Search This Blog
“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”
HTML editor
01 March, 2012
မြန်မာနိုင်ငံသားဖြစ်ကြောင်း အသိမှတ်ပြုပေးနေသော မဟာသူဌေးကြီးများ
အိမ်နီးနိုင်ငံများဖြစ်သော ထိုင်းနှင့်မလေးရှား တွင်ရှိသော မြန်မာနိုင်ငံသား အလုပ်သမားသည်သန်းပေါင်းများ စွာ ရောက်ရှိနေခြင်း  သည် ယနေ့အထိ စစ်တမ်းကောက်၍ မရ နိုင်ခဲ့ပေ။
                ထိုင်းအစိုးရသည် တရားမ၀င်ခိုးဝင်လာသော မြန်မာ-လာအို-ကမ္ဘောဒီးယား အလုပ်သမား ပေါင်း သန်း ချီသော အရည်အတွက်များအား (၀န်ကြိးချုပ်ဟောင်း ထပ်စင် ချင်န၀တ်)လက်ထက်မှ စပြုပြီး -၀န်ကြီးများ အစည်းအဝေး အတည်ပြုချက်ဖြင့် တရားမ၀င်သော အလုပ်သမားများမှ -စာရင်းဇယားကောက်ယူပြီး အလုပ်ရှင် အလုပ်သမားများအကြား - စနစ်တကျ ထိမ်းသိမ်းနိုင်ရေးအတွက် -ထိုင်းအလုပ်သမား ၀န်ကြိးဌာန အလုပ်သမား ရှာဖွေရေးရုံး၏ ထောက်ခံချက်ဖြစ် -တရားမ၀င်သော လုပ်သားများကို ကျမ္မာရေးစစ်ဆေးပေးခြင်း ။ လူမှုဖူလှုံရေး အက်ဥပဒေ များဖြစ် -အလုပ်သမား များအခွင့်အရေး ခရီးသွားလွယ်ကူစေရေး -အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာများ ကို ဖြေရှင်းနိုင်ရေးအတွက် -TR-38 /1- TT-8 - ပုံစံများအပါအ၀င် -ဆိုင်ရာမှ စက်ရုံ အလုပ်ရုံ ကုမ္မဏီ များနှင့်  ပုဂ္ဂလိက အလုပ်ရှင်များ၏ တောင်းခံချက်များ အပါအ၀င် -ကျဘန်း တရားဝင် အလုပ်သမားဘ၀မှ- တရားဝင်နေထိုင်ခွင့်ပြုလုပ်ပေးခဲ့ပါသည်။ 
                    သန်းချီသော ယခင်က ခိုးချောင်ခိုးဝှက်နေခဲ့ရာမှ -တနှစ်လျှင် ငွေ -၅၀၀၀-မှ ၁၀၀၀၀- အထိ ကုန်ကျခံပြီး တရားဝင်အလုပ်သမားအဖြစ်နေခဲ့ပါသည်။ လွန်ခဲ့သော သုံးနှစ်မှ စ၍ မြန်မာနိုင်ငံအစိုးရမှ -အထက်ပါ မြန်မာအလုပ်သမားများအား ထိမ်းချုပ်နိုင်ရေး ပြည်ပသို့ ရောက်လာသော မြန်မာနိုင်ငံသားများ စာရင်းကောက်ယူရေး- ပြည်တွင်းသို့ နိုင်ငံခြားမှ သွင်းငွေ အပေါ် စာရင်းစကား ကောက်ယူနိုင်ေ၇း  အလုပ်သမားများအပေါ်တွင် အကောက်အခွန်ကောက်နိုင်ရေး အတွက် ရည်ရွယ်ပြိး -ထိုင်းပြည်ထဲရေးနှင့် အလုပ်သမား ၀န်ကြိးဌာန နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း စီစစ်ပြီး ပတ်စပို့-(Passport) ထုတ်ပေးခဲ့သည်။
                     သန်းချီသော မြန်မာနိုင်ငံသား အလုပ်သမားများသည် ၄င်းပတ်စပို့ (Passport) ရရှိရန်အတွက်
ထိုင်းနိုင်ငံရှိ -ဖွင့်လှစ်ထားသော -ထိုင်းမြန်မာ ကုမ္မဏီ -ဆယ်ကျော်မှ-လက်ရှိ -ကုမ္မဏီ များစွာ တိုးတက်လာပြီး
အလုပ်သမား များ ငွေ-၄၅၀၀- အနည်းဆုံးပေးပြီး နယ်ခြား -။ တာချီလိတ်-မြ၀တီ-ကော့သောင်း။
သုံးနေရာသို့သွားခါ -ပတ်စပို့ -ရနိုင်ရန် လုပ်လာခဲ့ကြသည် -ပတ်စပို့ -ရပြီးသော်လည်း အလုပ်သမားများ သက်တန်းတိုးခြင်း-မြန်မာသံရုံးနှင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးသို့ သုံးလ တကြိမ် ပြေးလွှား အလုပ်ရှုပ်ကြရသည်။ မည်သို့ပင် တရားဝင်လုပ်ထားသော်လည်း ထိုင်းပုလိပ်များက နယ်လွန်သည်ဟု အကြောင်းပြပြီး အမြဲဖမ်းဆီးခြင်း နယ်နှင်ခြင်း လုပ်လေ့ရှိသည်။ ၄င်းကိစ္စကို သက်ဆိုင်ရာ ပြည်ထဲရေး အလုပ်သမားရုံးများနှင့် မြန်မာသံရုံး သို့ အကြောင်းကြား သော်လည်း -ဌာနဆိုင်ရာ-ထိုင်းဘက်မှသော်-၄င်း မြန်မာ အစိုးရဘက်မှ သော်လည်းကောင်း လုံးဝ -ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ပါ။
                       အခုလာပြန်ပြီးတစ်မျိုး- မြန်မာနိုင်ငံဘက်မှ -လက်ရှိ သမ္မတကြိးဦးသိန်းစိန်၏အစိုးရ -ဒီမိုကရေစီ နိုင်ငံ အဖြစ်ကြေငြာ လိုက်ပါမှ -မြန်မာ အလုပ်သမားများဘ၀မှာ ပို၍ ဆိုးဝါးလာကြသည်။ အလုပ်သမားများသည် ထိုင်းနိုင်ငံတွင်-နှစ်တိုင်း -သိန်းချီပြီး -စားရင်းသွင်း လျှောက်ထားကြပါသည်။ ယခုနှစ်တွင် ခြောက်သိန်းကျော်ပတ်စပို့ လုပ်ရန် လျှောက်ထားခြင်း -ယခင်နှစ်မှ -နိုင်ငံကူးလတ်မှတ် လုပ်ရန် ကျန်သေးသော အလုပ်သမား သုံးသိန်းကျော်= စုစုပေါင်း -ယခုလာမည်နှစ်တွင်-ကိုးသိန်း(၉၀၀၀၀၀) ခန့်ရှိကြောင်းသိရသည်။
                         မြန်မာနိုင်ငံဘက်မှ လွန်ခဲ့သော နှစ်ပေါင်းများစွာ အလုပ်သမားအရေး လုပ်ရာတွင် နယ်ခြား
နိုင်ငံခြားသားစစ်ဆေးရေး ကော်မရှင်အဖွဲ့တွင် အဓိက -အမျိုးသားရဲ  (SP) များဖြစ်သော-နိုင်ငံတော်ရဲအဖွဲက
များစွာ သူဌေးဘွဲ့ရသွားကြသည်။ ၄င်းအမျိုးသားရဲဌာနမှ အကြီးအကဲ ဖြစ်သူ ညွှန်ကြားမှူးချုပ် ဦးမြင့်သိန်းဆိုသူ
သည်။ အကြီးဆုံး မာဖီးယား ဖြစ်လာသည် -သန်းချိသော မြန်မာအလုပ်သမားများ သွေးစုတ်ပြီး -ယနေ့လက်ရှိ နိုင်ငံတော်သမတ နှင့် ဦးသန်းရွှေ ကဲ့သို့ နောက်ကြိုးဆွဲထားသော လုံခြုံရေးခေါင်းဆောင်များနှင့် မီးသေ ခြင်းကြောင့် အလုပ်သမား-၀န်ကြီးဖြစ်လာသော-ဦးမြင့်သိန်းသည်။ ကြွမ်းကျင် လိမ်မာစွာ ထိုင်းနိုင်ငံရေးသမားများ နှင့် ထိုင်းမာဖိယာ-ကုမ္မဏီကြီး ငါးခု နှင့် အပေးအယူလုပ်ပြီး- ကြီးကြိးကျယ်ကျယ်
ရှုပ်ထွေးနှောက်ရှက်လာပါသည်။ ဦးမြင့်သိန်းသည်။ ၂၀၁၂-ခု နှစ်မတ်လ(၁) ရက် နေ့ နံက်ဖြန်မှစပြီး
မြန်မာနိုင်ငံသာ အလုပ်သမားများ သန်းကျော် စာရင်းတင်ထားသည့်အတိုင်း -မြန်မာနိုင်ငံသားဖြစ်ကြောင်း
ပတ်စပို့((Passport)-အဟောင်း အနီရောင်မှ- မနက်ဖြန် အသစ် -အရောင် ခရမ်းရောင် (Passport) လုပ်မည်ဟုသိရှိထားပြီ ဖြစ်သည်=
ထိုင်းနိုင်ငံ မာဖီယာ ကုမ္မဏီ ငါးခုသည် ။ ထိုင်းနိုင်ငံ- စမွန်ပရာကန် ။ မဟာချိုင်း (စမွတ်စာခွန်း) ။ ဘန်ကောက်။
ထိုင်းနိုင်ငံအောက်ပိုင်း(စူရတ်ဌာနီ) ။နှင့် ထိုင်းနိုင်ငံမြောက်ပိုင်း-ဇင်းမယ်တို့တွင် -ဖွင့်လှစ်ထားကြောင်းကြေငြာထားသည်။ ၄င်းကုမ္မဏီများမှာ အာစီယံကုမ္မဏီ။ မြန်မာအင်ပိုတက်ကုမ္မဏီနှင့် အိုင်အမ်ခေကုမ္မဏီ။ထိုင်းဗမာကုမ္မဏီ။စီအိုအီးကုမ္မဏီ။  (၅) ကုမ္မဏီတို့ဖြစ်သည်။ ပတ်စပို့ အသစ်လဲလျှင် လဲခ -၁၅၀၀-ဘတ်ကုန်ကျဦးမည်ဖြစ်ပါသည်။၎င်းကုမ္မဏီး(၅) ခုမှ မတ်လ -၁-ရက်နံက်ဖြန်မှစပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေး၇န်နှင့် စရိတ်တဦးလျှင်-၄၂၀၀-ဘတ်ငွေ ပေးရမည်ဖြစ်ကြောင်းကြေငြာထားသည်။ 
                   ဤမျှ ဆိုးသွမ်းနေသော သန်းချီ အလုပ်သမား အားခေါင်းပုံဖြတ် သွေးစုတ်ရန် ယခုကဲ့သို့ အစီအစဉ် များကို -မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူ့လွှတ်တော် ၀န်ကြိးများအစည်းအဝေးက အရေးယူ ဆုံးဖြတ်သင့်ကြောင်း တင်ပြပါသည်။
အောင်စည် - (ဘန်ကောက်)
အလုပ်သမားရေးဆောင်ရွက်နေသူ
No comments:
Post a Comment