Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

20 September, 2011

ဥုံ ဖွ ဟယ် ... ယုံကြကွယ် တုတ်ကြီး (ခေတ္တ-သာဝတိံသာ)


ကျနော်က အချက်အလက်စုရန် ပျင်းသောသူတယောက် ဖြစ်ပါသည်။ ယခုတလော ကြားနေမြင်နေရသည့် ကိစ္စများအား Research စာတမ်းတခု ရေးရန် စိတ်ကူးရှိသော်လည်း Research ဆိုသည်နှင့် research method တခုခုကို ကိုင်ရမည်။ ပိုမိုပျင်းရိဖွယ် စာအုပ်များကို ပြန်ဖတ်ရမည်။ field ဆင်းလေ့လာရမည်။ Interview များ ဆောင်ရွက်ရမည်ဆိုသည့် ကရိကထများသည့် အလုပ်များကို မလုပ်လိုပါ။ ထိုအလုပ်များကို လုပ်ရန်အတွက်လည်း proposal နှင့် အဖွဲ့အစည်းများ၊ နောက်ခံ နိုင်ငံခြားတိုင်းပြည်တခုခုမှ ပါတီတခုခု၊ အင် အားစုတခုခု၏ Funding နှင့် တင့်တယ်ချင်တိုင်း တင့်တယ်နေကြသောသူများကဲ့သို့လည်း မဟုတ်သဖြင့် ဘ ၀ကလည်း ခွင့်မပြုပြန်။ သို့ဖြစ်သည့်အတွက် အတွေ့အကြုံထဲမှ အနှစ်သာရများနှင့် လုပ်ဟန်များကို ပြန်လည် တင်ပြရင်း ကျနော့်ရှုထောင့်မှ မြင်သည့်အရာများကို ဆွေးနွေးပါမည်။ ကနဦး အသိပေးလိုသည်မှာ ကျနော် သည် လေ့လာသူမဟုတ်ပါ။ ကျွမ်းကျင်သူမဟုတ်ပါ။ သုတေသီမဟုတ်ပါ။ ရိုးရှင်းသော နေ့စဉ်ဘ၀ဖြတ်သန်းမှု ထဲမှ ထုတ်နှုတ်တင်ပြရင်း သာမာန်ပြည်သူတဦးတိုင်းပြည်ချစ်သူတဦးအနေဖြင့် ဆွေးနွေးခြင်းသာဖြစ်ပါသည်။ James. C Scott တို့ Michel Foucault တို့ Andrei Shleifer တို့လိုတော့ အချက်အလက်ပြည့်စုံ ကုံလုံမည့် ဆွေးနွေးမှုမဟုတ်ပါဟု ပဏာမအသိပေးလိုပါသည်။
*******
ခေါင်းဆောင်မှုအခန်းကဏ္ဍနှင့်ပတ်သက်၍ နည်းနာဟန်ပန်အမျိုးမျိုးရှိကြပါသည်။ ကမ္ဘာကြီးတခုလုံးတွင် လုပ် ငန်းများ၊ စက်ရုံများ၊ ရုံးများ အနှံ့အပြားရှိသော ကုမ္ပဏီကြီးများမှ စ၍ မနေ့တနေ့ကမှ အောင်မြင်လာသော ကုမ္ပဏီငယ်များအထိ supervisor အထက် အဆင့်များအား အနည်းဆုံးခြောက်လ တကြိမ် ခေါင်းဆောင်မှု မွမ်းမံသင်တန်းများပေးကြပါသည်။ ကောလိပ်ကျောင်းထွက်စ internship ဖြင့် ၀င်လာကြသော လူငယ်များ ကိုလည်း အလားအလာနှင့် အရည်အချင်း ပိုမိုတောက်ပြောင်စေလိုသော ရည်ရွယ်ချက်ဖြင့် အလုပ်ဝင်လျှင် ၀င်ချင်း ခေါင်းဆောင်မှုသင်တန်း တက်ကြရပါသည်။ ထိုသင်တန်းများတွင် Leadership style, Leadership methodology နှင့် effective leadership ဆိုသည့် ကဏ္ဍတို့ကို ပို့ချပါသည်။ ကျောင်းဆင်းခါစသူများ ကော လိပ်တွင် သင်ယူလာခဲ့သည်မှာ တကယ့်လုပ်ငန်းခွင်တွင်တော့ prerequisite နှင့် အခြေခံအဆင့်သာရှိသည် မှာများ၏။ လုပ်ငန်းခွင်တွင်းတွင်ပင် လုပ်ငန်းသဘောကို သင်ယူကြရပါသည်။

“အာဏာရှင်သက်ဆိုးရှည်ရေးနှင့် နိုင်ငံသားတို့ အတုအယောင်ဒီမိုကရေစီ အပင်းအသွင်းခံရရေးတွင် instrumental အဖြစ်နှင့် မည်သည့်သူကိုမှ မမြင်လိုပါ။ ယုတ်စွအဆုံး ဦးသိန်းစိန်တို့၊ ဦးရွှေမန်းတို့ကိုပင် မမြင်လိုပါ။ ထိုသူများအနေနှင့် တကယ်အဟုတ် တိုင်းပြည်ကို ငြိမ်းချမ်းစေချင်သူများ ဖြစ်ချင်သည်ဆိုလျှင် ...”

ထိုမှတဆင့် အတွေ့အကြုံ ဖြတ်သန်းမှု၊ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှု မှတ်တမ်းများအရ တဖြည်းဖြည်း ပိုမို မြင့်မားသော ရာထူးများကို လျှောက်ယူသွားကြသည်က များပါသည်၊ Corporate ladder ကို တဆင့်ချင်း တ ဆင့်ချင်း တက်ယူကြသည့် ကုမ္ပဏီလောကတွင် အချို့လည်း ပိုမိုအခွင့်အလန်းသာသော၊ လစာ၊ ဆုကြေးနှင့် ရပိုင်ခွင့်သာသော ကုမ္ပဏီများသို့ ပြောင်းရွှေ့အမှုထမ်းကြပါသည်။ များသောအားဖြင့် ကုမ္ပဏီများတွင် အ သက်ကြီးကြီး supervisor များကို တွေ့ကြရမည်ဖြစ်ပြီး ထိုသူတို့သည် တဖြေးဖြေး အောက်ခြေမှ လုပ်သက် လုပ်ငန်းအတွေ့အကြုံနှင့် တက်လာကြသောသူများဖြစ်၍ ထိုသူတို့၏အကူအညီမပါဘဲ ခေါင်းဆောင်မှုကောင်း ကောင်းပေးနိုင်သည့် မန်နေဂျာတယောက်ဖြစ်ရန် မလွယ်သကဲ့သို့ ထိုသူတို့၏ အားနည်းချက်များ၊ အမှားများ အား မျက်စိမှိတ်ခွင့်ပြုမနေဘဲ ကုမ္ပဏီ၏ ပေါ်လစီ၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို အာမခံသလို ထုတ် လုပ်ရေးပြည့်မီမှု၊ အရည်အသွေး ရာနှုန်းပြည့်မှု၊ အလုပ်သမားများ အလုပ်အပေါ် ချစ်ခင်ပျော်ရွှင်မှုတို့ကိုလည်း ဖန်တီးပေးရင်း မျက်ခြေမပြတ်သလို မန်နေဂျာအဆင့် မနက်နှင့် ညနေ ဆွေးနွေးပွဲများတွင်လည်း မိမိဌာနမှ နောက်ရက်အတွက်၊ နောက်တပတ်အတွက်၊ နောက်တလအတွက်၊ နောက်သုံးလအတွက် ဆောင်ရွက်ရန်ရှိ သည့် projects များ၊ လုပ်ငန်းများ၊ အခြားဌာနတို့မှ projects များ၊ ကုမ္မဏီ၏ အခြားဒေသစက်ရုံများမှ လာ မည့် ကုန်ကြမ်းများ၊ မိမိတို့ဆီမှထွက်ရှိသော ကုန်ချောများ supply chain မှတဆင့် စားသုံးသူလက်ထဲ သတ် မှတ်ချိန်အတွင်း သတ်မှတ်အရေအတွက်၊ မှန်ကန်သော အရည်အသွေးနှင့် ရောက်ရှိရန် ဆွေးနွေးဖလှယ်မှု၊ ပို မိုကောင်းမွန်သော စိတ်ကူးစိတ်သန်းများ ဖလှယ်မှု၊ ပြဿနာအခက်အခဲရှိလျှင် ၀ိုင်းဝန်းအကြံပြု ဖြေရှင်းမှုတို့ ကိုလည်း ထိထိရောက်ရောက် ပြုလုပ်နိုင်ရပါသည်။

စက်ရုံတရုံ၊ လုပ်ငန်းတခု လည်ပတ်ရန်အတွက် ဈေးကွက်ရှိရပါမည်။ အရင်းရှိရပါမည်။ ထုတ်လုပ်ရေးရှိရပါ မည်။ ရိုးရှင်းလှသော supply and demand စက်ဝိုင်း၏ အရိုးရှင်းဆုံး ထိုကိစ္စများ ဖြစ်ပေါ်ရန်အတွက်လည်း လိုအပ်သော အခြေခံကိစ္စများ ရှိရပါမည်။ Rules and regulations များ ရှိရပါသည်။ I.S.O compliance ဖြစ် အောင်လည်း ကြိုးစားကြရပါသည်။ infrastructure ရှိရပါသည်။ Human resource၊ Safety၊ Maintenance၊ I.T၊ Operation၊ Production၊ shipping and handling ဆိုသည့် basic departmental structure များ ရှိရ ပါသည်။ ထို့နောက် actors များဖြစ်သည့် ဌာနအသီးသီး၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်မည့် အ ခေါင်အချုပ်ဖြစ်သည့် General Manager (Facility Manager)၊ departmental managers များမှသည် Staffs အဆင့်ဆင့်ရှိကြပါသည်။ ထိုသူတို့အနေဖြင့် လိုအပ်သော tools of trade ဖြစ်သည့် ကွန်ပြူတာအပါ အ၀င် ရုံးသုံးကိရိယာတန်ဆာပလာ စားပွဲတင်ဖုန်းကအစ ရှိကြပါသည်။ မန်နေဂျာများဆိုလျှင်တော့ အနည်း ဆုံး 3G ဖုန်း များကို ကုမ္ပဏီမှ ထုတ်ပေးကြရပါသည်။

စတင်တည်ဆောက်သည့် စက်ရုံအသစ်များဆိုလျှင် ရုံးချုပ်မှ ဌာနဆိုင်ရာဒါရိုက်တာများ အပတ်စဉ်လာရောက် ၍ ဆောက်လက်စ အဆောက်အဦဘေး လွင်ပြင်တွင် mobile office ထိုး၍ စည်းဝေးပွဲများနှင့် နေ့စဉ်လုပ် ငန်းများကို ကြီးကြပ်သလို ရုံးချုပ်မှ Senior Management မှ အကြီးအကဲများကလည်း တနေ့နှစ်ကြိမ် ဖြစ် ပေါ်တိုးတက်မှုအခြေအနေကို ဆွေးနွေးခေါင်းဆောင်မှုပေးကြပါသည်။ စက်ရုံတရုံ၏ အစ မြေကြီးတဖဲ့ ကော် ၍ အဆောက်အဦနေရာ သတ်မှတ်သည်မှစ၍ စက်ရုံကြီး လည်ပတ်၍ ပထမဆုံးသော ကုန်ချော ထုတ်လုပ် သည်ထိ Senior Management မှ ကလေးထိန်းသလို မျက်ခြေမပြတ် အလေးထားဆောင်ရွက်ကြပါသည်။ ထို senior management အတွက်လည်း ဆောက်လက်စ စက်ရုံကို တာဝန်ယူကြသည့် မန်နေဂျာများက ဆိုင်ရာဌာနမှ Key Performance Indicator (KPI Dashboard) များကို အတိအကျ Data ဖြည့်၍ inform လုပ်ကြရပါသည်။ ထို့အတူ project management team မှလည်း အနည်းဆုံးသုံးလ၊ smooth production နယ်ပယ်ကိုရောက်သည်အထိ process management မှသည် transportation ကိစ္စအထိ ထောင့်စေ့ အောင် foundation ခိုင်အောင် တာဝန်ယူကြရပါသည်။ ထိုကိစ္စအားလုံးဖြစ်မြောက်ရန် framework များရှိရ ပါသည်။ သေချာသည့် လတ်တလော ဈေးကွက်နှင့် အနာဂတ်ဈေးကွက် ကျယ်ပြန့်မှုရှိရပါသည်။ ကိုယ်လုပ် ငန်းဖွင့်သောနိုင်ငံ၊ သို့မဟုတ် ပြည်နယ်အစိုးရ၏ အခွန်အကောက်ဆိုင်ရာကိုလည်း ထည့်တွက်ရပါသည်။ ထို ဒေသမှ အလုပ်သမားအရင်းအမြစ်၏ အနေအထားကိုလည်း ထည့်တွက်ရပါသည်။ အထူးသဖြင့် အလုပ်သ မား အရင်းအမြစ်ကို ထည့်တွက်ရာတွင် အမြဲရှောင်ရှားကြသည့်ကိစ္စမှာ ဘယ်နည်းနှင့်မှ Union အဖွဲ့အစည်း ကို စက်ရုံထဲသို့ မောင်းမသွင်းလာမည့် အလုပ်သမားအရင်းအမြစ်လည်း ဖြစ်ရပါမည်။ ( အရင်းရှင်နိုင်ငံတို့မှ အများစုသော လုပ်ငန်းများ၊ ကုမ္ပဏီများက Union များကို မလိုလားပါ) ထိုအရာများ မြင်သာထင်သာမရှိပါက မည်သည့်စက်ရုံအသစ်မှ ဖြစ်ပေါ်မလာပါ။ ထိုအရာများ မြင်သာထင်သာရှိလာအောင် အဓိက တာဝန်ယူရ သော စီမံကိန်း ဦးဆောင်ညွှန်ကြားရေးမှူး ညံ့ဖျင်းလျှင်၊ stressful and fast pace အခြေအနေတွင် ခေါင်း အေးအေးဖြင့်မဆောင်ရွက်နိုင်လျှင် သို့မဟုတ် ခပ်ပေါ့ပေါ့ ကိုင်တွယ်ဆောင်ရွက်ခဲ့လျှင် တချိန်တခုခုဖြစ်တတ် သလို ချက်ချင်းလက်ငင်းလည်း ပြဿနာပေါ်တတ်ပါသည်။ ထို့အတွက် ကိစ္စရပ်တိုင်း ကိစ္စရပ်တိုင်းတွင် ကုမ္ပ ဏီ အရင်းအနှီးမထိခိုက်ရန်၊ မဆုံးရှုံးရန်၊ အမြတ်သေချာရန်အတွက် အခြေအနေနှင့် အချိန်အခါကို တွက်နိုင် သော၊ မိမိဦးဆောင်သော စီမံကိန်း၊ မိမိတာဝန်ယူသော ထုတ်လုပ်ရေးကို နားလည်သော အလားအလာကို forecast လုပ်နိုင်သောသူများ ဖြစ်စေရန်အတွက် အထက်ပါသင်တန်းများကိုလည်း လိုအပ်ချက်များထဲမှ တ ခုအနေဖြင့် အလေးအနက် ပို့ချကြပါသည်။ ထို့အတူ အတွေ့အကြုံဟူသည့် အဖိုးမဖြတ်နိုင်သည့် အရင်းအနှီး ကလည်း အရေးပါသောကဏ္ဍတွင် ပါဝင်ပါသည်။

စီအီးအိုတယောက်အနေဖြင့်ဟူမူကား ကုမ္ပဏီဂျက်လေယာဉ်ဖြင့် ခရီးသွားရာလျှင်ပင် သူ၏ဌာနဆိုင်ရာ team တခုကို သူနှင့်အတူခေါ်ယူကာ free-trade zone တွင်း နိုင်ငံများမှ လုပ်ငန်းသစ်များအတွက် သွားရောက် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးခြင်းများလုပ်ရာတွင် ဘဏ္ဍာရေး၊ ဈေးကွက်၊ ကုန်ကြမ်းဈေးကွက်၊ ယှဉ်ပြိုင်ဘက် ကုမ္ပဏီများမှ ထုတ်လုပ်နေသော production line၊ နောက်ထပ် ဈေးကွက်အလားအလာရှိသော နိုင်ငံပြည် နယ်များမှသည် စက်ရုံတချို့မှ လတ်တလော လိုအပ်ချက်များအထိ သူ့သဘောထားကိုပေး၍ လိုအပ်လျှင် လို အပ်သလို ၀င်ရောက်ဆုံးဖြတ်နိုင်ရပါသည်။

ခေါင်းဆောင်မှုဆိုသည့် ကဏ္ဍနှင့် အနီးကပ် ဆက်စပ်နေသောအရာမှာ အမြော်အမြင်ရှိမှု၊ အခြေအနေကို အ မှန်အတိုင်း သုံးသပ်နိုင်မှု၊ ဖြစ်ဆဲ ဖြစ်လတ္တံ့ အပြောင်းအလဲများကို ခန့်မှန်းနိုင်မှု၊ တွက်ချက်နိုင်မှုတို့ကို indicator အဖြစ် အသုံးပြု၍ မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်မှု ဖြစ်ပါသည်။ စီအီးအို မဆိုထားနှင့်၊ မန်နေဂျာ မဆိုထားနှင့်၊ စတော့မားကက်များတွင် နိုင်ငံခြားငွေနှင့်ရွှေ အပါအ၀င် များပြားလှစွာသော အရာများအား ၀ယ်ရောင်းဖောက်ကားနေသည့်သူ မဆိုထားနှင့်၊ ကျနော်တို့မြန်မာနိုင်ငံမှ သာမန်ကုန်သည်တယောက်အ ဖြစ်နှင့်ပင် လှေကြီးထိုး စဉ်းစားမည်ဆိုလျှင် ဥပမာ - မြန်မာပြည်တွင်းတွင် ယခု မိုးနှောင်းပိုင်း ရေကြီးသည်၊ ပါကစ္စတန်နှင့် အိန္ဒိပြည် ရေကြီးသည်၊ ထိုင်းနိုင်ငံ ရေကြီးသည်။ ထိုသို့ရေကြီးသည့်အတွက် စိုက်ပျိုးမြေများ စိုက်လက်စ ရိတ်သိမ်းရန် သိပ်မလိုလှတော့သော စပါးများ ရေနစ်၏။ စပါးများ အထွက်ညံ့ဖို့ သေချာသ လောက်ရှိ၏။ စပါးများအထွက်နည်းလျှင် စားမည့် ပါးစပ်ပေါက်များက အစားရပ်သွားမည်မဟုတ်။ ဒီတော့ ကုန်သည်တယောက်အနေနှင့်မူ ကောက်ပဲသီးနှံ သိုလှောင်ခြင်းက လာမည့်နှစ်တွင် အမြတ်ကျိန်းသေသည့် ရင်းနှီးမှုဖြစ်ရန် သေချာသလောက်ရှိ၏။ တဘက်ကလည်း ကမ္ဘာ့စီးပွားပျက်ကပ်၏ တွန်းဆော်မှုအရ ရွှေ၊ ငွေ၊ ကျောက်မျက် စုဆောင်းထားမှုနှင့် ကိုယ့်အရင်းအနှီးကို အာမခံ ပြန်ယူထားသင့်ပြန်၏။ အဘယ်ကြောင့် ယေ ဘုယျ ထိုကဲ့သို့ ကောက်ချက်ချနိုင်သနည်း။ အဘယ်ကြောင့်ဟူမူ မြင်သာထင်သာ forecast လုပ်နိုင်သော အခြေအနေများကြောင့်ဖြစ်ပါသည်။ ထိုကဲ့သို့ မြင်သာထင်သာ forecast လုပ်နိုင်လောက်သည့် data အချက် အလက်များ တကယ်မရှိလျှင်တော့ စိတ်ကူးယဉ် ရူးသွပ်မှုသာဖြစ်လိမ့်မည်။

“စူဇကာပုဏ္ဏား သူ့ဟာသူ စားပိုးနင့်ပြီး မရှူနိုင်မကယ်နိုင် မျက်ဖြူဆိုက်နေချိန်မှာ ကိုယ်ဝန်သည်အမှတ်ဖြင့် ၀မ်းဆွဲသည် ၀င်လုပ်နေသည်က ဘယ်သူပါနည်း။”

တမြန်နေ့က မြန်မာနိုင်ငံမှာ စစ်မှန်တဲ့အပြောင်းအလဲ အလားအလာမြင်လာရ ဆိုသည့် ခေါင်းစဉ်ဖြင့် အမေရိ ကန်အသံ မြန်မာပိုင်းအစီအစဉ်တွင် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့နှင့်ပတ်သက်၍ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နှုတ်ချက်တို့ကို ဖတ်လိုက်ရပါသည်။

ထိုမိန့်ခွန်းတွင် “အဲဒီတော့ ဒီအပြောင်းအလဲတွေဟာ ညင်သာရမယ်၊ ငြိမ်းချမ်းရမယ်၊ သိက္ခာရှိရမယ်၊ ပြည်သူ ကို မထိရဘူး၊ နိုင်ငံကို မထိရဘူး။ ဆင်းသွားတဲ့ အစိုးရကိုလည်း မထိရဘူး၊ တက်သွားတဲ့ အစိုးရကိုလည်း မ လိုလားအပ်တဲ့ အခွင့်အရေးတွေ မပေးရဘူး။ အားလုံးဟာ မျှတတဲ့ အခြေခံပေါ်မှာ တည်ရှိရမယ်။ ပြီးတော့ စောစောတုန်းက ဘဘဦးတင်ဦး ပြောသွားသလိုပေါ့၊ မေတ္တာတရားပေါ်မှာ တည်ရှိရမယ်။ ဒါကတော့ ကျမတို့ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ရဲ့ အထူးလက္ခဏာတခုအနေနဲ့တောင် ကျမ ဖြစ်စေချင်တယ်” ဟု ပါရှိပါသည်။ လွှတ်တော်ထဲမှာ လုပ်မယ်ဟု အချိတ်ထမီကြီး စွန်တောင်စွဲကာ တက်ကြွခဲ့ကြသောသူများ အပါအ၀င် အား လုံးအားလုံးသောသူများကို တိုက်တွန်းသည်ဟု နားလည်ပါသည်။ ဦးအောင်ကြီးတုန်းကတော့ တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့ ဆိုတာလောက်ပဲ ပြောသွားခဲ့သော်လည်း ဒီးယားလိဒါ ဦးနေ၀င်းနှင့် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီကြီးတရပ်လုံးအား အာမခံ ရာနှုန်းပြည့်ပေးရန် ကြိုးစားကြည့်ခဲ့ပုံရ၏။

ဘယ်သူတွေက မညင်သာ မငြိမ်းချမ်း၊ သိက္ခာမဲ့၊ ပြည်သူကိုထိ၊ နိုင်ငံကို ထိမယ့် အပြောင်းအလဲတွေကို လို လားခဲ့လို့တုန်း (မဆလနှင့် နအဖခေတ်တလျှောက်လုံး သုံးလာခဲ့သည့် ဆီသည်မလက်သုတ်ဝတ်လို ဖြစ်သွား ရရှာသော မဟော်သဓာ အဆုံးအဖြတ်ပေးသည့် မိခင်နှင့်ဘီလူးမ သားလုခန်း ဇာတ်တော်ကို ပြန်ဟဲလိုက်ရ ပြန်လျှင်ဖြင့် သုံးဆယ့်ခုနှစ်ဘုံတွင် ကျင်လည်ကြကုန်သော ဝေနေယျသတ္တ၀ါအပေါင်း ကိုယ်ကျင်လည်ရာဘုံ ကို စိတ်ကုန် နာကျည်းသွားမည်ကိုလည်း စိုးလှသဖြင့် ပြန်ကြားရေးဝန်ကြီးအတွက် ချန်ပေးလိုက်ပါဦးမည်။) ဆင်းသွားတဲ့ အစိုးရကိုလည်း မထိရဘူးဆိုတော့ ဆင်းသွားတဲ့အစိုးရကို ဘယ်သူက ထိနိုင်မှာတုန်း။ မထိတာ တောင် သေချင်းဆိုးနှင့်သေနေကြရတာ ထိများထိလို့ကတော့ မတွေးဝံ့စရာ။ တက်သွားသည့်အစိုးရကိုလည်း ဘယ်ပြည်သူလူထုကမှ ခြေမ ချိုး၊ ယပ်တောင်ခပ်၊ သံပုရာရေတိုက်၍ မတက်အောင်လည်း မလုပ်ပါ။ စူဇကာ ပုဏ္ဏား သူ့ဟာသူ စားပိုးနင့်ပြီး မရှူနိုင်မကယ်နိုင် မျက်ဖြူဆိုက်နေချိန်မှာ ကိုယ်ဝန်သည်အမှတ်ဖြင့် ၀မ်းဆွဲ သည် ၀င်လုပ်နေသည်က ဘယ်သူပါနည်း။

ထို့ပြင်တ၀ ဆက်ပြန်ရာ “အခုဆိုရင် ကျမတို့နိုင်ငံဟာ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါ တယ်။ အပြောင်းအလဲဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမယ့် ဒါ ကျမကလည်း လူသိရှင်ကြား ပြော ပြီးသားဖြစ်ပါတယ်။ အပြောင်းအလဲဖြစ်နိုင်မယ့် အခြေအနေ ရောက်နေပြီလို့ ကျမ ယုံကြည်တယ်။ အပြောင်း အလဲဖြစ်နိုင်မယ့် အခြေအနေမှာရောက်နေပြီဆိုရင် ဒီအပြောင်းအလဲတွေဟာ ပြည်သူအတွက် အကောင်းဆုံး၊ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းနဲ့လုပ်မလဲဆိုတာ လူတိုင်းလူတိုင်းဟာ တာ ၀န်သိသိနဲ့ လေးလေးနက်နက် စဉ်းစားရမှာဖြစ်ပါတယ်။”

အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေပါသည်ဆိုတော့ ဘယ်လို leverage တွေကို ကိုင်ထားနိုင် လို့ ပြောတာလဲ။ ဘယ်လို the status quo ကို ထိန်းထားနိုင်လို့ ပြောနိုင်သလဲ။ ဘယ်လို political bench- mark တွေကို ကိုင်တွယ်ပြီး ဘယ်လို emerging opportunities တွေကိုမြင်လို့ forecast လုပ်တာလဲ။ ဘယ် လို intellectual vitality တွေကို အခုတက်သွားတဲ့သူတွေဆီမှာ အခိုင်အမာတွေ့ရှိ၊ ပြီးတော့ အဲဒီတွေ့ရှိမှုတွေ နဲ့ ကြားသိပတ်သက်ရမှုတွေက တကယ်ပဲ အမြော်အမြင်ရှိရှိ တိုင်းရင်းသားလူမျိုးစုအားလုံး အပါအ၀င် နိုင်ငံ သားတရပ်လုံးအတွက် (ကိုယ်ကျိုးမစွန့်ပါနဲ့ စွန့်မယ့်သူတွေ ဘယ်တုန်းကမှမဟုတ်ဘူးဆိုတာလဲ ဖြစ်ထွန်းဆဲ အနီးခေတ် သမိုင်းက သက်သေပြပြီးသားပါ) ငဲ့ညှာစဉ်းစားမည်ဟု ယုံကြည်ကြပါသလား။

ယုံကြည်သည်ဆိုလျှင်တော့ ယခုပင် ဧရာဝတီနှင့်ပတ်သက်၍ ဓားဓားချင်း၊ ဒုတ်ဒုတ်ချင်းဟု ပြောသည့်သူများ၊ ဘယ်သူတားတား ဆက်လုပ်မှာပဲ ဆိုသည့်သူများနှင့် ဖွဲ့စည်းထားသည့် အစိုးရကို သံသယရှိမိသည့် ကျနော် တို့၏ မှားယွင်းမိုက်မဲ နားမလည်မှုပေါ့။ လူတိုင်းလူတိုင်းဟာ တာဝန်သိသိနဲ့ လေးလေးနက်နက် စဉ်းစားခဲ့ကြ သလို လူတိုင်းလူတိုင်းဟာလည်း တတပ်တအား ၀ိုင်းဝန်းကြိုးစားခဲ့ကြပါသည်။ လှည်းနေလှေအောင်း မြင်း ဇောင်းမကျန် သံဃာတော်များ၊ သင်းအုပ်ဆရာများ ပလီဆရာများမှ အစ ကိုယ့်တိုင်းပြည် အေးချမ်းသာယာ ၀ပြောစေချင်ပါသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနှင့် တပ်မတော်သားအများစု အပါအ၀င် လူတိုင်းလူတိုင်းက နှစ်နှစ်ကာကာ တာဝန်ကျေခဲ့ပါသည်။ ထိုကတည်းက နှစ်နှစ်ကာကာ လေးစားရသော ခေါင်းဆောင်၏ ဦး ဆောင်မှုအောက်တွင် ဒီမိုကရေစီတိုင်းပြည်၏ ထမင်း၀၀စားရသော ပြည်သူလူထုအဖြစ် နေချင်ခဲ့ကြကြောင်း ပြည်သူက သက်သေပြခဲ့ပြီးပါပြီ။ ဆက်လက်၍လည်း နိုင်ငံသားတို့က သက်သေပြနေဆဲ၊ ခိုင်ခိုင်မာမာ ရပ် တည်နေဆဲ ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ် သံဃာတော်များ ပယ်ပယ်နယ်နယ် ကတုံးပြောင်ပြောင်ကို တုံကနဲ ခွပ် ကနဲ အဆော်ခံရချိန်တွင် ဘယ်သူတွေက လက်ရှောင်၍ ဘယ်သူတွေက ဆော်ခဲ့သနည်း။

တခုတော့ ရှိသည်ပေါ့။ တကယ်ဒီမိုကရေစီရေးအတွက် စိတ်ပိုင်းဖြတ်ပြီး လုပ်လိုသော တပ်မတော်သားများ အပါအ၀င်၊ အတတ်ပညာရှင် အသိပညာရှင်များအပါအ၀င်၊ နိုင်ငံသားများအပါအ၀င်ကတော့ ပွင့်လင်းပြောင်း လဲ၍ လူမှုဘ၀ အာမခံချက်ရှိလာမည့် နိုင်ငံသားများအဖြစ် မည်သည့်အချိန်ကျမှ နေရနေရ နေချင်ကြသည် ချည်းပေါ့။ ထိုသူများနှင့် တသားတည်းဖြစ်ပြီ၊ plan A က ထင်သလို ဖြစ်မလာရင် backup plan B က ဘယ် လို အဆင်သင့် အမြော်အမြင်ရှိရှိ ရှိထားပြီးဖြစ်သည်ဆိုလျှင်တော့ တမျိုးပေါ့။

ဖဲသမားများ bluff လုပ်သလို မျက်နှာရိပ်မျက်နှာကဲကြည့်ပြီး တကယ်အပိုင်ဟု ထင်လိုက်၍ဆိုလျှင်တော့ ဒုက္ခ တွင်းထဲ နက်သထက်နက် မွဲသထက်မွဲရသည့်အထဲ ရေထဲခုန်ချသေစရာပင် မလွယ်တော့မည့် ဟက်တက်ကွဲ မြစ်ကြီးနှင့် ကျန်နေရမည့် ပြည်သူလူထုဘ၀များကတော့ ဆိုးသထက်ဆိုးရုံပေါ့။ မြန်မာပြည်အရေးတွင် ကြည့် ကြည့်သောအခါ စကားပြောကောင်းသည်ဟု ခပ်ပေါ့ပေါ့ မှတ်ချက်ချလို့ ရလောက်သည့်သူများ၊ နည်းနည်းပ ညာတတ်သည်ဟု ထင်ရသူများ (သူတို့ကိုယ်သူတို့ကတော့ ပါရဂူလောက်က မလျှော့)၊ ထိုသူများနှင့် ချိတ် ဆက်၍ အလုပ်ဖြစ်နေကြသည့် NGO များ၊ သတင်းဌာနများက ပြောသမျှ၊ preach လုပ်သမျှ နှုတ်ကပတ် တော်များသာ ပြည့်လျှံ၍ ထိုသူတို့သည်သာ သူတို့စကားနှင့်သူတို့ ချာလပတ်လည်ကာ ရည်မှန်းချက် ပျောက် ပျောက်သွားသည်ကို မြင်ရပါသည်။ ပြည်သူကတော့ ဒီမိုကရေစီတိုင်းပြည်ကလေး ငြိမ်းချမ်းသာယာသည့် တိုင်းပြည်ကလေး၏ ပြည်သူပြည်သားများအဖြစ် နေချင်သည့်၊ ထမင်းလေး ၀ချင်သည့် ဆန္ဒ မပျောက်ကွယ် သွားပါ။ ထိုအကြောင်းရင်းတို့ကြောင့်လည်း ယခုအထိ သူတို့မျှော်လင့်ယုံကြည်သည့် ခေါင်းဆောင်မှုကြောင့် သူတို့ဘ၀များ ကောင်းမွန်စွာ ပြောင်းလဲတိုးတက်လာမည်ဟု ယုံကြည်ကြပါသည်။

“ဒီမိုကရေစီရေး၊ တန်းတူညီရေး၊ ငြိမ်းချမ်းရေးအတွက် အသက်ပေါင်းများစွာ အလဟဿ ဆုံးရှုံးခဲ့ကြရသောသူများ၊ ထိုသူများ၏ မိသားစုများနှင့် တပ်မတော်သားများ အပါအ၀င် အားလုံးသော နိုင်ငံသားများက သွေးမထွက်၊ အသက်မသေသော ကောင်းမွန်သည့် ပြောင်းလဲမှုမျိုးကို စိတ်ကူးမယဉ်တမ်း တကယ်ရမည်ဆိုလျှင်တော့ ဘယ်လိုအရူးမျိုးက သေမည့်လမ်းကို ရွေးမည်ပါမည်နည်း။”

တချို့က pioneer ဗီဇ အပြည့်ရှိကြ၏။ စစ်အာဏာသိမ်းပြီ လစ်ဟေ့ဆို ရှေ့ဆုံးက၊ စစ်တိုက်ရတော့မယ်ဟေ့ ဆိုတော့ ထိုင်းနိုင်ငံမြို့တော်ကို လစ်တာလည်း ရှေ့ဆုံးက၊ အမေရိကားက မြန်မာကျောင်းသားတွေကို လက် ခံတယ်ဟေ့ ဆိုတော့လည်း ရှေ့ဆုံးက၊ မြန်မာနိုင်ငံရေးနဲ့ ဂွင်ရှာရင် လက်ကြောတင်းတင်း လုပ်ကိုင်မစားဘဲ နှပ်နေလို့ရတယ်ဟေ့ ကျောင်းပါတက်လို့ရသေးဆိုလည်း ရှေ့ဆုံးက၊ NGO လိုလို တွေးခေါ်ပညာရှင်များ အုပ် စုလိုလို ထောင်ပြီး ရိုက်စားလုပ်လို့ အဆင်ပြေတယ်ဟဆိုလည်း ရှေ့ဆုံးက၊ ဟော ခုလိုအချိန်မှာ ထိပ်ပြောင် ချင်း အပြောင်ပြိုင်ဖို့ ဂွင်ဟေ့ဆိုတော့လည်း ရှေ့ဆုံးက၊ ဟော ခုလိုအချိန်မျိုးမှာ Theory လေးတခုနှစ်ခု လောက် ရွတ်ပြ၊ အရင်ကနဲ့ လုံးဝမတူတော့ဘူးဗျ ဟူ၍ ရှေ့နေလိုက်တော့လည်း ရှေ့ဆုံးက ...။

ဘာတွေမတူသနည်း။ အနှစ်သာရတွေလား၊ ရူပလက္ခဏာတွေလား။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နေသည်ဆို သော ဆရာသမား သိမည့် ဥပမာတခုကို အလွယ်ပြောရလျှင် ပြစ်မျိုးမှဲ့မထင် မိန်းမအစစ်ထက်ပင် အမြင်မှာ လှသည့် ပြင်ထားသော မမများကို မြင်ရုံနှင့် “အို ဒေ၀စ္ဇရာ ... ရွှေနတ်ကညာ လှတကာတို့ ပေါင်းကာစုဝေး ... လှဟန်ရေး လှရေးကြွယ်ကာ ... အို ဒေ၀စ္ဖရာ ...” ဟု တောင်ရှည်ပုဆိုး ဆတ်ကနဲ မ၊ ပုခုံးကို ခါကာ ရင်ဘတ် ရှေ့တိုး၍ ငမြွေထိုး သွားကြားညပ်သလို ထွန့်ထွန့်လူး ပြူးပြဲ၍ မိန်းမထင်ကာ ငမ်းသလိုသာ ဖြစ်နေပါတော့ သည်။ တကယ်တမ်း အနှစ်သာရသည်ကား ဖြတ်ဖောက်ချုပ်သည် မိန်းမအစစ်မဟုတ် ဆိုသည့်ကိစ္စမဟုတ်ပါ လော။ ကိုရင်နှစ်သက်လျှင်လည်း ကိုရင့်နှစ်သက်မှုပေါ့။ ဒါ Gender issue တခုအနေနှင့် offended ဖြစ်တယ် လို့တော့ အနှီအမျိုးအစား မမများ မယူဆပါနှင့်၊ အမှန်အကန် လေးစားပါသည်၊ သဘောပြောခြင်းသာဖြစ်ပါ သည်။

မတူပါ။ ၁၉၈၈ နှင့် ၁၉၉၀ မတူပါ၊ ၁၉၉၀ နှင့် ၁၉၉၆ မတူပါ၊ ၁၉၉၆ နှင့် ၂၀၀၇ မတူပါ၊ ၂၀၀၇ နှင့် ၂၀၀၈၊ ၂၀၀၈ နှင့် ၂၀၁၀၊ ၂၀၁၀ နှင့် ယခု မတူပါ။ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ အပစ်အခတ်ရပ်ချိန်နှင့် ပြန်တိုက် ချိန်လည်း မတူပါ။ အပေါ်ယံကိစ္စများ၊ ရူပလက္ခာများ၊ လေသံအသွားအလာများ တူနေတုန်းဆိုလျှင်လည်း နာ ဂစ်နှင့် လဲယူထားသော ၂၀၀၈ အခြေခံဥပဒေအောက်က ဒီမိုကရေစီနိုင်ငံဆိုသည့် ဟန်ပြကိစ္စလည်း ဖြစ်လာ စရာမရှိပါ။ မတူသည့် ကိစ္စများသည် အနှစ်သာရအရ တကယ်မတူတော့ဘူးလား ဆိုသည့် စောကြောမှုကို ပညာရှင်ဟု မိမိကိုယ်မိမိ အထင်ရှိသည့်သူများ တကယ်ပြုလုပ်ဖူးပါသလား။ ပြုလုပ်ရမည်ဟုရော သိရှိပါသ လား။ စီးပွားရေးမဏ္ဍိုင်ကို ပြင်လိုက်ရုံနှင့် တိုင်းပြည်၏ ပြဿနာများ အေးချမ်းသွားမည်ဆိုသည့် အယူအဆ သည် မြန်မာနိုင်ငံ၏ geopolitics အရ၊ ethnography အရ၊ သမိုင်းဆိုင်ရာအရ လားလားမျှ မဖြစ်နိုင်ပါ။ စီး ပွားရေးမဏ္ဍိုင်ကို ပြင်မည်ဆိုလျှင်လည်း ဆင်းရဲမွဲတေမှုက စ၍ စဉ်းစားရမည်။ နိုင်ငံသားအားလုံးတွင် သုံးနိုင် အား ၀ယ်အား ရှိလာအောင် ဆောင်ရွက်ရမည်။

ဧကန်စင်စစ်တွင် ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုသည် တကယ်တမ်း လွယ်သည့်ကိစ္စမဟုတ်။ ထိုအကြောင်း အရာကို အဂတိကင်းကင်း ဖြေရှင်းကြမည်ဆိုလျှင် တိုင်းပြည်တပြည် မူလအခြေအနေထက် အဆပေါင်းများ စွာ ဘာအတွက်ကြောင့် ဆင်းရဲမွေတေနိမ့်ကျသွားရသနည်းဆိုသည့် မေးခွန်းကို ရိုးရိုးသားသား အမှန်အတိုင်း ဖြေဖို့လိုပါသည်။ အဂတိကင်းကင်း ဖြေရှင်းကြမည်မဟုတ်ဟုဆိုလျှင်တော့ ဆင်းရဲမွဲတေမှုပပျောက်ရေးဆို သည့် ခေါင်းစဉ်သည် လူကြားကောင်းရုံ ဟန်ရေးပြသည့် ကိစ္စသက်သက်သာဖြစ်ပါလိမ့်မည်။

ကျနော်တို့တိုင်းပြည်သည် အမှန်တကယ် သဘာဝအရင်းအမြစ်ကြွယ်ဝသည့် တိုင်းပြည်ဖြစ်ပါသည်။ လူသား အရင်းအမြစ်ဆိုင်ရာ အရည်အသွေးမနိမ့်ကျသည့် တိုင်းပြည်ဖြစ်ပါသည်။ ထိုသို့ သဘာဝအရင်းအမြစ်ကြွယ်ဝ၊ ထိုသို့ လူသားအရင်းအမြစ်ဆိုင်ရာ အရည်အသွေး မခေသည့်တိုင်းပြည် မွဲပြာကျ၍ နိုင်ငံသူနိုင်ငံသားတို့ ညှိုး ငယ် အောက်ကျရသည့် အကြောင်းရင်းကို နိုင်ငံသူနိုင်ငံသားတိုင်း သိကြပါသည်။ နိုင်ငံသူနိုင်ငံသားတိုင်း သိ ရှိနားလည်ကြသလို ဆင်းရဲမွေတေမှုပပျောက်ရေးကို ဦးဆောင်အကောင်အထည်ဖော်မည်ဆိုသည့်သူများ၊ ပါဝင်ပတ်သက်မည်ဆိုသည့်သူများလည်း ရှင်းရှင်းလင်းလင်း မိမိကိုယ်မိမိမညာဘဲ သိကြမည်ဟု နားလည်မိပါ သည်။ ကျနော်တို့ တိုင်းပြည်တွင် လွတ်လပ်ရေး ရစမှ ယခုထိ မဖြေရှင်းနိုင်သော အဓိက ပြဿနာနှစ်ရပ်ဖြစ် သည့် Political Crisis နှင့် Economical crisis ရှိနေပါသည်။ ထိုအခြေအနေမှာ Ecological crisis ကို အမြော်အမြင်မဲ့စွာလည်း ပေါပေါပဲပဲ ဖန်တီးနေကြပြန်ပါသည်။

Professor Slavoj Zizek ၏ Living in the end Times ဆိုသော Lecture အရနှင့် Science Forums များမှ သိပ္ပံပညာရှင်တို့၏ ဆွေးနွေးချက်များအရ တရုတ်နိုင်ငံမှ Three Gorges Dam ကြောင့် Szechuan ငလျင် လှုပ်ခဲ့သည်၊ စီချွမ်ငလျင်သည် လူသားတို့ဖန်တီးသော Man-made Earth quake ဖြစ်သည်။ ကျနော်တို့တိုင်း ပြည်မှ ဧရာဝတီကို ဖြတ်ပိတ်မည့် ဆည်စီမံကိန်းများနှင့်ပတ်သက်၍ လုံးဝ မရပ်တန်း နည်းမျိုးစုံ အလိမ်အညာ မျိုးစုံနှင့် နိုင်ငံသားတို့ကို ဖုံးဖိလိမ်ညာ မျက်စိလှည့်၍ဆောက်မည့် စီမံကိန်း၏ အန္တရာယ်ကလည်း ချက်ချင်း လက်ငင်းရှိနေပါသည်။

ကျနော် EIA ကိစ္စကို ၁၅ ရက်နေ့က ရေးခဲ့၍ သူငယ်ချင်း ကိုရင်လွဏ်းဆွေက သူ့ဘလော့တွင် တင်ခဲ့ပြီး ယခု အခါ နေပြည်တော်အလုပ်ရုံဆွေးနွေးပွဲတွင်လည်း ဒေါက်တာထင်လှ (BANCA ဥက္ကဌ) မှ “မိမိတို့အဖွဲ့၏ ရလဒ် နှင့် ဖြေလျော့မှုဆိုင်ရာ လုပ်ငန်းစဉ်များကို အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားပြီးဖြစ်ပါသည်။ ထိုအချက် အလက်များကိုသိရှိလိုပါက ကန်ထရိုက်တာသို့ တိုက်ရိုက်မေးမြန်းနိုင်ပါသည်။ BANCA အနေနှင့်မူ ထိုအချက် များကို ဖော်ထုတ်ပြောဆိုနိုင်ရန် အခွင့်အရေးမရှိပါ။ မိမိတို့အနေနှင့် ကန်ထရိုက်စာချုပ်များ ချုပ်ဆိုစဉ်ကပင် ကန်ထရိုက်တာ၏ ခွင့်ပြုချက်မရဘဲ ဖော်ထုတ်ပြောဆိုခြင်းမပြုရန် လက်မှတ်ရေးထိုးထားရပါသဖြင့် ယခုတိုင် ၎င်းစာချုပ်ကို လေးစားလိုက်နာနေရဆဲ ဖြစ်ပါသည်"ဟု ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ နောက်ဆုံးတွင်တော့ EIA report ကို မြှုပ်ထား၍ ပြည်သူလူထုကို ငါ့စကားနွားရ ပြောသွားသည့်သူများ၏ အမှောင်ချမှု၊ ဖုံးကွယ်မှု သည် တစတစ ဗြောင်ပင်ကြီးပင်ပေါ်လာတော့၏။

ထိုအထဲတွင်မှ “အလုပ်ရုံဆွေးနွေးပွဲ နောက်ဆုံးမှာ စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်းက အကြံပြုချက်တခု တင်ပြ တယ်။ ဒီအကြံပြုချက်မှာ စည်းလုံးညီညွတ်မှု မပြိုကွဲချင်တဲ့အကြောင်း၊ ပြည်သူကို အလေးထားတဲ့အကြောင်း ပြောတယ်။ ဒါပေမယ့် အဲဒီအကြံပြုချက်ကို အစိုးရသတင်းစာတွေမှာ မဖော်ပြဘူး” ဟု သိလိုက်ရသဖြင့် စက် မှု ၂ ၀န်ကြီး ဦးစိုးသိန်း၏အမြင်နှင့် အကြံပြုချက်ကို အသိအမှတ်ပြု လေးစားမိသလို အင်ဒီရာဂန္ဒီ ပြောခဲ့သည့် “I suppose that leadership at one time meant muscle; but today it means getting along with people." ဆိုသည့် စကားကလေးကိုလည်း သတိရမိပါသည်။

သို့သော် ထပ်မံ၍ “EIAs are made to justify, not to stop the project” ဟု အလေးအနက် ပြောလိုပါ သည်။ ထို့ပြင်တ၀ အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကြီးစိုးကလည်း “စီးပွားရေးဆိုင်ရာ တွက်ခြေကိုက်မှု စိစစ်ချက်” ဆိုသော စာတမ်းတစောင်ကို တင် သွင်းခဲ့ပြီး မြစ်ဆုံစီမံကိန်းမှ အမေရိကန်ဒေါ်လာ ဘီလျံချီ အမြတ်ရမည်ဟုဆိုသည်။ “စီမံကိန်းကြောင့် အကျိုး ဖြစ်ထွန်းမှုကို ကြည့်ရင် မြန်မာဘက်က အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၇.၆၇ ရမယ်။ တရုတ်ဘက် က အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၁.၆၇ ရမယ်။ နှစ်ဘက်အကျိုးဖြစ်ထွန်းမှုကို နှိုင်းယှဉ်တဲ့အခါမှာ မြန်မာဘက်က အမေရိကန်ဒေါ်လာ သန်းခြောက်ထောင်ကျော် အသာရတယ်” ဟု ဦးကြီးစိုးက ရှင်းပြသည်။ စီးပွားရေးဆိုင်ရာ တွက်ခြေကိုက်မှု စိစစ်ချက်ဆိုသော ခေါင်းစဉ်အောက်တွင် အင်မတန် နုံနဲ့လှသော တွက် ချက်မှုဖြင့် သူငယ်တန်းကလေး ပေါင်းနှုတ်မြှောက်စားလုပ်သလို ၁၇.၆၇ ထဲက ၁၁.၆၇ နှုတ် ခြောက်ကျန် အဲ ဒီကျန်တဲ့ ခြောက်က အသာကလေးရမှာဟူသော အကြံလောက်နှင့် ၀န်ကြီးတက်လုပ်နေကြသေးသည့် blithering idiots များ၊ အမြော်အမြင် အင်မတန်ကြီးမားကြသော အနှဝန်ကြီးများ ကိုင်တွယ်အုပ်ချုပ်နေသော တိုင်းပြည်၏ အနာဂတ်သည်ကား တွေးမိတိုင်း အမောဆို့စရာ ...။

ထိုအနေအထားများတွင် ရေရှည်ပြဿနာဖြစ်သည့် ဆင်းရဲမွဲတေ အရည်အသွေးကျဆင်းမှု ပြဿနာကို မည် သည့်ရှုထောင့်မှ နားလည်ထားပါသနည်း။

ဂန္ဒီက ပြောခဲ့ဖူးသည့် “Poverty is the worst form of violence” ဆိုသည့် စကားကို အမှတ်ရမိပါသည်။ ကျ နော်တို့နိုင်ငံတွင် ဆင်းရဲမွဲတေမှုဒုက္ခနှင့် အနာဂတ်အတွက် မျှော်လင့်ချက်စိုးစဉ်းမျှမရှိဘဲ ရှင်သန်နေရသည့် မိသားစုများ၊ ကလေးငယ်များ သန်းပေါင်းမည်မျှရှိပါသနည်း။ ဆင်းရဲမွဲတေမှုပပျောက်ရေး၏ ပထမခြေလှမ်း သည်ကား ဆင်းရဲမွဲတေမှုမှ ရုန်းထွက်နိုင်သည့် အားမာန်သတ္တိနှင့် အခြေအနေအခွင့်အခါများကို ဖန်တီးပေးရ မည်ဖြစ်သည်ဟု နားလည်မိပါသည်။ သို့ဆိုလျှင် မည်သည့်နည်းဖြင့် မည်ကဲ့သို့ ဆင်းရဲမွေတေမှုမှ ရုန်းထွက် နိုင်သည့် အားမာန်သတ္တိနှင့် အခွင့်အခါများကို ဖန်တီးကြမည်နည်း ဆိုသည့်ကိစ္စကို ဦးစွာပထမ ကိုင်တွယ် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ကျနော်လို လူပြိန်းတဦးအနေဖြင့် ဆင်းရဲမွဲတေမှုဆိုသည့်ကိစ္စအား ရိုးရိုးရှင်း ရှင်းမြင်သည်မှာ ...

ဆင်းရဲမွဲတေခြင်းဟူသည် စား၊ ၀တ်၊ နေရေးနှင့် စိတ်ပိုင်းဆိုင်ရာအရ လူတန်းစေ့နေနိုင်သည့် အဆင့်အတန်း မရှိသည့် ဆင်းရဲမွဲတေမှု တာရှည်သည့် အခြေအနေဖြစ်ပါသည်။ လွတ်လပ်ရေးအလွန်ကာလမှစ၍ တဖြည်း ဖြည်း ချွတ်ခြုံကျလာခဲ့သည့် ကျနော်တို့တိုင်းပြည်သည် တကယ်တော့ ဆင်းရဲသည့် တိုင်းပြည်မဟုတ်ပါ။ နယ် ချဲ့လက်အောက် မကျရောက်ခင်က ပဒေသရာဇ်တို့၏ သုံးစွဲအပိုင်စီးမှု၊ လူသားမျိုးဆက်တဆက်ကျော် သက် တမ်းရှိသည့် နယ်ချဲ့အုပ်စိုးသည့်ကာလတွင် နယ်ချဲ့တို့၏ စိတ်တိုင်းကျ ထုတ်ယူအပိုင်စီးမှု၊ ထို့နောက် သက် တမ်းနု ပါလီမန်ခေတ်နောက်ပိုင်း ဗိုလ်ချုပ်နေ၀င်း၏ အစိုးရအဆက်ဆက်၏ အပိုင်စီးမှု၊ နုံနဲ့ညံ့ဖျင်းသော အုပ် ချုပ်ရေး၊ စီးပွားရေးပေါ်လစီ၊ လိမ်ညာမျက်နှာလွှဲမှု၊ ထို့နောက် ၁၉၈၈ န၀တ၊ နအဖ စစ်အစိုးရလက်ထက် ပိုမို နုံနဲ့ညံ့ဖျင်းသော်လည်း ဗိုလ်ချုပ်နေ၀င်းအစိုးရခေတ်ထက် အဆအနန္တ သာလွန်သည့် လောဘဇောဖြင့် တိုင်း ပြည်၏ သယံဇာတအားလုံးအား လက်ဝါးကြီးအုပ် အပိုင်စီးမှု၊ ထိုန၀တ၊ နအဖစစ်အစိုးရနှင့် ပလဲပနံသင့်သည့် လက်တဆုတ်စာ ခေတ်ပျက်သူဌေးတစုနှင့် တိုင်းပြည်ကို လက်ညှိုးထိုးရောင်းသည့် စီးပွားရေးလုပ်ဟန် (စီး ပွားရေးပေါ်လစီဟူ၍ပင် မည်မည်ရရ တကယ်လက်တွေ့တွင် မရှိခဲ့) နှင့် ၄င်းတို့ န၀တ၊ နအဖ အထက်ပိုင်း မိ သားစုဝင်များ၏ အပိုင်စီးမှု၊ ထိုသူတို့၏ နုံနဲ့ညံ့ဖျင်းမှု၊ သူတို့ချင်းကြားတွင် မနာလိုဝန်တို ပြိုင်ဆိုင်မှု၊ နိုင်ငံသား အားလုံး၏ ဘ၀များ၊ အနာဂတ်များ၊ တိုင်းပြည်၏သိက္ခာနှင့် ကြွယ်ဝမှုအားလုံးကို သူတို့ကိုယ်ပိုင်လုပ်ကာ ရောင်းလိုရာရောင်းသည်ကို သိရှိနားလည်သော အောက်ကြေးက နှိုက်သည့် တရုတ်နိုင်ငံလို၊ ထိုင်းနိုင်ငံလို၊ အိန္ဒိယနိုင်ငံလို နိုင်ငံများနှင့် ပြင်သစ်နိုင်ငံနှင့် အမေရိကန်နိုင်ငံမှ စွမ်းအင်ကုမ္ပဏီများမှ လိုချင်ရာကို ပေးချင် သော ဈေးဖြင့်သာပေးကာ အကုန်ထုတ်ယူနေကြသော်လည်း ကျနော်တို့နိုင်ငံ၏ သယံဇာတရင်းမြစ်များမှာ လုံးဝကုန်ဆုံးသွားပြီဆိုသည့် အနေအထားမရှိသေးဘဲ ကျန်မြဲကျန်နေသေးသည်ကို ကြည့်ခြင်းဖြင့် ကျနော်တို့ တိုင်းပြည်သည် ဆင်းရဲမွဲတေသည့် တိုင်းပြည်မဟုတ်ဆိုသည်မှာ အင်မတန် ထင်ရှားလှပါသည်။

သို့သော် ဘယ်လောက်ကြာကြာခံမည်နည်း။ လူသားအရင်းအမြစ် ယိုစီးမှုနှင့် ချွတ်ခြုံကျမှုကို ထိန်းနိုင်သိမ်း နိုင်ဖို့ ဘာတွေလိုသနည်း။ လူသားအရင်းအမြစ် ယိုစီးမှုသည် ကိစ္စတရပ်ဖြစ်၍ စုတ်ပြတ်သော ပညာရေးနှင့် ကျောင်းတက်ရန် မတတ်နိုင်သည့်အတွက် အရည်အသွေးဆိုင်ရာ ချွတ်ခြုံကျမှုနောက်ဆက်တွဲကို ထိန်းသိမ်း ရန်ဆိုသည်မှာကား စစ်မှန်ပွင့်လင်းသော နိုင်ငံရေးစနစ်နှင့် ငြိမ်းချမ်းရေးမရှိလျှင် လုံးဝဖြစ်မည့်ကိစ္စမဟုတ်ပါ။

ထို့အတူ တိုင်းပြည်တပြည်တွင် မှီတင်းနေထိုင်သော နိုင်ငံသားအားလုံးအား ဆင်းရဲတွင်းမှ တကယ်တမ်း လွတ်မြောက်စေလိုလျှင် မတိမ်းမစောင်း တိကျသော စီးပွားရေးမူဝါဒ ရှိရပါမည်။ ထိုစီးပွားရေးမူဝါဒအတိုင်း ခြွင်းချက်မရှိ လုပ်ဆောင်ရပါမည်။ ဟိုလူကတော့ ဘယ်ရာထူးနဲ့မို့၊ ဟိုလူကတော့ ဘယ်သူ့သားသမီးမို့၊ ဘယ် သူ့လူမို့ ဆိုသည့် ခြွင်းချက်များ ရှိနေသမျှ မည်သည့်စီးပွားရေးမူဝါဒနှင့်သွားသွား နာလန်ထူမည်မဟုတ်ပါ။ ထို စီးပွားရေးမူဝါဒသည်လည်း အခြားတိုင်းပြည်များ၏ model များကို တိုက်ရိုက်ကူးယူသည့်မူဝါဒ မဖြစ်သင့်ပါ။ မိမိတိုင်းပြည်၏ ရောင်းနိုင်၊ ၀ယ်နို၊ ထုတ်လုပ်နိုင်၊ ရင်းနှီးနိုင်သည့် အနေအထားကိုသာ အတိအကျ ဦးစားပေး သည့် စီးပွားရေးမူဝါဒ ဖြစ်ရပါမည်။ American model, Chinese model, Brazilian model စသည်ဖြင့် ပုံတူ ကူးမည်ဆိုလျှင်တော့ အောင်မြင်သင့်သလောက် အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မည်။

အနိမ့်ဆုံးအဆင့် ကျနော်တို့တိုင်းပြည်၏ သဘာဝဓာတ်ငွေ့၊ ရေနံ၊ ကျောက်မီးသွေး၊ သစ်တောနှင့် သစ်တော ထွက်ပစ္စည်း၊ မြေအောက်သယံဇာတ၊ လယ်ယာထုတ်ကုန်၊ လက်မှုထုတ်ကုန်တို့ကို ကမ္ဘာ့ဈေးကွက်တွင် မှန် ကန်သော တန်ဘိုးအတိုင်းရအောင် ရောင်းနိုင်ဖို့ လိုပါသည်။ အောက်ကြေးဖြင့် ရောင်းနေရသည့် အနေအ ထား၊ နအဖ လူကြီးများ၏ ပတ်သက်ရာပတ်သက်ကြောင်း၊ ယခု လက်ရှိအစိုးရနှင့် ပတ်သက်ရာပတ်သက် ကြောင်း ကုမ္ပဏီများကသာ လက်ဝါးကြီးအုပ်၍ ခွစားနေသည့် အနေအထားများအတိုင်း ဆက်မသွားဖို့လည်း လိုပါသည်။ တိုင်းပြည်၏ သဘာဝဓာတ်ငွေ့၊ ရေနံ၊ ကျောက်မီးသွေး၊ သစ်တောနှင့် သစ်တောထွက်ပစ္စည်းတို့ အား နိုင်ငံတော်အနေဖြင့် ဆယ်စုနှစ် အနည်းငယ်ကြာသည်အထိ ပူးတွဲကိုင်တွယ်ရန် လိုအပ်ပြီး ထိုကဏ္ဍတို့မှ (ရ၊ သုံး) စာရင်းအမှန်ကို တရားဝင် quarterly ထုတ်ပြန်ဖို့ လိုပါသည်။ balance sheet နှင့်တကွ ဘဏ္ဍာရေး ဆိုင်ရာ Data အကုန်လုံးကို ပြည်သူလူထုအနေဖြင့် မြင်သာထင်သာရှိရပါမည်။ အမှောင်ချထား၍ အလွဲသုံး စား လုပ်ချင်သလိုလုပ်၍မရပါ။ ထိုကဏ္ဍများမှရသည့် ဘဏ္ဍာငွေအား နိုင်ငံတော်၏ အခြားကဏ္ဍများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး၊ အလုပ်သမားရေး၊ လယ်သမားရေးတို့နှင့်တကွ ရှိရှိသမျှ ဌာနအသီးသီး တို့သို့ မည်သို့မည်ပုံ အသုံးစရိတ် လျာထား ဖြန့်ဝေသည်ဆိုသည်ကိုလည်း quarterly reports များ ထုတ်ပြန် ရပါမည်။

အာဏာရှင်သက်ဆိုးရှည်ရေးနှင့် နိုင်ငံသားတို့ အတုအယောင်ဒီမိုကရေစီ အပင်းအသွင်းခံရရေးတွင် instru- mental အဖြစ်နှင့် မည်သည့်သူကိုမှ မမြင်လိုပါ။ ယုတ်စွအဆုံး ဦးသိန်းစိန်တို့၊ ဦးရွှေမန်းတို့ကိုပင် မမြင်လိုပါ။ ထိုသူများအနေနှင့် တကယ်အဟုတ် တိုင်းပြည်ကို ငြိမ်းချမ်းစေချင်သူများ ဖြစ်ချင်သည်ဆိုလျှင် ရဲရဲရင့်ရင့်နှင့် အဟောင်းအမြင်းများထဲမှ ယခုထိ ကန့်လန့်တိုက် ကိုယ်ကျိုးရှာနေဆဲဖြစ်သူများ၊ အင်အားစုများကို ရှင်း၊ ကို မင်းကိုနိုင်တို့နှင့်တကွ အားလုံးကို ပွင့်ပွင့်လင်းလင်း လွှတ်၊ ကချင်၊ ကရင်၊ ရှမ်း၊ ၀နှင့် လက်နက်ကိုင်အင်အား စုများအား တပြိုင်နက်တည်း ခေါ်၊ ပြည်ထောင်စု ပိုမိုတောင့်တင်းခိုင်မာကျစ်လျစ်ရေးကို ရှေးရှု၊ ၂၀၀၈ အခြေ ခံဥပဒေကို တရားမျှတစွာ ပြည်သူလူထုအလိုကျနှင့် နိုင်ငံတော်ဥမကွဲသိုက်မပျက် ငြိမ်းချမ်းသာယာဝပြောရေး အတွက် ပြင်ဆင်၍ “ကဲ ... ကိုယ့်လူတို့ ... ကျုပ်တို့ ထိုင်ပြောကြမယ်၊ ဒါတွေတော့ ကျုပ်တို့ဘက်က လျှော့ မယ်၊ ဒါတွေတော့ ခင်ဗျားတို့ဘက်က ပြန်စဉ်းစားပါ။ ကျုပ်တို့ ပြန်စဉ်းစားစရာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါ။ လာ ... ပြည်တွင်းက လူမလေး ခွေးမခန့်မဟုတ်တဲ့ အင်အားစုတွေနဲ့ တောင်တန်းဒေသတွေက လူရို သေရှင်ရိုသေတွေ ထိုင်ကြဆိုပြီး ညှိလို့ဖြစ်ပါသည်။

ထိုသို့ညှိနှိုင်းသည့် ဆွေးနွေးပွဲများကိုလည်း TV Channel တခုမှ တိုက်ရိုက်ထုတ်လွှင့်၍ ဆွေးနွေးသွားရုံသာ ဖြစ်ပါသည်။ ကိုယ်လည်း မဟုတ်တာမကြံနှင့် သူလည်း မဟုတ်တာမပြောရဲ၊ လူထုနှင့် ကမ္ဘာကသိမည့် ဆွေး နွေးပွဲ။ ခင်ဗျားတို့ ထိုကဲ့သို့ လုပ်မည်ဆိုလျှင် ကိုမင်းကိုနိုင်တို့ကလည်း ကိုယ့်ထမင်းကိုယ်စား တတပ်တအား ကူမည်ဖြစ်သလို တိုင်းပြည်ကို ကောင်းစေချင်သည့် ပြည်ပရောက်နိုင်ငံသားများလည်း အမှန်ဧကန် ပြန်လာ၍ တိုင်းပြည်အတွက် ကျရာနေရာက လုပ်နိုင်သည်များကို လုပ်ပေးကြမည်ဟု ယုံကြည်ပါသည်။ ကျနော်တို့တိုင်း ပြည် နစ်မွန်းနေသဖြင့် ယခင်က ကိုယ့်ထက်နိမ့်ခဲ့သော အိမ်နီးချင်းနိုင်ငံများကပင် စီးပွားရေးအရ၊ စစ်ရေးအရ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ဆီမဆွတ်ဘဲ ချချသွားသည့် အဖြစ်များကို အသည်းနာ၍ မဆုံးပါ။

တဖန် ဒေါ်အောင်ဆန်းစုကြည်၏ ထိုမိန့်ခွန်းမှပင် ထပ်မံကောက်နှုတ်လိုသည်မှာ ...

“တကယ့်ကို ဒီမိုကရေစီစိတ်ဓာတ်ရှိတဲ့သူတွေက အပြောင်းအလဲကို ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ လိုချင်ရမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဒါဟာ ဒီမိုကရေစီရဲ့အနှစ်သာရပဲ။ တချို့ကျတော့ ပုံစံမပြောင်းနိုင်ဘူး။ ဒီပုံစံ ဒီပုံစံပဲ၊ ဒီအ ခြေအနေလည်း ဒီပုံစံပဲလုပ်မယ်၊ ဟိုအခြေအနေလည်း ဒီပုံစံပဲလုပ်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။”

ကျနော်တို့နိုင်ငံသားတို့၏ နေ့စဉ်ဘ၀သည် အင်မတန် ၀မ်းနည်းဖွယ် ရှင်သန်ရသည့်ဘ၀များ ဖြစ်ကြပါသည်။ ဒီမိုကရေစီရေး၊ တန်းတူညီရေး၊ ငြိမ်းချမ်းရေးအတွက် အသက်ပေါင်းများစွာ အလဟဿ ဆုံးရှုံးခဲ့ကြရသော သူများ၊ ထိုသူများ၏ မိသားစုများနှင့် တပ်မတော်သားများ အပါအ၀င် အားလုံးသော နိုင်ငံသားများက သွေးမ ထွက်၊ အသက်မသေသော ကောင်းမွန်သည့် ပြောင်းလဲမှုမျိုးကို စိတ်ကူးမယဉ်တမ်း တကယ်ရမည်ဆိုလျှင် တော့ ဘယ်လိုအရူးမျိုးက သေမည့်လမ်းကို ရွေးမည်ပါမည်နည်း။

“Ambiguous ဖြစ်သည့် စကားများကိုသာ ပြောတတ်သည့်၊ စကားပြောကောင်းသည့် မသည်းအူကြီး၏ ယူသော်ရ၏ သုတ္တံဒေသနာတော်အောက်တွင် သံဃာစင်ပါ ထပ်မှောက်ရမည့်ကိစ္စများ မဖြစ်စေလိုပါ။ ဤနေရာတွင် ပြောင်ပြောင်ပြောလိုသည်မှာ ...”

တခုတော့ ရှိပါသည်။ ၁၉၈၈ အရေးတော်ပုံတွင် ဒီမိုကရေစီရေးအတွက် အသက်ပေးသွားကြသော ကျောင်း သူကျောင်းသား၊ ရဟန်းရှင်လူများနှင့် ၁၉၈၈ နောက်ပိုင်း ထောင်ထဲတောထဲနှင့် မြို့ပေါ် လမ်းမများပေါ်တွင် အသက်ပေးသွားကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့၏ အလောင်းပေါ်ကိုတော့ မဲ့ရွဲ့၍ တံတွေး ထွေး ခြေဆောင့်သည့် အပြောအဆိုများနှင့် မစော်ကားပါနှင့်။ အင်္ဂလိပ်လို ခရားရေလွှတ် ပြောနိုင်ခြင်း၊ အင်္ဂ လန်နိုင်ငံမှ အင်မတန်နာမည်ကြီးသော ကျောင်းကြီးထွက်ဖြစ်ခြင်း၊ တိုင်းပြည်က ချစ်မြတ်နိုးသော အာဇာနည် ခေါင်းဆောင်တဦး၏ မျိုးဆက်ဖြစ်ခြင်း၊ နအဖစစ်အာဏာရှင်များထက် နှိုင်း၍ မရလောက်အောင် ရိုးဖြောင့်ရဲ ရင့်ခြင်း၊ တိုင်းပြည်နှင့်လူမျိုးအပေါ် သံယောဇဉ်ကြီး ကောင်းစေချင်ခြင်းတို့ကြောင့် ကျနော်တို့အပါအ၀င် နိုင်ငံ သားတရပ်လုံး၏ မေတ္တာ၊ အားကိုးမှု၊ သံယောဇဉ်ရှိမှု၊ လေးစားမြတ်နိုးမှုတို့ကို ရရှိထားသော သူတဦးအနေ ဖြင့် မိမိ၏ လက်ရှိအခြေအနေကို အမှန်အတိုင်း သုံးသပ်နိုင်သလို မိမိပါတီ၏ အောက်ခြေထုနှင့် မိမိပါတီမှ မိ မိ၏ဆုံးဖြတ်ချက် ရပ်တည်ချက်များကို သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ နားလည်ကြည်ဖြူစွာ လက် တွဲခဲ့ကြသူများ၏ အမြင်သဘောထားနှင့် အမြော်အမြင်တို့ကို မြောင်းထဲပစ်မထားပါနှင့်။ New found glory in associating with cronies ကိုလည်း ပညာရှိသတိဖြစ်ခဲ ဆိုသည့်အတိုင်း မသာယာပါနှင့်။ ခေါင်းဆောင် တဦးအား သဘောထားမတိုက်ဆိုင်မှုအပေါ် မဆွေးနွေးရဲလျှင်၊ ဘုံပန်းတိုင်များကို ချီတက်ရာတွင် ဝေဖန်သင့် သည့်ကိစ္စများကို မဝေဖန်ရဲလျှင်၊ စေ့စေ့မကြည့်ရဲလျှင်တော့ မည်သည့် Institution ပင်ဖြစ်ပါစေ အချိန်နှင့်အ မျှ အရည်အသွေး ကျဆင်း၍ လမ်းစဉ်နှင့် သွေဖည်မှုများ ဖြစ်လာပါလိမ့်မည်။ ထို့အတူ လူညံ့လူတုံးများ၏ ခေါင်းဆောင်ဖြစ်ရသည်မှာလည်း ကျိန်စာသင့်သည်နှင့် တူပါလိမ့်မည်။ လူတော်လူကောင်းများ၏ အကြံပေး၊ ဆွေးနွေးချက်များကို ပစ်ပယ်ဖယ်ခွာလျှင်လည်း ငါတကောကောရုံသာတတ်သည့် စကားပြောကောင်းရုံကလွဲ ၍ ခေါင်းဆောင်မှုနုံချာသည့် ခေါင်းဆောင်သာဖြစ်ပါလိမ့်မည်။ တာထွက်ကတည်းက ကိုယ့်နံဘေးနား ခိုင်ခိုင် မာမာ ထပ်တူထပ်မျှ ရပ်တည်ခဲ့သူများကိုလည်း မတူသော သဘောထားများကို တူအောင်ညှိ၍ ဆွဲခေါ်တွဲခေါ် ခြင်းလုပ်နိုင်သည့် ခေါင်းဆောင်ဖြစ်သင့်ပါသည်။ Ambiguous ဖြစ်သည့် စကားများကိုသာ ပြောတတ်သည့်၊ စကားပြောကောင်းသည့် မသည်းအူကြီး၏ ယူသော်ရ၏ သုတ္တံဒေသနာတော်အောက်တွင် သံဃာစင်ပါ ထပ် မှောက်ရမည့်ကိစ္စများ မဖြစ်စေလိုပါ။ ဤနေရာတွင် ပြောင်ပြောင်ပြောလိုသည်မှာ အတင်းအကျပ် ဖင်ပိတ် မျက်စိမှိတ်ကာ ဘုန်းတော်ဘွဲ့ တွန်ကျူးရန်သာ စိတ်ကူးရှိသော အသက်ကြီး အချိန်မစီး သမိုင်းက သက်သေ ပြပြီးဖြစ်သည့်သူများကြောင့် ခေါင်းဆောင်ကောင်းတို့သည်လည်း သတိလက်လွတ်ဖြစ်ချိန်တွင် အလစ်အ ငိုက် ဆုံးဖြတ်ချက်မှားတတ်ပါသည်။
*******
Arab Spring ကို model သဘောထား၍ ဆောင်ရွက်ရန် ရေးကြသည်များကို ဖတ်ရပါသည်။ တပြိုင်နက် တည်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် AFP သတင်းဌာန၏ တွေ့ဆုံမေးမြန်းခန်းတွင်...

In an exclusive interview, the Nobel Peace Prize winner told AFP that the new government appears genuine in its desire for democratic reform, and said an Arab-style uprising is not the answer to the country's problems.

“There have been changes, but I don't think we're all free or completely free yet. There's still quite a way to go, but I think there have been positive developments," the opposition leader said at her party offices in Yangon.”

“I've always said I'm a cautious optimist and I remain a cautious optimist. I do believe that the president would like to bring about positive changes but how far he'll be able to achieve what he wants to achieve is a question that we still need to examine.”

Arab Spring ၏ ထူးခြားချက်များနှင့် မြန်မာပြည်၏ လက္ခဏာများ မတူသည်မှာ မှန်ပါသည်။ အရှေ့အလယ် ပိုင်း တိုင်းပြည်များ၏ လူထုအုံကြွမှုများတွင် ရှေ့မှာ ကာဆီးကာဆီးလုပ်၊ misleading ဖြစ်စေသော လုပ်ဟန် များဖြင့် အဖိနှိပ်ခံနိုင်ငံသားတို့ကို ချွေးသိပ်လမ်းလွှဲနေသော Iconic champion မရှိပါ။ အပြောင်းအလဲကို မြင် နေပါပြီ၊ အပြောင်းအလဲတွေ ဖြစ်နေပါပြီဟု အပေါ်ယံအခြေအနေ အချက်အလက်များကို အဟုတ်ဟု ကိုင်စွဲ ကာ အနှစ်သာရကိစ္စများကို အမှေးမှိန်ခံ၍ Keeping colleagues and citizens in the dark လုပ်ဟန်ဖြင့် နိုင်ငံသားများနှင့် ဒီမိုကရေစီဘက်တော်သားများကို ကိုယ်ပိုင် subjects များလို သဘောထားကာ ခပ်ရင့်ရင့် ဆက်ဆံသည့် ခေါင်းဆောင်ဆိုသူများ မရှိပါ။ ထို့ကြောင့် Arab-style uprising လို ကိစ္စမျိုးသည် ပြဿနာ များ၏ အဖြေမဟုတ်ပါ ဆိုသည်မှာ အခြေအနေနှင့်ကိုက်ညီသော စကားဖြစ်ပါသည်။

လေးလေးနက်နက် ပြောလိုသည်မှာ ယုံကြည်လိုပါသည်၊ ဒေါ်အောင်ဆန်းစုကြည် ပြောနေသည်ကိုပင်မက ဦး သိန်းစိန်တို့၊ ဦးရွှေမန်းတို့ကိုလည်း ယုံကြည်အားကိုးလိုပါသည်။ နိုင်ငံသားအားလုံး၏ ညှိုးငယ်မွဲတေနေရမှု များကို မှန်မှန်ကန်ကန် သုံးသပ်၍ တိုင်းပြည်တွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအကိုမောင်နှမ အားလုံး ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်းနှင့် သာယာဝပြောကြောင်းကို Deception မပါဘဲ စေတနာရှေ့ထား၍ အမှန်တကယ် ၀ိုင်းဝန်းလုပ်ဆောင်ကြိုးစားခြင်းကို မြင်လိုပါသည်။ ထို့ပြင် မည်သူမဆို ကိုယ်ယုံကြည်ရာကိုယ် အေးချမ်းစွာ စွဲကိုင်ခွင့်နှင့် လွတ်မြောက်အေးချမ်းခွင့်တို့ လူတိုင်းရရှိမည့် အနာဂတ်ကိုလည်း မြင်လိုပါသည်။ ဧရာဝတီမြစ်ကြီးကိုလည်း ဧရာဝတီမြစ်ကြီးအတိုင်းသာ အမြဲတစေ စီးဆင်းနေစေချင်ပါသည်။

နောက်ဆုံးအနေဖြင့် တွေးမိသမျှ အနီးကပ် စိန်ခေါ်မှုများသည်ကား ...

စိန်ခေါ်မှု နံပါတ် တစ်

စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ချစ်မြတ်နိုးသူအားလုံးနှင့် နိုင်ငံသားအားလုံး၊ နိုင်ငံရေးအင်အားစုအား လုံး၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ယူထားသည့် တပ်မတော်နှင့်တကွ ဌာနပေါင်းစုံမှ ၀န်ထမ်းအားလုံး၏ ဒီမိုကရေစီနှင့်လူအခွင့်အရေးကို အာမခံသည့်၊ မည်သည့်အင်အားစု၊ မည်သူတဦးတယောက်ကမှ ဖျက်သိမ်း ခွင့်၊ လျှော့ချပြင်ဆင်ခွင့်မရှိသည့် အခြေခံဥပဒေတရပ် ပေါ်ပေါက်ရေး။

စိန်ခေါ်မှု နံပါတ် နှစ်

တိုင်းပြည်နယ်နိမိတ် စည်းအတွင်းရှိ နိုင်ငံသားတို့၏ နေ့စဉ်လူမှုဘ၀ မြှင့်တင်ရေး၊ သဘာ၀၀န်းကျင်၊ သမိုင်း ဆိုင်ရာ အမွေအနှစ်များ ခန်းခြောက်ပပျောက်မှုကို ကာကွယ်ရေးနှင့် လူသားအရင်းအမြစ် အရည်အသွေးမြှင့် တင်ရေး။

စိန်ခေါ်မှု နံပါတ် သုံး

ကမ္ဘာ့စီးပွားပျက်ကပ်တွင် အရင်းရှင်နိုင်ငံကြီးများနှင့် ချမ်းသာသော နိုင်ငံကြီးများ ဖရိုဖရဲဖြစ်နေချိန်တွင် မိမိတို့ လို စစ်အာဏာရှင်အဆက်ဆက်အောက်တွင် မွဲပြာကျရသော နိုင်ငံအနေဖြင့် အချောင်နှိုက်ခံရမည့် ခွက်မဖြစ် ရေးနှင့် တိုင်းပြည်၏ လူသားရင်းမြစ်အခြေပြု စီးပွားရေးစနစ်ကို ထူထောင်ရေး။

စိန်ခေါ်မှု နံပါတ် လေး

အထက်ဖော်ပြပါ စိန်ခေါ်မှု သုံးခုကို နိုင်နိုင်နင်းနင်း ကိုင်တွယ် ရင်ဆိုင်မှု အသားကျလာချိန်တွင် ထိုအနေအ ထားများအား နိုင်ငံသားအားလုံး၏ တာဝန်အဖြစ် ၀ိုင်းဝန်းထိန်းသိမ်းရင်း၊ Green oriented industrialization နှင့် eco-friendly farming ကို နိုင်ငံသားအားလုံး၏ living standard ကို ပုံမှန်ခြေလှမ်းဖြင့် မြင့်သထက်မြင့်၊ ဖူလုံသထက်ဖူလုံအောင် မြှင့်တင်ရင်း မွေးစမှ၊ မသာပေါ်ခါနီးအထိ မည်သည့်အရပ်မှ နိုင်ငံသားမဆို အနာ ဂတ်နေမှု၊ သေမှုအတွက် အာမခံရှိရေး။

အထက်ပါ အချက်အလက်များအား နိုင်ငံသားများအချင်းချင်း တောင်တန်းပြည်မ မကျန် တဦးကိုတဦး ယုံ ကြည်မှုရှိရှိ နားလည်မှုပြည့်ပြည့်ဖြင့် ရင်ဆိုင်နိုင်မှသာလျှင် ကျနော်တို့တိုင်းပြည် လူမွေးပြောင်ပါမည်ဟု နိဂုံး ချုပ် အသိပေးလိုက်ပါသည်။ ။

တုတ်ကြီး (ခေတ္တ-တာဝတိံသာ)

No comments:

Post a Comment