Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

25 August, 2011

မတူညီသော လောက . .

ဈေးရောင်းကောင်းမည့် အချိန် မိုးက သည်းသည်းထန်ထန်ရွာ၍ ဈေးရောင်းမကောင်းသည့်ရက်တွင် စည်ပင်မှ ၀င်ဖမ်း၍ ဟင်းရွက်မျိုးစုံ အပြင် ဈေးခင်းသည့် ဗန်းနှင့်ခုံပါ အသိမ်းခံလိုက်ရသည်။

ဈေးမရောင်းရန် သတ်မှတ်ထားသည့် လမ်းဘေးတွင် ဈေးရောင်းမိသည့် ဈေးသည်များ အရင်းပြုတ်ကာ လက်ဗလာဖြင့် အိမ်ပြန်ကြရသည်က မကြာခဏ။ နေ့ပြန်တိုးနှင့် ငွေပြန်ရှာ ပြန်ရင်းကြရသည်က မကြာခဏ။ သူတို့
သတ်မှတ်ထားသည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခြင်း ဖြစ်၍လည်း စည်ပင်မှ ဖမ်းခြင်း ဖြစ်သည်။

ရန်ကုန်-အင်းစိန် လမ်းမပေါ် ဘူတာရုံလမ်း တစ်ဝိုက်တွင် မည်သည့် ဆိုက်ကားမျှ လမ်းမပေါ်တက်၍ မနင်းရ၊ ဂိတ်မထိုးရ၊ သတ်မှတ်ထားသည်။အုံနာခနှင့် ကလေးကျောင်းစရိတ် အတွက် နည်းနည်းပိုရနိုင်၍ အရဲစွန့်ကာ လမ်းပေါ်တက်ပြီး ခရီးသည် စောင့်သော ဆိုက်ကားသမား တစ်ဦး၊ ဆိုက်ကားအား စည်ပင်မှဖမ်းကာ ဒဏ်တပ်ရိုက်သည်။ ဒဏ်ငွေက ကျပ် ၅၀၀၀၊ ဆိုက်ကားအား ၇ ရက်တိတိ ဖမ်းချုပ်သည်။ ဆိုက်ကား ၇ ရက် မနင်းရတော့သော်လည်း နေ့စဉ် ကျသင့်နေသည့် အုံနာခ တစ်ရက် ကျပ် ၈၀၀၊ ၇ ရက် အတွက် ကျပ် ၅၆၀၀၊ ဒဏ်ငွေဖြင့်ပေါင်းသော် ကျပ် ၁၀၆၀၀ ကို အခြား ရင်းနှီးသူ ဆိုက်ကားသမား၏ ဆိုက်ကားအား ပြန်ငှားနင်းခြင်း သို့မဟုတ် ၂၀ ကျပ်တိုးဖြင့် ငွေချေးခြင်းများဖြင့် ပြန်ရှာပြန်ရွေး လုပ်သည်။ သတ်မှတ်ထားသည့် စည်းကမ်းဖောက်၍ ဒဏ်ရိုက်ရခြင်း ဖြစ်သည်။

ဗျောက်အိုး၊ မီးရှူးမီးပန်း မရောင်းရ၊ ရောင်းလျှင် ထောင်ဒဏ်လို့ ကြေညာချက် ထုတ်ပြန်ပြီး သီတင်းကျွတ်မှာ လူအများ စိတ်မညစ်ညူးအောင် ရည်ရွယ်ကာကွယ်ထားသည်။တစ်ခြားကာလတွေမှာ ဈေးရောင်းတာထက် အကျိုးအမြတ် မဆိုသလောက်ကလေး ပိုရ၍ ရောင်းမိပါသည် ဆိုသော ရပ်ကွက်ဈေးသည် တစ်ဦး ကြေညာချက် ဖောက်ဖျက်မှု၊ တားမြစ်ထားသည့်အရာကို ချိုးဖောက်မှုဖြင့် အရေးယူခံရသည်။

နေ့စဉ် စိစိစစ်စစ်ဖြင့် အရေးယူ ပေးနေမှုများကြောင့် ဥပဒေအထက်တွင် နိမ့်ပါးသူလည်း မရှိ၊ နိမ့်ပါး၍ သက်ညှာရမည် ဆိုသည်လည်းမရှိ ဆိုသည့်အချက်ကို လက်ခံပြီး ဥပဒေအထက်တွင် မည်သူမျှမရှိ ဆိုသည်ကို ထပ်မံ
လက်ခံဖို့သာ ကျန်တော့သည်။

ဇူလိုင်လ ၁၃ ရက်နေ့ မြန်မာ့ စက်မှုဆိပ်ကမ်း (မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုလုပ်ငန်းသွက်သော ဆိပ်ကမ်းနှစ်ခု၌ ပါဝင်သည့် ဆိပ်ကမ်း)တွင် ကွန်တိန်နာများအတွင်း ကားအစီးလိုက်ကို အချိုရည်များဖြင့် ကာရံပြီး တရားမ၀င်၊ ဥပဒေချိုးဖောက်ကာ တင်သွင်းလာသည့် ကွန်တိန်နာ ၁၀ လုံး ဖမ်းမိသည်ဟု ဓာတ်ပုံနှင့်တကွ တိကျသည့် သတင်း ထွက်လာသည်။

ဥပဒေကိုချိုးဖောက်၍ အဆိုပါ ကွန်တိန်နာများကို သိမ်းဆည်းလိုက်သည်။ ထပ်မံ၍ ဆက်တိုက်ပင် အေးရှားဝေါလ်ဆိပ်ကမ်း (မြန်မာ့နိုင်ငံခြားကုန်သွယ်မှု လုပ်ငန်းသွက်သော ဆိပ်ကမ်းနှစ်ခု၌ ပါဝင်သည့် ဆိပ်ကမ်း)တွင် တရားမ၀င် ကားအစီးလိုက်စာ ကွန်တိန်နာ ၂၀ ထပ်မိသည်။ ဆက်တိုက်ဆက်တိုက် ထပ်ဖမ်းသည်။ ထပ်မိသည်။

တားမြစ်ထားသည်ကို ချိုးဖောက်၍ ပစ္စည်းများအားလုံး သိမ်းလိုက်သည်။ဆက်လက်၍ အဓိက သက်ဆိုင်သူအား အရေးယူသည်ဟုတော့ လတ်တလော မကြားသိခဲ့ရသေးပါ။
တရားဝင် တင်သွင်းမှရမည့် ဆိပ်ကမ်းများတွင် တရားမ၀င် မှောင်ခိုခြင်း ပြုသည်ကို မြင်တွေ့ရ၍ နယ်စပ်များကို လေ့လာကြည့်သော် လှေဖြင့်တစ်မျိုး လူဖြင့်တစ်သွယ် စားသောက်ကုန်မှ လူသုံးကုန် အထိ ကုန်သွယ်ကြသည်။ တရားဝင်တော့ မဟုတ်ပါ။

ယင်းမှာ မြန်မာနိုင်ငံသို့ ပြည်ပမှ တရားမ၀င် စီးဝင်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ တရားမ၀င် စီးထွက်နေခြင်းကိုကြည့်သော် - နယ်စပ်မှ မြန်မာ့သစ်လုံးများ ပြည်ပ ထွက်နေသည်။ ကျောက်စိမ်းလည်း ထိုနည်းနှင်နှင်။ ရလျှင်ရသလို ထွက်သည်။ ကြိမ်၊ ၀ါးမှစကာ တောကောင်များအထိပင် တရားမ၀င် ထွက်နေခြင်း ဖြစ်သည်။

ခြုံငုံကြည့်လျှင် အရေးယူ မခံရနိုင်၍ လိုင်စင်မဲ့ကား စီးကြသည်၊ ယခင်က အဖမ်းမခံရဘဲ အကျိုးအမြတ် ရခဲ့၍၊ ရနေ၍ ကွန်တိန်နာဖြင့် မှောင်ခိုကြခြင်းသာ ဖြစ်လိမ့်မည်။

ဖြစ်ရပ်များကို ကြည့်သော် တရားမ၀င် မှောင်ရိပ်ခို လုပ်ငန်းရှင်များမှာ သူများထက်ပို၍ အကျိုးအမြတ် ရလို၍ လုပ်ခဲ့သည့်ဖြစ်ရပ်များ ဖြစ်သည်။ အကျိုးအမြတ် ပိုရလို၍ စည်းမျဉ်း စည်းကမ်းကို ဖောက်ဖျက်သည်။ နိမ့်ပါးသူများ စည်းကမ်းဖောက်မှု အပေါ်တွင်သာ ဥပဒေ သက်ရောက်မှု မရှိသင့်ပါ။

ဆိုလိုရင်းမှာ ပြည်ပမှ တရားဝင် သင်္ဘောကြီးများဖြင့် တရားမ၀င် သွင်းသူ၊ ပြည်ပသို့ သယံဇာတများ မှောင်ရိပ်ခိုနေသူ၊ တွေ့ကရာနံပါတ်ဖြင့် ကားအကောင်းစားကြီးများကို လိုင်စင်မဲ့ စီးနေသူများသည် တစ်ဦးတည်း မဟုတ်ပါ။ အုပ်နှင့်သင်းနှင့် ဖြစ်သည်။ နောက်ကွယ်တွင်လည်း အင်အားတောင့်တင်းသည့် လုပ်ငန်းရှင်၊ ကုမ္ပဏီပိုင်ရှင်ကြီးများ ဖြစ်သည်။ (အခြားအခြားသော ဥပဒေ လက်တစ်လုံးခြား လုပ်သူများလည်း အပါအ၀င်)

ဆိုက်ကားသမားသည်လည်း ယခင်က စည်းကမ်းဖောက်သည့်တိုင် အဖမ်းမခံရပဲ လွတ်မြောက်ခဲ့ဖူးသည့်အတွက် ရလျှင်ရသလို စည်းကမ်းဖောက်မိသည် ဆိုသော် မှောင်ခိုလုပ်ငန်းဖြင့် ကြီးပွားသူများသည်လည်း အခွင့်အရေးရခဲ့၍ ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင် မှောင်ခိုခဲ့ကြခြင်းဟု ယူဆရမည် ဖြစ်သည်။

ရပ်ကွက်ထဲက ဈေးသည်၊ ရပ်ကွက်ထဲမှ ဆိုက်ကားနင်းသူများ အပေါ်တွင် ဥပဒေ စိုးမိုးသည်၊ ဥပဒေ အထက်တွင် သူတို့တွေ မရှိသည်ကို ကျွန်တော် လက်ခံလိုက်ပြီး ဖြစ်သည်။ ထိုဥပဒေကိုလည်း ကျွန်တော် ယုံကြည်သည်။ လုပ်ငန်းရှင်ကြီးဟု အမည်တပ်ကာ မှောင်ရိပ်ခို ချမ်းသာသူများ၏ လုပ်ရပ် အပေါ်တွင်လည်း စည်းမျဉ်းစည်းကမ်း ဥပဒေ သက်ရောက်ရန် လိုသည်။

အဆိုပါစကားသည် လိုင်စင်မဲ့ကား အကောင်းစား စီးပြနေသူများ၊ အုပ်စုဖွဲ့ မှောင်ခိုနေသူများကို ဒဏ်ရိုက်လိုက်ပြီ၊ ပိုင်ရှင်ကို အရေးယူလိုက်ပြီ ဟူသော သတင်းတစ်ရပ် ထွက်ပေါ်လာမှသာ ပြည့်စုံတော့မည်။

ဆိုက်ကားသမားတစ်ဦး ဖမ်းမိလျှင် ပြည်သူအတွက် အခွန် အဖြစ် ရောက်ရှိသွားမည့် ဒဏ်ကြေး ကျပ် ၅၀၀၀ ရသည် ဆိုသော်။ ကျပ် ဘီလျံချီတန်သည့် အိမ်၊ ကျပ်သိန်းထောင်ချီတန်သည့် ကားစီးနိုင်သည့် လုပ်ငန်းခွဲပေါင်းများစွာဖြင့် အမည် မဖော်နိုင်သည့် ငွေကြေးများဖြင့် ချမ်းသာနေသူများကို မိလိုက်လျှင်ဖြင့် ပြည်သူအတွက် အခွန်ငွေရမည်၊ နိမ့်ပါးသူနှင့် သူကြွယ်များကြား ဥပဒေ စိုးမိုးမှု တူညီမည် ဖြစ်သည်။

လိုင်စင်မဲ့ကား အစီးရေက တစ်သောင်းဝန်းကျင် အနည်းဆုံး ရှိနေသည်မှာ ငြင်းမရ။ မော်ဒယ်လ်မြင့်မှ မော်ဒယ်လ်နိမ့် အမျိုးအစား အလိုက် တရားဝင် အခွန်ဆောင်လျှင် တစ်စီးပျမ်းမျ ကျပ်သိန်း ၄၀၀ အနိမ့်ဆုံးရမည် ဆိုသည်ကို ကားကျွမ်းကျင်သူများက ကာလပေါက်ဈေးဖြင့် တွက်ချက်ထားကြသည်။

ထို့အတွက် လိုင်စင်မဲ့ကား တစ်မျိုးတည်းမှ အခွန်ငွေ ကျပ်ဘီလျံ ၄၀၀ ရှောရှောရှုရှု ရမည်။ ကားအစီးလိုက် ကွန်တိန်နာဖြင့် မှောင်ရိပ်ခို သွင်းနေသူများကို ကြပ်မတ်လိုက်ရုံဖြင့် တစ်လ အတွင်း၌ပင် ကားအစီး ၃၀ ကျော်
ဖမ်းမိခဲ့ခြင်းကြောင့် ပြည်သူအတွက် အခွန်ငွေ ကျပ်သိန်း ၃၀၀၀ ကျော် နစ်နာမည့် အရေးမှ ကင်းလွတ်သွားပြန်သည်။ ယခင် မည်မျှ လက်တစ်လုံးခြား လုပ်ခဲ့သည်ကို မှန်းဆနိုင်သည်။

သစ်အလုံးလိုက် မှောင်ခိုခြင်းအား ဖိဖိစီးစီး ဖမ်းခြင်းဖြင့် ရလာမည့် အခွန်အား တွက်ချက်ကြည့်သင့်သည်။ ကျောက်စိမ်းကိုလည်း ကြည့်လိုက်။ ဖိဖိစီးစီး ဥပဒေ အတိုင်း ဖမ်းခြင်းဖြင့် Black Jade အမျိုးအစားများသာ မှောင်ခို
မထွက်တော့လျှင် အခွန်ငွေမှာ ကျပ်သိန်း ရာထောင်ချီဦးမည်။ ကချင်ပြည်နယ်ရှိ တောင်များ ထက်ခြမ်းကွဲသည် အထိ တူးနေသည်များမှ အခွန်တိတိကျကျ ရမည်။

သို့သော် အခွန်ရဖို့ တစ်ခုတည်း ဆိုလျှင်တော့ ပြည့်စုံမှုရှိမည် မဟုတ်ပါ။ မတူညီမှုများ လျော့ပါးရေးမှာလည်း အဓိက ကျသည်။ မှောင်ရိပ် တစ်ခါခိုရုံမျှဖြင့် လွတ်လျှင် ၅ နှစ်စာလောက် ထိုင်စားနိုင်ပြီး မိလျှင် ပစ္စည်းပေးလိုက်ရုံ ဆိုသော် ဆိုက်ကားသမားသည်လည်း မှောင်သွားခိုလိမ့်မည်၊ ၀န်ထမ်းများကိုလည်း ဖျက်စီးနေကြလိမ့်ဦးမည်။

မတူညီသော လောကမှ တူညီသောလောကသို့ ပြောင်းရန် အစိုးရသစ်မှ မကြာခဏ ထုတ်ဖော်ထားပြီး ဖြစ်သည်။ ဇွန်လ အတွင်းက အစိုးရသစ်မှ ထုတ်ပြန်ခဲ့သည့် အစိုးရ အသုံးစရိတ်များ လိုအပ်ချက် ရှိနေသည်၊ လိုအပ်သည်ထက် နည်းနေသည် ဆိုသည့် သတင်းများ ထုတ်ပြန်ခဲ့သည်။ ယခုကဲ့သို့ တရားမ၀င်များ များနေသ၍ အခွင့်အလမ်း ရနေသ၍ အခွန်ငွေ ဆိုသည်မှာ တရားဝင် ပေးဆောင်နေသူများထံမှသာ ခြစ်ကုတ် ကောက်ခံနေရဦးမည်သာ ဖြစ်သည်။

နိမ့်ပါးသူများ စည်းကမ်းဖောက်သည်က ထိခိုက်သည်ဟု ယူဆကြသည် ဆိုသော် လုပ်ငန်းရှင် အမည်ခံ တရားဝင်လုပ်ငန်း ဗန်းပြ မှောင်ခိုမှုများက နိုင်ငံအား မည်မျှ ထိခိုက်မည်ကို တွက်ချက်နိုင်သည်။
ဆိုက်ကားသမား၊ လမ်းဘေးဈေးသည်များက ၀မ်းရေး အတွက် လိုအပ်၍ လုပ်မိခြင်းသာ ဖြစ်လိမ့်မည်။ လုပ်ငန်းရှင် များကတော့ သူများထက် ထူး၍ ထူး၍ အကျိုးခံစားလိုခြင်း ဖြစ်လိမ့်မည်။

တရားဝင်လုပ်ငန်း ဗန်းပြကာ မှောင်ခိုသူများကဲ့သို့ပင် မရှိသင့်တော့သည့် လောကမှာ နေရာတကာတွင် ပါမစ် ယာဉ်ကျေးမှုကို ဖော်ဆောင်နေသူများ ဖြစ်သည်။ လမ်းဘေးဈေးသည် ဈေးမရောင်းရတော့သည့် အချိန်တွင် ကားတစ်စီး ပါမစ် သက်သက်သည်ပင် ကျပ်သိန်း ၁၂၀၀၊ ၁၃၀၀ ရကာ ကြီးပွားသထက် ကြီးပွားနေမှုများလည်း မရှိသင့်တော့ပါ။

ယိုပေါက်များ ပိတ်လိုက်ခြင်းကြောင့် အခွန်လည်းရ၊ ၀န်ထမ်းများ ရှေ့လျှောက် ငွေအင်အားဖြင့် ဖျက်ဆီးခံရသည့် အနေအထားလည်း သက်သာ၊ နိမ့်ပါးသူများ ဥပဒေအထက်တွင် မရှိသလို ကုမ္ပဏီထောင် မှောင်ရိပ်ခို၊
အခွန်ရှောင်နေသူများလည်း . . .။
"http://www.weeklyeleven.com/index.php?option=com_content&view=article&id=9836:2011-08-18-07-41-47&catid=104:life&Itemid=175">

ဂျပန်နိုင်ငံမှ စူပါကွန်ပျူတာ ကမ္ဘာ့အမြန်ဆုံးဖြစ်လာ

ဂျပန်နိုင်ငံရှိ စူပါကွန်ပျူတာ တစ်လုံးသည် ယခုအခါ ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာအဖြစ် ရပ်တည်နိုင်လာပြီဖြစ်သည်။ Kဟု အမည်ပေးထားသော စူပါကွန်ပျူတာကို Fujitsu ကုမ္ပဏီက ပိုင်ဆိုင်ထားပြီး ယင်းသည် သာမန် Desktop ကွန်ပျူတာ အလုံးရေ (၁)သန်း၏ စုပေါင်းချိတ်ဆက်ထားသော စွမ်းဆောင်မှုမျိုး ရှိနေကြောင်း သိရသည်။ Kသည် တရုတ်နိုင်ငံမှ စူပါကွန်ပျူတာ တစ်လုံး၏ (၆)လကြာ ကမ္ဘာ့အမြန်ဆုံးအဖြစ် ကွန်ပျူတာအဖြစ် ရပ်တည်ခဲ့မှုကို ဖြတ်ကျော်နိုင်ခဲ့သည်။ ယင်းကွန်ပျူတာသည် တစ်စက္ကန့်လျင် (၈) ကွာဒရာလီယန် အရေအတွက်ထိ တွက်ချက်မှုများ ပြုလုပ်နိုင်သည်။
(၁ ကွာဒရာလီယန် = ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀) ကွန်ပျူတာ၏ မြန်နှုန်းယူနစ်မှာ (၈.၂) ပန်တာဖလော့ပ်ထိ ရှိကြောင်းလည်း သိရသည်။ တရုတ်သည် ယခုနှစ် အစောပိုင်းက Tianhe – 1A ကွန်ပျူတာဖြင့် ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာအဖြစ် ရပ်တည်နိုင်ခဲ့သေးသည်။ ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာ အများစုကိုမူ အမေရိကန်က ဆက်လက်ပိုင်ဆိုင်နေဆဲဖြစ်သည်။ အမြန်ဆုံးအဖြစ် စံချိန်တင်ထားသည့် ထိပ်ဆုံးကွန်ပျူတာ (၁၀)လုံးတွင် အမေရိကန် စူပါကွန်ပျူတာ (၄)လုံး ပါဝင်နေသည်။ ကျွမ်းကျင်သူများက Kကို ဆက်လက် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေမည်ဖြစ်ပြီး ဒုတိယနေရာမှ ပြိုင်ဖက်ထက် (၅)ဆမျှ မြန်နှုန်းမြင့်နေအောင် စွမ်းဆောင်နိုင်အောင် လုပ်ဆောင်မည်ဟု ပြောကြားထားသည်။
“အထင်ကြီးလောက်စရာ နည်းပညာ မြှင့်တင်မှုပါ။ သူဟာ တခြားကွန်ပျူတာတွေထက် အများကြီး ပိုပြီးတော့ မြန်နှုန်းမြင့်နေပါတယ်”ဟု ဂျပန်နိုင်ငံ၊ ကိုဘေးရှိ ကွန်ပျူတာ သိပ္ပံဌာနမှ ပါမောက္ခ ဂျက်ဒွန်ဂါရာက ပြောကြားခဲ့သည်။ Kသည် ဆားကစ်လမ်းကြောင်း (၆၇၂)ခုဖြင့် ချိတ်ဆက်ထားသည့် Processorပေါင်း (၇၀၀၀၀)ကျော် ပါဝင်ဖွဲ့စည်းထားသည်။ Kအတွက် အသုံးပြုရသည့် လျှပ်စစ်စွမ်းအင် ပမာဏသည် လူနေအိမ် တစ်သောင်းကို ထောက်ပံ့ပေးနိုင်သည်။ Kကို မောင်းနှင်ထားရသည့်အတွက် တစ်နှစ်လျင် ကုန်ကျစရိတ် ပေါင်စတာလင် (၆)သန်းထိ ရှိကြောင်းလည်း သိရှိရသည်။

အခွန်ဥပဒေများဖျက်သိမ်း(သို့)ပြင်ဆင်ရန် ဥပဒေကြမ်းများ တင်သွင်း

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး၏ ပထမနေ့တွင် တည်ဆဲ အခွန်ဥပဒေများအနက် အချို့ကိုပြင်ဆင်ပြီး အချို့ကို ဖျက်သိမ်းသည့် ဥပဒေကြမ်းများကို ပြည်ထောင်စုအစိုးရကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်းက တင်သွင်းခဲ့သည်။

တင်သွင်းသည့် ဥပဒေကြမ်းများမှာ အမြတ်ခွန်ဥပဒေအား ရုပ်သိမ်းသည့် ဥပဒေကြမ်း၊ မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်း၊ ၀င်ငွေခွန် ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ရုံးခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းများဖြစ်သည်။

ယခင်ကတည်းက တည်ဆဲဖြစ်သော အမြတ်ခွန်ဥပဒေသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဥပဒေပြုစာရင်းတွင် မပါရှိကြောင်း၊ အဆိုပါဥပဒေကြမ်းကို အတည် ပြုပြီးပါက တိုက်ရိုက်ခွန်ကို ဥပဒေနှစ်မျိုး ဖြင့် ကောက်ခံနေရာမှ ဥပဒေတစ်မျိုး တည်းဖြင့်သာ စည်းကြပ်ကောက်ခံမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက လွှတ်တော်သို့တင်ပြသည်။

ဥပဒေကြမ်းကို အတည်ပြုပြီးပါကလည်း လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် စည်းကြပ်ဆဲအခွန်များကို ဆက်လက် စည်းကြပ်မည် ဖြစ်ကြောင်း ဦးလှထွန်း က ဆိုသည်။
ရွှေယင်းမာဦး

လူထုကိုယ်စား၊ လူထုအခက်အခဲများကို ဖြေရှင်းပေးရမည့် တာဝန်ရှိကြောင်း၊ ၎င်းတာဝန်ကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြား


ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့၏ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် မစ္စတာ သောမတ်အိုဟေး၊ကွင်တားနားသည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့၌ လွှတ်တော် သို့ရောက်ရှိကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၉ ဦးတို့နှင့် လွှတ်တော် ဇမ္ဗူသီရိ ဧည့်ခန်းဆောင်၌ နှစ်နာရီခန့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ကိုယ်စားလှယ်များ ပြောပြကြသည့် ဒေသတွင်းအခက်အခဲများအကြောင်းကို အထူးစိတ်ဝင်စားကြောင်း၊ ကုလသမဂ္ဂသို့ ပြန်လည် တင်ပြမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တို့သည် လူထုက ရွေးချယ်တင်မြှောက်ထားသူများ ဖြစ်သောကြောင့် လူထု ကိုယ်စား၊ လူထု၏အခက်အခဲများကိုဖြေရှင်းပေးရမည့် တာဝန်ရှိကြောင်း၊ ၎င်းတာဝန်ကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားကြစေလိုကြောင်း၊ မိမိတို့အနေဖြင့်လည်း အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်ဟု အဆိုပါတွေ့ဆုံပွဲတွင်ပါဝင်ခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီက မြန်မာတိုင်း(မ်)ကို ဖြေကြားသည်။

"မစ္စတာ ကွင်တားနားက လွှတ်တော်အစည်းအဝေး ဒုတိယနေ့ မနက်ပိုင်းမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အရင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်မောင်မြင့်နဲ့ ဆက်လက် တွေ့ဆုံပါတယ်။ အဲဒီလို အကြီးအကဲတွေနဲ့ တွေ့အပြီး မနက် ၁၀ နာရီခွဲကနေ ၁၂ နာရီခွဲအထိ ကျွန်တော်တို့ ကိုယ်စားလှယ် ၁၉ ဦးနဲ့ ဆက်တွေ့ပါတယ်"ဟု ၎င်းက ပြောကြားသည်။

မစ္စတာကွင်တားနားနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသော ကိုယ်စားလှယ်တို့မှာ တိုင်းရင်းသားနှင့် ဒီမိုကရေစီအင်အားစုပါတီ ၁၇ ပါတီမှ ၁၇ ဦး၊ ပြည်ခိုင်ဖြိုး ပါတီမှ တစ်ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

"သူစိတ်ဝင်စားတာကတော့ အကျဉ်းသားတွေကိစ္စပါ။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ကို ဘာတွေ တင်ပြသွားဖို့ ပြင်ဆင်ထားသလဲလို့ သူက အားလုံးကိုမေးပါတယ်။ ကိုယ်စားလှယ်အများစုကတော့ ကိုယ့်ဒေသမှာကြုံ နေရတဲ့ ကိစ္စများကို ပြောပြကြတယ်။ "ကျွန်တော်ကတော့ အကြောင်းအရာနှစ်ခုပဲ သူ့ကိုပြောဖြစ်တယ်။ ပထမ အချက်က လက်နက် ကိုင်တွေနဲ့ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ရေဘေးလေဘေး လိုမျိုး၊ဒုက္ခသည်စခန်းတွေ၊ဖွင့်ပေးသင့်တယ်။ နယ်စပ်မှာ သွားဖွင့်တာ မျိုးထက် တကယ်ကြုံတွေ့နေရတဲ့ ဒေသတွင်းမှာ ရှိတဲ့ မြို့ကြီးတွေမှာ ဖွင့်ပေးစေချင်တယ် လို့ ပြောဖြစ်တယ်"ဟု ဦးစိုင်းဆောင်ဆီ က မစ္စတာကွင်တားနားနှင့် လွှတ်တော် ကိုယ်စားလှယ်တို့ ဆွေးနွေးကြသည့် အကြောင်းအရာများကို ပြန်ပြောပြသည်။

၎င်းတင်ပြသည့် နောက်ထပ် အကြောင်းအရာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်သည့်ကိစ္စဖြစ်ကြောင်း၊ ယခင်က ဤသို့ ရွေးချယ်ခြင်း၌ လူထုဆန္ဒနှင့်အညီ ရွေးချယ်နိုင်ရန် ရေရာသေချာသော ရွေးချယ်နည်းမရှိခဲ့သော်လည်း ယခု ပြည်ထောင်စုလွှတ် တော်က ချမှတ်ပေးလိုက်သော ဥပဒေကြမ်းအရ ၁၀ အိမ် လူတစ်ဦး၊ အိမ် ၁၀၀ လူ ၁၀ ဦးမှသည် အချင်းချင်း လျှို့ဝှက်မဲစနစ် ဖြင့် လူထုဆန္ဒနှင့်အညီ ရွေးချယ်ခန့်အပ် နိုင်တော့မည်ဖြစ်၍ မိမိတို့ စိတ်သက်သာရာ ရရှိနိုင်သွားပြီဖြစ်သည်ဟု မစ္စတာ ကွင်တားနားကို ပြောပြခြင်းဖြစ်ကြောင်း သိရသည်။

"မစ္စတာကွင်တားနားက ရန်ကုန် UNDP ရုံးမှာ တိုင်းရင်းသားတချို့နဲ့ ၂၅ ရက်နေ့မှာ တွေ့ဖို့ချိန်းထားတယ်လို့လည်း ကြားသိရ ပါတယ်"ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

မစ္စတာကွင်တားနား၏ ဩဂုတ်လ ၂၁ ရက်မှ ၂၅ ရက်အတွင်း မြန်မာနိုင်ငံ ခရီးစဉ်တွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း တွေ့ဆုံနိုင်ရန် ရည်ရွယ်ထားကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားခဲ့သည်။

စိုးသန်းလင်း

နိုင်ငံတော်သမ္မတက စီးပွားရေး၊ လူမှုရေးအဖွဲ့များအား ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ


ဒီကနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သ လိုက်ပါတယ်။

ကျွန်တော့အနေနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့အား ပြည်သူများ ရွေးချယ် တာဝန်ပေးအပ်ခဲ့ပြီး တိုတောင်းတဲ့ သက်တမ်းကာလ လေးလကျော် ငါးလ အတွင်း ပြည်သူများ ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရန် ဆောင် ရွက်ခဲ့တဲ့ လုပ်ငန်းများ၊ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေနဲ့ အစိုးရရဲ့ သဘောထား ရပ်တည်ချက်များကို ကြုံကြိုက်တုန်း ပြော ကြားလိုပါတယ်။

ကျွန်တော်တို့အစိုးရတက်လာစက တိုင်းပြည်ကို ကတိက၀တ်ပြုခဲ့တဲ့ လုပ်ငန်းများအနက် ဦးစားပေးလုပ်ဆောင်နိုင်တဲ့ လုပ်ငန်းများကို ရွေးချယ်ပြီး ရက်ပိုင်း၊ လပိုင်းအတွင်းမှာပဲ စီးပွားရေးနဲ့ ပတ်သက်တဲ့ အဟန့်အတားအချို့ကို ဖယ်ရှားပေးခဲ့ပြီး ဈေးကွက်စီးပွားရေး စနစ်ရဲ့ လွတ်လပ်မှုနဲ့ ယှဉ်ပြိုင်မှုအချို့ကို ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ပေး ခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးလက်နေ ပြည်သူများရဲ့ လူမှုစီးပွား ဘ၀ကို မြှင့်တင်ပေးလိုတဲ့ ဆန္ဒနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး အလုပ်ရုံဆွေးနွေး ပွဲတစ်ခုကို စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ၀န်ကြီး ဌာနအသီးသီးတို့မှ အရာရှိကြီးများ၊ လူထုလူတန်းစား အလွှာအသီးသီးတို့မှ ပုဂ္ဂိုလ်များ အပါအ၀င်ဖြင့် နေပြည်တော်မှာ ကျင်းပပြုလုပ် ပေးခဲ့ပါတယ်။

အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာ ရရှိလာတဲ့ အကြံပေးချက်များအပေါ် လုပ်ငန်းစဉ်(၈)ရပ်ကို ရွေးထုတ်ချမှတ်ပြီး ဗဟိုမှအောက်ခြေ အထိ လုပ်ငန်းကော်မတီအသီးသီးဖွဲ့စည်းကာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့အတွက် ဒီကနေ့ ကျေးလက်နေ တောင်သူ လယ်သမားများ၊ မြို့ပေါ်ရပ်ကွက် အပါ အ၀င် လက်လုပ်လက်စားများနှင့် ခေါင်း ရွက်ဗျပ်ထိုး ဈေးသည်များပါမကျန် ထိုက်သင့်တဲ့ အကျိုးကျေးဇူးများကို လက်တွေ့ခံစားနေကြရပြီဖြစ်ပါတယ်။

တစ်ချိန်က တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့ ပင်စင်စားဝန်ထမ်းများအနေနဲ့ မလောက်မငရခဲ့ကြတဲ့ ပင်စင်လစာကလေးနဲ့ သူတို့ရဲ့ဘ၀ကို ချို့ချို့တဲ့တဲ့ ရပ်တည်နေခဲ့ကြရတဲ့ အခြေ အနေမှ ယခုအခါမှာ ပင်စင်လစာများ တိုးမြှင့်ပေးခဲ့တဲ့အတွက် စားနိုင်၊ နေနိုင်၊ လှူတန်းနိုင်တဲ့ သူတို့ရဲ့ဘ၀ကို ကျေနပ် နှစ်သိမ့်ပြီး ပျော်ရွှင်ချမ်းမြေ့နေကြတာကို အားလုံး မြင်တွေ့နေကြရပြီ ဖြစ်ပါတယ်။

ဒီမြင်ကွင်းကို မြင်ကြရသူတိုင်းဟာလဲပဲ ဒီပင်စင်စားကြီးများနဲ့ ထပ်တူထပ်မျှ ပျော်ရွှင်ကြည်နူးမိကြတာ အမှန်ပဲဖြစ်ပါတယ်။ ယခု အခါမှာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းနဲ့ဒေါ်လာငွေဈေးကျဆင်းနေမှုများဟာ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကိုပါ ရိုက်ခတ်လျက်ရှိ နေပါတယ်။

လွန်ခဲ့တဲ့လတွေက အမေရိကန် တစ်ဒေါ်လာ ငွေလဲနှုန်းဟာ ပြည်တွင်း ငွေ ၈၀၀ ကျပ်ခန့် အချိန်အတော်ကြာ ရပ်တန့်နေသော်လည်း ယခုအခါမှာ ၇၅၀ ကျပ်ခန့်အထိ ကျဆင်းသွားတဲ့အတွက် ပို့ကုန်လုပ်ငန်းအချို့ ကျဆင်းခဲ့ပါတယ်။

ပို့ကုန်ကျဆင်းတာနဲ့အမျှ ပြည်တွင်းဝယ်လိုအားပါ ကျဆင်းလာပြီး ထုတ်လုပ်သူများကိုပါ ထိခိုက်လာနိုင်တဲ့ အတွက် အထူးသဖြင့် မြန်မာ့စီးပွားရေးမှာ လယ်ယာထုတ်ကုန်များကိုသာ ပြည်ပပို့ကုန်အဖြစ် အားထားနေကြရတဲ့အတွက် တောင်သူလယ်သမားများထိ ခိုက်မှုမရှိစေရအောင် နည်းလမ်းများ ရှာဖွေဆောင်ရွက်လျက်ရှိပါတယ်။

တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ဒီနှစ်မှာ ရာသီဥတုဖောက်ပြန်မှုကြောင့် တစ်နိုင်ငံလုံး မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ဧရာဝတီ၊ ပဲခူးတိုင်း ဒေသ ကြီးရှိ မြို့နယ်အချို့နဲ့ ရခိုင်၊ ကရင်၊ မွန် ပြည်နယ်ရှိ မြို့နယ်အချို့တို့မှာ ရေကြီး နစ်မြုပ်မှုအန္တရာယ်ကို ယနေ့တိုင် ကြုံ တွေ့နေရဆဲ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတို့နဲ့အတူ စေတနာရှင်ပြည်သူများ၊ တပ်မတော်သားများရဲ့ ကူညီစောင့်ရှောက် မှုတွေကြောင့် အတန်အသင့် သက်သာရာရခဲ့သော်လည်း လယ်ယာများ ရေလွှမ်းမိုးမှု အကြိမ်ကြိမ် ကြုံတွေ့ရတဲ့ တောင်သူလယ် သမားများဟာ အထိအနာဆုံးဖြစ်ပါတယ်။

ယခုအခါမှာ တောင်သူလယ်သမားများအား မျိုးစပါးများ စီမံပေးခြင်း၊ စိုက်စရိတ်ကို ယခင်တစ်ဧက ကျပ် (၂၀,၀၀၀) ထုတ်ချေးရာမှ ယခုအခါ ကျပ် (၄၀,၀၀၀) အထိ နိုင်ငံတော်မှ တိုး၍ ထုတ်ချေးပေးခဲ့တဲ့အပြင် ပုဂ္ဂလိက ငွေစုငွေချေးအသင်းများမှလည်း ပါဝင် ကူညီပြီး ဆောင်ရွက်ပေးပါတယ်။

စပါးပေါ်ချိန်မှာ တောင်သူလယ်သမားများ အရှုံးမပေါ်စေရအောင် အစိုးရနှင့် ဆန်ကုန်သည်ကြီးများ ဖက်စပ်ငွေကြေး စိုက်ထုတ်ကာ အခြေခံဈေးနှုန်းတစ်ခုဖြင့် သတ်မှတ်ဝယ်ယူပြီး နိုင်ငံတော်ရဲ့ အရန်ဆန်အဖြစ်ထားရှိရန် အစီအစဉ် သစ်တစ်ရပ်ကို ကျွန်တော်တို့ စီမံထား ပြီးဖြစ်ပါတယ်။

ပြည်ပပို့ကုန် ပို့နေတဲ့ ကုန်သည်ကြီးများ ပို့ကုန်ကျဆင်းမသွားစေရန်နှင့် ဒေါ်လာဈေး ကျဆင်းမှုအပေါ် ထိခိုက်နစ်နာမှု သက်သာ စေရန် ယခင်က အခွန်အကောက်အဖြစ် ကုန်သွယ်ခွန် (၈)ရာခိုင်နှုန်းကို (၅)ရာခိုင်နှုန်းသို့ လျှော့ပေးခဲ့ရာမှ ယခုအခါ အားလုံး လျှော့ပေါ့ပေးပြီး ကုန်သွယ်ခွန်ပေးရန်မလိုဘဲ လွတ်လပ်စွာ ကုန်သွယ်နိုင်အောင် နိုင်ငံတော်မှ စီမံပေးခဲ့ပါတယ်။

အခြားပို့ကုန်များနဲ့ အထည်ချုပ် လုပ်ငန်းများကိုလည်း သက်သာမှုရအောင် စီမံပေးသွားမှာ ဖြစ်ကြောင်း အသိပေးပြောကြားလို ပါတယ်။

ယခု ဒေါ်လာငွေကြေး ဂယက်ဟာ မည်သည့်အတိုင်းအတာအထိ ရိုက်ခတ်မည်ကို ကြိုတင်တွက်ဆပြီး မိမိတို့ အစိုးရအပိုင်းကရော ပြည်သူ များအပိုင်းကပါ သတိရှိရှိနဲ့ ကြိုတင် ပြင်ဆင်မှုများ လုပ်ထားကြဖို့ လိုအပ်ပါတယ်။

ပြည်ပကို မပို့ရသည့်တိုင် မိမိတို့ တိုင်းပြည်အနေနဲ့ ပြည်တွင်းမှာ စားနပ်ရိက္ခာ ပြည့်စုံဖူလုံစွာ ရှိနေတဲ့အတွက် ပြည်သူများအတွက် အထူးပူပန်စိုးရိမ်စရာ မရှိပါကြောင်း ပြောကြားလိုပါတယ်။

သို့သော်လည်း ပြည်ပ သွင်းကုန်များကို စိစိစစ်စစ်နဲ့ သွင်းကြရမှာဖြစ်လို့ မလိုအပ်တာတွေကို ခြိုးခြံချွေတာ သုံးစွဲကြဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ကနုနု၊ မုန်တိုင်းက ထန်ထန် ဆိုသလိုပါပဲ။

ကျွန်တော်တို့ အစိုးရသစ်တက်လာတဲ့ မကြာခင်မှာပဲ ကချင်ပြည်နယ်ဘက်မှာ ကေအိုင်အို၊ ကေအိုင်အေအဖွဲ့တွေနဲ့ ပြဿနာဖြစ်ခဲ့ ရပါတယ်။ အမှန်တော့ ဒီအဖွဲ့ဟာ ကချင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့အဖွဲ့ မဟုတ်ပါဘူး။

ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံတော်ရဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို ဖျက် လိုဖျက်ဆီးလုပ်ရာမှ ပြဿနာစခဲ့တာ ဖြစ်ပါတယ်။

ယခုအခါ ဗန်းမော်ခရိုင် အတွင်းမှာ လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်တာဝါတိုင်တွေ ဖောက်ခွဲဖျက် ဆီးခံခဲ့ရလို့ တော်တော်များများ ပျက်စီး ကုန်ပါပြီ။ ဘယ်သူတွေ ဒုက္ခရောက်သလဲဆိုရင် ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေပဲ သွားရေး လာရေး ခက်ခဲပြီး ဒုက္ခရောက်ကြရတာ ဖြစ်ပါတယ်။ ယခုအခါမှာ သူတို့ အန္တရာယ်ကိုကြောက်လို့ ရှောင်တိမ်း ထွက်ပြေးနေကြရတဲ့ ပြည်သူ တွေဟာ စိုက်ချိန်ပျိုးချိန်မှာ မစိုက်ရလို့ လာမယ့် နှစ်မှာ အဲဒီပြည်နယ်အတွင်း ဆန်ရေ စပါးရှားပါးမှုနှင့် ကြုံတွေ့ကြရအုံးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကချင်ပြည်နယ်က တိုင်းရင်းသားပြည်သူတွေနဲ့ ခရစ်ယာန်အသင်း၊ ယဉ်ကျေးမှုစာပေအသင်း စတဲ့ အသင်းအဖွဲ့တွေ အနေနဲ့ စစ်ကို ရပ်စဲပေးဖို့၊ ငြိမ်းချမ်းရေးအမြန်ရယူပေးဖို့ ကျွန်တော့ဆီ စာတွေ ရေးကြပါတယ်။

ဒီစာတွေကိုလည်း သတင်းစာမှာ နေ့စဉ် ဖော်ပြသွားမှာဖြစ်ပါတယ်။

တပ်မတော်အပိုင်းကတော့ တုံ့ပြန် ပစ်ခတ်မှုက လွဲလို့ ပစ်ခတ်တိုက်ခိုက် မှုတွေမလုပ်ပါဘူး။ လူသတ်၊ မိုင်းခွဲ၊ ပြန်ပေးဆွဲ၊ ဆက်ကြေး ကောက် စတဲ့ လုပ်ရပ်တွေဟာ တစ်ကမ္ဘာလုံးက လက်မခံတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်လုပ်ရပ် တွေကို အမြန်ရပ်ဆိုင်းပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေး ကြဖို့ ကျွန်တော်တို့ ဗဟိုအစိုးရက ပြည်နယ်အစိုးရကို ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

ကချင်ပြည်နယ် အစိုးရ အဖွဲ့အနေနဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး အကြိမ်ကြိမ် ဖိတ်ခေါ်ဆွေးနွေးနေ တယ် လို့ သိရပါတယ်။

ကိုယ့်တိုင်းရင်းသားတွေဖြစ်လို့ ကျွန်တော်တို့ စိတ်ရှည် သည်းခံပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့် စောင့်စားနေပါတယ်။

ဒီကေအိုင်အို၊ ကေအိုင်အေအဖွဲ့ တင်မဟုတ်ပါဘူး။ ရှမ်းပြည်နယ်နဲ့ ကရင် ပြည်နယ်မှာရှိတဲ့ အစိုးရကို ဆန့်ကျင် နေတဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့မဆို ငြိမ်းချမ်းရေးရယူလိုတဲ့ဆန္ဒရှိရင် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့နဲ့ အချိန် မရွေး ဆွေးနွေးနိုင်ပါတယ်။ ဒီကိစ္စ ကျွန်တော်တို့ လမ်းဖွင့်ပေးထားပါတယ်။

ကျွန်တော်တို့ ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို အဓိကထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ပြည်တွင်းမှာရှိတဲ့ သဘောထားအမြင်ချင်း မတူကြတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်း တွေကိုလည်း မတူကွဲပြားတာတွေကို ဘေးဖယ်ထားပြီး တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိစေမယ့် ဘုံ အကျိုးစီးပွားတွေမှာ ပူးပေါင်းဆောင် ရွက်ကြဖို့ ကျွန်တော်တို့ အမြဲဖိတ်ခေါ် ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားများကိုလည်း ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန် သွားတာမရှိဘူးဆိုရင် အချိန်မရွေးပြန်လာနိုင်ဖို့ ကျွန်တော်တို့ စဉ်းစားပေးမှာဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်တဲ့ ပြစ်မှုခံယူဖို့ ပြန်လာမယ်ဆိုရင်တောင် ကျွန်တော်တို့ သဘောထားကြီးစွာနဲ့ စဉ်းစားပေးမှာ ဖြစ်ပါတယ်။

ရိုးသားတဲ့ စိတ်ရင်းစေတနာရှိသူတိုင်းဟာ ကိုယ့်နိုင်ငံကို ချစ်ကြပါတယ်။ ကိုယ့်နိုင်ငံကို ကောင်းစားစေလိုကြပါတယ်။ ညီညီ ညွတ်ညွတ်၊ ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနဲ့ နေလိုကြပါတယ်။ ကိုယ့်မြေ၊ ကိုယ့်ပြည်၊ ကိုယ့်ဆွေမျိုး အသိုင်းအ၀ိုင်းကို ခင်တွယ်ကြပါတယ်။

ငြိမ်းချမ်းသာယာဝပြောတဲ့ လူ့ဘောင် အဖွဲ့အစည်းကြီးကို ထူထောင်လိုကြပါ တယ်။ဒါဟာ ကျွန်တော်တို့ရဲ့ တူညီတဲ့ ဆန္ဒဖြစ်ပါတယ်။ ဒီ Common Ground ပေါ် အခြေခံပြီး ငြိမ်းချမ်းသာယာတဲ၊့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ၊ ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါ၀ါ နေနိုင် တဲ့ နိုင်ငံဖြစ်အောင် ၀ိုင်းဝန်းတည်ဆောက်ကြဖို့ ကျွန်တော့အနေနဲ့ တိုက်တွန်းလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားရရင်-

ဒီကနေ့ အချိန်အခါဟာ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်နဲ့ အသစ်တစ်ဖန် ပြန်တည်နေရတဲ့အချိန်ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေရှိနေသလို အခွင့်အလမ်းကောင်းတွေလည်း ရှိနေပါတယ်။ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံကျော်လွှားပြီး အခွင့်အလမ်းကောင်းတွေကို အရအမိဆုပ် ကိုင်ထား ဖို့လိုပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းစဉ်တစ်လျှောက်မှာ မတည်မငြိမ် မအေးမချမ်းနဲ့ ကုန်လွန်သွားခဲ့ရတဲ့ ကာလတွေကို အလွန်နှမြောဖို့ ကောင်းပါတယ်။

လွတ်လပ်ရေးရပြီးစက ကျွန်တော်တို့ထက် နိမ့်ကျတဲ့နိုင်ငံတွေ၊ တန်းတူရည်တူနိုင်ငံတွေဟာ ကျွန်တော်တို့နိုင်ငံကို များစွာကျော်ဖြတ် သွားကြပြီ ဖြစ်ပါတယ်။

ဒီအချိန်ဟာ ရန်ဖြစ်ငြင်းခုံ နေကြရမယ့်အချိန်၊ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြစ်ရှာ၊ အပြစ်ပြော နေကြရမယ့်အချိန်မဟုတ်တော့ ပါဘူး။

စည်းလုံးညီညွတ်ကြရင် ကြီးပွားတိုးတက် နိုင်တဲ့ ရေခံမြေခံကောင်းတွေ ကျွန်တော် တို့တိုင်းပြည်မှာ ရှိပြီးဖြစ်ပါတယ်။ ဒီနိုင်ငံဟာ နိုင်ငံသားအားလုံးပိုင်တဲ့နိုင်ငံဖြစ်ပါတယ်။

ကိုယ့်နိုင်ငံ ပျက်စီးဆုံးရှုံးမသွားရအောင် နိုင်ငံသားတိုင်း အားလုံး ၀ိုင်းဝန်း စောင့်ရှောက်ကာကွယ်သွားကြဖို့ တာဝန်ရှိပါတယ်။

ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်အတွက် ကောင်းတဲ့ အမွေခံပတ်ဝန်းကျင်ကို တည်ဆောက်သွားကြဖို့ လိုအပ်ပါကြောင်း
ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

http://www.myanmar.mmtimes.com/2011/news/531/news01.html

The Irrawaddy Myitsone Dam Built by China

ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့တာဝန်ခံ ကိုဝင်းအောင်နဲ့ ဆက်သွယ်မေးမြန်းခြင်း

ရခိုင် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြီးမှာ ရင်းနှီးမြုပ်နှံနေတဲ့ နိုင်ငံခြားက ကုမ္ပဏီတွေက ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆိုပြီးတော့ ကူညီပေးတာတွေကို အခုတလောမှ ခပ်စိတ်စိတ် တွေ့လာ ရပါတယ်။ ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ကိုရီးယား ဟွန်းဒိုင်း အကြီးစား စက်မူ လက်မူ ကုမ္ပဏီက ကျပ် သိန်းပေါင်း ၅၈၀ ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကတဆင့် ကျောက်ဖြူဆေးရုံကြီး ပြန်လည် မွန်းမံ ပြင်ဆင်ရန်နဲ့ ဆေးရုံသုံး ကရိယာတွေ ၀ယ်ယူဖို့ လှူဒါန်းခဲ့ပါတယ်။ နောက်ပြီး ဂတ်စ်ပိုက်လိုင်း ဖြတ်သန်းမယ့် ရခိုင်၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်က ဒေသတွေ အတွင်းက စာသင် ကျောင်းပေါင်း ၈ ကျောင်းနဲ့ ဆေးရုံ ဆေးခန်း ၄၉ ခုအတွက် တရုတ် ကုမ္ပဏီ China National Patroleum Cooperation ( CNPC) က အမေရိကန် ဒေါ်လာ ၆ သန်းကို ကူညီ လှူဒါန်းသွားမယ်လို့ ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေက ဒေသ ဖွံ့ဖြိုးရေး အတွက် အကူအညီတွေ ခုတလော မှာ ကူညီ ပေးအပ် လှူဒါန်းတာဟာ ဘာကြောင့်ပါလဲ။ ရွှေဂတ်စ် လှုပ်ရှားမှု အဖွဲ့ ခေါင်းဆောင် ကိုဝင်းအောင်ကို မေးကြည့်တဲ့ အခါ သူက အခုလို စတင် ပြောကြားပါတယ်။


ဖြေ။ ။ လောလောဆယ် ကျနော်တို့နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အတိုင်းတာကို ပြောရမယ်ဆိုရင် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက စွမ်းအင်ကဏ္ဍမှာ တော်တော်လေး ထိုးထောင် တက်လာတာကို တွေ့နေ ရပါတယ်။ တပြိုင်နက်တည်းမှာပဲ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်စပ်ပြီးတော့ ဒေသခံတွေရဲ့ လုပ်ငန်း ကိုင်ငန်းတွေ ဘဝပျက်ပြီးတော့ ပြည်တွင်းစစ် ဖြစ်လာတဲ့ အထိ အသွင်သဏ္ဌာန်တွေကို မြင်တွေ့ လာရတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် လောလောဆယ် သူတို့ရဲ့ ကူညီနေမူတွေဟာ နိုင်ငံတော် က တဆင့် (လက်ရှိအစိုးရက တဆင့်) ဒေသခံတွေကို အကူညီပေးနေတဲ့ အကူအညီတွေ ဖြစ်နေတဲ့ အတွက် အခု အကူအညီတွေဟာ ဟန်ပြ အကူအညီတွေလို့ဘဲ မြင်တယ်။ အဲဒီ ဟန်ပြ အလှူငွေ ပေးရုံလောက်ကို သူတို့အနေနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားပြီးတော့ လှူဒါန်း ကူညီတာလို့ ကျနော်အနေနဲ့ မမြင်ဘူး။ တကယ့် တကယ် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒေသခံတွေမှာ ဘယ်လောက်ထိ ဆုံးရှုံး နစ်နာမှုတွေ ဖြစ်နေတယ်။ ဒေသတွင်းမှာ ဘယ်လောက်ထိ မတည်ငြိမ်မှုတွေ ဖြစ်နေတယ် ဆိုတာကို အလေးထားသင့်တယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ ဂတ်စ် စီမံကိန်းတွေ အပါဝင် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမူတွေ ပြုလုပ် နေတဲ့အတွက် ဒေသတွင်းမှာ ပြသာနာတွေ၊ ဆှုံးရှုံးမှုတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်နေတယ်ဆိုတော့ ခုလို အခြေအနေတွေက ဘယ်ဒေသတွေမှာ ဖြစ်ပေါ် နေတာပါလဲ။

ဖြေ။ ။ အထူးသဖြင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်နေတဲ့ နေရာတွေနဲ့ ရေကာတာ စီမံကိန်း နေရာတွေမှာ ပိုပြီးသိသာ ထင်ရှားနေပါတယ်။ သူတို့အနေနဲ့ မဖြစ်စလောက်လေးကို သတင်းစာကြီးထဲမှာ ကျေညာပြီး လုပ်တယ်ဆိုတာ တကယ့်တကယ် ဒေသခံတွေ ရေရှည် စားဝတ်နေရေး အဆင်ပြေဖို့ လယ်ယာမြေတွေ သိမ်းပိုက်မှုကို သူတို့အနေနဲ့ ရှောင်ရှားသင့်တယ်။ နောက်တခုက ဆေးရုံးတွေ ဘာတွေ ဆောက်တယ်ဆိုပေမဲ့ အဲဒီ ဆေးရုံမှာ ဆေးလည်း မရှိဘူး၊ လုံလောက်တဲ့ ဆရာဝန်၊ သူနာပြုတွေလည်း မရှိဘူး။ ဒေသခံတွေ အတွက်လည်း ဘာမှ အကျိုး အမြတ် မရှိဘူး။ နောက်တခုက မြန်မာ တနိုင်ငံလုံး လူဦးရေ ၈၀ ရာခိုင်နှုန်းက လျှပ်စစ်မီး မရရှိကြ ဘူး။ ဒါပေမဲ့ တိုင်းပြည်မှာရှိတဲ့ သယံဇာတတွေ အားလုံးကို တရုတ်နဲ့ အိမ်နီးရှင်း နိုင်ငံတွေကို ရောင်းနေတယ် ဆိုတော့ အဲဒီဟာတွေကိုလည်း သူတို့အနေနဲ့ ဒေသခံတွေ တိုင်းသူပြည်သားတွေ ဘယ်လောက်ထိ ဖိနှိပ်ခံနေရတယ် ဆိုတာ စဉ်စားထားသင့်တယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ သူတို့က အခုလို အကူညီပေးတယ် ဆိုတာ ဒေသဖွံ့ဖြိုးရေးကို လုပ်တာဟာ ကောင်းတဲ့ အချက် မဟုတ်ဘူးလား။ အဲဒီအပေါ်မှာ ကိုဝင်းအောင် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ကျနော်တို့ အနေနဲ့ ရေရှည်စီးပွားရေးကို အများကြီးကြိုဆိုပါတယ်။ ကုမ္ပဏီတွေအနေနဲ့လည်း ဒေသဖွံ့ဖြိုးရေးအတွက်ကူညီ ပေးတာကို လက်ခံပါတယ်။ ဒါပေမဲ့ အခု အခြေအနေမျိုးက သူတို့ရဲ့ တွဲဖက် လုပ်ကိုင်နေတဲ့ စစ်တပ် ကျောထောက် နောက်ခံ ပြုထားတဲ့ အစိုးရအနေနဲ့ အဲဒီဟာတွေကို တော်တော်လေးကို လှစ်လူရှု့ပြီးတော့ ဒီပြင်ဟာတွေကို မှေးမှိန်အောင်လုပ်နေတာ ကျနော်တို့ တွေရတယ် ခင်ဗျာ။ သူတို့အနေနဲ့ အကောင်ထည်ဖော်တဲ့ လုပ်ငန်းတွေမှာ ပိုပြီးတော့ နိုင်ငံရေး တစုံတခုထိ တည်ငြိမ်လာနိုင်တဲ့ အနေထားတခုမှာမှ တကယ့်တကယ် ဒေသခံတွေ ပါဝင် ပတ်သက်ပြီးတော့ ဆုံးဖြတ်နိုင်တဲ့ အနေထားတခုမှာ ဒေသခံတွေ အကျိုးမြတ်ရမယ်လို့ ကျနော့် အနေနဲ့ပြောချင် ပါတယ်။

မေး။ ။ ဆေးရုံးတွေ၊ ကျောင်းတွေ ဆောက်ပေးတဲ့ တွက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ တစိတ်တဒေသ အကူညီ အထောက်ပံ့ဖြစ်တယ်လို့ကော ကိုဝင်းအောင်တို့ ပြောလို့ မရနိုင်ဘူးလား။

ဖြေ။ ။ ကုမ္ပဏီအနေနဲ့ ကျောင်းတွေ ဆောက်တာ ဆေးရုံတွေဆောက်တာ တွေကို ကျနော်တို့ အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမဲ့ အဲဒီအကူညီတွေက ကျနော်တို့ ဒေသခံတွေဆီ မရောက်ဘူးခင်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ တနိုင်ငံလုံးမှာ ဒုတိယ အဆင်းရဲဆုံး အခြေအနေမျိုးကို ရောက်နေ တယ်ဆိုတော့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေထဲမှာ ရခိုင်ပြည်သူတွေက လျှပ်စစ်မီး ရတာကလည်း အနည်းဆုံး အဆင့်မှာရှိတယ်။ သူတို့အနေနဲ့ အလှူဒါန်းတွေ ပြပြီးတော့ လယ်သမားတွေ ဆီက လယ်တွေကို အတင်းအားဓမ္မ သိမ်းပိုက်တာတွေရှိတယ်။ နောက်တခုက အတင်း အားဓမ္မ စေခိုင်း တယ်။ အဲဒီမှာ ရှိတဲ့ ဒေသအာဏာပိုင်တွေက တဆင့် ဒေသခံတွေအပေါ်မှာ မတရားသဖြင့် နှိပ်စက်တယ်၊ ခေါင်းပုံဖြတ်တယ်။ အဲဒါမျိုးတွေက သူတို့ရဲ့ မဖြစ်စလောက် လှူဒါန်း ပြရုံနဲ့ ကျနော်တို့ ဒေသမှာဖြစ်နေတဲ့ လူထုရဲ့ ပြသာနာကို ဖြေရှင်းလို့ မရဘူး။ အဲဒီဟာတွေကို ကူညီ လှူဒါန်းရုံနဲ့ ဒေသ ဖွံ့ဖြိုး တိုးတက် လာတယ်လို့ ပြောလို့ မရဘူး။

မေး။ ။ ရခိုင်ပြည်ထဲမှာ ရွှေဂတ်စီမံကိန်းမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေ အနေနဲ့ ဘယ်အတိုင်း အတာထိ လုပ်ပေးသင့် တယ်လို့ မြင်ပါလဲ။

ဖြေ။ ။ သူတို့အနေနဲ့ နိုင်ငံတကာ စံချိန် စံနှုန်း ရှိတဲ့ ဥပဒေနဲ့ အညီ စည်းမျဉ်း စည်းကမ်းချ ပြီးတော့ အဲဒီ စည်မျဉ်း စည်းကမ်းအောက်က အလုပ်လုပ်နိုင်တဲ့ အနေထားတခုကို သူတို့အနေနဲ့ စောင့်သင့် တယ်။ သူတို့အနေနဲ့ လုပ်ငန်းတွေကို အကောင်ထည်ဖော်တဲ့နေရာမှာ ဒေသခံတွေရော ကုမ္ပဏီ တွေပါ ညီတူညီမျှ အကျိုးအမြတ် တွေကို မျှဝေခံစားနိုင်လောက်တဲ့ အခြေနေ တခုထိ ရောက်ရှိအောင် သူတို့ အနေနဲ့ စောင့်သင့်တယ်။ အဲဒီအခြေအနေ ကလည်း တကယ့်တကယ် ပြည်သူလူထုတွေက ပါဝင်ပတ်သက်ပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်ရတဲ့ တွေ့ဆုံ ဆွေးနွေး ခွင့်တွေ ဒီမိုကရေစီ အသွင်သဏ္ဌာန်ကို ဆောင်တဲ့ အဲဒီဟာမျိုးခါမှ အကျိုးမြတ်ရရှိမယ်လို့ ကျနော် ယူဆပါတယ်။

မေး။ ။ ဂတ်စ်တွေ တူးဖော်တဲ့အတွက် ရခိုင်ဒေသတွင်းမှာ ပြည်သူတွေ နစ်နာမှုတွေက ဘာတွေ ရှိပါလဲ။ နစ်နာမူတွေရှိပေမယ့် နောင်မှာ ဒေသဖွံ့ဖြိုးတိုး တက်မှုကိုရော မဖြစ်နိုင်ဘူးလား။

ဖြေ။ ။ ကျနော်တို့ သိရသလောက် ရခိုင်ပြည်က ထွက်တဲ့ သဘာဝဓာတ်ငွေ့ကို ရှိသမျှအကုန်လုံးကို တရုတ်ပြည်ကို ရောင်းမှာ။ ဒါပေမဲ့ ဒီစီမံကိန်းတွေကို စပြီးအကောင်ထည်ဖော်ကတည်းက ဒေသခံတွေ သူတို့ရဲ့ လယ်ယာမြေတွေကို သိမ်းပိုက်ခံရတာမျိုးတွေ ရှိတယ်။ သူတို့ရဲ့ ရေရှည် ဘဝ ရပ်တည်ရေး အတွက် လုပ်ကိုင် စားသောက်မှုတွေ ပျက်တာတွေရှိတယ်။ နောက်တခုက အလုပ်သမားတွေကို ပိုက်ဆံ မဖြစ်စလောက်ပေးပြီးတော့ ခေါင်းပုံဖြတ်တာတွေ၊ အတင်း အားဓမ္မ စေခိုင်းတာမျိုးတွေက တကယ့် လက်တွေ့မှာ ဒေသခံတွေ ခံစားနေရတဲ့ ဒုက္ခတွေလို့ ပြောလို့ရတယ်။ ဒီစီမံကိန်း ပြီးသွား ရင်လည်း ရခိုင်ပြည်သူတွေ အတွက် ဘာမှ ကျန်မှာ မဟုတ်ဘူး။ ဒီစီမံကိန်းက တရုတ်စီမံကိန်း တရုတ်အတွက်ပဲ။ ဒေသခံတွေအတွက် လောလောဆယ်မှာ ဘာအကျိုးမြတ်မှ ရတာကို မတွေ့ရသေးဘူး။

အဲဒါကြောင်း ဒီစီမံကိန်းပြီးသွားရင် ဆင်းရဲမွဲတည် စုတ်ပြတ်သတ်နေတဲ့ ရခိုင်ပြည်သားတွေ အတွက် ဘာမှ အကျိုးမြတ်ရှိမယ်လို့ ကျနော်မမြင်ဘူး။

Daw Aung San Suu Kyi's Meeting with Quintana

Shwe Gas Movement in London 28-10-09

ရွှေဂစ် ရခိုင်

Daw Aung San Suu Kyi's Meeting with President Thein Sein

KIA & Myanmar Government Meeting For Peace (Part-2)

KIA & Myanmar Government Meeting For Peace (Part-1)

သမ္မတသိန်းစိန်ရဲ့စကားပေါ်သုံးသပ်ချက်များ ဗီဒီယို

The lady ရုပ်ရှင်နမူနာ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဆန်လှူပွဲ

">

24 August, 2011

ဖက်ဒရယ်စနစ် အပိုင်း (၂) ဘိုဘိုကျော်ငြိမ်း

မြန်မာနိုင်ငံ


မြန်မာနိုင်ငံကိုကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းတို့ ဖေါ်ထုတ်သွားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေသာ ပြည်သူနဲ့ တိုင်းပြည် အတွက် ဦးစားပေးတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေလို့ ပြောလို့ရတယ်။ ၁၉၇၄ နဲ့ ၂ဝဝ၈ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေတို့ဟာ တိုင်းပြည်အကျိုးထက် စစ်တပ်အုပ်ချုပ်ရေးကို တရားဝင်မှုရှိအောင် ကြိုးစားခြင်းက အဓိက ပိုကျပါတယ်။

၁၉၇၄ နဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ် ပုံဥပဒေ တွေဟာ ပုံသဏ္ဍာန်အနေနဲ့ တည်ဆောက်မှု (Form and Structure)
ရှိပေမဲ့ အနှစ် သာရ (Essence) အပိုင်းမှာ လစ်ဟင်းနေတယ်။ ခန္ဓာကိုယ်ကြီးသာရှိပေမယ့် (အသက်) မရှိတဲ့
အဖြစ်နဲ့ အတူတူပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းတို့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ရေးဆွဲရေးဆွဲရာမှ လွတ်လပ်ရေး ရှေ့ပြေးဖြစ် နေတာကြောင့် ဖုတ်ပူမီးတိုက် ဖေါ်ထုတ်ခဲ့ကြရတယ်။ ကံကောင်းခြင်တော့ ဗိုလ်ချုပ်တို့ခေတ်က ဖဆပလ ခေါင်းဆောင်တွေဟာ အသိစွမ်းအားမြင့်တဲ့ ခေါင်းဆောင်တွေဖြစ်တာကြောင့် လွတ်လပ်ပြီး မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အချိန်မြန်မြန်နဲ့ ရေးဆွဲနိုင်ခဲ့ကြတယ်။

တကယ်တော့ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေဟာ ဟိုက ကောင်းနိုးရာရာ ဒီကကောင်းနိုးရာရာ တွေကို
ဖြတ်၊ ညှပ်၊ ကပ် ကြပြီး လွပ်လပ်ရေးအချိန်မှီ ပြုစုခဲ့ကြရရှာတာပါ။ သို့သော် အသေအချာ ပြန်စဉ်းစားရင် ဖေါ်ထုတ် ပြီးခဲ့တဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေတွေအထဲမှာ အကောင်းဆုံးလို့ ငြင်းချက်ထုတ်လို့ ရတယ်။ ပုံသဏ္ဍာန် အပြင်
(အနှစ်) ပါတာကြောင့်ပါ။

ဥပဒေပြုစုရေး ကော်မီတီတွေ ဆပ်ကော်မီတီတွေရှိပေမယ့် တကယ့်အနှစ်ကိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ သခင်မြ ၊ သခင်နု ၊ ဦးကျော်ငြိမ်းတို့လို ဖဆပလ ထိပ်တန်း ခေါင်းဆောင်ကပဲ ဦးဆောင်သွားကြတာပဲ။

ဗိုလ်ချုပ်တို့ အလုပ်ကြခံရတော့ ဦးကျော်ငြိမ်းက ဦးနုနဲ့ အတူ အင်္ဂလန် ဆွေးနွေးပွဲကအပြန် ဗိုလ်ချုပ်ရဲ့ စေခိုင်းချက်
အရ ယူဂိုစလပ် ဖွဲ့စည်း အုပ်ချုပ်ပုံကို သွားလေ့လာ နေရတာကြောင့် ဥရောပ ရောက်နေတယ်။ ဗိုလ်ချုပ်တို့ဟာ ဘုရင်စံနစ်ကို ပြန်ဖေါ်ထုတ်ရင် တည်ငြိမ်မှု ရမလားဆိုပြီးလည်း မင်းလောင်းပြန်ရှာဖို့တောင် စိတ်ကူးခဲ့ကြသေး
တယ်။ အဘက်ဘက်ကို လေ့လာပြီးမှ ပါလီမန် ဒီမိုကရေစီ စံနစ်ကို ရွေးခဲ့ကြတာပါ။

အုပ်ချုပ်ရေးကို စဉ်းစားတဲ့အခါ အနှစ်သာရဖြစ်တဲ့ သမ္မတနဲ
၁၉၇၄ နဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေတို့ဟာ တိုင်းပြည်အကျိုးထက် စစ်တပ်အုပ်ချုပ်ရေးကို တရားဝင်မှုရှိအောင် ကြိုးစားခြင်းက အဓိက ပိုကျပါတယ်။
့ ဖက်ဒရယ်စံနစ်ကို ရွေးမလား၊ အများအုပ်ချုပ်မှု (majority
rule) လို့ခေါ်တဲ့ ပါလီမန်ဒီမိုကရေစီစံနစ်ကို ရွေးမလားဆို
တဲ့ ပဓာနကျတဲ့ ရွေးချယ်မှုတွေကို (နိုင်ငံရေးသမား) တွေ
က ဆုံးဖြတ်ကြပြီး ဥပဒေဘောင်ဝင်အောင် ဥပဒေသမား ဦးချန်ထွန်းကို တာဝန်ပေးခဲ့ကြတာပဲ။ ဒီနေရာမှာ နေရူးရဲ့ ဥပဒေ ပညာရှင်က ဦးချန်ထွန်းကို အများကြီး အကူအညီပေးခဲ့တယ်။ အချောပြင်ပြီးသားကို သခင်မြက ဘာသာပြန်
ပေးခဲ့ရတယ်။

အရေးကြီးတဲ့အချက်က နိုင်ငံရေးသမားတွေကပဲ အဓိကကျတဲ့ ဘယ်စံနစ်ကို ရွေးချယ်ရမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်
ကို ချသင့်တယ်လို့ စာရေးသူ ကခံယူမိတယ်။ အကြောင်းက နိုင်ငံရေးသမားစစ်ရင် လူအများရဲ့ ထောက်ခံမှုဟာ
နိုင်ငံရေးရဲ့ (အနှစ်သာရ) ဆိုတာ သိတာကြောင့် နိုင်ငံ့အကျိုးကို ဦးစားပေး စဉ်းစားတယ်။

ဗိုလ်ချုပ်တို့ကိုပဲ ကြည့်ကြည့်၊ အက်လက် ဆန်ဒါးဟယ်မတင်တို့လို အမေရိကန် ခေါင်းဆောင် တွေကိုပဲကြည့်ကြည့် တိုင်းပြည်ရဲ့ အကျိုးကိုရှေ့ရှုပြီး စဉ်းစားကြတယ်။ ရေရှည် အကျိုးအတွက် နက်နက်တွေးကြတယ်။ တိန်လျောက်ပိန်
လို ကွန်မြူနစ်တောင် နိုင်ငံရေးသမား စစ်တာကြောင့် တိုင်းပြည်အကျိုးကို အဓိက ထားခဲ့တာပဲ။

နောက် အရေးကြီးတဲ့အချက်က မြန်မာတွေရဲ့အမြင် တခုတည်း မဖြစ်နိုင်ဘူး။ တိုင်းရင်သားတွေရဲ့ အမြင် လိုအင်ဆန္ဒတွေကိုပါ ထည့်သွင်းစဉ်းစားရမယ်။ အမေရိကားမှာတုန်းက လူမျိုးကိုအခြေခံတဲ့ ပြည်နယ်တွေ မဟုတ်တဲ့ အတွက် ပြည်နယ်ကြီး / ပြည်နယ်ငယ် အရေးကိစ္စပေါ်ကြတယ်။ ဒါကြောင့် အပေးအယူ လုပ်ကြရာမှာ ညီမျှအောင်
ပြည်နယ်အကြီးလည်း Senator (၂) ယောက်၊ ပြည်နယ်ငယ်လည်း Senator (၂) ယောက် ရွေးချယ်ခွင့် ရှိရမယ်ဆိုပြီး သတ်မှတ်ခဲ့ကြတဲ့အပြင် အရေးကြီးတဲ့ ရာထူးခန့်ရာမှာ သမ္မတရဲ့ အဆိုပြုမှုကို Senateက သဘောတူမှ တရားဝင်တယ်။

အထူးသဖြင့် အမြင့်ဆုံး တရားရုံးချုပ် (Supreme Court) တရားသူကြီးတွေကို ရွေးချယ်ရာမှာ Senate ရဲ့ သဘောတူညီမှုဟာ အလွန်အရေးပါတယ်။ တခါ သမ္မတကို ရာထူးကဖယ်ရှားဖို့ အစီအစဉ်မှာ အောက်လွှတ်တော်
က တရားလိုအဖြစ် စွဲချက်တင်ရပြီး Senateက ဂျူရီလူကြီးအဖြစ် အဆုံးအဖြတ်ပေးရတာ။ Senate ကို ဦးစားပေးတဲ့ စီမံချက်တွေကို ထည့်သွင်းထားပြီး ပြည်နယ်ကြီး၊ ပြည်နယ်ငယ် ပဋိပက္ခကို ဖြေရှင်းခဲ့ကြရတာ။ အောက်လွှတ်တော်
က (လူဦးရေ) ကို ကိုယ်စားပြုတာ။ အထက်လွှတ်တော် Senate က (ပြည်နယ်) ကို ကိုယ်စားပြုတာ။

ဗိုလ်ချုပ်တို့ဟာ ဘာကြောင့်များ ပါလီမန် ဒီမိုကရေစီစံနစ်ကို ရွေးခဲ့ကြရသလဲဆိုတာကို စာရေးသူ သိပ်သိချင်တယ်။ အသိစွမ်းအား တိုးတက်ပြည့်စုံလာတဲ့ အရွယ်ရောက်တော့ မေးရမယ့်ဖခင်ကြီးက မရှိတော့ဘူး။ စာရေးသူဟာ ပါလီမန် ဒီမိုကရေစီစံနစ် (Majority Rule) ကို မနှစ်သက်ဘူး။ အဓိက အကြောင်းတရပ်က အုပ်ချုပ်ရေးနဲ့ ဥပဒေပြုစုရေးကို အနိုင်ရပါတီကပဲ ထိန်းချုပ်ထားတာကို ဘဝင် မကျဘူး။

အမတ်အများဆုံးရတဲ့ ပါတီကပဲ ဝန်ကြီးအဖွဲ့ကိုဖွဲ့။ ဒီအမတ် ဒီပါတီကပဲ တခါ လွှတ်တော်မှာ ဥပဒေပြုကြဆိုတော့ ဒီလူတွေပဲ ဥပဒေလုပ်၊ ဒီလူတွေပဲ ဒီဥပဒေနဲ့ ပြန်အုပ်ချုပ် ဝန်ကြီးလုပ်ကြဆိုတော့ တဘက်သတ် ဆန်လွန်းတယ်။

နောက်တချက်က ဥပဒေလုပ်တာနဲ့ အုပ်ချုပ်ရာမှာ လိုအပ်တဲ့ အရည်အချင်း (skill sets) ချင်း မတူကြဘူး။ ဥပဒေ
ပြုသူက အပေးအယူ ( Art of Compromise) ကျွမ်းရမယ်။ ဝန်ကြီးလုပ် အုပ်ချုပ်သူက အမိန့်ပေး ခိုင်းတတ်ရမယ်။
ပေါ်လစီကို နားလည်ရမယ်။ နောက်တချက်က စာရေးသူ အမြင်မှာ နိုင်ငံရေးသမားတွေဟာ အများအားဖြင့် (အုပ်ချုပ်ရေး) မှာ (အားနည်း) တယ်။ (အသေးစိပ်)ကို မနိုင်ကြ။ စိတ်မဝင်စားကြ။ အုပ်ချုပ်ရေးတော်တဲ့ နိုင်ငံရေး သမားတွေ ရှိကြပါတယ်။ သို့သော် (ရှား) တယ်။

တရုတ်နဲ့ အမေရိကန်ပုံစံတွေကိုကြည့်ရင် ဝန်ကြီးတွေဟာ မိမိ ဘာသာရပ်နဲ့အတူ ဆိုင်ရာပေါ်လစီ တွေကို ကျွမ်းတဲ့ ပညာရှင် (technocrat) တွေများတယ်။ တခါတရံ နိုင်ငံရေးသမားတွေပါပေမယ့် လူနည်းစုပဲ။ ဒါကြောင့် ပေါ်လစီ ချရာမှာရော၊ ဖေါ်ဆောင်ရာမှာပါ နိုင်ငံရေးသမား ဝန်ကြီးတွေထက် ထိရောက်မှု ရှိတယ်လို့ ပြောလို့ရတယ်။
နောက်တချက်က ပါလီမန်ဒီမိုကရေစီစံနစ်မှာ အုပ်ချုပ်မှုသက်တမ်း ကန့်သတ်ချက် မရှိဘူး။

ဥပမာ ဂျပန်မှာ အဲလ်ဒီပီ (လစ်ဘရယ်ဒီမိုကရက်) တွေဟာ
နိုင်ငံရေးသမားစစ်ရင် လူအများရဲ့ ထောက်ခံမှု ဟာ နိုင်ငံရေးရဲ့ (အနှစ်သာရ) ဆိုတာ သိတာ
ကြောင့် နိုင်ငံ့အကျိုးကို ဦးစားပေး စဉ်းစားတယ်
ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက အုပ်ချုပ် လိုက်ကြ
တာ အုပ်စုအချင်းချင်း ပြိုင်ဆိုင်မှုပဲရှိပြီး ပဒေသရာဒ်ခေတ်
က ရွာစား နယ်စားတွေလို နယ်ပယ် အပိုင်စားတွေ ဖြစ်လာ ကြတာကြောင့် နောက်ဆုံး ဗြူရိုကရက်တွေကပဲ အာဏာ ကြီးထွားလာကြတဲ့ ဘဝကိုရောက်ရတယ်။ အုပ်စုချင်းပြိုင် အစိုးရခဏခဏပြောင်း၊ ခိုင်မြဲတာက ဗြူရိုကရက်တွေ
ပဲကိုး။ အတိုက်ခံတွေမှာ ခုမှအာဏာရကြတာ။

အီတလီကတော့ အစိုးရ ခဏခဏပြောင်းသလို ပါတီတွေလည်း ပြောင်းဆိုတော့ ဘာမှ အလုပ် မဖြစ်မြောက်တော့
ဘူး။ ကြီးထွားလာတာက မာဖီယားပဲ။ အယုံ အကြည်မရှိ အဆိုကို သုံးပြီး မဲခွဲပြီး အစိုးရကို ဖြုတ်ချနိုင်တာကြောင့် အစိုးရ မတည်ငြိမ်မှု ရှိနိုင်သလို သက်တမ်းကန့်သတ်ချက် မရှိတာကြောင့် ဂျပန်လို တပါတီ အုပ်ချုပ်ရေး ဖြစ်နိုင်
တယ်။ ဒါကြောင့် အစိုးရသက်တမ်း ကန့်သတ်ချက်ဟာ ရှိသင့်တယ်လို့ မြင်မိတယ်။

အရေးအကြီးဆုံး တချက်ကတော့ ပါလီမန်ဒီမိုကရေစီစံနစ်မှာ အမတ်ဆိုတာက ရပ်ကွက်နယ်မြေကို ကိုယ်စားပြုရတဲ့ ကိုယ်စားလှယ်။ ရပ်ကွက်ကို ခွဲရာမှာ လူဦးရေအလိုက် ခွဲတာများတယ်။ ဒါကြောင့် အမေရိကားမှာ ပြည်နယ်ကြီးတွေက လူဦးရေများတော့ ကိုယ်စားလှယ် ဦးရေများတယ်။ ပြည်နယ်သေး တွေက ကိုယ်စားလှယ်ဦးရေ နည်းနည်းပဲရကြတယ်။

အရင်းစစ်လိုက်ရင် ကိုယ်စားလှယ်ဆိုတာ (လူဦးရေ) အပေါ် မူတည်တာပဲ။ ဒါဆို ဗမာ တွေက လူဦးရေ များတာကြောင့် အမြဲအသာစီး ရနေတော့မှာပေါ့။ ပါလီမန် ဒီမိုကရေစီစံနစ်မှာ အောက်လွှတ်တော်က အဓိက မကျဘူးလား။ သူ့မှာ နိုင်မှအစိုးရ ဖွဲ့ရ မှာလေ။ ဒါဆို တိုင်းရင်းသားတွေအပေါ် တရားပါ့မလား။ လူမျိုးစုလွှတ်တော် ဆိုတာရှိပေမယ့် အောက်လွှတ်တော်လောက် မထိရောက်။ ဒါကြောင့် ၁၉၄၇ ခု ဖွဲ့စည်းပုံမှာ ပြည်နယ်ဝန်ကြီး ဌာနတွေတည်ထောင် ထားရတာ။ ဒါ့အပြင် သမ္မတရာထူးကို တိုင်းရင်းသားတွေကို ကိုယ်စားပြုရအောင် အလှည့်ကျ ရွေးချယ်စေတာ။

ပြောမဲ့သာပြောတာ (ဦးနုတို့ခေတ်)က လုပ်မှားကိုင်မှားတွေကြားက တိုင်းရင်းသားတွေဟာ (စစ်တပ်ခေတ်)နဲ့ စာရင် အများကြီး နေရာရကြပါတယ်။ ဖဆပလထဲမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ နေရာရကြသလို အမတ်ဆိုတာက လည်း တကယ် (မဲ) ပေးနိုင်တဲ့ အမတ်မင်းမို့ အတိုင်းအတာ တခုအထိတော့ သြဇာရှိတာပါပဲ။ ဦးနု သက်တမ်း တလျောက် (နောက်ပိုင်း) စဝ်ခွန်ချိုဟာ ဒုဝန်ကြီးချုပ် (နိုင်ငံခြားရေး) ဌာနကို ကိုင်လာတာ မဟုတ်ဘူလား။
ကျေနပ်စရာ အဆင့် ရှိပြီလား။ မရှိသေးဘူး။ သို့သော် နောက်ပိုင်း ခေတ်တွေနဲ့ယှဉ်ရင် အများကြီးသာပါတယ်။

စကားစပ်မိလို့ ပြောရရင် တိုင်းရင်းသား ပညာတတ်တွေ အထဲမှာ စာရေးသူ အလေးစားဆုံးဟာ သမ္မတကြီး စဝ်ရွှေသိုက်ရဲ့သား ဒေါက်တာ ယူဂျင်းသိုက်ပဲ။ ဦးယူဂျင်းဟာ သေနတ်လည်း ကိုင်တိုက်ဖူးတယ်၊ ပါတီလည်း
ထောင်ဖူးတယ်၊ ပါရဂူဘွဲ့ရ ပညာတတ်အပြင်၊ နက်နက်တွေးပြီး အရှည်ကိုကြည့်နိုင်တဲ့ လူတော် တယောက်ပဲ။

ကျနော် အလေးစားဆုံးက လူကြီးလုပ်ဖို့ လိုအပ်တဲ့ အရေအချင်း တခုဖြစ်တဲ့ အင်္ဂလိပ်လို tempe-rament လို့ခေါ်
တဲ့ တည်ငြိမ်တဲ့ စိတ်ထားရှိတယ်။ ဒေါက်တာ စတိုင်းဖတ် ဦးစီးကျင်းပတဲ့ ဆွေးနွေးပွဲမှာ လူငယ်ခေါင်းဆောင်လေး
တွေက စိတ်လိုက်မာန်ပါ ဝေဖန်ငြင်းဆိုလာတော့လည်း ခေါင်းအေးအေးနဲ့ ပြန်လည်ရှင်းပြ ဆွေးနွေးနိုင်စွမ်းရှိတယ်။
ဒါ အီးအိုင်ကရူ (EIQ) မြင့်တာကိုပြတာပဲ။ အသိစွမ်အား မြင့်တယ်၊ ချင့်ချိန်နိုင်တဲ့ အစွမ်းရှိတယ်၊ မျှတတဲ့စိတ်ဓါတ် ရှိတယ်ဆိုရင် တိုင်းရင်းသားပြဿနာလို သိမ်မွေ့ ခက်ခဲရုံမက စိတ်ခံစားမှု (emotion) ပါ ပါဝင်ရှုပ်ပါထွေးလာတတ်
တဲ့ ကိစ္စတွေကို ကိုင်တွယ် အဖြေရှာတဲ့အခါ အလွန်အကျိုးရှိ ထိရောက်နိုင်ပါတယ်။ ဦးယူဂျင်းလို လူတော်ခေါင်းဆောင်တွေ နှစ်ဘက်စလုံးမှာ လိုအပ်လှပါတယ်။

မျိုးဆက်သစ် လူငယ် တိုင်းရင်သားတွေအထဲမှာ ဒီလိုအဆင့်မြင့် လူငယ်လေးတွေ အများကြီးရှိပါတယ်။ အော့ဖေါ့က် (Oxford) မှာ သင်တန်းတက်ခဲ့ပြီး အဲလ်အဲလ်အမ် (LLM) ရပြီး အခု အဲလ်အဲလ်ဒီ (LLD) ဆက်တက်နေတဲ့
နော်မေဦး တို့လို ကရင် လူငယ်လူတော်တွေရှိပါတယ်။ ENC မှာ ဦးဆောင်နေတဲ့ Dr Lian H. Sakhong ဟာလည်း ပညာတတ် လူတော်တယောက်ပါပဲ။ ဗမာတွေ အထဲမှာတော့ နယ်စပ် အခြေစိုက် ဗမာ့ရှေ့နေကောင်စီ (BLC) က လူတွေပဲ ဖက်ဒရယ် စံနစ်ကို ဆွေးနွေးနိုင်ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်မှာ ဗိုလ်ချုပ်ကိုယ်တိုင် မတူညီတဲ့ စံနစ်တွေကို အသေအချာ လေ့လာပြီးမှ မြန်မာပြည် အတွက် ကောင်းမယ့် (အနှစ်) တွေကို ယူကြပြီး (ပုံ) ဖေါ်ပြီးမှ ကဲ ဦးချန်ထွန်း ဥပဒေဘောင် ဝင်အောင် ဥပဒေ
စကားနဲ့ သွားရေးဆိုပြီး စေခိုင်းတာပဲ။ အခြခံဥပဒေ ရေးဆွဲကာနီးမှ ဟိုစာအုပ်ပေးပါဦး ဒီဟာဖတ်ကြပါဦးဆိုပြီး ကမူးရှုးထိုး ရေးခဲ့ကြတာလည်း မဟုတ်။ ကျောင်းသားဘဝ နိုင်ငံရေးသမားပေါက်စ ဘဝကတည်းက (အသိစွမ်းအား) (capacity) မြင့်အောင် လေ့လာခဲ့ကြရတာ။

ဗိုလ်ချုပ်အောင်ဆန်းဆီက အတုယူစေချင်တာက နိုင်ငံရေးမှာ အခွင့်အရေးဆိုတာ ဘယ်အချိန် ဘယ်လိုပေါ်လာမယ် မပြောနိုင်ဘူး။ လိုအပ်ချက်ကိုသိပြီး လိုအပ်ချက်ကို ဖြည့်ထားဖို့က ကိုယ့်အလုပ်ပဲ။ အထူးသဖြင့် မြန်မာလူငယ် လူရွယ်တွေကို ဖွဲ့စည်းပုံ ဥပဒေအကြောင်းနဲ့ ဖက်ဒရယ်စံနစ် အကြောင်းကို လေ့လာပြီး မိမိတို့ရဲ့ အသိစွမ်းအား (capacity) ကို အားဖြည့်ထားစေချင်တာ စာရေးသူရဲ့ စေတနာပါ။ (အသိ) မြင့်မှ (တရားမျှတမှု) ကို နားလည်
နိုင်သလို (အရှည်)ကို ကြည့်နိုင်ပါမယ်။

ဖက်ဒရယ်စံနစ်

ဖက်ဒရယ်စံနစ် မှာကောင်းတာတွေ အများကြီးရှိသလို အန္တရယ် ဖြစ်နိုင်တာတွေလည်း အများကြီး ရှိပါတယ်။ အထူးသဖြင့် ဖက်ဒရယ် (ဗဟို) အစိုးရနဲ့ ပြည်နယ်အစိုးရတွေကြားမှာ အာဏာခွဲခြားမှု၊ အင်္ဂလိပ်လို Federal and State Rights လို့ခေါ်တဲ့ လုပ်ပိုင်ခွင့် ခွဲခြားမှုတွေကို တိတိလင်းလင်း ဖေါ်ပြမှုမရှိရင် ပဋိပက္ခတွေ ဖြစ်တတ်ပါတယ်။ ရှိခဲ့ရင်တောင် အငြင်းပွားမှု တွေရှိပါတယ်။

နောက်တခါ ပြည်နယ်အချင်းချင်း အငြင်းပွားရင် ဖြေရှင်းဖို့ နည်းလမ်း (Mechanism) တွေရှိရမယ်။ နောက်မို့ဆိုရင် အငြင်းပွားနေကြတာနဲ့ ဘာအလုပ်မှလုပ်နိုင်တော့မှာ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့ တိုင်းပြည်ထူထောင်ချင် တဲ့စိတ်က စောနေတာကြောင့် အုပ်ချုပ်ရေးဖြောင့်ဖြောင့် လုပ်နိုင်အောင် (Governance) အတွက် ဖက်ဒရယ်စံနစ် အစား ယူနီတာလီ (Unitary) စံနစ်ကို ရွေးခဲ့ကြရတယ်လို့ စာရေးသူ နားလည်ထားပါတယ်။

နောက်တချက် က ဖွံ့ဖြိုးမှု မညီမျှတာတွေရှိတယ်။ အောင်ဆန်း၊အက်တလီစာချုပ် အပိုဒ် ဂ၊ အပိုဒ်ခွဲ (ဃ)အရ ပင်လုံစာချုပ်၊ ချုပ်ဆိုအပြီးမှာ ရီး(စ်)ဝီလျံ ဦးဆောင်တဲ့ တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ကို ဖွဲ့ပေးခဲ့ပြီး အဖွဲ့ရဲ့ အစီအရင်ခံစာမှာ တချို့တောင်တန်းနေ ဒေသခံတွေဟာ ဆန္ဒမဲပေးရွေးချယ်တဲ့နည်းနဲ့ အကျွမ်းတဝင် မရှိသေးတဲ့ အတွက်နဲ့ အချိန်အမရတော့တာမို့ ဒေသအလိုက် သင့်လျော်သော နည်းကိုသာသုံး ရွေးချယ်ရန်သာ ထောက်ခံခဲ့ ပါတယ်။

ဖက်ဒရယ် စကားလုံးကို အဓိပ္ပပါယ် မပေါက်ဘဲ၊ စုံစမ်းရေး အဖွဲ့နဲ့ ဆွေးနွေးကြရာမှာ အလွဲလွဲ အချော်ချော် ဖြစ်ခဲ့ကြ
ရပါတယ်။ (အသိ) တိုးတက်မှု မညီမျှမှုကို စောင့်ပြီးခေါ်ဆောင်ဖို့ အချိန်မရတာလည်း ပါနိုင်တယ်လို့ စာရေးသူ အမြင် ရှိပါတယ်။ (မှတ်ချက်။ သမိုင်း ပါမောက္ခ ဦးထွန်းအောင်ချိန် ထုတ်ဝေသော တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ (ပထမတွဲ) စာမျက်နှာ ၃၃၆ ကိုညွန်းပါသည်။)

အမေရိကားမှာတောင် ဖက်ဒရယ်နဲ့ ပြည်နယ်ပြဿနာဟာ ဒီနေ့အထိ ရှင်သန်လျက်ပဲ။ အိုဘားမားကဲ (Obamacare) လို့ အမည်တပ်ကြတဲ့ ကျန်းမာရေး ဥပဒေဟာ ဖွဲ့စည်းပုံအုပ်ချုပ်ရေး ဥပဒေအရ တာရားမဝင်ဘူးဆိုပြီး ပြည်နယ် (၂၆) ခုက တရားစွဲထားကြတယ်။ ဖက်ဒရယ် အစိုးရက ဗိုလ်မကျ နိုင်အောင်ပါ။

မကြာမှီကမှ ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်မှာလည်း ဗဟို၊ပြည်နယ် ပြဿနာကို စတင်ရင်ဆိုင်နေရပါပြီ။ ဒါကြောင့် နားကြားကောင်းအောင် ဒီမိုကရေစီကွ၊ ဖက်ဒရယ်ကွလို့ လွယ်လွယ်ပြောလို့ မရပါ။ နက်နက်တွေးကြည့်မှ အတွင်းပြဿနာတွေ အများကြီးရှိတာကို သိနိုင်ပါတယ်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို တိုင်းရင်းသားတွေနဲ့ ဗမာတွေအကြား ဗမာစစ်တပ်ရဲ့ အမှားတွေကြောင့် အဖုအထစ်တွေဟာ ကြီးထွားလာခဲ့ကြရတယ်။
အရင်းစစ်လိုက်ရင် ကိုယ်စားလှယ်ဆိုတာ (လူဦးရေ) အပေါ် မူတည်တာပဲ။ ဒါဆို ဗမာ တွေက လူဦးရေ များတာကြောင့် အမြဲအသာစီး ရနေတော့မှာပေါ့။ ပါလီမန် ဒီမိုကရေစီစံနစ်မှာ အောက်လွှတ်တော်က အဓိက မကျဘူးလား။ သူ့မှာ နိုင်မှအစိုးရ ဖွဲ့ရ မှာလေ။ ဒါဆို တိုင်းရင်းသားတွေအပေါ် တရားပါ့မလား။ လူမျိုးစုလွှတ်တော် ဆိုတာ ရှိပေမယ့် အောက်လွှတ်တော်လောက် မထိရောက်။

တိုင်းရင်သားပြဿနာကို ဖြေရှင်းတဲ့အခါ (မျှတ) ဖို့အပြင် (စံနစ်ကျ) ဖို့လည်း လိုပါလိမ့်မယ်။ စစ်တပ် ထဲမှာလည်း မျှတချင်တဲ့ တိုင်းပြည်ချစ်တဲ့ လူငယ်လူကြီး တွေရှိမှာပါ။ မဆလ သမ္မတဟာင်း ဒေါက်တာ မောင်မောင်ဟာ ဂျပန်ခေတ်ဗိုလ်သင်တန်းကျောင်းဆင်း၊ ပြီးမှ ဟော်လန်က (LLD) ရခဲ့ သူပဲ။ တပ်ထဲ မှာလည်း ပညာတတ် လူတော်မရှိဘူးလို့ ဘယ်ပြောနိုင်မှာလဲ။

လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပုံသဏ္ဍာန် (Form) ရှိပေမဲ့ (အနှစ်) (Essence) မှာ အားနည်းနေသေးတယ်လို့
ပြောနိုင်ပါတယ်။ စာရေးသူ အမြင်အရ လက်ရှိပုံသဏ္ဍာန်ကို (Institutionalized) ဖြစ်အောင်လုပ်ဖို့လိုသလို တချိန်တည်းမှာ (အနှစ်) ကို အားရှိအောင် (အားဖြည့်) နိုင်ရပါမယ်။

ကမ္ဘာမှာ လူတွေတကြော်ကြော် အော်နေကြတဲ့ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ (Constitution) က (လွပ်လပ်စွာ ပြောဆိုခွင့်) ဆိုတဲ့ Freedom of Speech ကို အာမခံပေးတဲ့ First Amendment ပထမတိုးချဲ့
ပြင်ဆင်ချက်မှာ ယနေ့ အမေရိကန်တိုင်းပြည်ကို ဂျောက်ထဲထိုးချနေတဲ့ အခွင့်အရေး တခုဟာလည်း ကပ်ပါ
လာတယ်။ လူတွေ သိပ်သတိမထားမိကြဘူး။ ဒီ အခွင့်အရေးကို ပြင်ဖို့က ခပ်ခက်ခက်။ သူတို့ဆီမှာတောင်
ပြဿနာရှိတာ ဒီမှာလည်း ပြဿနာတွေ ဘယ်ကင်းပါ့မလဲ။ ဒီကိစ္စတွေဟာ အလွန်သိမ်မွေ့ ခက်ခဲတဲ့အရာတွေ မဟုတ်ပါလား။

ယနေ့ အစိုးရသစ်နဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား ဘော်ဒါစစ်တပ် ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး ပဋိပက္ခ တိုက်ပွဲ
ပြဿနာကို အဓမ္မလက်နက်နဲ့ ဖြေရှင်းမယ့်အစား ပုံသဏ္ဍာန် အသွင်ကို ပြောင်းလဲပြီး (အနှစ်) ရံလိုက်လျှင် အဖြေရ နိုင်စရာရှိပါတယ်။ စာရေးသူရဲ့ အမြင်အတွေးများကို နောက်အပိုင်းတွေမှာ ဆက်လက်ဖေါ်ပြပါ့မယ်။

ဘာကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ (Constitution) ဟာ အရေးကြီးတာလဲ

သဘာဝအားဖြင့် လူတွေဟာ ပျက်စီးနိုင်တယ်။ လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းနေတာကြောင့် (အာဏာ) နဲ့
တွေ့ထိတဲ့အခါ မခံနိုင်ဘဲ ပျက်စီးတတ်ကြပါတယ်။ ဒါကြောင့် (လူ)ကို စံနစ်၊ ဥပဒေနဲ့ ထိန်းရပါတယ်။ နောက် လူတိုင်းရသင့်၊ ခံစားခွင့်တွေကို အားလုံးသိအောင် တဖန် ဥပဒေနဲ့တခါ စာနဲ့ပေနဲ့ မှတ်ကျောက်တင်ပြီး အတိအလင်း
ကြေညာထားရပါတယ်။ ဒီကမှတဆင့် ဥပဒေစိုးမိုးသော Rule of Law စံနစ်ကို ဖေါ်ထုတ်ရပါတယ်။ ဒါကြောင့် ဥပဒေ ပြုစုသူတွေကိုလည်း ဘာတော့ မလုပ်နိုင်ဘူး ဘာတော့လုပ်နိုင်တယ်၊ ဒီဥပဒေတွေကို သုံးပြီး မင်းလုပ် အုပ်ချုပ်သူတွေကိုလည်း ကန့်သတ် ပေးထားရပါမယ်။

တခါ၊ ဒီ (၂) ဦးကြား အငြင်းပွားခဲ့ရင် လွပ်လပ်စွာ ရပ်တည်နိုင်တဲ့ တရားသူကြီးတွေက အဆုံးအဖြတ် ပေးရပါမယ်။ တရားသူကြီးတွေကလည်း မိမိတို့ အဆုံးအဖြတ်နဲ့ ဥပဒေမလုပ်ရပါ။ စစ်အုပ်ချုပ်ရေးစံနစ် မှာတော့ (ဥပဒေ) ဆိုတာ
က အုပ်ချုပ်တဲ့ စစ်ဗိုလ်ချုပ်ရဲ့ ပါးစပ်ထဲမှာရှိတာကိုး။ သူကပဲ ပြန်အုပ်ချုပ်တော့ အားလုံးသူ့ကို မော်မကြည့်ရဲကြတော့ ဘူးပေါ့။

တရားသူကြီးဆိုတာတွေကလည်း ဆွဲခန့်တွေ မဟုတ်လာား။ ဒါကြောင့် နဝတ - နအဖ ခေတ်တလျှောက် Rule by
Law စံနစ်နဲ့ အုပ်ချုပ်ခဲ့ ကြတာမဟုတ်လား။ ဒါ ဥပဒေ ကွ ဆိုရင် ဘယ်သူမှ အငြင်းနိုင်တော့။ ဥပဒေကလည်း စစ်ဗိုလ်တွေရဲ့ ပါးစပ်ထဲမှာ။

လောလောဆယ် စံနစ်သစ်က စစ်အုပ်ချုပ်ရေးထက်တော့ တဆင့်မြင့်လာပြီပေါ့။ အင်စတီကျူးရှင်း (Institution) အဆောက်အအုံလို့ ပြောနိုင်တဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ တရားရေး၊ ပြည်နယ်နှင့်တိုင်း အစိုးရတွေ
ပေါ်လာပေမယ့် ပုံသဏ္ဍာန်သာ ပေါ်လာတယ် (အနှစ်) မပါသေးတာကြောင့် (အသက်) မပါသလို ဖြစ်နေသေး တယ်။ မြောက်ကိုရီးယားမှာ လမ်းအကျယ်ကြီးတွေ လူမြင်ကောင်းအောင် ဆောက်ထားပေမယ့် လမ်းပေါ်မှာ ကားတွေမရှိဘဲ စက်ဘီးနဲ့ လမ်းလျှောက်နေတဲ့လူတွေ ဟိုကြဲကြဲ ဒီကြဲကြဲသာရှိတဲ့ ရုပ်ပုံလွှာကို ပြေးမြင်မိတယ်။

၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ စံနစ်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ
၁၉၇၄ နဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေတို့ဟာ တိုင်းပြည်အကျိုးထက် စစ်တပ်အုပ်ချုပ်ရေးကို တရားဝင်မှုရှိအောင် ကြိုးစားခြင်းက အဓိက ပိုကျပါတယ်။

အတူ(အနှစ်) ပိုင်းမှာ ချို့တဲ့မှု ရှိပင်ရှိငြား သော်လည်း
ဦးနေဝင်း ရိုက်ချိုးဖျက်စီးခဲ့တဲ့ နိုင်ငံရေးအဆောက်အအုံ
(Political Institution) တွေ ပြန်ပေါ်လာပါတယ်။ ကျနော်
တို့ မြန်မာနိုင်ငံရဲ တိုင်းသူပြည်သား အများစုဟာ စာရေးသူ အမြင်အရ အင်စတီကျူးရှင်း (Institution) နဲ့ ပတ်သက်လာ ရင် အသိမကြွယ် အမြင်မကျယ် ကြသေးဘူးလို့ ခံစားရမိတယ်။

အထူးသဖြင့် ၎င်းတို့ရဲ့အရေးပါမှုကို (မသိ) ကြပါ။ အနောက်နိုင်ငံတွေ၊ ဂျပန်တို့၊ တိုးတက်တာ ဒီအင်စတီကျူးရှင်း
တွေကြောင့်ပါပဲ။ အင်စတီကျူးရှင်း အတွင်းမှာ နေရာ (position) တွေရှိပါတယ်။ ဒီနေရာ ဒီရာထူးကို ရောက်တဲ့သူ
ဟာ ဒါမလုပ်ရဘူး။ ဒါကိုတော့ မဖြစ်မနေလုပ်ရမယ် စသည်ဖြင့် လုပ်ထုံး စည်းမျဉ်းတွေနဲ့ တာဝန်ဝတ္တရားတွေကို အတိအကျ ချမှတ်ထားပြီး (လူ) တွေကို ဘောင်ခတ် ထားပါတယ်။ ဒါကြောင့် (စံနစ်) နဲ့ (စည်းကမ်း) ရှိကြပြီး၊ တိုးတက်မှု ရှိလာကြတယ်။ ကျနော်တို့ မြန်မာတွေကတော့ (အချိန်)ကို လေးစားရမယ်မှန်းတောင် (မသိ) ကြသေး
ဘူး။ ဒါကြောင့် (မြန်မာစံတော်ချိန်) ဆိုတဲ့ အသုံးအနှုန်းပေါ်လာရတာပေါ့။

ဒီဆောင်းပါးက ဖွဲ့စည်းအုပ်ချုပ်ပုံ စံနစ်ကိုရွေးရာမှာ ဖက်ဒရယ်စံနစ်အတွင်း သတိရှိရမယ့် အချက်များ၊ ပြဿနာ
ဖြစ်နိုင်တဲ့ အချက်များကို နောင်တိုင်းပြည်ကို ဦးဆောင်ကြရမယ့် လူငယ်၊လူလတ်ပိုင်း ခေါင်းဆောင် ဖြစ်လာမယ့်
လူများ သိသာသတိရှိစေရန် ရည်ရွယ်ပါတယ်။

ဤဆောင်းပါးကို အတိုက်ခံမျက်စိနှင့် ရေးသည်မဟုတ်ဘဲ မြန်မာပြည်မှာ မွေး၊ မြန်မာပြည်မှာ လူလား မြောက်ခဲ့ရ
သည့် မြန်မာပြည်သား စစ်စစ်မျက်စိနှင့်ရေးခြင်းနှင့် စာရေးသူ၏ အမြင်သက်သက် ဆိုသည်ကို သိစေလိုပါသည်။ (မျှတ) မှုရှိမှ ၊ ရေရှည်ကိုကြည့်ပြီး အဖြေရှာနိုင်မှ (ငြိမ်းချမ်းမှု) ရှိနိုင်ပါမယ်။ ငြိမ်းချမ်းမှုရှိမှ တိုင်းပြည် ထူထောင်နိုင် ပါမယ်။

ဒီလို (အသိ) ရှိဖို့က (အသိစွမ်းအား) လိုပါတယ်။ အသိစွမ်းအားဆိုတာ ခုရေတွင်းတူး အခုရေရသလို မဟုတ်ပါ။
ဖြည်းဖြည်းချင်း ဖြည့်စည်း ယူရတာပါ။ တိုင်းပြည် တပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုတာ သိမ်မွေ့ နက်နဲခက်ခဲလှပါတယ်။ တိုင်းပြည်အတွက် အဖြေရှာ ကြရမည့် အနာဂတ် လူငယ်များ အသိစွမ်းအား မြင့်မား ဥာဏ်အမြှော်အမြင် ကြီးကြပါစေဟု ဆုတောင်းရင်း။

အပိုင်း (၃)ကို ဆင်လက် တင်ပြပါမည်

လက်ပစ်ဗုံး (phone kyaw)


လက်ပစ်ဗုံး
အချိန်က ၂၀၀၅-ခုနှစ် မတ်လ။ ပူပြင်းသော နေ့ တနေ့ ။ နေရာက မဲ့ဆောက်မြို့ ။ ထိုင်းနိုင်ငံရဲ့ မြို့ လေးတစ်ခု။ ဒီမြို့ မှာ မြန်မာအစိုးရကို ဆန့် ကျင်တော်လှန်နေတဲ့ သူပုန်တွေရဲ့ ဌာနချုပ်တွေရှိတယ်။ ကျနော်တို့ပါတီရဲ့ ဌာနချုပ်လည်း ဒီမြို့ မှာ ရှိလေတယ်ပေါ့။

ပါတီဝင်တွေရဲ့ မိသားစုတွေဟာ အိမ်ငှားပြီးနေကြတယ်။ တစ်အိမ်မှာ မိသားစု သုံးလေးစု စုပေါင်းပြီး နေကြတယ်။ ငွေမတက်နိုင်လို့ ပါ။ ကျနော်တို့ နေတဲ့အိမ်မှာ မိသားစုလေးစုရှိတယ်။ အိမ်က နှစ်ထပ်တိုက်အိမ်။ NCUB လို့ ခေါ်တဲ့တပ်ပေါင်းစုဌာနချုပ်ရုံးရဲ့ လေးအိမ်ကျော်မှာ ကျနော်တို့ အိမ်ရှိလေတော့ လုံခြုံရေးသတိအမြဲရှိပါတယ်။

ကိုရဲ (အမေရိက)၊ ကိုနေ၀င်း (အမေရိက)၊ ကိုဝဏ (အမေရိက)၊ ကိုအံ့ဇော် (နော်ဝေ) နဲ့ ကျနော်တို့ မိသားစုတွေ အဲဒိအိမ်မှာ စုပေါင်းပြီး နေကြတယ်။ ကျပ်ကျပ်တည်းတည်းနေရတဲ့ ဘ၀ပါ။ ထမင်းချက်ရင် တစ်ယောက်တစ်လှည့်၊ ဈေးဝယ်ရင်လည်း တစ်ယောက်တစ်လှည့်။ ငွေကိုင်တဲ့သူကတော့ ပါးစပ်နဲနဲစိုလေတယ်ပေါ့။ ထားပါတော့။ အားလုံးက ၁၀၉-၁၁၀ ဆိုတော့ အတော်ပျော်ကြတယ်။ ဒါက ကျနော်တို့ရဲ့ အိမ်။

အိမ်ဘေးမှာ ချောင်းသေးသေးလည်းရှိတယ်။ အိမ်ရှေ့ မှာက ချောင်းသေးသေးလိုဖြတ်ဖို့အတွက် တံတားသေးသေးလေးရှိတယ်။ ငါးပေလောက်ပဲကျယ်တဲ့ သစ်သားတံတားလေးပါ။ အဲဒိ အနီအနားတစ်ဝိုက်မှာ အိမ်ကခလေးတွေကစားကြတယ်။

အိမ်က ရှိတဲ့လူတွေအကြောင်းကို နဲနဲ မိတ်ဆက်ပေးအုံးမယ်။

ကိုနေ၀င်းဆိုတဲ့ လူက လူပျင်း။ ဘာမှ စိတ်မ၀င်စားဘူး။ သူ့ မိန်းမ မမှု ကလည်း အုတ်ပျော်။ ဟိုအုတ်အုတ် ဒီအုတ်အုတ်နဲ့ ပျော်နေတဲ့လူ။

ကိုဝဏဆိုတဲ့ လူက လက်ဝါးတစ်ခြမ်းပျက်နေတဲ့လူ။ လက်ပစ်ဗုံးကို အားအားယားယား ကလိရင်း ဖျူ့ စ် ထ, ပေါက်လို့ လက်ဝါးတစ်ခြမ်း အဖျက်ခံရ သူပုန်အို အရက်သမားကြီး။ အသက်က (၅၀) နီးပါးရှိနေပြီ။ အခုထိ အမေရိကန် ပြည်ထောင်စုမှာ အငြိမ်းစားယူပြီး လန်းနေတုန်း။

ကိုအံ့ဇော်ဆိုတဲ့ လူကထောင်ထွက်။ ထောင်ထွက်ဆိုပြီး အထင်မသေးနဲ့။ မိုက်လို့ ထောင်ကျတာ မဟုတ်။ ကြိုက်လို့ထောင်ကျတာ။ သူ့ အိမ်မှာ ဆေးခြောက်မိလို့ဆိုပြီး မြန်မာအစိုးရက သူ့ ကို နှစ်ရှည်ထောင်ချခဲ့တယ်။ သူတို့အပြောကတော့ ထောက်လှမ်းရေးတွေ အကွက်ဆင်ပြီး ဖမ်းတယ်ပေါ့။ အမှန်မှန်က သူကလည်း ရှု တာကိုး။ ကိုအံ့ဇော်က ၈၈-မျိုးဆက် နိုင်ငံရေးသမား။ လုံးဝကိုမာတဲ့ သံချောင်းနိုင်ငံရေးသမား။ တော်လှန်ရေးသမား။ ထောင်ကထွက်တော့၊ ထပ်ဖမ်းမှာကြောက်လို့ဆိုပြီး မဲ့ဆောက်က လူ့ဘောင်သစ်ဌာနချုပ်ကိုရောက်လာတဲ့လူ။ ကျနော်တို့နဲ့ ရေစက်ကြုံလေတယ်ပေါ့။ နိုင်ငံခြားကို အတူထွက်တဲ့အထိ ဘန်ကောက်က အကျဉ်းထောင်ထဲမှာ သူတို့မိသားစုနဲ့ အတူနေခဲ့ရသေးတယ်။ က်ေနာ္က ၾသစေတ်းလ်။ သူက နော်ဝေ။ သူလည်း စာရေးတယ်။ အရက်ဖိုးရဖို့အတွက် ခေတ်ပြိုင်မှာ ဆောင်းပါးရေးတဲ့လူ။ အခုတော့ နော်ဝေမှာ အရက်ဖိုးများများရတော့ ဆောင်းပါးတောင်မရေးတော့ဘူး။

တနေ့မှာ အိမ်ရှေ့ တံတားနားမှာ ကစားနေတဲ့ ကိုဝဏရဲ့ သမီးက လက်ပစ်ဗုံးတစ်လုံးတွေ့ တယ်။ သူတွေ့ တော့ အိမ်ကလူကြီးတွေကို သူပုန်သားသမီးပီပီ အလျှင်အမြန် သတင်းပို့လေတယ်။ လက်ပစ်ဗုံးက တံတားအောက်က ချောင်းထဲမှာရေကြည်နေတော့ ကောင်းကောင်းမြင်ရတယ်။ ခလေးမလေး သတင်းပို့တော့ တော်လှန်ရေးသတိ၊ ရန်သူသတိ အမြဲရှိတဲ့ ကိုဝဏက မှုးကြောင်မှုးကြောင်နဲ့ ချက်ချင်းအိမ်က တယ်လီဖုန်းကို ကောက်ကိုင်ပြီး ပါတီဌာနချုပ်က ပါတီရေးရာညွန်ကြားရေးမှုးချုပ် ကိုအောင်ကို (အမေရိက) ထံကို ဆက်လက်သတင်းပို့လေတယ်။

" လက်ပစ်ဗုံးတစ်လုံးတွေ့ ကြောင်း၊ အရွယ်အစားက လိမ္မော်သီးအရွယ်ရှိကြောင်း၊ အိမ်ရှေ့ က ချောင်းထဲမှာ ရှိသဖြင့် ထပေါက်လျှင် အကုန်လုံးမသာဖြစ်နိုင်ကြောင်း " သူရဲ့ စိုးရိမ်ချက်ကို တင်ပြလေတယ်။

ဒီမှာတင် ချက်ဆို နားခွက်က မီးတောက်တဲ့ ပါတီရေးရာညွှန်ကြားရေးမှုးချုပ်က လိုအပ်သလို စီစဉ်ညွှန်ကြားလေတယ်။ ပါတီမှာ ထိုင်းထောက်လှမ်းရေးကိုနဲ့ ဆက်ဆံဖို့အတွက် တာဝန်ပေးထားတဲ့ ငပုကျော်စွာဝင်း (အမေရိက) ဆီကို ကိုအောင်ကိုက ချက်ချင်း အမိန့် ပေးတယ်။

" အမြန်ဆက်လုပ်။ ချက်ချင်းဆောင်ရွက်။ ဒါပဲ"

စော်နဲ့ ဇိမ်ယူနေတဲ့ ငပုကျော်စွာလည်း ချက်ချင်း မဲ့ဆောက်က ထိုင်းထောက်လှမ်းရေးကို ဖုန်းဆက်ပြီး "ဆပ်ဝါဒီ ခပ် ဖိ"၊ ဘာညာဆိုပြီး ငထောက်တွေကို ရွှီးလေတယ်။ ကျော်စွာဝင်းဆိုတာက ကျနော်နဲ့ အတူတူ သူပုန်လုပ်ကြတဲ့ ငယ်ပေါင်းဘော်ဒါကြီးပေါ့။ ထိုင်းစကားကို အတော်ကျွမ်းတော့ သူ့ ကိုပါတီက ထိုင်းထောက်လှမ်းရေးနဲ့ ပါတီကြားမှာ ဆက်ဆံဖို့အတွက် ဆက်ဆံရေးအရာရှိအဖြစ် ခန့်ထားခံရတဲ့ လူ ပေါ့။ လစာတော့ မရဘူး။

သူကလည်း နဲနဲဆို များများပိုပြောတတ်တဲ့ အကျင့်ရှိတော့ ထိုင်းထောက်လှမ်းရေးတွေကို အားရပါးရ ကြပ်, တယ်ပေါ့ဗျာ။ ဗုံးတွေ့ တဲ့ နေရာက NCUB ဌာနချုပ်၊ NUGB ရုံးတိုနဲ့ နီးတဲ့ နေရာဆိုတော့။

မဲ့ဆောက် နိုင်ငံရေးရပ်ကွက်က သိတဲ့အတိုင်း။ သတင်းတစ်ခုထွက်ပြီဆိုရင် အားလုံးသိတယ်။ မီဒီယာတွေကလည်း စိတ်ဝင်တစား စောင့်ကြည့်တာခံရတဲ့လက်ပစ်ဗုံး။ သတင်းက မဲ့ဆောက်တမြို့ လုံးကို ပြန့်သွားပြီ။

"လက်ပစ်ဗုံးတစ်လုံးကို လူ့ဘောင်သစ်အဖွဲ့ဝင်တွေရဲ့ အိမ်နားမှာ တွေ့လို့တဲ့"

သန်းတုတ်ပြီး အတင်းပြောသလို တဆင့်ပြီးတဆင့် ပေါက်လေတယ်။ နအဖ ထောက်လှမ်ရေးတွေကများ တမင်တကာ လုပ်ကြံတယ်လို့ဆိုပြီး ထင်ကြေးပေးတဲ့လူကပေးတယ်။

နာရီဝက်လောက် ကြာတော့ ဆိုင်ကယ်ဖွတ်ချက်ဖွတ်ချက်နဲ့ သေနတ်အတိုကို ခါးချိတ်ပြီး ထိုင်းထောက်လှမ်းရေးနဲ့ ကျော်စွာဝင်းတို့ ရောက်လာကြတယ်။ ချောင်းထဲက လက်ပစ်ဗုံးကို လာကြည့်တယ်။ ကြည့်သာကြည့်သွားတယ်။ ဘယ်သူမှ ရေမြောင်းထဲကို ဆင်းပြီး မဆယ်ရဲကြဘူး။

ထိုင်းထောက်လှမ်းရေးက မဆယ်ရဲတော့ သူကပဲ ဆက်ပြီး မဲ့ဆောက်က ထိုင်းစစ်တပ်ကို လှမ်းပြီးအကြောင်းကြားတယ်။ ထိုင်းစကားနဲ့ သူတို့ပြောတော့ ကျနော်နားမလည်ဘူး။ ဒီလိုပြောတယ်လို့တော့ ခန့်မှန်းမိတယ်။

" လက်ပစ်ဗုံးတွေ့ ရှိ။ ရေမြောင်းထဲမှာဖြစ်။ အနီးအနားမှာ သူပုန်အိမ်တွေရှိ။ အမြန်လာကြည့်"

ဒီအချိန်မှာ အိမ်ရှေ့ မှာ လူတွေစုရုံးစုရုံးနဲ့ ရေမြောင်းထဲက လက်ပစ်ဗုံးကို ငုံ့ ငုံ့ ပြီး ကြည့်နေကြတယ်။ အားလုံးက ရင်တမမနဲ့။ ဗမာတွေရဲ့ ထုံးစံအတိုင်း ထင်မြင်ချက်တွေနဲ့ အတူ အာ တာပဲရတယ်။ ဘယ်သူမှ လက်တွေ့ ဆင်းပြီး မဆယ်ရဲကြဘူး။

နာရီဝက်လောက်ကြာတော့ ထိုင်းစစ်တပ်က မိုင်းရှာတဲ့စစ်သားတွေရောက်လာကြတယ်။ အရာရှိတစ်ယောက်နဲ့ ရဲဘော်လေးယောက် အဖွဲ့ လေးပေါ့။ ထိုင်းစစ်တပ်က စစ်ကားနဲ့ အတူ မိုင်းရှာတဲ့ကိရိယာ ယူလာကြတယ်။ ဘယ်မှာလဲ လက်ပစ်ဗုံး။ ၀ိုင်းကြည့်နေတဲ့လူတွေကလည်း အများကြီးဆိုတော့ မိုင်းရှာတဲ့အဖွဲ့ ကလည်း ပဲ များများ။ စစ်သာမတိုက်ရဲတာ လူ အရှေ့ မှာတော့ ဟန်တပြပြနဲ့ ဟန်ပဲရှိတဲ့ ထိုင်းစစ်သားတွေပါလား။ ဘယ်သူမှ ချောင်းထဲကို ဆင်းပြီး လက်ပစ်ဗုံးကို မကောက်ရဲဘူး။ မြန်မာစစ်သားသာဆိုရင် အရာရှိ အမိန့် ပေးတာနဲ့ ဘာမှမစဉ်းစားပဲ ဆင်းပြီးကောက်မယ်လို့ တွေးမိတယ်။

သူတို့ ပြင်ဆင်နေတုန်း လက်ပစ်ဗုံးကို ကလိလို့ လက်ပြတ်နေတဲ့ ကိုဝဏက အိမ်ရှေ့ ဝရံတာကနေ မိန့် မိန်ကြီးနဲ့ "မစမ်းရင်" ဆေးပေါ့လိပ်အတိုကို ဖွာပြီး ထိုင်ကြည့်လေတယ်။ သူ့ခေါင်းထဲမှာလည်း တခါသေဘူး ပျဉ်ဘိုးနားလည်တယ်ဆိုတဲ့ အတွေးမျိုးရှိလေမလားပဲ။ ငါသာဆင်းပြီးဆယ်ရင် နောက်ထပ် လက်တစ်ဘက်ထပ်ပြီး ပျက်လိမ့်အုံးမယ်ထင်တယ်။ အသာလေးငြိမ်နေမှ...........ဆိုတဲ့အတွေးမျိုးပေါ့။

နိုင်ငံရေးအကျဉ်းသားဟောင်း ထောင်ထွက်၊ စာရေးဆရာ ကိုအံ့ဇော်က အနီးနားမှာ ကပ်ပြီး စပ်စုလေတယ်။ လက်ပစ်ဗုံးဆိုတာ ဘယ်လိုဟာလဲ။

" ကိုအံ့ဇော်.....အကိုက လူ့ဘောင်သစ်ရဲ့ ဗဟိုကော်မတီဝင် တစ်ယောက်ပဲဆိုတော့ အကိုပဲ လက်ပစ်ဗုံးကို ဆင်းပြီးကောက်လေ" လို့ နောက်တော့....သူက ဒီလိုပြန်ပြောတယ်။

" အာ...မင်းကလဲ" ဆိုပြီး အိမ်ထဲကို စပ်ဖြဲဖြဲနဲ့ တန်းပြေးလေတော့တယ်။ ကျနော်ပြောတာ မမှန်ဘူးလား။ သူက ခေါင်းဆောင်။ ကျနော်ကရဲဘော်လေ။ ခေါင်းဆောင်ဆိုတော့ ရှေ့ က ရဲရဲဝံ့ဝံ့ ဦးဆောင်ရမှာပေါ့။ ဟုတ်ဘူးလား။

မိုင်းရှာတဲ့ ကိရိယာနဲ့ ထိုင်းစစ်သားတွေ ပထမဦးဆုံး စမ်းသပ်တာ မရဘူး။ တီ...တီ....တီ....ဆိုတဲ့ အသံမမြည်ဘူး။ ဒီအချိန်မှာ ရေကလည်းနောက်နေတော့ လက်ပစ်ဗုံးကို မမြင်ရဘူး။ ရေကြည်တုန်းကတော့ ကောင်းကောင်းတွေ့ ရတယ်။ မိုင်းရှာတဲ့ဟာကြီးနဲ့ မရတော့ ထိုင်းစစ်သားတွေက ရေပုံးနဲ့ ပေါက်တူး တောင်းတယ်။ ကျနော်တို့အိမ်က ရေပုံး အစုတ်နဲ့ အရိုးကျိုးနေတဲ့ ပေါက်တူးကို သွားယူပြီး သူတို့ကိုပေးလိုက်တယ်။

ဒီမှာတင် ထိုင်းစစ်သားတွေ ငါးပတ်ကြပီ။ ချောင်းကို တားတမံတွေ ပိတ်။ ရွံ့ ဗွက်တွေပေကြံ၊ ချွေးတရွှဲရွှဲနဲ့ ချောင်းထဲကရေကို ခပ်ထုတ်ကြလေတယ်။ ကျနော်လည်း ၀င်ပြီး ကူပေါ့ဗျာ။ လက်ပစ်ဗုံး ရှိတဲ့နေရာကိုတော့ အမှတ်အသားလုပ်ထားတယ်။ အဲဒိနေရာကို မသွားရဲဘူး။ ထ ပြီးကွဲရင် အားလုံးသေကုန်မှာဆိုတော့။

တစ်နာရီလောက် ငါးပတ်ကြရင်း အားလုံးမျှော်လင့်တောင်းတနေတဲ့ လက်ပစ်ဗုံးကြီးကို တွေ့ ပါပြီ။ တွေ့ တော့ချက်ချင်း ဘယ်သူမှမကောက်ရဲဘူး။ ငါးပတ်ပြီး ကြီးလာတဲ့ ကျနော် ငါကျီးနဲ့ ငါးမွေထိုး ကို ဗွက်ထဲမှာ စမ်းသလို ဖြည်းဖြည်းချင်း အဆူးမဆူးအောင် စမ်းကြည့်တယ်။ လက်ပစ်ဗုံးက သံနဲ့လုပ်ထားတဲ့ လက်ပစ်ဗုံးမှ မဟုတ်တာ။ ဆယ်ပြီး ကုန်းပေါ်ကို ပစ်တင်ပေးလိုက်တော့ လူတွေအားလုံး ရှဲ က နဲ။ ကွဲမှာကြောက်လို့ထင်တယ်။ သူတို့ကိုင်ကြည့်တော့မှ လက်ပစ်ဗုံးက သင်္ကြန်မှာ ရေထည့်ပြီး ကစားတဲ့ လက်ပစ်ဗုံးဖြစ်နေတယ်။ ဒီမှာတင် အားလုံးဝိုင်းရယ်ကြလေတယ်။ ထိုင်းစစ်သားတွေက "ချစ်ဖိုင်" ဆိုပြီး ဆဲပါလေရော။

ဒါ့ကြောင့် မိုင်းရှာတဲ့ ကိရိယာနဲ့ ရှာတာ မတွေ့ တာကိုး။

နောက်ဆုံးတော့ အရမ်းတော်တဲ့ ထိုင်းထောက်လှမ်းရေး၊ မိုင်းရှာကျွမ်းတဲ့ ထိုင်းစစ်တပ်၊ စစ်ရေးသတိအမြဲရှိတဲ့ သူပုန်တွေအားလုံး ကိုဝဏရဲ့ လေးနှစ်အရွယ် သမီးလေး ကြပ်, တာကို ခံလိုက်ရလေသတည်း။


ချစ်ဖိုင်=ဆဲခြင်း (ထိုင်းစကား)
ဆပ်ဝါဒီခပ်= မင်္ဂလာပါ (ထိုင်းစကား)
ဖိ = အကို (ထိုင်းစကား)

--
Thanks for sending!!!
Phone Kyaw
အီမဲလ်ထဲမှာတွေလို့ ဖေါ်ပြလိုက်တာပါ စာရေးသူကိုတော့ ခွင့်မတောင်းရသေဘူး။