Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

29 August, 2011

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းသစ် တစ်ခု ဖြစ်လာမည့် စစ်တွေဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်း


မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းသစ် တစ်ခု ဖြစ်လာမည့် စစ်တွေဆိပ်ကမ်း တည်ဆောက်ရေးတွင် အိန္ဒိယနိုင်ငံမှ Essar ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက် ရှိကြောင်း၊ ယင်းသို့
တည်ဆောက်ရေးလုပ်ငန်းနှင့် ကုလားတန်မြစ်ကြောင်း ရှင်းလင်းရေးနှင့် ဘက်စုံ ဖွံ့ဖြိုးရေးများကို ၂၀၁၃ ခုနှစ် အတွင်း အပြီးသတ် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

အမေရိကန်ဒေါ်လာ သန်း ၁၂၀ ခန့် ကုန်ကျမည် ဖြစ်ပြီး ၂၁၉ x ၁၅ မီတာ အရှည်ရှိသော ဆိပ်ခံတံတားကြီးကို တည်ဆောက်မည် ဖြစ်ရာ ပင်လယ်ကူးသင်္ဘောကြီးများ ၀င်ရောက် ဆိုက်ကပ်နိုင်မည် ဖြစ်သည်။ ယင်းအပြင် ၁၅၈ ကီလိုမီတာ အရှည်ရှိ သော မြစ်ကြောင်း တူးဖော်ရေး လုပ်ငန်းကိုလည်း စစ်တွေမှ ပလက်ဝ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ၅၄ x ၁၄ မီတာ အရှည်ရှိသော ချဉ်းကပ် တံတားများကိုလည်း ကုန်းတွင်းပိုင်း အနီးတွင် တည်ဆောက်သွားမည် ဖြစ်ပြီး ၇၈ x ၁၅ မီတာ ရှိသော ဆိပ်ခံ တံတားတစ်ခုကိုလည်း တန် ၂၀၀၀ မှ ၃၀၀၀ အထိ သင်္ဘောများ ဆိပ်ကပ်နိုင်ရန် ပြုလုပ်သွားမည် ဖြစ်သည်။

ယခုအခါတွင် စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများကို တည်ဆောက်လျက် ရှိပြီး ပလက်ဝမှ စက်ပစ်ပြင် အထိ ကားလမ်းနှင့်စက်ပစ်ပြင်မှတစ်ဆင့် မီဇူရမ်ပြည်နယ်နှင့် ဆက်သွယ်မည့် ကားလမ်းကိုလည်း ဖောက်လုပ်ရန် စီစဉ်လျက် ရှိကြောင်း သိရှိရပါသည်။

ဇွန်အတွင်းက မိုးကြောင့် ယခင် ဖြည့်တင်းထားသောသဲများ ပြန်လည် မျောပါသွားခဲ့သည့် နောက်ပိုင်းတွင် ပင်လယ်ကမ်းစပ်မှသဲများ တူးယူရန် လွယ်လင့်တကူ မရနိုင်တော့သဖြင့် ယခုအခါတွင် စစ်တွေမြို့ စာတိုက်ကြီး၏
အရှေ့တောင်ဘက်၊ Nurse ကွာတာ ၏ အရှေ့ဘက် မြစ်ကမ်းစပ်မှ သဲများကို စက်ဖြင့်စုပ်ယူကာ ပြန်ဖြည့်နေရကြောင်း သိရှိရသည်။

No comments:

Post a Comment