Search This Blog
“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”
HTML editor
19 October, 2012
F မြန်မာ့ရေးရာ သတင်းပဒေသာ (၁၉-၁၀-၂၀၁၂ - နံနက်ပိုင်း)
- မြန်မာအစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကချင်ပြည်သူ ၃ ဦး သေဆုံး ၃ ဦး ဒဏ်ရာရ click
- လက်နက်ကြီး ကျည်ကြောင့် ဖားကန့်ဒေသ ရွာသား ၃ ဦး သေဆုံး click
- လက်ပံတောင်းတောင် ပြည်သူ့ညီလာခံ စတင် click
- လက်ပံတောင်းတောင် ပြည်သူ့ညီလာခံ (ဓာတ်ပုံ) click
- နယ်စည်းမခြားဆရာဝန်များအဖွဲ့ ဆေးခန်းကို လူတချို့ ဆန္ဒပြ click
- ဥပဒေအချို့ ပြည်သူ့လွှတ်တော် ပယ်ဖျက် click
- အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော် ရောက်ရှိ click
- အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး မြန်မာသမ္မတနဲ့ တွေ့ဆုံ click
- အမေရိကန်နဲ့ မြန်မာ လူ့အခွင့်အရေး ဆွေးနွေး click
- Forum 2000 အကြံပေးအဖွဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင် click
- NLD ညီလာခံ ကျင်းပရေး ရှင်းလင်းပွဲ (ရုပ်သံ) click
- ကိုမင်းကိုနိုင် နှစ် ၅၀ ပြည့်မွေးနေ့ အလှူဒါနပြု click
- တကယ်တော့ မင်းကိုနိုင်၏ ရွှေရတု click
- ၈၈ မျိုးဆက်အဖွဲ့ ဝေါမြို့နယ်ခရီးစဉ် (ရုပ်သံ) click
- ဖဒိုဒေးဗစ်ထောရဲ့ ဈာပနအခမ်းအနား (ဓာတ်ပုံ) click
- မြန်မာပြည်ကျန် ဗြိတိသျှ Spitfire တိုက်လေယာဉ်များ ပြန်တူးဖော်မည် click
- ရောင်စုံသတင်းစာ စတင်ထုတ်ဝေ click
- ပညာရေးနဲ့ ဆိုင်တဲ့ သမိုင်းစာမျက်နှာများကို ပြန်လှန်၍သုံးသပ်ခြင်း click
- ၂၀၁၁ ရန်ကုန်အကယ်ဒမီနဲ့ မတ္တရာလွင်ပြင် click
- နိုင်ငံတကာအလှမယ်ရွေးပွဲမှာ မြန်မာအလှမယ် ၀င်ပြိုင် click
- အကင်စားတဲ့ခေတ် (ကာတွန်း) click
- ဥရောပဘဏ်တွေကို ဥရောပဗဟိုဘဏ်က ကြီးကြပ်ဖို့ သဘောတူ click
- အမေရိကန်အပေါ် ရုရှားတို့ အမြင်မကြည် click
- တူရကီ စန္ဒရားဆရာ အစ္စလာမ်စော်ကားမှု စွဲဆိုခံရ click
- ကင်ညာနိုင်ငံက မိုဘိုင်းလ်တယ်လီဖုန်းနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့အကြောင်း (အသံ) click
- အငြင်းပွားနေတဲ့ ကျွန်းစုမှာ တရုတ် စစ်ရေးလေ့ကျင့်မယ် click
- တရုတ်စီးပွားရေး ၇.၄ ရာခိုင်နှုန်း ကျဆင်း click
- ကလေးအားလုံး မူလတန်းဆင့် ပြီးမြောက်ရေး ကုလ ထောင်စုနှစ်ပန်းတိုင် မအောင်မြင် click
- နိုင်ငံတကာ သတင်းသုံးသပ်ချက် (အသံ) click
- အောက်တိုဘာ ၁၈ တမိနစ် သတင်းဗီဒီယို click
- ဆုရ သဘာဝဓာတ်ပုံများ click
05 July, 2012
Thursday, July 5, 2012 မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၇-၂၀၁၂ - နံနက်ပိုင်း)
- နေပြည်တော်က ဘုန်းကြီးကျောင်းတွေကို စည်ပင်က မီးရှို့ click
- ဆန္ဒပြ အလုပ်သမားခေါင်းဆောင်တချို့ အလုပ်ဖြုတ်ခံရ click
- လုပ်ငန်း ပြန်လည်လုပ်ကိုင်ခွင့်ပြုဖို့ ရွှေလုပ်သားများ အသနားခံစာတင် click
- SSA သျှမ်းမြောက်ပိုင်းက တပ်စခန်း ၂ ခု ဆုတ်ခွာပေးဖို့ ဆုံးဖြတ် click
- ကချင်စစ်ပြေးဒုက္ခသည်ကိစ္စ HRW ထုတ်ပြန်ချက် တရုတ်အာဏာပိုင် ငြင်းဆို click
- နိုင်ငံခြား အန်ဂျီအိုများ အကူအညီ ဒေသခံများ ငြင်းပယ် click
- ရခိုင်ပြည်နယ် သတင်းတင်ပြမှုဆိုင်ရာ အစီရင်ခံစာ click
- အာမခံပေးတဲ့ ရွာလူကြီး ခေါင်းရိုက်နှက်ခံရလို့ ဆေးရုံတင်ထားရ click
- ဇူလိုင်လ ၇ ရက် အခမ်းအနား ခွင့်ပြုမှာမဟုတ် click
- ၈၈ ကျောင်းသားတွေနဲ့ အာဆီယံအမတ်တွေ ဆွေးနွေး click
- လွှတ်တော် စပြီ click
- ဒု-သမ္မတ ဦးတင်အောင်မြင့်ဦး နှုတ်ထွက် click
- ဦးတင်အောင်မြင့်ဦးနေရာ ဒု-သမ္မတသစ်တဦး အစားထိုးမည် click
- ဒုတိယသမ္မတ ဘယ်သူဖြစ်လာမလဲ (ဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးနဲ့ တရုတ်-မြန်မာ ဆက်ဆံရေး (သတင်းသုံးသပ်ချက်) click
- အစိုးရထဲ အမျိုးသမီးတွေ ပါဖို့ ဥပေဒပြုဖို့ လိုသလား (ဆွေးနွေးဖလှယ်) click
- မြေကြီးက ရယ်သောသူ (ဆောင်းပါး) click
- ငှက်အော်စမ်းက အကျဉ်းစံ ငှက်ကလေးတွေ (အသံ) click
- ကလေးမွေးလာပြီးရင် အာဟာရမချို့တဲ့စေဖို့ click
- ၂၃၆ ကြိမ်မြောက် အမေရိကန် လွတ်လပ်ရေးနေ့ click
- လွတ်လပ်ရေးနေ့မှာ အမေရိကန်နိုင်ငံသားသစ်တွေကို အိုဘားမား ကြိုဆို click
- ပစ်ချခံရတဲ့ဂျက် လေယာဉ်မှူးအလောင်းတွေ တူရကီ ရှာတွေ့ click
- ဘီဘီစီ ညွှန်ချုပ်သစ် ခန့်အပ် click
- ကနဦး ရလဒ်မှာ အာဏာရပါတီမနိုင်လို့ မဲပြန်ရေတွက် click
- လူထု ကန့်ကွက်တဲ့ ကြေးနီစက်ရုံ တရုတ် ရပ်ဆိုင်း click
- တားမြစ် ဝေလငါး တောင်ကိုရီးယား သုတေသနပြုဖို့ ဖမ်းမယ် click
- အနုမြူအက်တမ်ထက် သေးတဲ့ ဒြပ် တွေ့ရှိ click
- မန်ယူအသင်းက အများပိုင် ကုမ္ပဏီဖြစ်ဖို့ စာရင်းသွင်း click
- အာဆင်နယ်မှာ ဗန်ပါစီ စာချုပ်သက်တမ်း ထပ်မတိုးတော့ click
05 June, 2012
Monday, June 4, 2012
- စစ်တွေဈေး အခွန်အကောက်နှုန်း မြင့်၍ ဆန္ဒပြရာမှ အဓိကရုဏ်း ဖြစ်ပွား click
- စစ်တွေ ပစ်ခတ်မှု click
- စစ်တွေမြို့ ဈေးခွန်အရေးအခင်းတွင် ရဲပစ်ခတ်မှုကြောင့် ၁၁ ဦး ဒဏ်ရာရ click
- လူမျိုးရေးပဋိပက္ခကြောင့် တောင်ကုတ်မြို့တွင် ၁၀ ဦး အသတ်ခံရ click
- တောင်ကုတ်တွင် အသတ်ခံရသူ ၁၀ ဦးကို ယနေ့ နေ့လည် သဂြိုဟ်မည် click
- ရခိုင်ပြည်နယ် လူသတ်မှုအပေါ် ၈၈ မျိုးဆက်ကျောင်းသားများ မေတ္တာရပ်ခံ click
- တောင်ကုတ်မြို့ လူသတ်မှု သမ္မတထံ ၀န်ကြီး တင်ပြ click
- ရခိုင်ပြည်နယ်တွင်းမှကိစ္စများ အစိုးရ အထူးသတင်း ထုတ်ပြန် click
- လယ်ယာမြေများပေါ်တွင် စွန့်ပစ်မြေစာများ မပုံရေး ဆန္ဒပြတောင်းဆို click
- ရွှေတွင်းအလုပ်သမား ဆန္ဒပြမှုအခြေအနေ မေးမြန်းချက် (အသံ) click
- ဇေကမ္ဘာနှင့် လယ်သမားများ မြေယာအငြင်းပွားမှု မနက်ဖြန် စစ်ဆေးမည် click
- ငါးဖမ်းခွင့် ကန့်သတ်မှုနှင့် ငါးစားကျက် ပျက်စီးနေ၍ ရေလုပ်သားများ အခက်ကြုံ click
- လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲ ဖယောင်တိုင်မီးငြိမ်းပြီး အဆုံးသတ် click
- ဥပဒေရေးရာ ဆွေးနွေးပွဲ (ရုပ်သံ) click
- အလုပ်သမားသမဂ္ဂများ ဖွဲ့ရန် စက်မှုဝန်ကြီး ထောက်ခံ click
- အဓမ္မ လုပ်အားပေးခိုင်းစေခံရမှု ရင်ဖွင့်ချက် - ၁ (ရုပ်သံ) click
- အဓမ္မ လုပ်အားပေးခိုင်းစေခံရမှု ရင်ဖွင့်ချက် - ၂ (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် မသိတဲ့ ဒုက္ခသည်စခန်းအကြောင်း (ဆောင်းပါး) click
- ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ click
- နျူကလီးယားကို ဆေးဘက်ဆိုင်ရာ အသုံးပြုရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဒု-၀န်ကြီး ပြောကြား click
- ဇွန်လတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လုပ်မည် click
- ၀န်ကြီးဌာနများ၏ ပြောရေးဆိုခွင့်ရှိသူ စာရင်းထုတ်ပြန် click
- ကရင်ပြည်နယ် အလုပ်သမားအဖွဲ့ တရားဝင် မှတ်ပုံတင်ပြီ click
- ဒလပြည်သူများအတွက် ဖွင့်လှစ်လိုက်တဲ့ အမေ့အားမာန် ပညာဒါနကျောင်း (ရုပ်သံ) click
- ရှင်စောပု မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ပြီးစီး click
- မြန်မာနိုင်ငံသားများ ပြည်ပသို့ သွားရာတွင် နိုင်ငံခြားငွေ ယူဆောင်ခွင့်နှင့်ပတ်သက်၍ အမိန့်ထုတ်ပြန် click
- မြ၀တီ-ကော့ကရိတ် အကောက်ခွန်အချို့ လျှော့ချ click
- ငွေတိုးချေးသူမှ မတရား အိမ်သိမ်း (ရုပ်သံ) click
- ဒေလီရောက် ချင်းဒုက္ခသည်တဦး ခွေးကိုက် ဒဏ်ရာကြောင့် သေဆုံး click
- ကိန်းရုပ်ရှင်ပွဲတော်မှာ အာရှဂန္ထ၀င် ရုပ်ရှင်ကားများ ပြသ click
- ဇွန် ၃ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၂၉ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၂၅ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၂၀ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၁၃ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၆ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
စီမံကိန်းကြီးများတွင် ပွင့်လင်းမြင်သာမှု ရှိရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Published on June 1, 2012 by နေသွင်   ·   No Comments
ထိုင်းနိုင်ငံက မြန်မာပြည်မှာ အကောင်အထည်ဖော်နေတဲ့ ထားဝယ် အထူးစီးပွားရေးဇုန် အပါအ၀င် စီမံကိန်းကြီးတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိရင် အနာဂတ်မှာ ပြဿနာတွေ ဖြစ်လာနိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဘန်ကောက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တယောက်ရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။
“ပွင့်လင်းမြင်သာမှုက သိပ်ကို အရေးကြီး ပါတယ်။ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါတယ်။ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်သူတွေကို ပြောချင်တာ က မြန်မာပြည်မှာ ဘာပဲ လုပ်လုပ် ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ကြပါ။ ရင်းနှီးမြှုပ်နှံမှု ကိစ္စတင်မကပါဘူး၊ ဖွံ့ဖြိုးရေး အကူအညီတွေ၊ လူသားချင်းစာနာမှု အကူအညီတွေမှာလည်း ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်ပါတယ်။ ဒါမှ နောင်မှာ ဖြစ်လာ နိုင် တဲ့ ပြဿနာတွေ ကို ရှောင်ရှားနိုင်ပါ လိမ့်မယ်။”
ဒါကြောင့် စီမံကိန်းတွေ လုပ်ကိုင်တဲ့အခါမှာ၊ အကူအညီတွေပေးတဲ့အခါမျိုးမှာ ပြည်သူတွေအတွက် သိခွင့်ရနိုင်တဲ့ ပွင့်လင်းမြင်သာမှု လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ထားဝယ်စီမံကိန်း အပါအ၀င် တခြား အကျိုးတူ စီမံကိန်းကြီးမှာ ပြဿနာဖြစ်နေရတဲ့ အကြောင်းက မြန်မာပြည်သူတွေဟာ ဒီလို ကိစ္စတွေကို လုံးဝကို ဘာတခုမှ သိခွင့်မရကြပါဘူး၊ စာချုပ်က ဘယ်လိုဖြစ်တယ်၊ ဘာတွေ လုပ်နေတယ်၊ ဘာတွေ ဖြစ်မလဲ ဆိုတာမျိုးတွေကို သိခွင့် မရကြပါဘူး။ အခြေအနေတွေကို ဆွေးနွေးခွင့်တွေ၊ အမြင်ချင်း ဖလှယ်ခွင့်တွေ မရကြပါဘူး။ ဒါဟာ တိုင်းပြည်အတွက် သိပ်ကို အန္တရာယ်များပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အန္တရာယ် ရှိပါတယ်။ သံသယနဲ့ မယုံကြည်မှုတွေကို တိုးပွားလာစေနိုင်ပါတယ်။ ဒါကြောင့် ရင်းနီးမြှုပ်နှံမှု လုပ်တဲ့အခါတိုင်းမှာ အစိုးရချင်း သဘောတူ လက်မှတ်ထိုးတာပဲဖြစ်ဖြစ်၊ အကူအညီတွေ ပေးတော့မယ် ဆိုရင် ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ကြပါ။ ပြည်သူတွေက နားလည်ခွင့်ရတဲ့ အခြေအနေ၊ ဘာတွေ လုပ်မယ်၊ ဘယ်သူအတွက် အကျိုးရှိမလဲ ဆိုတာကို ရှင်းအောင်လုပ်ကြပါ။ ဒီလိုမှ မဟုတ်ရင် အကျိုးအမြတ်က တဖွဲ့တဖွဲ့၊ ဒါမှမဟုတ် လူတဦး တယောက်အတွက် ဖြစ်သွားနိုင်ပါတယ်။”
မြန်မာပြည်မှာ အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလို ဥပဒေမျိုးကို ပြည်သူတွေ အသိမပေးဘဲ ရေးဆွဲ ထားတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာပြည်မှာ အခြေခံအဆောက်အဦတွေ ပြည့်စုံတဲ့ အချိန်အထိ မစောင့်ကြဘဲ ကိုယ်တိုင်က အခြေခံ အဆောက်အဦတွေကို တစိတ်တပိုင်း တာဝန်ယူတာမျိုး၊ အလုပ်အကိုင်တွေကို မြန်မြန် ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို သူ့အနေနဲ့ လိုလားတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
01 June, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၃၁-၅-၂၀၁၂ - ညပိုင်း)
မြန်မာ့ရေးရာ သတင်းပဒေသာ (၃၁-၅-၂၀၁၂ - ညပိုင်း)
- ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံအတွင်း လက်ရှိအစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ အစီရင်ခံစာ ထုတ်ပြန် click
- လှိုင်သာယာလယ်သမားများ အိုးအိမ်ဌာနကို ဆန္ဒပြ click
- ရွှေပြည်သာနှင့် လှိုင်သာယာ လယ်သိမ်းခံ လယ်သမားများ ဆန္ဒပြ click
- လားရှိုး–မူဆယ်လမ်း မသုံးရန် စာကပ်ပြီးနောက် တိုက်ပွဲဆက်ဖြစ် click
- မူစယ်မြို့တွင် သုံးဘီးယာဉ်မောင်းများ တောင်းဆိုမှုပြုလုပ် click
- လျှပ်စစ်ရရေး ဆန္ဒပြများကို ထောက်ခံခဲ့သည့် ပါတီကော်မရှင်မှ ခေါ်တွေ့ click
- ပြည်မြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်သူများကို လုံထိန်းရဲများ၏ အကြမ်းဖက်မှုမြင်ကွင်း (ရုပ်သံ) click
- အပိုပေးရသည့် မီတာခကိစ္စ မြစ်ခြေဒေသခံများ သမ္မတရုံးသို့ တိုင်မည် click
- ပြည်သူတွေ သံသယဖြစ်နေတဲ့ ချောင်းသာ EPC (ရုပ်သံ) click
- အလုပ်သမား အခြေခံလစာကိစ္စ ဆန္ဒပြမှု ၂၅ ရာခိုင်နှုန်းခန့်သာ ပြေလည် click
- ဖားကန့်တွင် အလုပ်လက်မဲ့များ၊ ကားခ ဈေးတက် click
- ဒုက္ခသည်များကို အတင်းအကျပ် ပြန်မပို့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြမည် click
- ဒေါ်အောင်ဆန်းစုကြည် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည် click
- အတိုက်အခံအဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရ၍ စိတ်ပျက် click
- စံပြကျေးရွာ တည်ဆောက်၍ ငြိမ်းချမ်းရေး ကူညီဆောင်ရွက်ရန် နော်ဝေ စီစဉ် click
- ပြည်တွင်းဒုက္ခသည်များကို ကူညီခြင်းသည် မြန်မာနိုင်ငံကို စမ်းသပ်ခြင်းဖြစ်ဟု ဆို click
- ၉၀ အနိုင်ရ တိုင်းရင်းသားပါတီ ၂ ခု ပါတီ ထူထောင်ခွင့်ပြု click
- မွန် နှစ်ပါတီ ဖြစ်မည်၊ “မွန်ဒီမိုကရေစီပါတီ” တည်ထောင်ခွင့် ကျ click
- မွန်ဒီမိုကရေစီပါတီ တည်ထောင်ခွင့်ပြုပြီ click
- စစ်မှန်သည့် ပြည်ထောင်စု ပေါ်ပေါက်ရေး ရခိုင်ပါတီ ဆွေးနွေး click
- ရွာဆိုင်းဘုတ်နှင့်အတူ ကရင်အမျိုးသားအလံတော် ပျောက်ဆုံးနေ click
- သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး - ၃၂ (အောက်မေ့ဖွယ်) click
- မွန်အမျိုးသားကျောင်းများ ဘဏ္ဍာရေး ခက်ခဲနေ click
- အရှေ့တောင်အာရှမှ ငှက်ဖျားဆေး သုံးပုံတပုံကျော်မှာ အတုများဖြစ် click
World Economic Forum on East Asia 2012 တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှု (ရုပ်သံ)
30 May, 2012
ငကန်းတွေ သေမှာကို စိုးသတဲ့လား နောက်ထပ် ငစွေတွေ မပေါ်အောင်သာ ကြံဆ ( ဦးဝင်းတင်)
ငကန်းတွေ သေမှာ ကို စိုးသတဲ့လား … နောက်ထပ် ငစွေတွေ မပေါ်အောင်သာ ကြံဆ
(ဦးဝင်းတင်)
ကျုပ်တို့ တိုင်းပြည်ကြီး ကမ္ဘာ့ အမွဲဆုံး အဆင်းရဲဆုံး ဘိုင်အကျဆုံး နိုင်ငံ အဆင့် ရောက်ခဲ့တယ်ဗျ။ တိုင်းပြည်မှာ ဆန်ရေစပါး အလျှံအပယ် ထွက်ခဲ့တယ်ဗျာ။ သယံဇာတ တွေ အလျှံအပယ် ကြွယ်ဝ ခဲ့တယ်ဗျာ။ အဖိုးတန် ကျောက်မျက် ကျောက်စိမ်းလို ထိတ်ထိတ်ကြဲ ရတနာ တွေ ၊ စိန်ခဲတွေ ၊ မြခဲတွေ  ထိန်ထိန် ကျဲ ခဲ့တယ်ဗျာ။ တခြားပြောပြစရာ လက်ညိုးထိုး ပြစရာ  ထွက်ကုန် တွေ ကလည်း အမှန်တကယ် အောတိုက်အောင် ပေါလိုက်တာဗျာ။
ဒါဖြင့် ဘယ်လိုကနေ ဘယ်လို၊ မြန်မာ့ စီးပွားရေး ခွေးကတတ်ရောက် သွားရတာလဲ။ အံ့ရောဗျာ…အံ့ရော။ အဲဒါပဲ ပြောတတ်တော့တယ်။ ကျိုးသင့် ကြောင်းထိုက် လူတိုင်း စိတ်ကြိုက်တွေ့အောင်တော့ ပြောမပြတတ်တော့ဘူး။
ကမ္ဘာကျော် စီးပွားရေး ပညာရှင်တွေ ၊ ၀င်လိုက်ကြ ထွက်လိုက်ကြ လာလိုက်ကြ သွားလိုက်ကြ တ၀ုန်းဝုန်းပေါ့။ တသဲသဲပေါ့။ ပညာရှင် စကားတွေ ပါးစပ် အမြှုပ်တဖွားဖွား သီးအောင် ပြောကြေ=ာ ကြ နည်းပေးကြ လမ်းပြကြ ပေါ့။ ဘာပြောကောင်းမလဲ။ နိုင်ငံတော် စီးပွားရေး အောင်တော့မယ်။ ချမ်းတော့မယ်။ စိမ်းတော့မယ်။ လန်းတော့မယ်။ စိုတော့မယ်။ ရွှဲတော့မယ်ပေါ့။ ထင် တလုံး နဲ့ ရွှင်ပြုံးလိုက်ကြတာ။
အောင်မလေးဗျ။ ငယ်သံပါအောင် = စ် ကြ၊ ငိုကြ၊ ညည်းကြပေတော့။ ယိုတယ်ဗျို့။ ဆင်းရဲတဲ့ လူထု အိပ်ခန်းတွေ၊ ခေါင်မလုံ လို့ မိုးရေတောက်တောက်ယို ၊ ရွှဲရွှဲစို ကုန်ကြရတယ်လေ။  ထမင်းငတ်သူတွေ၊ ဒူးနဲ့ မျက်ရည် သုတ်နေကြရတဲ့သူ တွေ ၊ ရွှဲရွဲစို ငိုကြီးချက်မ ဘ၀ မလှ ဖြစ်နေကြရတယ်လေ။
ဒါတွေ ထားပါတော့လေ။ တိုင်းသိ ပြည်သိ သူသိ ငါသိ ကမ္ဘာသိ သမိုင်းထဲက ဖြစ်ရပ်ဆိုး တွေ ကို အသာထား လိုက်ပါဦး။ အသာမထား နိုင် ဘဲ ၊ ကမ္ဘာကြားအောင် တအားကျုံးအော်ပြီး ပညာရှင် ပဂေး တို့ကို မေးခွန်းထုတ်ရမယ့် ကိစ္စ က ရှိသေးသဗျ။
အဲဒီ မေးခွန်း က၊ စစ်အာဏာရှင် တွေ၊ ကျိကျိတက် ‘ ထော လာတာ သိတယ်နော်။ အဲ.. တိုင်း သူ ပြည်သား လူအများကတော့ ဖွတ်ကျော ပြာစု ခရု အဆန်ကျွတ် ဖြစ်ကြ ရတာလည်း သိတယ်နော်။
နောက်တခု ဆက်မေးရမယ့် မေးခွန်း ရှိသေးတယ်။ ကဲ =ုတ်ပါပြီ။  ဒါဖြင့် ဒီ ဇွတ်ထော နဲ့ ဖွတ်ကျော ဇာတ်လမ်း မှာ ဗီလိန် ( လူကြမ်း လူဆိုး လူညစ်) က ဘယ်သူလဲ။
ဒီနေရာမှာ ကျုပ်ပြောချင်တဲ့ ဇာတ်လမ်းက စပြီ။ ဒေါက်ခနဲ ကောက်ကာ ငင်ကာ ပြောရရင် ဗီလိန် က ခရိုနီ တွေပေါ့ဗျာ။။ ဂျာနယ်တစောင် က၊ ခရိုနီ ကို ၊ အစိုးရ နဲ့ နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် လို့ စေတနာ ဗရပွ နဲ့ လှလှကလေး ဘာသာ ပြန်သေးသဗျ။ ကျုပ်က စေတနာ တော့ ရှိပါရဲ့။ လှလှလေး ဘာသာ မပြန်တတ်လို့ ငမြွေထိုး ခေါင်း ပိသာလေး နဲ့ ထုသလိုလို အာဏာ ကပ်ပါးစီးပွားရေး ဓါးပြ များ လို့ တဲ့တိုးကြီး ကင်ပွန်း တပ်လိုက်ရတယ်ဗျာ။
အဲဒီ ဓါးပြတွေ =ာ ဘယ်သူတွေ လဲ ဆိုတာ အားလုံး သိကြပါတယ်နော်။ သိရင်လည်း ပြီးရော။ ကျုပ်က သူတို့ အကြောင်း ပြောချင်တာ မ=ုတ်ဘူး။ ပြောနေလည်း ဘာမှ မထူးပါဘူး။ အာဏာ ကပ်ပါး စီးပွါးရေး ဓါးပြ ဆိုတဲ့ အတိုင်း လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ငန်းကြီး တွေ လုပ်တယ်ဗျာ။ လယ်သမားတွေ ရဲ့ စိုက်မြေ- ပျိုးမြေတွေ အဓ္ဒမ သိမ်းတယ်ဗျာ။  မြေလျှိုး မိုးပျံ လုပ်ငန်းကြီး တွေ လုပ်တယ်ဗျာ။ စက်လုပ်ငန်းကြီးတွေ တိုက်လုပ်ငန်းကြီးတွေ ဘဏ်လုပ်ငန်းကြီးတွေ လုပ်တယ်ဗျာ။
အဲဒီ လုပ်ငန်းရှင်ကြီးတွေ က၊ သူတို့ကို မွေးစား ခိုင်းစား တဲ့ အာဏာရှင် ကြီးတွေ ထက်တောင် ချမ်းသာ ကြွယ်ဝ ဘောဂ သူဌေးကြီးတွေ ဖြစ်ကြတယ်။
ဒီနေ့ ပြည်သူတွေက အသံကုန်ဖြဲ ပြီး၊ အသံကွဲ ကြီး တွေ နဲ့ အော်လာကြပြီ။ လက်ဝါးကြီး အုပ်တာတွေ မလိုချင်။ စီးပွားရေး ဓါးပြ တွေ လက်ရှောင်။ အာဏာ ကပ်ပါး တွေ ဇာတ်သိမ်းကြ ။ ပြည်သူလူထု က ဆင်းရဲတွင်း နက်နက်ကြီး ထဲက =စ် နေကြတယ်ဗျ။
ဒီလို ပြည်သူတွေ ဖွတ်ကျော ပြာစု တွေ ရဲ့ အော်သံ =စ်သံ တွေ အကြားမှာ အာဏာရှင် ကပ်ပါး စီးပွားရေး ဓါးပြ တွေ ကို အောင်နိမိတ် နဲ့ အောင်ဘိသိတ်သွန်း တဲ့ အသံဆိုးကြီး တသံ ၀န်ကြီး ဌါန တခု ရဲ့ ဆွေးနွေးပွဲ က ပေါ်ထွက်လာတယ်ဗျ။
အဲဒီ ငှက်ဆိုးထိုးသံလို အသံက ဒီလိုတဲ့ဗျာ။
‘ခရိုနီတွေကို ပြန်သုံးရမယ်။ ကောင်းတဲ့ နေရာမှာ ပြန်အသုံးချ လို့ ရတယ်။ မ=ုတ်ရင် သူတို့ အပြင်ထွက်သွားကြမယ်။ အကုန်ပါသွားမှာ။ တိုင်းပြည် အတွက် လုပ်ချင်တဲ့သူတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားပြောတဲ့ အခါ ဒေါ်စု လည်း ဒီ -=ာ ကို သဘောတူတယ်’  တဲ့။
=ုတ်လား။ ဒေါ်စု က သဘောတူ တယ်တဲ့လား။ =ား =ား  =ား ။ ကျုပ်ကတော့ ဒီလို တောရမ်းပယ်ဖွဲ့ စကားမျိုး ချောကလက် အတောင့်လိုက် စားပြီး ပြောတောင် မယုံရေးချ မယုံဗျ။
အကုန်ပါသွားမှာ…တဲ့လား။ ကုန်စမ်းပါစေဗျာ။ ကျုပ် လူပြိန်းစကားပဲ ပြောမယ်။ တိုင်းပြည်ကြီး အာဏာ ကပ်ပါးတွေ စီးပွားရေး ဓါးပြတိုက်လို့ တာတေလံ အောင် မွဲပြာကျနေပြီဗျ။ သူတို့ တိုက်ရာပါ ဥစ္စာ ခိုးရာပါ ပစ္စည်းတွေ ကို ၊ ခါးပိုက်နှိုက် အလစ်သုတ် သလို ၊ ကဲ့ထုတ် သွားကုန်မှာ စိုးသတဲ့လား။ မပူပါနဲ့။ ငကန်းသေ ငစွေ မပေါ်အောင်သာ ဆုတောင်းပါလေ။ ဒီလို ပြည်သူ့ ဘဏ္ဍာ ကို မ=ာ သူခိုး ဓါးပြ တွေ ကူးတို့ခ သယ်သလို ပြည်ပ သယ်သွားကြတာ ၊ အာဏာရှင် နိုင်ငံတွေ မှာ ဗြောင်းဆန်အောင် ပေါများ ခဲ့တယ်ဗျ။ သမိုင်းခေတ်တွေ သက္ကရာဇ် နှစ် တွေ နဲ့ ချီ လို့တောင် ကြာတောင်း ကြာလှခဲ့ ပြီဗျ။ ဖိလစ်ပိုင် ကြည့်မလား ဗီယက်နာမ် ကြည့်မလား အင်ဒိုနီးရှား ကြည့်မလား အရှေ့အလယ်ပိုင်း ကြည့်မလား တောင်အမေရိကား နိုင်ငံတွေ ကြည့်မလား ၊ အာဖရိက နိုင်ငံတွေ ကြည့်မလား။
အာဏာ ကပ်ပါး ခရိုနီ စီးပွားရေး ဓါးပြ များ နဲ့ ပတ်သတ်လို့ ၊ စီးပွားရေး ပညာရှင် ဦး=န်ထွန်း  ( အခွန်)  ပြောတဲ့ စကား က မှတ်သားစရာ ကောင်းတယ်။ ဦး = န် ထွန်း က….
‘ ပြီးခဲ့တဲ့ ရာဇ၀င်ကို ပြန်ကြည့်ရင် ခရိုနီ တွေ က၊ အလုပ်အကိုင် အခွင့်အလမ်း တွေ ၊ ပေါ်ပေါက်လာအောင် ဖန်တီးပေးခဲ့တာ နည်းတယ်။ ကုန်ထုတ်လုပ်ငန်း တွေကို ထိထိရောက်ရောက် လုပ်ခဲ့တာ နည်းတယ်။ အမြတ်အစွန်း လွယ်လွယ်ကူကူ ရမယ့် အလုပ်တွေကို လုပ်နေတာ များတယ်။
ဦး = န်ထွန်း ဆက်ပြောခဲ့တဲ့ စကားကို နားထောင်ကြည့်ပါ။ ‘ ဆင်းရဲသား လုပ်သား ပြည်သူ ကောင်းကျိုး အတွက် သူတို့ ဘာတွေ လုပ်ခဲ့သလဲ ပြန်စဉ်းစားစေချင်တယ်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မူ အထောက်အကူ ပြုစေရန် ဘာလုပ်ငန်းတွေ လုပ်ခဲ့သလဲ ပြန်စဉ်းစား သင့်တယ်။
မဆုံးသေးဘူး။ ဆက်ပြောသေးတယ်။
‘ အရင်တုန်းက အတိုင်းပဲ။ အာဏာပိုင် ပုဂ္ဂလိက တွေ နဲ့ နှီးနွယ်တဲ့ စီးပွားရေး လုပ်ငန်း မျိုး အခွင့်အရေး တွေ ယူပြီးတော့ မိုနို ပိုလီ (လက်ဝါးကြီးအုပ်) အလုပ်မျိုး ကိုတော့ ခွင့်မပြုသင့်တော့ပါဘူးတဲ့။
ကိုင်း….ကိုင်း တော်လောက်ပါပြီ။
ခရိုနီတွေလို သူခိုးလမ်းပြ ၊ ဓါးပြ လက်ထောက်ချ လုပ်နေတဲ့ ဂုရုကြီးကို မကြားတကြား ပြောချင်တဲ့ စကားကတော့
‘ ခရိုနီတွေ အပြင် ( ပြည်ပ ) ထွက်ကုန်ရင် ခင်ဗျားကြီးပါ နောက်တော်ပါး က၊ အခစါး လိုက်သွားဗျာ ။ သူခိုးတွေ ရဲ့ စီးပွားရေး အကြံပေး အရာရှိ သာ လုပ်စားဗျာ….’
သြော် မေ့လို့..မေ့လို့..။
စာကြွင်း စကားကြွင်းလေး ဆက်ပါရစေဦး။
အဲဒီ ငှက်ဆိုးထိုးသံ ကြီးကို တိုင်းသိ ပြည်သိ ပြောပေါ်မှာ ရွှေ….. ရွှေ…. ရွှေ…. ( စကားထစ်နေတာ ခွင့်လွှတ်ပါဗျာ ) ကြော်ငြာ ထုတ်သူက…သာမျင်ညောင်ည ချောင်ကြားက မောင်ဖား တဲ့လား။ မ=ုတ်ဘူးဗျ။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ရဲ့ စီးပွားရေး အကြံပေး အဖွဲ့ ဥက္ကဌ တဲ့ ဗျ။
ဒေါ်အောင်ဆန်းစုကြည့် ထိုင်းနိုင်ငံရောက်ရုပ်သံ
မြန်မာ့ရေးရာ သတင်းပဒေသာ (၃၀-၅-၂၀၁၂ - နံနက်ပိုင်း)
- ဇာထိုးပန်းထိုးစက်ရုံ အလုပ်သမ ၁,၀၀၀ ကျော် ဆက်လက်ဆန္ဒပြ click
- မြန်မာဆန်နီ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ click
- တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံ ဆန္ဒပြပွဲ (ရုပ်သံ) click
- အလုပ်သမားအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်ဝင်မြန်မာ ဇာပန်းထိုး စက်ရုံအလုပ်သမားများ click
- လေဘာရုံး ဘာလဲနှင့် အလုပ်သမားဝန်ကြီး ဘယ်လဲ (ဆောင်းပါး) click
- အလုံမြို့နယ် လျှပ်စစ်မီးအရေး သုံးရက်ဆက်တိုက် ဆန္ဒပြမည် click
- လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်သူကို မြို့နယ်အာဏာပိုင် ခေါ်ယူမေးမြန်း click
- လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးသူကို KIO စုံစမ်းနေ click
- ဆန္ဒပြပွဲ ပါတီတွေ အမြတ်မထုတ်ဖို့ ကော်မရှင် သတိပေး click
- ဆန္ဒပြတောင်းဆိုမှုကိစ္စ နိုင်ငံရေးပါတီများ ပါဝင်ဖြေရှင်းဖို့ ရွေးကောက်ပွဲကော်မရှင် ပန်ကြား click
- ရွှေနံ့သာ လယ်သမားများအရေး (ရုပ်သံ) click
- ပြင်ဦးလွင် လယ်သမားတွေရဲ့ ဆုတောင်းပွဲ (ရုပ်သံ) click
- မုံရွာ ကြေးနီစီမံကိန်းက မြေသိမ်းခံ လယ်သမားများအရေးနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ (ရုပ်သံ) click
- တိုင်းရင်းသားဒေသခံများ လိုလားချက် အစိုးရ တွေ့ဆုံဆွေးနွေး click
- ၀န်ကြီးများ၊ အမတ်မင်းများအတွက် မုန့်ဖက်ထုပ်လက်ဆောင် click
- ရွှေ့ပြောင်းဒုက္ခသည်တွေထဲမှာ ဈေးလည်း ပါတယ် (ကာတွန်း) click
- ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် သွား click
- ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဝမ်းပန်းတသာ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားများကို အားပေးစကားပြော click
- အလုပ်သမားအခွင့်အရေး ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မိန့်ခွန်း (အသံ) click
- ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်သို့ ရောက်ရှိ၊ မြန်မာပြည်သားတို့နှင့် တွေ့မည် click
- ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်မြို့ ရောက်ရှိ click
- မာမိုဟန်ဆင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံ (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် နေရူးအထိမ်းအမှတ် မိန့်ခွန်းပြောမည် click
- ပန်းတွေနဲ့ ဝေဖြာ သူ့ဆံကေသာ -၂ (မြန်မာပြည်မှ စာ) click
- သဲကုန်း NLD ရုံးဖွင့်ပွဲ ၈၈ မျိုးဆက်များ တက်ရောက် (ရုပ်သံ) click
- RNDP ပါတီ ပထမအကြိမ် ညီလာခံ ကျင်းပမည် click
- ကရင်လူမျိုးစုတွေကို ယာယီမှတ်ပုံတင်ကတ်ပြား ထုတ်ပေး (ရုပ်သံ) click
- အနောက်ကိုငဲ့ .. မျှော်လိုက်လျှင် (ဆောင်းပါး) click
- မင်္ဂလာဒုံလေဆိပ်တွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည် click
- စီးပွားရေး ဆိုက်ရောက်ဗီဇာစနစ် သောကြာနေ့တွင် စတင်မည် click
- ယာယီ နိုင်ငံကူးလက်မှတ်လုပ်ငန်း လိမ်လည်မှုရှိ click
- မူလတန်း အခမဲ့ဆိုသော်လည်း ရန်ကုန်ကျောင်းတချို့ ငွေတောင်းခံနေဆဲ click
- တောင်ဒဂုံမြို့နယ်မှာ ကူးစက်ဝမ်းရောဂါ ဖြစ်ပွား (ရုပ်သံ) click
- အမုန်းကြီးသူသို့ click
- ဘယ်သူ့အတွက် ဖွံ့ဖြိုးရေးလဲ (ကာတွန်း) click
- ဆီးရီးယား သံတမန်တွေကို အနောက်နိုင်ငံတွေ ပြည်နှင်ဒဏ်ပေး click
- ဆီးရီးယားဟာ အတိမ်းအစောင်းမခံတဲ့ အခြေအနေရောက် click
- အယ်လ်ကိုင်းဒါး ဒု-ခေါင်းဆောင် သေဆုံး click
- နျူကလီယားဒုံးကျည် ပါကစ္စတန် စမ်းသပ်အောင်မြင် click
- မြောက်ကိုရီးယားကို ကွန်မန်ဒိုတပ်တွေ စေလွှတ်တဲ့သတင်း အမေရိကန် ငြင်း click
- အာရှတိုက်က အမေရိကန်ရဲ့ အကျိုးစီးပွားများကို အဓိပ္ပာယ်ဖွင့်ခြင်း click
- လိင်တူစုံမက်သူတွေ လက်ထပ်ထိမ်းမြားခွင့် အမေရိကန်သမ္မတ အိုဘားမား ထောက်ခံ click
ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မိန့်ခွန်း
22 May, 2012
Monday, May 21, 2012
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၁-၅-၂၀၁၂ - ညပိုင်း)
- မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ကုန်ကားတစီး ဗုံးခွဲခံရ click
- ရွာထဲ မိုင်းပစ်ခတ်ပေါက်ကွဲမှုတွင် အပြစ်မဲ့ ပြည်သူ ၁ ဦး ဒဏ်ရာရ click
- လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ၈၈ ကျောင်းသားများ သွားရောက် ထိန်းညှိပေး click
- အခြေခံလစာရရေး လှိုင်သာယာအလုပ်သမားများ သပိတ်ဆက်မှောက် click
- လျှပ်စစ်မီး ပုံမှန်ရရေး မန္တလေးတွင် ဆန္ဒပြ click
- မန္တလေးမြို့တွင် လျှပ်စစ်မီး ပုံမှန်ရရှိရေး တောင်းဆိုဆန္ဒပြ click
- မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ပြည်သူ့ဆန္ဒ ထုတ်ဖော် click
- မန္တလေးမြို့ခံတို့ လျှပ်စစ်မီးရရှိရေး ဆက်လက် တောင်းဆိုမည် click
- မြစ်ဆုံစီမံကိန်း ပြန်လည်တည်ဆောက်ရန် CPI ကြိုပမ်းနေဟု KDNG ထုတ်ပြန် click
- 7 July နှစ် ၅၀ ပြည့် အခမ်းအနား မန္တလေးတွင် ကျင်းပရန် စီစဉ်နေ click
- ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွံ့ဖြိုးရေး သမ္မတအကြံပေး ဦးမြင့် တိုက်တွန်း click
- ကျောင်းတံခါးတွေ ဖွင့်စေချင် (အယ်ဒီတာ့အာဘော်) click
- မဖြူဖြူသင်းအကြောင်း ဘ၀ရုပ်ပုံလွှာကို စာပေစိစစ်ရေးက ခွင့်မပြု click
- မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံများ ချီးကျူး click
- ဦးအောင်မင်းနှင့် KIO တို့ အလွတ်သဘော တွေ့ဆုံ click
- ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ click
- ဦးအောင်မင်းနှင့် KIO ထိပ်တန်းခေါင်းဆောင် တွေ့ဆုံ click
- ကေအိုင်အေနှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ထိုင်းနိုင်ငံတွင် တွေ့ဆုံ click
- အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းနှင့် KIO တို့ တွေ့ဆုံ click
- အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် RCSS/SSA တို့ သဘောတူညီချက်များ click
- ၅၄ နှစ်မြောက် ရှမ်းပြည်တပ်မတော်နေ့ အခမ်းအနား ကျင်းပ click
- ၅၄ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ ရွှေလီမြစ်ဝှမ်း၌ ခမ်းနားစွာ ကျင်းပ click
- အထူး ၄ ခေါင်းဆောင် စ၀်စိုင်းလင်းနှင့် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ပထမဦးဆုံး တွေ့ဆုံ click
- စီးပွားရေး ဦးမော့ရေးအတွက် ခရီးသွားဧည့်သည်များ ကျိုင်းတုံ၌ တညတည်းဖို့ နယ်စပ်ဝန်ကြီး ပြော click
- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းမည် click
- မွန်နှစ်ပါတီ ပေါင်းစည်းရေး အခက်အခဲရှိနေ click
- လစဉ်အစည်းအဝေးသို့ (AMDP) ညှိနှိုင်းရေးကော်မတီဝင်များ မတက်ရောက် click
- ALP ကို ဝန်းရံရန် ဘန်ကောက်ရောက် လူမှုအဖွဲ့အစည်းများ ယာယီဖွဲ့စည်း click
- မြ၀တီခရိုင်ကို မူးယစ်ဆေး ကင်းရှင်းရေးနယ်မြေအဖြစ် KKO သတ်မှတ် click
- ဘုရားသုံးဆူမြို့တွင် ပြန်ပေးအဖွဲ့ ဆက်ကြေးတောင်းခံ click
- သပိတ်ကျင်းရွာသားများ နေရာမှ ဖယ်ပေးရမည့်အရေး ရင်ဆိုင်နေရ click
- ထားဝယ် အထူးစီးပွားရေးဇုန် မြေလျော်ကြေးကိစ္စတွင် ခေါင်းပုံဖြတ်မှုများ ရှိနေ click
- ထားဝယ်ရေနက်စီမံကိန်း လျော်ကြေးကိစ္စ ခြိမ်းခြောက်မှုများရှိ click
- ပေါင်းတည်မြို့တွင် စည်ပင်က အဓမ္မ လုပ်အားပေးခိုင်းစေ click
- အနံ့ဇုန် လုပ်ဖို့ လယ်သိမ်းတဲ့ မြို့တော်စည်ပင် (ရုပ်သံ) click
- မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသားကို စသုံးလုံး ဖမ်း click
- HTC ၏ CEO နည်းပညာဖောင်ဒေးရှင်း တည်ထောင်မည် click
- စေတနာဆရာဝန်ကွန်ရက်နဲ့ အမေ့အိမ် click
- NLD – BG ပညာဒါနကျောင်းက သွေးနဲ့ ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲ click
14 May, 2012
Sunday, May 13, 2012 မြန်မာ့ရေးရာ သတင်းပဒေသာ (၁၃-၅-၂၀၁၂ - ညပိုင်း)
- RCSS/SSA နဲ့ အစိုးရစစ်တပ်အကြား ပစ်ခတ်မှုတွေဖြစ် click
- အစိုးရနှင့် ထပ်မံတွေ့ဆုံရန် ပြင်ဆင်ချိန် RCSS/SSA သုံးကြိမ် တက်တိုက်ခံရ click
- ကချင်မှာ ထိုးစစ်တွေ ရပ်ဖို့ UNFC တောင်းဆို click
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ (ရုပ်သံ) click
- ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အိမ်ပြန်ရေး အတားအဆီးတွေ ရှိနေဆဲ click
- ပုသိမ် လယ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် တားမြစ်ခံရ click
- ချောင်းသာ လူနေအိမ် ၂၅၀ ကျော် ၃ လအတွင်း ပြောင်းရွှေ့ပေးဖို့ အမိန့်ပေး click
- ကလောသစ်သီးခြံ ဧက ၂၀ ဆက်သွယ်ရေး အာဏာပိုင်တွေ ဖျက်ဆီး click
- ရခိုင်လူထု ၆၀၀ ကျော် လက်မှတ်ရေးထိုး တင်ပြသည့်ကိစ္စ ရခိုင်ပြည်နယ်အစိုးရ ကွင်းဆင်း စစ်ဆေး click
- ၀န်ထမ်းလာဘ်စားမူကို ကြံ့ခိုင်ရေးကို တင်ပြ၍ မရ click
- တရားစီရင်ရေးမဏ္ဍိုင် အမြန်ပြုပြင်ပြောင်းလဲရန် လိုနေပြီ (အယ်ဒီတာ့အာဘော်) click
- အင်ဒိုနီးရှား အသွင်ကူးပြောင်းရေးမှ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး သင်ခန်းစာများ (ဆောင်းပါး) click
- အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲ နိုင်/ကျဉ်းအဖွဲ့ ပြုလုပ် click
- မန္တလေးတိုင်းအတွင်း အခမဲ့ဆေးခန်း NLD ဖွင့်မည် click
- ၈၈ မျိုးဆက်ကျောင်းသားတွေ ဒလမှာ သောက်သုံးရေ လှူဒါန်း click
- ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲ click
- အာဖဂန် ငြိမ်းချမ်းရေးကိုယ်စားလှယ် လုပ်ကြံခံရ click
- မြောက်ကိုရီးယား ရန်စမှု ဒေသတွင်း အင်အားကြီး ၃ နိုင်ငံ သတိပေး click
- ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့ ဂရိသမ္မတ ကြိုးပမ်း click
- ဂရိနိုင်ငံမှာ အစိုးရဖွဲ့ရေး ကြိုးပမ်းမှု မအောင်မြင်သေး click
11 May, 2012
Friday, May 11, 2012 မြန်မာ့ရေးရာ သတင်းပဒေသာ (၁၁-၅-၂၀၁၂ - နံနက်ပိုင်း)
- မြန်မာ့အပြောင်းအလဲ စိတ်မချရသေး click
- ဒု-သမ္မတ နားခွင့်တောင်းတာ မှန်တယ်လို့ မိသားစု ပြော click
- ဒီကေဘီအေ သတင်းစာရှင်းလင်းပွဲ click
- မူးယစ်ရာဇာအဖြစ် စွပ်စွဲမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်စောလားပွယ် သတင်းစာရှင်းလင်းပွဲ ပြုလုပ် click
- ထိုင်းအာဏာပိုင်တွေထံ လက်နက်မချဟု ဗိုလ်မှူးချုပ် စောလားပွယ် ပြောဆို click
- မူးယစ်ဆေးကိစ္စ စစ်ဆေးပေးဖို့ DEA ကို ဒီကေဘီအေ ဖိတ်ခေါ် click
- မဆီမဆိုင် နှုတ်ခမ်းမွေးဓားနဲ့ ချိုင် (ကာတွန်း) click
- မူးယစ်ရာဇာ စိုင်းနော်ခမ်းကို တရုတ် လက်လွှဲ click
- ရွှေတြိဂံ မူးယစ်ရာဇာ စိုင်းနော်ခမ်းအား တရုတ်ပြည်သို့ ပို့ဆောင် click
- ကချင်ပဋိက္ခ သို့မဟုတ် ရွှေတောင်တန်းပေါ်က စစ်ပွဲ (ဆောင်းပါး) click
- ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ တိုင်းရင်းသားအဖွဲ့များ ဆန္ဒရှိ click
- တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးကိုပါ စဉ်းစားဖို့ ရင်းနှီးမြှုပ်နှံသူတွေကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုလန်ဝန်ကြီး စာနယ်ဇင်းပွဲ တက်ရောက် click
- ပိုလန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ (ရုပ်သံ) click
- ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်တို့ကို တွေ့ဆုံ click
- ၈၈ ကျောင်းသားများ ရှမ်းပြည်တောင်ပိုင်းခရီးစဉ် - ဒုတိယပိုင်း (ရုပ်သံ) click
- မြေလတ်ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်း click
- မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဥရောပပါလီမန် လေ့လာ click
- ပြောင်းလဲနေပြီလို့ မမြင်ပါဘူး။ ပြောင်းလဲဖို့ ခြေလှမ်းစနေပြီလို့ပဲ မြင်ပါတယ် (အင်တာဗျူး) click
- ရေတမာပင်တန်းကို ခုတ်ပစ်တာ လုပ်သင့်သလား (ဆွေးနွေးဖလှယ်) click
- မီးတိုင်အောက်မှာ ကခုန်ကြသူများ (ဆောင်းပါး) click
စိန်တုံးကြီးနဲ့ ဖက်ရှင်မမ
စိန်တုံးကြီးနဲ့ ဖက်ရှင်မမ
ယာမားရှီး
ဖက်ရှင်မမ ဆိုတာက ဒီနယ်တ၀ိုက်မှာ လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့ အလှမယ်တဦး။ ချစ်သူဝိုင်းဝိုင်းလည်နေရော။ သူကို့ တကယ်ချစ်နေတာက မောင်လုထူ။ ရိုးတယ်။ ပွင့်လင်းတယ်။ လွတ်လွတ်လပ်လပ် နေတတ်တယ်။ အမှန်တရားကို မြတ်နိုးတယ်။ ခွန်အားဗလ ကောင်းတယ်။ ဒါပေမယ့် ဆင်းရဲတယ်။ ထူးဆန်းတာက ဖက်ရှင်မမ ကလည်း သူ့ကို ချစ်သတဲ့ဗျ။ လုထူကို မမ သိပ်ချစ်တယ်။ လုထူက မမကို ချစ်တာ မမသိတယ်။ လုထူကို ဆင်းရဲတွင်းက လွတ်အောင် မမ ကြိုးစားပေးမယ်။ မမကို လုထူက ချစ်သူအဖြစ် ရွေးချယ်ပေးထားတော့ မမကလည်း လုထူရဲ့အချစ်ကို အသိအမှတ်ပြုပါတယ်။ လုထူအခက်အခဲတွေ မမကို ပြော။ ဒါမှ ဖြေရှင်းပေးလို့ ရမှာပေါ့။ ရွှန်းရွှန်းဝေနေရော။ မောင်လုထူကလည်း မမမျက်နှာလေးကို ကြည့်လို့ပျော်နေရော။ ******* စိန်တုံးကြီး ဆိုတာက ဒီနယ်ပိုင်ကြီး။ နာမည်အရင်းက စိန်တုံး။ နယ်ပိုင်ကြီးဖြစ်သွားတော့ နယ်သူသားတွေက လေးစားသမှုနဲ့ ကြီး ထည့်ခေါ်တာပါ။ စိန်တုံးက မျိုးနဲ့ ရိုးနဲ့ ချမ်းသာတာ။ ******* စိန်တုံးကြီး ပေါ်လာတဲ့ ဇာတ်လမ်းက ဒီလို … သူ့အဖေက ရွှေတုံးကြီး။ တော်တော်ဆိုးတာ။ မဟုတ်တာတွေ အကုန်လုပ်ပြီး သေသွားတာ။ ချမ်းသာတယ်ဆိုတော့။ လူမိုက်တွေ အများကြီး မွေးထားနိုင်တယ်။ မျက်လုံးစိမ်းစိမ်း ခွေးကြီးတကောင်ကိုလည်း ပိုင်သေးတယ်။ ခွေးကြီးက ဗလကောင်းပြီး လူတွေကို ရက်ရက်စက်စက် ကိုက်တတ်တယ်။ နှစ်ပေါင်း ၆၀ ကျော်နေပြီ။ မောင်လူထုရဲ့ ဘိုးဘွားပိုင်လယ်မြေတွေကို ဦးရွှေတုံး အတင်းသိမ်းလို့ ပြန်ပေးဖို့ တောင်းဆိုတာကို ခွေးကြီးနဲ့ ကိုက်ခိုင်းတာ။ မောင်လူထု စုတ်ပြတ်သတ်သွားတာပေါ့။ ဘိုးဘွားပိုင် မြေယာတွေကို ငါက တိုးတက်အောင် လုပ်ပေးနေတာကွ။ ကာကွယ်စောင့်ရှောက်ပေးနေတာကွလို့ အမြဲကြုံးဝါးနေတာ။ အချိန်တန်ရင် ပြန်ပေးမှာပေါ့လို့ ပြောလေ့ရှိတယ်။ မောင်လုထူကို နှောင့်ယှက်ဖျက်ဆီးသူဆိုပြီး ဖမ်းလိုက် လွှတ်လိုက် လုပ်နေတာပေါ့။ ကိုယ့်ပစ္စည်း ကိုယ်ပြန်တောင်းတာ မတရားဘူး။ အဆိုးမြင်ဝါဒီတဲ့။ ကောင်းရော။ ကိုယ်ပိုင်တဲ့ လယ်မြေတောင် ကိုယ်ပြန်ရပိုင်ခွင့်မရှိတဲ့ မောင်လုထူ ဆင်းရဲတာ ဆန်းသလား။ သူ့ခွေးကြီးလောက်တောင်မှ မောင်လုထူကို တန်ဘိုးမထား။ အဲဒီအချိန်မှာ သူရဲကောင်း ဖက်ရှင်မမက မောင်လုထူကို သနားသွားတယ်။ မောင်လူထုကို ကယ်တင်မယ်ပေါ့။ ဆင်ဖမ်းမယ်။ ကျားဖမ်းမယ် ပြောတာပေါ့။ မောင်လူထု ဘ၀ကို စာနာပါသတဲ့။ မောင်လုထူလက်ထဲ သူ့ပိုင်မြေတွေ ပြန်ရောက်အောင် လုပ်ပေးမယ်ဆိုပြီး ကတိတွေ အထပ်ထပ်ပေးခဲ့တယ်။ မောင်လုထူကိုလည်းသိပ်ချစ်သတဲ့။ နယ်ပိုင်ကြီးရွေးပွဲ သူဝင်မယ်တဲ့။ နယ်ပိုင်ကြီးဖြစ်မှ မောင်လူထုကို ကယ်နိုင်မှာတဲ့။ ဆင်းရဲတွင်းက လွတ်အောင် ကြံဆောင်ပေးမှာတဲ့။ သူဝင်ပြိုင်တယ်။ နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်လိုက်မှန်းမသိ။ နောက်ဆုံး နယ်ပိုင်ကြီးက ရွှေတုံးကြီးသား စိန်တုံးဖြစ်သွားသတဲ့။ နယ်သူနယ်သားတွေ မကျေနပ်လို့ ၀ိုင်းကန့်ကွက်ကျလည်း … သမိုင်းလိုအပ်ချက်အရ နယ်ပိုင် ဆက်ခံရတာတဲ့။ ကြက်မတွန်လို့ မိုးမလင်းဘူးဆိုပြီး မမကို ဖယ်ရှားပစ်တယ်။ ဖက်ရှင်မမကို မဲပေးခဲ့တဲ့ မောင်လူထုနဲ့ ဘော်ဒါတွေ ပန်လန်လက် (ပက်လက်လန်) ကုန်ရော။ ကံဆိုးတဲ့ မမ ဆိုပြီး သနားနေကြရော။ ဒီလိုနဲ့ နယ်ပိုင်ကြီး စိန်တုံးကြီး ပေါ်လာတာ။ စိန်တုံးကြီးက သိပ်တော်တာဆိုပြီး (နယ်ပိုင်လုပ်တာ) တနှစ်တောင် မပြည့်သေးဘူး ချီးကျူးခံရတယ်။ ဘာတွေ တော်မှန်းတော့မသိ။ ******* ဒါပေမယ့် ဖက်ရှင်မမပဲလေ။ ဘယ်ရမလဲ။ စိန်တုံးကြီးအုပ်စုကို အခြားနယ်တွေနဲ့ အဆက်ပြတ်အောင် ဖန်တီးပေးလိုက်တယ်။ စိန်တုံးကြီးတို့ လာဘ်ပိတ်သွားတယ်။ နောက်တော့ … ဆန်းတယ်ဗျာ။ စိန်တုံးကြီးက မောင်လုထူကို သနားတယ်။ သူ့ဟာတွေ ပြန်ပေးရအောင် ကြိုးစားမယ်လို့ ဆိုတယ်။ ပိုင်ရှင်အစစ်ကို လေးစားပါတယ်တဲ့။ မမကိုလည်း သနားသတဲ့။ တူတာတွေ တွဲလုပ်ပြီး မတူတာတွေ ဘေးဖယ်ထားမယ်တဲ့။ လုထူက မမကို သတိပေးတယ်။ စိန်တုံးကြီးကို သတိထားဖို့။ သူ သိပ်လည်တာနော်။ ရွှေတုံးကြီးရဲ့ အချစ်ဆုံးသားနော် မမ။ သိပ်အရောမ၀င်နဲ့ပေါ့။ မမက အေးပါ အေးပါတဲ့။ စိတ်ချပါတဲ့။ ******* ဒီလိုနဲ့ ဟိုလိုနဲ့ နောက်ဆုံး စိန်တုံးကြီး ဖက်ရှင်မမကို ကောက်ယူပစ်လိုက်ရော။ လုထူမှာ နွေခေါင်ခေါင် မိုးကြိုးပစ်ထည့်သလို ခံစားရတယ်။ ယုံကြည်ထားသမျှတွေ အခုတော့ သဲထဲရေသွန်သလို။ ရည်းစားလူလု အူနုကြံ့ခတ်သလို။ အို ... အသည်းထဲက အတွင်းကြေ။ ******* တွေးရင်းတွေးရင်း မောင်လုထူ တော်တော် စိတ်ဆိုးလာတယ်။ ဖက်ရှင်မမက မောင်လေးအတွက်ပဲကွယ်။ မမကို နားလည်ပါနော်။ ဆိုပြီး ငိုပြတယ်။ လယ်မြေတွေ ပြန်ကို ရစေရမယ် ဆိုပြီး ကတိပေးပါတယ်။ လုထူလည်း ကြိုးစားပေါ့လို့ ဆိုတယ်။ မျက်လုံးစိမ်း ခွေးကြီးကိုလည်း ယဉ်ကျေးအောင် လုပ်ပေးဦးမှာတဲ့။ မောင်လုထူ မမကို ချစ်နေသေးသရွေ့ မမက အမြဲကြိုးစားပေးနေမှာတဲ့။ ******* ယူတာက ယူပေါ့ဗျာ။ အခုဟာက စိန်တုံးကြီးရဲ့ ဒုတိယမယား ဆိုတော့ ဘယ်လို ခံစားရမှန်း မသိတော့ဘူး။ မောင်လုထူ တွေးနေမိတယ်။ “ဒါက မောင်လေးအတွက်ပဲကွယ်။ စိတ်ရှည်မှပေါ့။ မမနဲ့ ပူးပေါင်းမှပေါ့” ချစ်တဲ့အတွက် ခေါင်းညိတ်လိုက်တယ်။ ရင်ထဲကတော့ မကျေနပ်။ ******* “ဘကြီးအောင် ညာတယ်။ အဲလေ ... မမ ညာတယ်” မောင်လုထူ အော်ပစ်လိုက်တယ်။ တနေ့ မမကို ပြန်ရအောင် လုပ်မယ်ဟု ဆုံးဖြတ်လိုက်တယ်။ လယ်မြေတွေ ပြန်ရအောင်လည်း နယ်ပိုင်ကြီးဆီမှာ အရေးဆိုရဦးမယ်။ မမက ဘယ်လိုကူညီမလဲ။ လောလောဆယ်တော့ နယ်ပိုင်ကြီးပေးတဲ့ ရာထူးရသွားသူ။ မျက်လုံးစိမ်းနဲ့ ခွေးကလည်း မာန်ဖီလို့ ကောင်းတုန်း။ ******* အချစ်ဆိုတာ တခါတလေ အသုံးမကျသော အရာတခုဖြစ်တယ်လို့ မောင်လုထူ မှတ်ချက်ချလိုက်တယ်။ မမကို ဆုံးရှုံးလိုက်ရပေမယ့် အချစ်ကတော့ ရှင်သန်နေဆဲ ...။ (ပြည်တွင်းဖြစ် အပေါစား အချစ်ဝတ္ထုတပုဒ်ဖြစ်တဲ့ စာရေးဆရာမကြီး အိုပန်းချယ်ရီအွန်အွန်မောဇာခြည်ရဲ့ “ထွေလီပွေလီ ရှုပ်တယ် ... လူညာတွေကြားက ဖက်ရှင်မမရယ်” ဆိုသော ဘုတ်အုတ်ပါ အကြောင်းအရာများကို မှီငြမ်းရေးသားအပ်ပါ၏။) ယာမားရှီး ၉-၅-၂၀၁၂
10 May, 2012
ရွှေဂစ်ပိုက်လိုင်း သတင်းများ
  • ရွှေဂတ်စ်မှ ရရှိမယ့် အကျိုးရလဒ်များ
  • ထိုင်းနိုင်ငံရေနံကုမ္ပဏီ က မြန်မာလုပ်သားတွေ ဆန္ဒပြ
  • မလေးရှားတွင် ရွှေဂက်(စ်) စီမံကိန်း ရပ်တန့်ရေး တတိယ အကြိမ်မြောက် ဆန္ဒပြတောင်းဆို
  • နှစ်ဆန်း တစ်ရက် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်ဆိုင်းရေး လူပ်ရှားမူ လူပေါင်းရာချီ၍ ပူးပေါင်းပါဝင်
  • ဘုရားဂေါပကအတွင်းရေးမှူး ဂက်စ်ပိုက်လိုင်းလျော် ကြေးငွေ အလွဲသုံးစားလုပ်
  • မလေးရှာတွင် ရွှေဂက်(စ်) စီမံကိန်းကို ရပ်တန့်ရန် ဆန္ဒပြ တောင်းဆိုမည်
  • ရွှေဂတ်စ် စီမံကိန်းကြောင့် ကံ့ကော်တော ဘုရားဖူး လာသူများ ဒုက္ခတွေ့
  • မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်ရန် စစ်ရေးပြင်ဆင်နေသည်
  • - အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲပြင်းထန် click
    - KIA ကို ချေမှုန်းရန် မြန်မာအစိုးရတပ်နှင့် တိန့်ယိန်း ပန်ဝါတွင် တွေ့ဆုံ click
    - ကချင်ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အကူအညီ (ရုပ်သံ) click
    - KIO နဲ့ ငြိမ်းချမ်းရေးအဖွဲ့ အပြောင်းအလဲ click
    - အစိုးရ ငြိမ်းချမ်းရေးအဖွဲ့သစ်ကို တိုင်းရင်းသားအဖွဲ့အစည်းများ ကြိုဆို click
    - ငြိမ်းချမ်းရေးကောင်စီသစ်နဲ့ ဖြေရှင်းရမယ့် ပဋိပက္ခများ (သတင်းသုံးသပ်ချက်) click
    - မြန်မာ့တိုးတက်မှု အထွေထွေညီလာခံ အသိအမှတ်ပြုဖို့ Mr. Ban တိုက်တွန်း click
    - မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှု ND-Burma အဖွဲ့ သတင်းထုတ်ပြန် click
    - မြန်မာအပေါ် ဒဏ်ခတ်မှု ဆွစ်ဇာလန် ရုပ်သိမ်း click
    - ပိတ်ဆို့မှုတချို့ ဆွစ်ဇာလန် ပြန်ရုပ်မည် click
    - သမ္မတရုံး အင်တာနက်ဝက်ဘ်ဆိုက် ဖွင့်တော့မည် click
    - ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ လေးနှစ်မြောက် နှစ်ပတ်လည်ပွဲ click
    - ပထမဆုံးသော ပါတီညီလာခံ NLD ကျင်းပရန် စီစဉ် click
    - ကျောင်းသားသမဂ္ဂ ပွင့်ပွင့်လင်းလင်း တည်ရှိရေး ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ကူညီမည် click
    - ဗကသအဖွဲ့ချုပ် ရှေ့ရေး ဆွေးနွေး click
    - ၈၈ ကျောင်းသားများ ရှမ်းပြည်တောင်ပိုင်းခရီးစဉ် - ပထမပိုင်း (ရုပ်သံ) click
    - ရွေးကောက်ပွဲ မသမာမှု ကော်မရှင် ငြင်းဆို click
    - တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် မဲမသမာမှု ဖော်ထုတ်ခဲ့ခြင်းဖြစ်တယ်လို့ NLD ပြောဆို click
    - NLD ဗဟိုကော်မရှင် ဖွဲ့စည်း click
    - NLD ဗဟိုအဆင့် ညီလာခံ ကျင်းပရေး ကော်မရှင် ဖွဲ့ click
    - တာမွေမြို့နယ် NLD ရုံးခန်း ဖွင့်လှစ် (ရုပ်သံ) click
    - ကျေးရွာအဆင့် NLD ရုံးများ ရခိုင်တွင် ဖွင့်လှစ် click
    - ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည် တည်ထောင်ခွင့်ပြု click
    - ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ အုတ်ဆွဲကျေးရွာ လူ့အခွင့်အရေးဆွေးနွေးပွဲ click
    - ဒီမိုကရေစီအကူးအပြောင်းကာလ တရားမျှတမှု (ဆောင်းပါး) click
    - အဖမ်းအဆီး ၁၉၄၅ (ဆောင်းပါး) click
    - Hi-Mo High-Art ဆံပင်တုစက်ရုံ အလုပ်သမား ဆန္ဒပြ click
    - လှိုင်သာယာ ဟိုင်မို ဆံပင်တုစက်ရုံက အလုပ်သမားတွေ ဆန္ဒပြ click
    - ဘုရားသုံးဆူ ပြန်ပေးမှု ထပ်ဖြစ် click
    - ဘုရားသုံးဆူမြို့မှာ လူ ၅ ဦး ပြန်ပေးဆွဲခံရ click
    - တပ်မတော် အင်ဂျင်နီယာတပ် ဗိုလ်မှူးအမိန့်နဲ့ မီးရှို့ ဖျက်ဆီးခံရတဲ့ ဆုံပွိုင့် စားသောက်ဆိုင် click
    - ငွေပေးစနစ် ပြောင်းလဲလိုသည့် ဖုန်းများ မက်ဆေ့ခ်ျဖြင့် ဆန္ဒပြုနိုင် click
    - ငှက်ဖျားပိုး ဆေးမတိုးတဲ့ ပြဿနာ click
    - နေအလင်းနဲ့ အမှောင်ခွင်းသူ (ကဗျာ) click
    - ဆီးရီးယား စောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်း ဗုံးထိ click
    - ရုရှား ဂျက်လေယာဉ် စမ်းသပ်ပျံသန်းစဉ် ပျောက်ဆုံး click
    - ကန်မှာ ယီမင် အယ်လ်ခိုင်ဒါရန် စိုးရိမ်ရ click
    - အမေရိကန် ထောက်လှမ်းရေး အကြမ်းဖက်သမား click
    - အိုဘားမား သမ္မတသက်တမ်း ဒုတိယအကျော့ ရွေးကောက်ပွဲ စည်းရုံးရေးစပြီ click
    - လိင်တူချင်း ထိမ်းမြားမှု Obama ထောက်ခံ click
    22 March, 2012
    comment ရေးထားတဲ့သံချပ်ကို သဘောကျလို့တင်ပေးလိုက်တာပါ သင်္ကြန်လက်ဆောင်ပေါ့
    "မီဒီယာဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်စေချင်တယ်ဆိုရင်၊ မီဒီယာဖွံ့ဖြိုးတိုးတက်အောင်၊ လုပ်ကိုင်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့ပဲ ဖြစ်တယ်။ မီဒီယာတွေကို ထပ်ပြီးတော့ ချုပ်ကိုင်ဖို့ မလုပ်သင့်ဘူး" ၀ါရင့် သတင်းစာဆရာ လူထုဦးစိန်ဝင်းနှင့် တွေ့ဆုံခြင်း
    ဆိုတဲ့ အင်တာဗျူးဆောင်ပါးမှ comment ရေးထားတဲ့သံချပ်ကို သဘောကျလို့တင်ပေးလိုက်တာပါ သင်္ကြန်လက်ဆောင်ပေါ့
    သံချပ်..Myat Thein Mrtun Tun
    ခြင်္သေ့ကြီးက လည်ဆံထောင် ကြံ့ဖွံ့မောင်တွေ ထိုးတဲ့ သံချပ် (ကြံ့ဖွံ့မောင်တွေ ထိုးတဲ့ သံချပ်)
    မှတ်သားလောက်တဲ့ လုပ်ရပ်တွေ ရွာတွေဆင်းကာ လယ်မြေတွေသိမ်း( ရွာတွေဆင်းကာ လယ်မြေတွေသိမ်း)
    ဖွတ်စိမ်းကြီးများ အလံထူ ကြက်ဆူဆိုတာ အနှစ်မရှိဘူး (ကြက်ဆူဆိုတာ အနှစ်မရှိဘူး)
    အရူးအနှမ်း ထိုပါတီ ရေပေါ်ဆီတွေ ဒုနဲ့ဒေးဟေ့ (ရေပေါ်ဆီတွေ ဒုနဲ့ဒေးဟေ့)
    ခလေးကွက်များ သူနင်းကာ မက်လုံးပေးလာ ဗလီဆောက်ဖို့ (မက်လုံးပေးလာ ဗလီဆောက်ဖို့)
    ... ခြောက်လုံး မက်လုံး အထွေထွေ မူဆလင်တွေတောင် အယုံအကြည်မရှိဘူး (မူဆလင်တွေတောင် အယုံအကြည်မရှိဘူး)
    မထူးဇာတ်များ သူခင်းလာ ၀န်ထမ်းများစွာ မဲထည့်ကြစမ်း (၀န်ထမ်းများစွာ မဲထည့်ကြစမ်း)
    အာဏာသရမ်းခဲ့တိုင်းပြည်မှာ ၀င်ငွေများစွာ သူတို့အိတ်ထဲ (၀င်ငွေများစွာ သူတို့အိတ်ထဲ)
    ငမွဲများတဲ့ တို့တိုင်းပြည် ကြာကူလီတွေကို အလိုမရှိ (ကြာကူလီတွေကို အလိုမရှိ)
    ဒီမိုကရေစီမသိတဲ့လူပေါများ ယတြာအားနဲ့ရွေးကောက်ခံမတဲ့(ယတြာအားနဲ့ ရွေးကောက်ခံမတဲ့)
    ပဲ့ပဲ့ရွဲ့ရွဲ့ကိုယ်စားလှယ်တွေ ဥပဒေဆိုတာ ဘာမှန်းမသိဘူး( ဥပဒေဆိုတာ ဘာမှန်းမသိဘူး)
    ပြောင်းဖူးပေါ်က "မ"ယတြာ ဒင်းမကြာပါ ရူးတော့မယ်ကွဲ့ (ဒင်းမကြာပါ ရူးတော့မယ်ကွဲ့)
    ပျင်းပျင်းတွဲ့တွဲ့ လွှတ်တော်မှာ ဒင်းတို့ငိုက်မှာ ဧကန်မလွဲ (ဒင်းတို့ငိုက်မှာ ဧကန်မလွဲ)
    စားပြီးဗိုက်ရွှဲ နားမလည် သဘောပေါက်လွယ်တာ ပါဆယ်ထုတ်ဖို့ (သဘောပေါက်လွယ်တာ ပါဆယ်ထုတ်ဖို့)
    တရုတ်ကြီးက အို့အို့ခေါ် ရို့ရို့ပျော်ကာ အမြီးယမ်းလျှက် (ရို့ရို့ပျော်ကာအမြီးယမ်းလျှက်)
    ပါးလျက်နားလျက်လုပ်ကြပြန် သစ်ငုတ်ပါမကျန် တရုတ်ရောင်းစား(သစ်ငုတ်ပါမကျန် တရုတ်ရောင်းစား)
    ပြည်ကြီးသွားပြီး မဲခံရင် ယူနန်သားတွေ မဲထည့်မယ်တဲ့ (ယူနန်သားတွေ မဲထည့်မယ်တဲ့)
    မဲ့မဲ့ရွဲ့ရွဲ့ သူများဝေဖန် ကိုယ့်အောက်စလန်တာ သူတို့မသိ( ကိုယ့်အောက်စလန်တာ သူတို့မသိ)
    ဟေ့စိန်လား ဟေ့မြလား ဟေ့လူဆိုး ဟေ့ သူခိုး ဟေလာမောင်တို့ ၀ါး..
    လူထုစိန်ဝင်းအင်တာဗျူး
        မီဒီယာဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်စေချင်တယ်ဆိုရင်၊ မီဒီယာဖွံ့ဖြိုးတိုးတက်အောင်၊ လုပ်ကိုင်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့ပဲ ဖြစ်တယ်။ မီဒီယာတွေကို ထပ်ပြီးတော့ ချုပ်ကိုင်ဖို့ မလုပ်သင့်ဘူး
    21 March, 2012
    Interview with minister U Kyaw Hsan
    တရားစီရင်ခြင်း ဆောင်ရွက်ပုံအဆင့်ဆင့်အကြောင်း သိကောင်းစရာ
    (ရွှေချိန်ခွင်)  အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ - ၂၂ ၊ ၃၊ ၂၀၁၂)
    တရားစီရင်ရေးတွင်
    (၁) ပြစ်မှုဆိုင်ရာအမှုများ
    (၂) တရားမ ဆိုင်ရာအမှုများ ဟူ၍ နှစ်မျိုး ရှိပါသည်။
    ပြစ်မှုဆိုင်ရာအမှုများမှာ လူပုဂ္ဂိုလ်နှင့် သက်ဆိုင်ပြီး တရားမဆိုင်ရာအမှုများမှာ မူကား ပိုင်ဆိုင်မှုပစ္စည်းများ၊ ငွေကြေးများနှင့် သက်ဆိုင်ပါသည်။ ပြစ်မှုဆိုင်ရာအမှုများမှာ လူပုဂ္ဂိုလ်နှင့် သက်ဆိုင်သောကြောင့် ပြစ်မှုဆိုင်ရာ အမှုများအကြောင်းကို ထဲထဲဝင်ဝင် မဟုတ်သည့်တိုင် ယေဘုယျအားဖြင့် သိထားသင့်သည်ဟု ထင်မြင်မိပါသည်။
    သို့အတွက် ပြစ်မှုဆိုင်ရာအမှုများ စစ်ဆေးစီရင်ခြင်းအကြောင်းကို ဗဟု သုတအလို့ငှာ တင်ပြလိုက်ပါသည်။
    ရာဇသတ်ကြီးဥပဒေ (The Penal Code) ကို အများသိပြီးဖြစ်ပါသည်။
    ယခင်က ရာဇ၀တ်မှုဟု သုံးနှုန်းခဲ့ပါသည်။
    ယခုအခါ ပြစ်မှုဆိုင်ရာအမှုဟု ခေါ်ဝေါ်သုံးနှုန်းလျက်ရှိပါသည်။
    ပြစ်မှုဆိုင်ရာအမှုကို မည်သို့မည်ပုံ စစ်ဆေးဆောင်ရွက်ကြောင်း အကျဉ်း ချုပ် တင်ပြလိုပါသည်။
    ပြစ်မှုဆိုင်ရာအမှုတွင် ပထမဦးဆုံး စတင်သည်မှာ ပထမသတင်းပေး တိုင်ချက် (First Information Report) ပင် ဖြစ်ပါသည်။
    ပထမသတင်း ပေးတိုင်ချက် မည်သို့ပြုလုပ်ရကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ တွင် ပြဋ္ဌာန်းထားပါသည်။
    'သတင်းပေး တိုင်ချက်ကို ရဲစခန်းမှူးထံ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်တန်းနိုင်သည်' ဟူ၍ ပြဋ္ဌာန်းထားပါသည်။
    ရဲစခန်းမှူးထံ တိုင်ကြားရာတွင် တိုင်ချက်ကို ရဲတပ်ကြပ် ကြီး (စာရေး) (ယခင်အခေါ် ဂါတ်စာရေး) က ရေးမှတ်ယူပါသည်။
    ထို့နောက် ရဲစခန်းမှူးက ကိုယ်တိုင်ဖြစ်စေ၊ ဒုရဲအုပ် တစ်ဦးဦးကိုဖြစ်စေ တာဝန်ပေးပြီး အမှုကို စုံစမ်းစစ်ဆေးပါသည်။
    ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၂ အရ သက်သေ များအား စစ်မေးခြင်းပြုလုပ်ပါသည်။
    ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၀၃ အရ သက်သေခံပစ္စည်း သိမ်းဆည်းခြင်း ပြုလုပ်ပါသည်။
    ထိခိုက်ဒဏ်ရာရသည့် အမှုဖြစ်ပါက ဒဏ်ရာရသူကို ဆေးစာနှင့် အတူ ဆေးရုံသို့ပို့ပြီး စစ်ဆေးခြင်း၊ ဆရာဝန်၏ ထင်မြင်ချက်ကို တောင်းခံ ခြင်းများ ပြုလုပ်ရပါသည်။
    ပြစ်မှုကျူးလွန် သူကို ဖမ်းဆီးရပါသည်။
    တရားခံအား ၂၄ နာရီထက် ပိုမိုချုပ် နှောင်ထားရန် လိုအပ်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၇ အရ အနီးဆုံး တရားသူကြီး ထံ တရားခံအား တင်ပို့၍ ချုပ်ရမန် တောင်းခံရပါသည်။
    ယင်းနောက် မြို့နယ်ဥပဒေအရာရှိ ထံ ရဲစက္ကူများ ပေးပို့ပြီး အကြံပြုချက် တောင်းခံရပါသည်။
    အကြံပြုချက်ရရှိပြီး ပါက အမှုကို ပြည့်စုံစွာ တည်ဆောက်ပြီး တရားရုံးသို့ စွဲတင်ရပါသည်။
    ပြစ်မှုကြီး များကို ခရိုင်တရားရုံးသို့ တင်ပို့ပြီး ကျန်ပြစ်မှုများကို မြို့နယ်တရားရုံးသို့ စွဲတင်ရပါသည်။
    ဆိုင်ရာတရားရုံးက ရဲစွဲချက်တွင် ဖော်ပြပါရှိသော တရားလိုပြသက်သေ များကို ရဲပုံစံ ၁၀၄ ဖြင့် ဆင့်ခေါ်ပြီး စစ်ဆေးပါသည်။
    ထိုသို့စစ်ဆေးရာတွင် သက်သေခံဥပဒေပုဒ်မ ၁၃၈ ပါ အစီ အစဉ်အတိုင်း ဥပဒေအရာရှိက ဦးစွာ ပထမ အဓိကစစ်မေးခြင်းပြုပြီး တရားခံ ရှေ့နေက ပြန်လှန်စစ်ဆေးပါသည်။
    သက်သေ၏ ထွက်ဆိုချက်တွင် ရှုပ်ထွေး နေပါက မြို့နယ်ဥပဒေအရာရှိက ပြန်ရှင်း စစ်မေးခြင်း (နောက်ထပ်စစ်မေးခြင်း) ကို ပြုလုပ်ပါသည်။
    လိုအပ်လျှင် တရားသူကြီးက (ရုံးမေး) ဟူ၍ မေးမြန်းပါ သည်။
    ထိုသို့စစ်မေးနေ စဉ် တရားလိုပြ သက်သေ အကုန်မ စစ်ဆေးရသေးမီ ဖြစ်စေ၊ အကုန် စစ်ဆေးပြီးနောက်ဖြစ်စေ တရားခံ သည် ပြစ်မှုတစ်ခုခုနှင့် ငြိစွန်းကြောင်း ပေါ်ပေါက်ပါက တရားခံအား စွဲချက် တင်ပါသည်။
    ငြိစွန်းကြောင်း ပေါ်ပေါက် ခြင်းမရှိပါက စွဲချက်မတင်မီ (တရားရှင်)လွှတ်ပါသည်။
    စွဲချက်တင်ခဲ့ပါက တရားခံဘက်ကို စစ်ဆေးပါသည်။
    ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခြင်းမရှိပါက အမှုမှ အပြီးအပြတ် (တရားသေ)လွှတ်ပါသည်။
    ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက တရားခံ အား ပြစ်မှုထင်ရှား စီရင်ပါသည်။
    အမှုစစ်တရားသူကြီးသည် အမှုတွဲ တွင် ပေါ်ပေါက်ချက်အပေါ်တွင်သာ သုံးသပ် ဆုံးဖြတ်ရပါသည်။
    ဤသည်မှာ ပြစ်မှုဆိုင်ရာအမှုများကို ဆောင်ရွက်ပုံအဆင့်ဆင့်၏ အကျဉ်းချုပ် ဖြစ်ပါသည်။
    ယင်းကဲ့သို့ တရားစီရင်ခြင်းကို ဆောင် ရွက်ကြရာ၌ အောက်ပါပုဂ္ဂိုလ်များက ကဏ္ဍအလိုက် ဆောင်ရွက်ကြပါသည်။
    ၎င်းတို့မှာ - ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိ၊ ဆရာဝန်၊ ဓာတုဗေဒ၀န်၊ ရဲမှုခင်းတပ်ဖွဲ့ (စီအိုင်ဒီ)၊ သက်သေများ၊ ရှေ့နေ၊ တရားသူကြီးတို့ ဖြစ်ပါသည်။
    ရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တရားစွဲ အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
    အမှုကို ဖော်ထုတ်သူများ ဖြစ်သောကြောင့် လွန်စွာ အရေးပါသောအပိုင်းကို ထမ်းဆောင်ကြသူများ ဖြစ်ပါသည်။
    မျက်မြင်သက်သေများ၊ နားကြားသက် သေများ၊ အမှန်ကို ပြောဆိုမည့် သက်သေ များကို ရှာဖွေစုံစမ်းပြီး စစ်ချက်ယူရ သကဲ့သို့ သက်သေခံပစ္စည်းများ သိမ်း ဆည်းခြင်း၊ တရားခံကို ဖော်ထုတ်ဖမ်းဆီး ခြင်းများ ပြုလုပ်ရပါသည်။
    လူနာကို ဆေးရုံသို့ပို့ခြင်း၊ သက်သေခံပစ္စည်းကို ဓာတ်ခွဲစမ်းသပ်ရန် ဓာတုဗေဒ၀န်ရုံးသို့ ပို့ခြင်း စသည့် ရဲလုပ်ငန်းများကို အပြည့် အစုံ လုပ်ရပါသည်။
    ဥပဒေအရာရှိ အမှုစစ်ရဲအရာရှိက အမှုတည် ဆောက်ပြီးနောက် ရဲစက္ကူများကို ဥပဒေ အရာရှိထံ ပေးပို့ပြီး အကြံပြုချက်တောင်း ခံပါသည်။
    ဥပဒေအရာရှိက ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အကြံပေး ခြင်းကို ဆောင်ရွက်ပါသည်။
    တရားရုံးသို့ အမှုစွဲတင်သည့်အခါတွင်လည်း ရဲစက္ကူ များကို ကိုင်ဆောင်၍ အမှုမှ သက်သေ များကို စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ပါ သည်။
    တစ်နည်းအားဖြင့် တရားလိုဘက် မှ လိုက်ပါဆောင်ရွက်ခြင်း ဖြစ်ပါသည်။
    အမှုမှန်ပေါ်ပေါက်စေရေး ဦးတည်ချက် ဖြင့် လိုက်ပါဆောင်ရွက်ရပါသည်။ အမှန် တရားပေါ်ပေါက်လာစေရန် ဆောင် ရွက်ရသဖြင့် ဥပဒေအရာရှိသည်အရေး ပါသောကဏ္ဍကို ဆောင်ရွက်ကြောင်း သိနိုင်ပါသည်။
    ဆရာဝန် ရဲက ဆေးစာဖြင့် တင်ပို့လာသော လူနာကို ဆေးကုသပေးရသည့်အပြင် ဒဏ်ရာသည် ပြင်းထန်ဒဏ်ရာဖြစ်သည် သို့မဟုတ် သာမန်ဒဏ်ရာဖြစ်သည် စသည်ဖြင့် ထင်မြင်ချက်ပေးရပါသည်။
    ဒဏ်ရာအခြေအနေပေါ်မူတည်လျက် ပုဒ်မအကြီး၊ အသေး ဖြစ်ပေါ်ရပါသည်။
    မုဒိမ်းမှုများတွင် ကာယကံရှင်မိန်းကလေး သည် လတ်တလော ကာမစပ်ယှက်ခံ ထားရခြင်းရှိ၊ မရှိ ဆေးစစ်ဆေးရပါ သည်။
    ထိုသို့ မစစ်ဆေးမီ မိန်းကလေး အား ဦးစွာမြို့နယ်တရားသူကြီးထံပို့၍ ဆေးစစ်ဆေးခွင့်တောင်းခံရန် လို ကြောင်း ရဲလက်စွဲအပိုဒ် ၁၇၇၀ တွင် ညွှန် ကြားထားပါသည်။
    မုဒိမ်းမှုများတွင် အများအားဖြင့် မျက်မြင်သက်သေမရှိ နိုင်ပါ။
    သို့ဖြစ်၍ ဆရာဝန်၏ ဆေးစာမှာ အမှုတွင် မည်မျှအရေးကြီးကြောင်း သိ နိုင်ပါသည်။
    ဓာတုဗေဒ၀န် ဓာတုဗေဒ၀န်မှာလည်း အရေးကြီး သော အပိုင်းကို ထမ်းဆောင်ရပါသည်။
    မူးယစ်ဆေးဝါးမှုများတွင် တရားခံသည် မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ၊ မရှိသိနိုင်ရန် ၎င်း၏ ဆီးနမူနာကို ဆရာဝန်ကရယူပြီး ဓာတုဗေဒ၀န်ထံ ပေးပို့စစ်ဆေးပါသည်။
    ဆီးထဲတွင် မူးယစ်ဆေးဝါးအာနိသင် ရှိ၊ မရှိ ဓာတုဗေဒ၀န်က စစ်ဆေးပြီး ဆရာဝန်ထံ ပြန်ကြားရပါသည်။
    သို့ဖြစ် ၍ တရားခံသည် မူးယစ်ဆေးဝါးသုံးစွဲ ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရာ၌ ဓာတုဗေဒ၀န်ရုံး ၏ စစ်ဆေးချက်သည် အဓိကကျ ကြောင်း တွေ့နိုင်ပါသည်။
    ၎င်းအပြင် လူသတ်မှုများတွင် သက်သေခံဓား၊ တုတ် တို့၌ သွေးရှိ၊ မရှိ စမ်းသပ်ပြီး ဆိုင်ရာ ရဲစခန်းသို့ ပြန်ကြားရပါသည်။
    မုဒိမ်းမှု များတွင်လည်း တရားခံ၏ အ၀တ် အစားနှင့် မိန်းကလေး၏ အ၀တ်အစား များတွင် သုက်ရည်၊ သုက်ပိုးတွေ့၊ မတွေ့ ဓာတုဗေဒ၀န်ရုံးက စစ်ဆေးရပါသည်။
    သို့ဖြစ်ရာ ဓာတုဗေဒ၀န်ရုံး၏ စစ်ဆေး ပြန်ကြားချက်သည် အမှုတွင် အမှန် တရားကို ရှာဖွေရာ၌ လွန်စွာအဖိုးတန် လှပါသည်။
    ရဲမှုခင်းတပ်ဖွဲ့(စီအိုင်ဒီ) ရဲမှုခင်းတပ်ဖွဲ့(စီအိုင်ဒီ)သည် အချို့ သော အရေးကြီးအမှုများကိုဖော်ထုတ် ရသော လုပ်ငန်းကို ဆောင်ရွက်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း လက်ရေး၊ လက်မှတ်၊ လက်ဗွေများကို စစ်ဆေးပြန် ကြားပေးရပါသည်။
    ပြစ်မှုများတွင် သာမကဘဲ တရားမ မှုများတွင် စာချုပ်စာတမ်းတစ်ခုတွင် ရေးသားထားသော၊ ရေးထိုးထားသော လက်မှတ်၊ လက်ဗွေ တို့အပေါ် စစ်ဆေး ပြန်ကြားပေးသည့် အလုပ်ကိုလည်း လုပ်ပါသည်။
    သို့ဖြစ်၍ ရဲမှုခင်းတပ်ဖွဲ့(စီအိုင်ဒီ) သည် ပြစ်မှုများကို ဖော်ထုတ်ရာတွင် အရေးပါသော တာဝန်ကိုထမ်းဆောင် နေကြောင်းမြင် သာပါသည်။
    သက်သေများ အမှု၏ အဓိကကျောရိုးမှာ သက်သေများ ဖြစ်ပါသည်။
    သက်သေများက အမှန် ကို ထွက်ဆိုကြလျှင် အမှုမှန်ဖော်ထုတ် ရာတွင် လွယ်ကူပါသည်။ သက်သေများ က အမှန်ကို ထုတ်ဖော်ထွက်ဆိုခြင်း မရှိ လျှင် အမှုမှန်ဖော်ထုတ်ရာ၌ ခဲယဉ်းတတ် ပါသည်။
    အမှန်တရားသည် သက်သေ များ၏ ဖြောင့်မတ်မှန်ကန်မှုအပေါ် များစွာမူတည်ပါသည်။
    သို့ဖြစ်၍လည်း သက်သေများကို ကျမ်းကိုင်ပြီး ထွက်ဆို စေခြင်း ဖြစ်ပါသည်။
    တရားခံမှာ မိမိ၏ ဆွေမျိုး၊ မိတ်ဆွေဖြစ်သောကြောင့် လိမ် လည်ထွက်ဆိုသကဲ့သို့ တရားခံကို မုန်းတီးသောစိတ်ကြောင့် ပိုပိုသာသာ ထွက်ဆိုသူများလည်း ရှိတတ်ပါသည်။
    အချို့က အသက်အန္တရာယ်စိုးရိမ်သဖြင့် အမှုကို မထွက်ဆိုဝံ့သကဲ့သို့ အချို့က လည်း အဖြစ်အပျက်ကို မသိဘဲ ကောလာဟလကို အမှန်ဟု ရမ်းသမ်း ထွက်ဆိုကြသူများလည်း ရှိတတ်သည်။
    အမှုစီရင်ဆုံးဖြတ်ရာတွင် သက်သေ များ၏ ထွက်ဆိုချက်ကို အခြေခံပြီး ဆုံးဖြတ်ရသောကြောင့် သက်သေများ သည် ဖြောင့်မတ်ကြ ရန် လိုကြောင်း တွေ့ နိုင်ပါသည်။
    သက်သေများသည် တရား စီရင်ခြင်း၏ အဓိကဇာတ်ကောင်များဟု ပင်ခေါ်ဆိုနိုင်ပါသည်။
    ရှေ့နေများ ရှေ့နေများသည်လည်း အလွန်အရေး ပါသော တာဝန်ကိုထမ်းရွက်ကြရပါ သည်။ အမှန်တရားကို ဖော်ထုတ်ရာ တွင် ရှေ့နေများက မေးခွန်းများကို ဥပဒေဘောင်အတွင်းမှ ဉာဏ်ပညာဖြင့် မေးမြန်းဖော်ထုတ်ရပါသည်။
    ကြောက်ရွံ့ နေသော သက်သေများ၊ လိမ်လည်နေ သော သက်သေများ၊ ထိမ်ချန်ထွက်ဆို နေသော သက်သေများကို ပညာဉာဏ် ဖြင့် မေးမြန်းဖော်ထုတ်ရပါသည်။
    လိမ် လည်ထားသည်ကို ပေါ်လွင်ရန်၊ ဖုံးကွယ် ထားသည်ကို ဖော်ထုတ်ရန်၊ ကွေ့ ကောက်နေသည်ကို ဖြောင့်မတ်လာစေ ရန် ဉာဏ်ပညာဖြင့် ဆောင်ရွက်ကြပါ သည်။
    ရှေ့နေများ၏ ဉာဏ်ပညာထက် မြက်လျှင် ထက်မြက်သလောက် အမှန် ကို ဖော်ထုတ်နိုင်ပါသည်။ သို့ဖြစ်ပေရာ တရားစီရင်ခြင်း ဖြောင့်မတ်ရန်အတွက် ဆောင်ရွက်ရာ တွင် ရှေ့နေများ၏ ဉာဏ်ပညာကြီးမား မှုက မည်မျှအရေးပါပုံကို သိမြင်နိုင်ပါ သည်။
    တရားသူကြီး အမှုတစ်ခုလုံး၏ အဆုံးသတ်အပိုင်း ကို ဆောင်ရွက်ရသူ ဖြစ်ပါသည်။
    အမှု တွဲတွင် ပေါ်ပေါက်ချက်ကိုသာ သုံးသပ် ဆုံးဖြတ်ခွင့် ရှိပါသည်။ အမှုတွဲတွင် ပေါ်ပေါက်ခြင်းမရှိသော အချက်များကို အခြေခံပြီး ဆုံးဖြတ်ခွင့်မရှိပါ။
    နှစ်ဖက် အမှုသည်များကတင်ပြကြသော သက် သေခံ အထောက်အထားများအနက် သက်သေခံဥပဒေနှင့် ကိုက်ညီသော အချက်အလက်များကိုသာ ထည့်သွင်း သုံးသပ်ခွင့်ရှိပါသည်။
    ဥပဒေနှင့် ကိုက် ညီခြင်းမရှိသည်ကို ပယ်ပြီး ဥပဒေနှင့် ကိုက်ညီသည့်အချက်များကိုသာ လက်ခံ ရပါသည်။
    တစ်နည်းအားဖြင့် တရား သူကြီး၏ လုပ်ပိုင်ခွင့်ကို သက်သေခံ ဥပဒေဖြင့် ဘောင်ခတ်ထားသည်ဟု ဆို နိုင်ပါသည်။
    သက်သေခံဥပဒေနှင့် ညီညွတ်သော တင်ပြချက်များအပေါ် အခြေခံပြီး ဆုံးဖြတ်ရာတွင်လည်း ပြဋ္ဌာန်းဥပဒေ၊ ကျင့်ထုံးဥပဒေ၊ နည်းဥပဒေ၊ စီရင်ထုံး ဥပဒေလမ်းညွှန်ချက်၊ တရားရုံးများ လက်စွဲများနှင့် ခြုံငုံသုံးသပ်ဆုံးဖြတ်ရပါ သည်။
    တရားဥပဒေနှင့် ညီညွတ်ရမည့် အပြင် မျှတမှုရှိရန်လည်း ထည့်သွင်း စဉ်းစားရပါသည်။
    သို့ဖြစ်ရာ တရားစီရင်ခြင်း၏ အဆုံး သတ်အပိုင်းကို ဆောင်ရွက်ကြရသော တရားသူကြီး၏ လုပ်ငန်းတာဝန် မည်မျှ ကြီးမားပုံကို သိနိုင်ပါသည်။
    ဤသည်မှာ ပြစ်မှုဆိုင်ရာအမှုများကို တရားစီရင်ရာ၌ ဆောင်ရွက်ပုံအဆင့် ဆင့်၏ အကျဉ်းချုပ်နှင့် တရားစီရင်ခြင်း တွင် မည်သူက မည်သည့်အပိုင်းကို တာဝန်ယူကြရကြောင်းသိရှိရန် ဗဟုသုတ အလို့ငှာ တင်ပြလိုက်ရပါသည်။
    13 March, 2012
        Posted by Yolanda Aung on မတ် 13, 2012 at 6:46am
    မြင့်လှိုင်၊ မတ် ၁၂ ရက်၊ ၂၀၁၂
    Fire
    မြန်မာဝန်ကြီးဌာနများရဲ့ ဆုံးရှုံးမှု၊ မသမာမှုနဲ့ လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး စာရင်းစစ်ချုပ်က ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းဌာနထံ အစီရင်စာ ပေးပို့ခဲ့ကြောင်း ပြည်သူ့လွှတ်တော်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းသတင်းများနဲ့ မြန်မာပြည်ဆိုင်ရာသတင်းများအရ သိရှိရပါတယ်။
    မတ်လ ၁၄ ရက်နေ့ ည ၈း၃၀ နာရီတွင် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည့် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးမိန့်ခွန်း
    07 March, 2012
    လက်နက်မှသည် Laptop သို့ ( သို့မဟုတ် ) Laptop သမားများကိုလည်း လက်နက်ကိုင်ဖို့
    လက်နက်မှသည် Laptop သို့ ( သို့မဟုတ် ) Laptop သမားများကိုလည်း လက်နက်ကိုင်ဖို့ နိုင်ငံရေးအခြေအနေများက တွန်းမပို့သင့်တော့ပါ.....တိုင်းပြည်၏ စီးပွားရေးကို ချောက်ထဲတွန်းပို့နေသည့် အဓိက တရားခံမှာ နှစ်ပေါင်းများ စွာ တောက်လောင်နေသော ရေရှည် ပြည်တွင်းစစ်ဖြစ်သည်ဟု ဆိုလျှင်မည်သူ မှ ငြင်းချက်ထုတ် လိမ့်မည် မထင်ပါ၊ လွတ်လပ်ရေးတိုက်ပွဲဝင် ကာလမှသည် ယနေ့ အချိန်ထိ တိုင်းပြည်သည် ပြည်တွင်းစစ် ဒဏ်ကို အလူးအလဲခံနေရပြီး ခေတ်အ ဆက်ဆက်အစိုးရများမှ စစ်အသုံးစရိတ်အား အဆမတန် သုံးစွဲခဲ့ကြသည် ။စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးမရှိလျှင် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို အင်တိုက်အားတိုက် လုပ်ကိုင်နိုင်မည်မဟုတ်ပါ ။ ထို့ကြောင့် ဦးသိန်းစိန် ဦးဆောင်သော လက်ရှိအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ညီရင်းအကို ပမာ ပွင့်ပွင့်လင်းလင်းစားပွဲဝိုင်း တွင်တွေ့ဆုံ  ဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ညှိနှိုင်း အဖြေရှာရပေမည် ။ သမ္မတကြီး ဦးသိန်စိန်မိန့်ခွန်းတွင် အလေး အနက် ပြောကြားခဲ့သော လက်နက်ကိုင် တိုင်းရင်းသားလူငယ်များ လက်နက်ကိုင်နေခြင်း မှသည် Laptop ကိုင်ဖို့ မြန်မာပြည်ကို ထာဝရငြိမ်းချမ်းရေး တည်ဆောက်မည့်အဆို သည် ကောင်းမွန်လှပေသည်။ဖြစ်နိုင်လျှင်စစ်မှန်သော  ပြည်တွင်းငြိမ်းချမ်းရေးရရှိလာပါက မြန်မာစစ်တပ်ကို လျော့ချပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မြန်မာစစ်သားများ Laptop ကိုင်တာကိုလည်း မြင်ချင်ပါသည် ။ မြန်မာပြည်တွင် တိုင်းပြည်၏ ဆိုးကျိုးများကို ဖန်တီးနေသော ပြည်တွင်းစစ်မှသည် တိုင်းပြည်အား တိုးတက်ဖွံ့ဖြိုးရေးလမ်းကို ဖော်ဆောင် မည့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်မှသာ တိုင်းရင်းသားပြည်သူတစ် ရပ်လုံး ရင်ဆိုင်နေရသော နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး အထွေထွေ အကြပ်အတည်း ဒုက္ခ ပေါင်းစုံမှ လွတ်မြောက်နိုင်ပေ မည် ။ တခြားတစ်ဖက်တွင်လည်း တရားဥပဒေ စိုးမိုးရေးအပါ အ၀င် ပင်လုံစိတ်ဓာတ်ဖြင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်ချင်သည့်ဒီမိုကရေစီလူထု  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အနာဂတ်ငြိမ်းချမ်းရေးလမ်းကို တူညီတာအား တွဲလုပ်လိုသည့် ဦးသိန်းစိန်အနေဖြင့် အတူတကွ လျှောက်လှမ်းသင့်ပေသည် ။