Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

01 June, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၃၁-၅-၂၀၁၂ - ညပိုင်း)

မြန်မာ့ရေးရာ သတင်းပဒေသာ (၃၁-၅-၂၀၁၂ - ညပိုင်း)

- ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံအတွင်း လက်ရှိအစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ အစီရင်ခံစာ ထုတ်ပြန် click
- လှိုင်သာယာလယ်သမားများ အိုးအိမ်ဌာနကို ဆန္ဒပြ click
- ရွှေပြည်သာနှင့် လှိုင်သာယာ လယ်သိမ်းခံ လယ်သမားများ ဆန္ဒပြ click
- လားရှိုး–မူဆယ်လမ်း မသုံးရန် စာကပ်ပြီးနောက် တိုက်ပွဲဆက်ဖြစ် click
- မူစယ်မြို့တွင် သုံးဘီးယာဉ်မောင်းများ တောင်းဆိုမှုပြုလုပ် click
- လျှပ်စစ်ရရေး ဆန္ဒပြများကို ထောက်ခံခဲ့သည့် ပါတီကော်မရှင်မှ ခေါ်တွေ့ click
- ပြည်မြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်သူများကို လုံထိန်းရဲများ၏ အကြမ်းဖက်မှုမြင်ကွင်း (ရုပ်သံ) click
- အပိုပေးရသည့် မီတာခကိစ္စ မြစ်ခြေဒေသခံများ သမ္မတရုံးသို့ တိုင်မည် click
- ပြည်သူတွေ သံသယဖြစ်နေတဲ့ ချောင်းသာ EPC (ရုပ်သံ) click
- အလုပ်သမား အခြေခံလစာကိစ္စ ဆန္ဒပြမှု ၂၅ ရာခိုင်နှုန်းခန့်သာ ပြေလည် click
- ဖားကန့်တွင် အလုပ်လက်မဲ့များ၊ ကားခ ဈေးတက် click
- ဒုက္ခသည်များကို အတင်းအကျပ် ပြန်မပို့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြမည် click
- ဒေါ်အောင်ဆန်းစုကြည် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည် click
- အတိုက်အခံအဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရ၍ စိတ်ပျက် click
- စံပြကျေးရွာ တည်ဆောက်၍ ငြိမ်းချမ်းရေး ကူညီဆောင်ရွက်ရန် နော်ဝေ စီစဉ် click
- ပြည်တွင်းဒုက္ခသည်များကို ကူညီခြင်းသည် မြန်မာနိုင်ငံကို စမ်းသပ်ခြင်းဖြစ်ဟု ဆို click
- ၉၀ အနိုင်ရ တိုင်းရင်းသားပါတီ ၂ ခု ပါတီ ထူထောင်ခွင့်ပြု click
- မွန် နှစ်ပါတီ ဖြစ်မည်၊ “မွန်ဒီမိုကရေစီပါတီ” တည်ထောင်ခွင့် ကျ click
- မွန်ဒီမိုကရေစီပါတီ တည်ထောင်ခွင့်ပြုပြီ click
- စစ်မှန်သည့် ပြည်ထောင်စု ပေါ်ပေါက်ရေး ရခိုင်ပါတီ ဆွေးနွေး click
- ရွာဆိုင်းဘုတ်နှင့်အတူ ကရင်အမျိုးသားအလံတော် ပျောက်ဆုံးနေ click
- သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး - ၃၂ (အောက်မေ့ဖွယ်) click
- မွန်အမျိုးသားကျောင်းများ ဘဏ္ဍာရေး ခက်ခဲနေ click
- အရှေ့တောင်အာရှမှ ငှက်ဖျားဆေး သုံးပုံတပုံကျော်မှာ အတုများဖြစ် click

World Economic Forum on East Asia 2012 တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှု (ရုပ်သံ)

30 May, 2012

ငကန်းတွေ သေမှာကို စိုးသတဲ့လား နောက်ထပ် ငစွေတွေ မပေါ်အောင်သာ ကြံဆ ( ဦးဝင်းတင်)

ငကန်းတွေ သေမှာ ကို စိုးသတဲ့လား … နောက်ထပ် ငစွေတွေ မပေါ်အောင်သာ ကြံဆ
(ဦးဝင်းတင်)

ကျုပ်တို့ တိုင်းပြည်ကြီး ကမ္ဘာ့ အမွဲဆုံး အဆင်းရဲဆုံး ဘိုင်အကျဆုံး နိုင်ငံ အဆင့် ရောက်ခဲ့တယ်ဗျ။ တိုင်းပြည်မှာ ဆန်ရေစပါး အလျှံအပယ် ထွက်ခဲ့တယ်ဗျာ။ သယံဇာတ တွေ အလျှံအပယ် ကြွယ်ဝ ခဲ့တယ်ဗျာ။ အဖိုးတန် ကျောက်မျက် ကျောက်စိမ်းလို ထိတ်ထိတ်ကြဲ ရတနာ တွေ ၊ စိန်ခဲတွေ ၊ မြခဲတွေ  ထိန်ထိန် ကျဲ ခဲ့တယ်ဗျာ။ တခြားပြောပြစရာ လက်ညိုးထိုး ပြစရာ  ထွက်ကုန် တွေ ကလည်း အမှန်တကယ် အောတိုက်အောင် ပေါလိုက်တာဗျာ။

ဒါဖြင့် ဘယ်လိုကနေ ဘယ်လို၊ မြန်မာ့ စီးပွားရေး ခွေးကတတ်ရောက် သွားရတာလဲ။ အံ့ရောဗျာ…အံ့ရော။ အဲဒါပဲ ပြောတတ်တော့တယ်။ ကျိုးသင့် ကြောင်းထိုက် လူတိုင်း စိတ်ကြိုက်တွေ့အောင်တော့ ပြောမပြတတ်တော့ဘူး။
ကမ္ဘာကျော် စီးပွားရေး ပညာရှင်တွေ ၊ ၀င်လိုက်ကြ ထွက်လိုက်ကြ လာလိုက်ကြ သွားလိုက်ကြ တ၀ုန်းဝုန်းပေါ့။ တသဲသဲပေါ့။ ပညာရှင် စကားတွေ ပါးစပ် အမြှုပ်တဖွားဖွား သီးအောင် ပြောကြေ=ာ ကြ နည်းပေးကြ လမ်းပြကြ ပေါ့။ ဘာပြောကောင်းမလဲ။ နိုင်ငံတော် စီးပွားရေး အောင်တော့မယ်။ ချမ်းတော့မယ်။ စိမ်းတော့မယ်။ လန်းတော့မယ်။ စိုတော့မယ်။ ရွှဲတော့မယ်ပေါ့။ ထင် တလုံး နဲ့ ရွှင်ပြုံးလိုက်ကြတာ။

အောင်မလေးဗျ။ ငယ်သံပါအောင် = စ် ကြ၊ ငိုကြ၊ ညည်းကြပေတော့။ ယိုတယ်ဗျို့။ ဆင်းရဲတဲ့ လူထု အိပ်ခန်းတွေ၊ ခေါင်မလုံ လို့ မိုးရေတောက်တောက်ယို ၊ ရွှဲရွှဲစို ကုန်ကြရတယ်လေ။  ထမင်းငတ်သူတွေ၊ ဒူးနဲ့ မျက်ရည် သုတ်နေကြရတဲ့သူ တွေ ၊ ရွှဲရွဲစို ငိုကြီးချက်မ ဘ၀ မလှ ဖြစ်နေကြရတယ်လေ။
ဒါတွေ ထားပါတော့လေ။ တိုင်းသိ ပြည်သိ သူသိ ငါသိ ကမ္ဘာသိ သမိုင်းထဲက ဖြစ်ရပ်ဆိုး တွေ ကို အသာထား လိုက်ပါဦး။ အသာမထား နိုင် ဘဲ ၊ ကမ္ဘာကြားအောင် တအားကျုံးအော်ပြီး ပညာရှင် ပဂေး တို့ကို မေးခွန်းထုတ်ရမယ့် ကိစ္စ က ရှိသေးသဗျ။
အဲဒီ မေးခွန်း က၊ စစ်အာဏာရှင် တွေ၊ ကျိကျိတက် ‘ ထော လာတာ သိတယ်နော်။ အဲ.. တိုင်း သူ ပြည်သား လူအများကတော့ ဖွတ်ကျော ပြာစု ခရု အဆန်ကျွတ် ဖြစ်ကြ ရတာလည်း သိတယ်နော်။
နောက်တခု ဆက်မေးရမယ့် မေးခွန်း ရှိသေးတယ်။ ကဲ =ုတ်ပါပြီ။  ဒါဖြင့် ဒီ ဇွတ်ထော နဲ့ ဖွတ်ကျော ဇာတ်လမ်း မှာ ဗီလိန် ( လူကြမ်း လူဆိုး လူညစ်) က ဘယ်သူလဲ။
ဒီနေရာမှာ ကျုပ်ပြောချင်တဲ့ ဇာတ်လမ်းက စပြီ။ ဒေါက်ခနဲ ကောက်ကာ ငင်ကာ ပြောရရင် ဗီလိန် က ခရိုနီ တွေပေါ့ဗျာ။။ ဂျာနယ်တစောင် က၊ ခရိုနီ ကို ၊ အစိုးရ နဲ့ နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် လို့ စေတနာ ဗရပွ နဲ့ လှလှကလေး ဘာသာ ပြန်သေးသဗျ။ ကျုပ်က စေတနာ တော့ ရှိပါရဲ့။ လှလှလေး ဘာသာ မပြန်တတ်လို့ ငမြွေထိုး ခေါင်း ပိသာလေး နဲ့ ထုသလိုလို အာဏာ ကပ်ပါးစီးပွားရေး ဓါးပြ များ လို့ တဲ့တိုးကြီး ကင်ပွန်း တပ်လိုက်ရတယ်ဗျာ။
အဲဒီ ဓါးပြတွေ =ာ ဘယ်သူတွေ လဲ ဆိုတာ အားလုံး သိကြပါတယ်နော်။ သိရင်လည်း ပြီးရော။ ကျုပ်က သူတို့ အကြောင်း ပြောချင်တာ မ=ုတ်ဘူး။ ပြောနေလည်း ဘာမှ မထူးပါဘူး။ အာဏာ ကပ်ပါး စီးပွါးရေး ဓါးပြ ဆိုတဲ့ အတိုင်း လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ငန်းကြီး တွေ လုပ်တယ်ဗျာ။ လယ်သမားတွေ ရဲ့ စိုက်မြေ- ပျိုးမြေတွေ အဓ္ဒမ သိမ်းတယ်ဗျာ။  မြေလျှိုး မိုးပျံ လုပ်ငန်းကြီး တွေ လုပ်တယ်ဗျာ။ စက်လုပ်ငန်းကြီးတွေ တိုက်လုပ်ငန်းကြီးတွေ ဘဏ်လုပ်ငန်းကြီးတွေ လုပ်တယ်ဗျာ။

အဲဒီ လုပ်ငန်းရှင်ကြီးတွေ က၊ သူတို့ကို မွေးစား ခိုင်းစား တဲ့ အာဏာရှင် ကြီးတွေ ထက်တောင် ချမ်းသာ ကြွယ်ဝ ဘောဂ သူဌေးကြီးတွေ ဖြစ်ကြတယ်။
ဒီနေ့ ပြည်သူတွေက အသံကုန်ဖြဲ ပြီး၊ အသံကွဲ ကြီး တွေ နဲ့ အော်လာကြပြီ။ လက်ဝါးကြီး အုပ်တာတွေ မလိုချင်။ စီးပွားရေး ဓါးပြ တွေ လက်ရှောင်။ အာဏာ ကပ်ပါး တွေ ဇာတ်သိမ်းကြ ။ ပြည်သူလူထု က ဆင်းရဲတွင်း နက်နက်ကြီး ထဲက =စ် နေကြတယ်ဗျ။

ဒီလို ပြည်သူတွေ ဖွတ်ကျော ပြာစု တွေ ရဲ့ အော်သံ =စ်သံ တွေ အကြားမှာ အာဏာရှင် ကပ်ပါး စီးပွားရေး ဓါးပြ တွေ ကို အောင်နိမိတ် နဲ့ အောင်ဘိသိတ်သွန်း တဲ့ အသံဆိုးကြီး တသံ ၀န်ကြီး ဌါန တခု ရဲ့ ဆွေးနွေးပွဲ က ပေါ်ထွက်လာတယ်ဗျ။
အဲဒီ ငှက်ဆိုးထိုးသံလို အသံက ဒီလိုတဲ့ဗျာ။
‘ခရိုနီတွေကို ပြန်သုံးရမယ်။ ကောင်းတဲ့ နေရာမှာ ပြန်အသုံးချ လို့ ရတယ်။ မ=ုတ်ရင် သူတို့ အပြင်ထွက်သွားကြမယ်။ အကုန်ပါသွားမှာ။ တိုင်းပြည် အတွက် လုပ်ချင်တဲ့သူတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားပြောတဲ့ အခါ ဒေါ်စု လည်း ဒီ -=ာ ကို သဘောတူတယ်’  တဲ့။
=ုတ်လား။ ဒေါ်စု က သဘောတူ တယ်တဲ့လား။ =ား =ား  =ား ။ ကျုပ်ကတော့ ဒီလို တောရမ်းပယ်ဖွဲ့ စကားမျိုး ချောကလက် အတောင့်လိုက် စားပြီး ပြောတောင် မယုံရေးချ မယုံဗျ။

အကုန်ပါသွားမှာ…တဲ့လား။ ကုန်စမ်းပါစေဗျာ။ ကျုပ် လူပြိန်းစကားပဲ ပြောမယ်။ တိုင်းပြည်ကြီး အာဏာ ကပ်ပါးတွေ စီးပွားရေး ဓါးပြတိုက်လို့ တာတေလံ အောင် မွဲပြာကျနေပြီဗျ။ သူတို့ တိုက်ရာပါ ဥစ္စာ ခိုးရာပါ ပစ္စည်းတွေ ကို ၊ ခါးပိုက်နှိုက် အလစ်သုတ် သလို ၊ ကဲ့ထုတ် သွားကုန်မှာ စိုးသတဲ့လား။ မပူပါနဲ့။ ငကန်းသေ ငစွေ မပေါ်အောင်သာ ဆုတောင်းပါလေ။ ဒီလို ပြည်သူ့ ဘဏ္ဍာ ကို မ=ာ သူခိုး ဓါးပြ တွေ ကူးတို့ခ သယ်သလို ပြည်ပ သယ်သွားကြတာ ၊ အာဏာရှင် နိုင်ငံတွေ မှာ ဗြောင်းဆန်အောင် ပေါများ ခဲ့တယ်ဗျ။ သမိုင်းခေတ်တွေ သက္ကရာဇ် နှစ် တွေ နဲ့ ချီ လို့တောင် ကြာတောင်း ကြာလှခဲ့ ပြီဗျ။ ဖိလစ်ပိုင် ကြည့်မလား ဗီယက်နာမ် ကြည့်မလား အင်ဒိုနီးရှား ကြည့်မလား အရှေ့အလယ်ပိုင်း ကြည့်မလား တောင်အမေရိကား နိုင်ငံတွေ ကြည့်မလား ၊ အာဖရိက နိုင်ငံတွေ ကြည့်မလား။
အာဏာ ကပ်ပါး ခရိုနီ စီးပွားရေး ဓါးပြ များ နဲ့ ပတ်သတ်လို့ ၊ စီးပွားရေး ပညာရှင် ဦး=န်ထွန်း  ( အခွန်)  ပြောတဲ့ စကား က မှတ်သားစရာ ကောင်းတယ်။ ဦး = န် ထွန်း က….
‘ ပြီးခဲ့တဲ့ ရာဇ၀င်ကို ပြန်ကြည့်ရင် ခရိုနီ တွေ က၊ အလုပ်အကိုင် အခွင့်အလမ်း တွေ ၊ ပေါ်ပေါက်လာအောင် ဖန်တီးပေးခဲ့တာ နည်းတယ်။ ကုန်ထုတ်လုပ်ငန်း တွေကို ထိထိရောက်ရောက် လုပ်ခဲ့တာ နည်းတယ်။ အမြတ်အစွန်း လွယ်လွယ်ကူကူ ရမယ့် အလုပ်တွေကို လုပ်နေတာ များတယ်။
ဦး = န်ထွန်း ဆက်ပြောခဲ့တဲ့ စကားကို နားထောင်ကြည့်ပါ။ ‘ ဆင်းရဲသား လုပ်သား ပြည်သူ ကောင်းကျိုး အတွက် သူတို့ ဘာတွေ လုပ်ခဲ့သလဲ ပြန်စဉ်းစားစေချင်တယ်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မူ အထောက်အကူ ပြုစေရန် ဘာလုပ်ငန်းတွေ လုပ်ခဲ့သလဲ ပြန်စဉ်းစား သင့်တယ်။
မဆုံးသေးဘူး။ ဆက်ပြောသေးတယ်။
‘ အရင်တုန်းက အတိုင်းပဲ။ အာဏာပိုင် ပုဂ္ဂလိက တွေ နဲ့ နှီးနွယ်တဲ့ စီးပွားရေး လုပ်ငန်း မျိုး အခွင့်အရေး တွေ ယူပြီးတော့ မိုနို ပိုလီ (လက်ဝါးကြီးအုပ်) အလုပ်မျိုး ကိုတော့ ခွင့်မပြုသင့်တော့ပါဘူးတဲ့။
ကိုင်း….ကိုင်း တော်လောက်ပါပြီ။
ခရိုနီတွေလို သူခိုးလမ်းပြ ၊ ဓါးပြ လက်ထောက်ချ လုပ်နေတဲ့ ဂုရုကြီးကို မကြားတကြား ပြောချင်တဲ့ စကားကတော့
‘ ခရိုနီတွေ အပြင် ( ပြည်ပ ) ထွက်ကုန်ရင် ခင်ဗျားကြီးပါ နောက်တော်ပါး က၊ အခစါး လိုက်သွားဗျာ ။ သူခိုးတွေ ရဲ့ စီးပွားရေး အကြံပေး အရာရှိ သာ လုပ်စားဗျာ….’
သြော် မေ့လို့..မေ့လို့..။
စာကြွင်း စကားကြွင်းလေး ဆက်ပါရစေဦး။
အဲဒီ ငှက်ဆိုးထိုးသံ ကြီးကို တိုင်းသိ ပြည်သိ ပြောပေါ်မှာ ရွှေ….. ရွှေ…. ရွှေ…. ( စကားထစ်နေတာ ခွင့်လွှတ်ပါဗျာ ) ကြော်ငြာ ထုတ်သူက…သာမျင်ညောင်ည ချောင်ကြားက မောင်ဖား တဲ့လား။ မ=ုတ်ဘူးဗျ။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ရဲ့ စီးပွားရေး အကြံပေး အဖွဲ့ ဥက္ကဌ တဲ့ ဗျ။

ဒေါ်အောင်ဆန်းစုကြည့် ထိုင်းနိုင်ငံရောက်ရုပ်သံ

မြန်မာ့ရေးရာ သတင်းပဒေသာ (၃၀-၅-၂၀၁၂ - နံနက်ပိုင်း)

- ဇာထိုးပန်းထိုးစက်ရုံ အလုပ်သမ ၁,၀၀၀ ကျော် ဆက်လက်ဆန္ဒပြ click
- မြန်မာဆန်နီ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ click
- တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံ ဆန္ဒပြပွဲ (ရုပ်သံ) click
- အလုပ်သမားအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်ဝင်မြန်မာ ဇာပန်းထိုး စက်ရုံအလုပ်သမားများ click
- လေဘာရုံး ဘာလဲနှင့် အလုပ်သမားဝန်ကြီး ဘယ်လဲ (ဆောင်းပါး) click
- အလုံမြို့နယ် လျှပ်စစ်မီးအရေး သုံးရက်ဆက်တိုက် ဆန္ဒပြမည် click
- လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်သူကို မြို့နယ်အာဏာပိုင် ခေါ်ယူမေးမြန်း click
- လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးသူကို KIO စုံစမ်းနေ click
- ဆန္ဒပြပွဲ ပါတီတွေ အမြတ်မထုတ်ဖို့ ကော်မရှင် သတိပေး click
- ဆန္ဒပြတောင်းဆိုမှုကိစ္စ နိုင်ငံရေးပါတီများ ပါဝင်ဖြေရှင်းဖို့ ရွေးကောက်ပွဲကော်မရှင် ပန်ကြား click
- ရွှေနံ့သာ လယ်သမားများအရေး (ရုပ်သံ) click
- ပြင်ဦးလွင် လယ်သမားတွေရဲ့ ဆုတောင်းပွဲ (ရုပ်သံ) click
- မုံရွာ ကြေးနီစီမံကိန်းက မြေသိမ်းခံ လယ်သမားများအရေးနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ (ရုပ်သံ) click
- တိုင်းရင်းသားဒေသခံများ လိုလားချက် အစိုးရ တွေ့ဆုံဆွေးနွေး click
- ၀န်ကြီးများ၊ အမတ်မင်းများအတွက် မုန့်ဖက်ထုပ်လက်ဆောင် click
- ရွှေ့ပြောင်းဒုက္ခသည်တွေထဲမှာ ဈေးလည်း ပါတယ် (ကာတွန်း) click
- ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် သွား click
- ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဝမ်းပန်းတသာ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားများကို အားပေးစကားပြော click
- အလုပ်သမားအခွင့်အရေး ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မိန့်ခွန်း (အသံ) click
- ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်သို့ ရောက်ရှိ၊ မြန်မာပြည်သားတို့နှင့် တွေ့မည် click
- ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်မြို့ ရောက်ရှိ click
- မာမိုဟန်ဆင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံ (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် နေရူးအထိမ်းအမှတ် မိန့်ခွန်းပြောမည် click
- ပန်းတွေနဲ့ ဝေဖြာ သူ့ဆံကေသာ -၂ (မြန်မာပြည်မှ စာ) click
- သဲကုန်း NLD ရုံးဖွင့်ပွဲ ၈၈ မျိုးဆက်များ တက်ရောက် (ရုပ်သံ) click
- RNDP ပါတီ ပထမအကြိမ် ညီလာခံ ကျင်းပမည် click
- ကရင်လူမျိုးစုတွေကို ယာယီမှတ်ပုံတင်ကတ်ပြား ထုတ်ပေး (ရုပ်သံ) click
- အနောက်ကိုငဲ့ .. မျှော်လိုက်လျှင် (ဆောင်းပါး) click
- မင်္ဂလာဒုံလေဆိပ်တွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည် click
- စီးပွားရေး ဆိုက်ရောက်ဗီဇာစနစ် သောကြာနေ့တွင် စတင်မည် click
- ယာယီ နိုင်ငံကူးလက်မှတ်လုပ်ငန်း လိမ်လည်မှုရှိ click
- မူလတန်း အခမဲ့ဆိုသော်လည်း ရန်ကုန်ကျောင်းတချို့ ငွေတောင်းခံနေဆဲ click
- တောင်ဒဂုံမြို့နယ်မှာ ကူးစက်ဝမ်းရောဂါ ဖြစ်ပွား (ရုပ်သံ) click
- အမုန်းကြီးသူသို့ click
- ဘယ်သူ့အတွက် ဖွံ့ဖြိုးရေးလဲ (ကာတွန်း) click
- ဆီးရီးယား သံတမန်တွေကို အနောက်နိုင်ငံတွေ ပြည်နှင်ဒဏ်ပေး click
- ဆီးရီးယားဟာ အတိမ်းအစောင်းမခံတဲ့ အခြေအနေရောက် click
- အယ်လ်ကိုင်းဒါး ဒု-ခေါင်းဆောင် သေဆုံး click
- နျူကလီယားဒုံးကျည် ပါကစ္စတန် စမ်းသပ်အောင်မြင် click
- မြောက်ကိုရီးယားကို ကွန်မန်ဒိုတပ်တွေ စေလွှတ်တဲ့သတင်း အမေရိကန် ငြင်း click
- အာရှတိုက်က အမေရိကန်ရဲ့ အကျိုးစီးပွားများကို အဓိပ္ပာယ်ဖွင့်ခြင်း click
- လိင်တူစုံမက်သူတွေ လက်ထပ်ထိမ်းမြားခွင့် အမေရိကန်သမ္မတ အိုဘားမား ထောက်ခံ click

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မိန့်ခွန်း