Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

21 September, 2011

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာတွင် ပူးပေါင်းဆောင်ရွက်ရန် ဝန်ကြီးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စာနယ်ဇင်းများ တွေ့ဆုံခဲ့


သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး အလွှာအသီးသီးမှ တာဝန်ရှိသူအားလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း အားလုံး လက်ခံထားကြပြီ ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုသည် ပတ်ဝန်းကျင်ကောင်း တစ်ခုရှိမှ ဖြစ်တည်နိုင်မည် ဖြစ်သည်မှာလည်း မလွဲဧကန်ပင်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများ တွေ့ဆုံသည့် အခမ်းအနား အစီအစဉ် တစ်ရပ်ကို (၂ဝ၁၁)၊ မေ(၂၃)၊ နံနက်(၉း၃ဝ)နာရီတွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အပြည်ပြည် ဆိုင်ရာ စီးပွားရေး လုပ်ငန်းဗဟိုဌာန (IBC) ခန်းမ၌ကျင်းပခဲ့ သည်။ အခမ်းအနားသို့ ကော်မတီဥက္ကဋ္ဌ (သစ်တော ရေးရာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းအစိုးအရအဖွဲ့ ဝန်ကြီးချုပ်နှင့် NGO အဖွဲ့အစည်းများ၊ စာပေပညာရှင်များ၊ စာနယ်ဇင်း မှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကော်မတီ ဥက္ကဋ္ဌ သစ်တောရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့မှ အမှာစကား ပြောကြားခြင်း အပြင် တက်ရောက် လာကြသော ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် အမြင်များဖလှယ်ခြင်း၊ လိုအပ်သည်များကို တင်ပြခြင်း အစရှိသဖြင့် ပွင့်လင်းစွာ ကျင်းပခဲ့ကြသော အခမ်းအနား တစ်ရပ်ဖြစ်ကြောင်း တွေ့ရသည်။ ယင်းအခမ်းအနားတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းမှ အဖွင့်အမှာစကား ပြောကြားရာတွင်

'သစ်ပင်သစ်တောများကို လောင်စာအဖြစ် အသုံးပြုခြင်းတို့ကြောင့် သစ်တောပြုန်းတီးခြင်း ဇီတမျိုးကွဲများ လျော့နည်းလာခြင်း၊ ရေဝေရေလဲဒေသများတွင် ရွှေ၊ သတ္တုနှင့် ကျောက်မျက်တူးဖော်ရာတွင် စနစ်တကျမဆောင် ရွက်မှုကြောင့် သစ်တောပျက်စီးခြင်း၊ မြစ်ချောင်းများ၏ ရေအရည်အသွေး ထိခိုက်လာခြင်း၊ ရေနေအပင်နှင့်သတ္တဝါ များထိခိုက်ခြင်း၊ ငါး သယံဇာတလျော့နည်း၍ နုံးပို့ချမှုများခြင်း၊ ရွှေသန့်စင်ထုတ်လုပ်ရာတွင် Arsenic နှင့် Mercury တို့ကြောင့် လူနှင့်တိရိစ္ဆာန်များအပေါ် အဆိပ်သင့်ခြင်း အစရှိသည့် လူ့ပယောဂကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း၊

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရသော အဝေးပြေး လမ်းမကြီးများ၊ ဆိပ်ကမ်းများ၊ ဆည်တမံများ၊ မြို့ပြ လူနေအဆောက်အဦများ တိုးချဲ့ခြင်း၊ စက်မှုဇုန်များကြောင့်၊ လေ၊ ရေ၊ မြေညစ်ညမ်းမှုနှင့် လူဦးရေများပြားမှုကြောင့် ဖြစ်ပေါ်လာ သော စွန့်ပစ်အမှိုက်နှင့် ပတ်ဝန်းကျင် ညစ်ညမ်းခြင်းစသည်တို့ကြောင့် ပတ် ဝန်းကျင်ထိခိုက်မှု နည်းပါးရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းစနစ်ကောင်းများကို ပြည်သူလူထု၊ြွဥ များ၊ အစိုးရဌာနအသီးသီးစသော Stake Holder များအားလုံး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ ၁၉၉၄ ခုနှစ်တွင် မဟာဗျူဟာမြောက် အစီအမံများပါဝင်သော Myanmar Agenda 21 ကိုထုတ်ပြန်ခဲ့ပြီး National Sustainable Development Strategy NSDS ကိုလည်း ဝန်ကြီးဌာနအသီးသီး၊ Stake Holder အသီးသီးနှင့် ပူးပေါင်းရေးဆွဲထားပြီးဖြစ်ကြောင်း၊ အာဆီယံနိုင်ငံအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ လုပ်ငန်းအဖွဲ့ဖွဲ့စည်းဆောင်ရွက်ရာ မြန်မာနိုင်ငံကလည်း တစ်နိုင်ငံ အပါအဝင် ဖြစ်ကြောင်း

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၅)တွင် 'နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းချက်နှင့် အညီ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှလည်း ၂ဝ၁၁၊ မတ်(၃ဝ)၊ ပြည်ထောင်စု လွှတ်တော်၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး ဟောပြော မိန့်ကြားခဲ့ကြောင်း

ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင်ကောင်းများ ရရှိရန် အစိုးရဝန်ကြီးဌာန တစ်ခုတည်း ဆောင်ရွက်၍မရဘဲ ဝန်ကြီးဌာနများ၊ ပြည်တွင်းရှိ နယ်ပယ်အသီးသီးတွင် တာဝန် ထမ်းဆောင် နေကြသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်သူလူထုများ အားလုံးပူးပေါင်းဆောင်ရွက်မှ အောင်မြင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အဆင့်မှ ဆောင်ရွက်ရမည့် လုပ်ငန်းနယ်ပယ်များ ကိုလည်း မည်သူမဆို အချိန်အခါမရွေး ဝေဖန်အကြံပေးမှုများကို ဝမ်းပန်းတသာ ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း၊ အစရှိသည်ဖြင့် ပြောကြားသွားခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေမှ အမှာစကားပြောကြားရာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အနေအထားများကို ဦးစွာ သုံးသပ်ပြခဲ့ပြီးနောက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်း၊ ကျေးရွာပိုင် စိုက်ခင်းထူထောင်ခြင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှု အားကောင်းစေရန် နည်းပေါင်းစုံဖြင့် ပညာပေးစည်းရုံး ဆောင်ရွက်ရန် စီစဉ်ထားခြင်း၊ နှစ်စဉ် ပျိုးပင်ရှင်သန်မှု စာရင်းကောက်ယူခြင်း၊ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ စီမံဆောင်ရွက်ရန် နည်းလမ်းကောင်းများ ထပ်မံရှာဖွေခြင်း စသည်တို့ကို ပြောကြားခဲ့ပြီး ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်နိုင်အားသည် သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည်လည်း အရေးပါကြောင်း၊ နိုင်ငံတော် ရေရှည်ဖွံ့ဖြိုး တိုးတက်ရန် အထောက်အကူဖြစ်စေသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့အစည်းများ၊ စာနယ်ဇင်းမှပုဂ္ဂိုလ်များ၊ NGO အဖွဲ့အစည်းများနှင့် ပြည်သူတစ်ဦးချင်းစီ ၏ ပူးပေါင်းလုပ်ဆောင်နိုင်မှုသည် အရေးကြီးလှကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

http://www.snapshot-news.com

No comments:

Post a Comment