောက်နောင်မလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
လှုပ်ရှားမှုလုပ်ပြီး လက်မှတ်ထိုးခဲ့ရသူ မမာက “လက်မှတ်ထိုးရတာက အခုလုပ်တဲ့ စာရွက်ဝေတာတို့၊ တီရှပ်ဝတ်တာတို့ဟာ သူတို့သတ်မှတ်ထားတဲ့ ဥပဒေနဲ့ဆို ငြိတယ်။ ဒီလိုဖြစ်တဲ့ အတွက် တကယ်လို့ အရေးယူမယ်ဆိုရင် အရေးယူနိုင်တယ်။ ဒါကို သိရှိပါတယ်ဆိုတာ လက်မှတ်ထိုးခိုင်းတာပါ” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာလည်း စီမံကိန်းရပ်ရေးလှုပ်ရှားမှုလုပ်ရာမှာ တူညီဝတ်စုံ ဝတ်တဲ့ လူ ၆၀ လောက်လိုက်ပါတဲ့ မော်တော်ကားရဲ့မျက်နှာစာမှာ ရွှေဂက်စ် လှုပ်ရှားမှု စာတမ်းကို ကပ်ပြီး ဘုရားဘက်ကို သွားရောက်ခဲ့ကြတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ
မြန်မာနိုင်ငံသားဖြစ်ကြောင်း အသိမှတ်ပြုပေးနေသော မဟာသူဌေးကြီးများ
အိမ်နီးနိုင်ငံများဖြစ်သော
ထိုင်းနှင့်မလေးရှား တွင်ရှိသော မြန်မာနိုင်ငံသား အလုပ်သမားသည်သန်းပေါင်းများ စွာ ရောက်ရှိနေခြင်း သည် ယနေ့အထိ စစ်တမ်းကောက်၍ မရ
နိုင်ခဲ့ပေ။
ထိုင်းအစိုးရသည်
တရားမ၀င်ခိုးဝင်လာသော မြန်မာ-လာအို-ကမ္ဘောဒီးယား အလုပ်သမား ပေါင်း သန်း
ချီသော အရည်အတွက်များအား (၀န်ကြိးချုပ်ဟောင်း ထပ်စင် ချင်န၀တ်)လက်ထက်မှ
စပြုပြီး -၀န်ကြီးများ အစည်းအဝေး အတည်ပြုချက်ဖြင့် တရားမ၀င်သော
အလုပ်သမားများမှ -စာရင်းဇယားကောက်ယူပြီး အလုပ်ရှင်
် အလုပ်သမားများအကြား - စနစ်တကျ ထိမ်းသိမ်းနိုင်ရေးအတွက် -ထိုင်းအလုပ်သမား
ဝန်ကြိးဌာန အလုပ်သမား ရှာဖွေရေးရုံး၏ ထောက်ခံချက်ဖြစ် -တရားမ၀င်သော
လုပ်သားများကို ကျမ္မာရေးစစ်ဆေးပေးခြင်း ။ လူမှုဖူလှုံရေး အက်ဥပဒေ များဖြစ်
-အလုပ်သမား များအခွင့်အရေး ခရီးသွားလွယ်ကူစေရေး -အလုပ်ရှင်နှင့် အလုပ်သမား
ပြဿနာများ ကို ဖြေရှင်းနိုင်ရေးအတွက် -TR-38 /1- TT-8 -
ပုံစံများအပါအ၀င် -ဆိုင်ရာမှ စက်ရုံ အလုပ်ရုံ ကုမ္မဏီ များနှင့် ပုဂ္ဂလိက အလုပ်ရှင်များ၏ တောင်းခံချက်များ အပါအ၀င် -ကျဘန်း တရားဝင် အလုပ်သမားဘ၀မှ- တရားဝင်နေထိုင်ခွင့်ပြုလုပ်ပေး ခဲ့ပါသည်။
Subscribe to:
Posts (Atom)