Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

27 February, 2012

မဒေးကျွန်း ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းခွင်ရှိ ဒေသခံအလုပ်မသားများရဲ့တဲအိမ်များဖျက်ဆီးခံရ


ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ဒုတိယ သမ္မတ ဦးတင်အောင် မြင့်ဦး အချိန်နာရီပိုင်းလောက် လာလည်မည့်အတွက် နဂိုကတည်းက အိမ်ဆောက်လုပ်ရန်ပိုက်ဆံ မတတ်နိုင်၍ တဲစုတ်သာသာကလေးဆောက်ပြီး ရရာကို အမိုးလုပ်ပြီး၊အရှက်လုံရုံကာထားသော အကာနှင့် မိုးဒဏ်၊ လေဒဏ် တွေကို ခနော်ခနဲ့ရင်ဆိုင်ယင်း နေထိုင်နေကြရသော ဒေသခံ နေ့စားအလုပ်သမားများ နေထိုင်ရာတဲ အလုံး (၂၀)ကို ၂၄..၂၀၁၂(တပေါင်းလဆန်း ရက်) နံနက် ၁၀ နာရီခွဲ အချိန်တွင် မဒေးကျွန်းရဲစခန်းမှ စခန်းမှူးစိုးဝင်းနှင့် ဒုရဲအုပ် စံထွန်းခိုင်တို့ကဒီနေရာမှာ ဘယ်သူတွေကနေခိုင်းတာလဲ၊ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဆောက်ပြီနေကြတာလဲဟုကြိမ်းမောင်းပြီး သူ့တပည့်တွေကို ယာယီတဲတွေ အားလုံးကိုဖျက်ခိုင်းလိုက်ပါတယ်။  ဒီမှာ အလုပ်လုပ်ပြီး ယာယီတဲတွေနဲ့နေလာခဲ့ကြတာကြပြီ အခုမှ ကျုပ်တို့ကိုနှင်နေတယ်၊ကျုပ်တို့ဘယ်မှာနေပြီး လုပ်ကြမှာလဲဟု နေထိုင်ရာတဲများ ဖျက်ဆီးခံလိုက်ရသော အလုပ်သမားတစ်ယောက်က ပြောပါတယ်။


အခြားအလုပ်သမားတစ်ယောက်ကလည်း ဒီနေရာမှာ ဒီအလုပ်ကလေးရှိနေစဉ်ခဏနေတာပါ၊ သိပ်လည်းငေါက်ငေါက်ငန်းငန်း မဆက်ဆံကြပါနဲ့၊ နေရထိုင်ရတာကိုလည်းကြည့်ပါအုံး၊ကျုပ်တို့ဒီနေရာကို မက်မောလွန်းလို့မဟုတ်ပါဘူး၊၀မ်းရေးအတွက် အလုပ်ရှိစဉ် ခဏပါဟု ပြောပြန်သည်။
အမ်းမြို့နယ် ဒလက်ကျေးရွာမှ လာရောက်အလုပ်လုပ်ကိုင်နေသော ကိုသောင်းမြင့်က တဲအိမ်ဖြိုဖျက်ခံလိုက်ရမှုအပေါ် မကျေနပ်ဖြစ်နေသည်ကို သိသော ရဲအုပ်စိုးဝင်းက ကိုသောင်းမြင့် သူ့ပစ္စည်းတွေကိုသိမ်းဆည်းရန် သူ့တဲနားသို့သွားစဉ်မင်းဘာကို မကျေနပ်တာလဲ ဆိုပြီး လက်သီးနှင့် သုံးချက်ထိုးပါတယ်၊ခြေနှင့်လည်းနှစ်ချက်ကန်ပါတယ်၊ ကိုသောင်းမြင့်တော်တော်ထိသွားပါတယ်၊ ဒီခေတ်ဒီအခါမှာ လူလူချင်း အကျိုးအကြောင်းပြောပြင်နားလည်ကြပါတယ်၊ကျွန်ခေတ်တုန်းကအပြုမူမျိုးနဲ့ မဆက်ဆံသင့်ပါဘူးဟု မဒေးကျွန်းရွာမှ ကိုထွန်းကြည်ကပြောပါတယ်
အစိုးရသစ်မှ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော၊စည်းကမ်းပြည့်ဝသော၊သန့်ရှင်းစင်ကြည်သော ဒီမိုကရေစနစ်ကို ဖော်ဆောင်နေပါသည့်အချိန်တွင် ကျွန်စိတ်မပျောက်သေးသော သူများလည်း ရှိကြသေးသည်။ ကိုယ့်လူမျိုးမျိုး အချင်းချင်း ကူညီရိုင်းပိုင်းမှုမပြုဘဲ သခင်အားရ၊ကျွန်ပါးဝ လုပ်နေကြသော သူများကား
 ”() ၀င်းကျော်-စကားပြန်-
  () ခင်ဝင်း-(အုပ်ချုပ်ရေးမှူး၊မဒေးကျွန်း)
  () စံထွန်းခိုင်(ဒုရဲအုပ်)
  () စံအေး (ရဲလူထွက်)
ဒုတိယ သမ္မတ၏ နာရီပိုင်းလောက်ခရီးစဉ်အတွက်အလုပ်သမားတွေနေထိုင်ရာ ဘုံတွေပျောက်သွားခဲ့ရပါပြီ။ ဒါဟာ ဆင်းရဲမွဲတေမှုတွေကို တိုက်ဖျက်နေပါတယ်ဆိုတဲ့ အစိုးရသစ်လက်ထက်မှာသိပ်ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်ပျက်တစ်ခုပါ။
ဦးတင်အောင်မြင့်ဦးနှင့်မိသားစုဟာ ဒေ၀ူးကုမ္ပဏီမှ စီစဉ်ပေးသော ဟိုက်စကီးစီးပြီး ကမ်းလွန်ပင်လယ်ပြင်ရှိ ရေနံတူးစင်များကိုပါ သွားကြည့်ဖို့ အစီစဉ်ရှိတယ်လို့ သိရပါတယ်။တကယ်လို့ ဦးတင်အောင်မြင့်ဦးနှင့် အဖွဲ့များသာ ဆင်းရဲသား ရပ်ကွက်တွေကိုဆင်းပြီး ခြေလျင်လျှောက်ကြည့်မယ်ဆိုယင် မြင်ကွင်းမလှတာတွေကို တွေ့မြင်ကြမည်ဖြစ်သော်လည်း ၀မ်းသာကြရမှာပါ။ဘာလို့လဲဆိုတော့ ဒေသခံတွေရဲ့ ပကတိအခြေအနေတွေကိုမြင်တွေ့ရပြီးတော့၊ ဖြူစင်ရိုးသားသော အပြုံးနှင့်ကြိုဆိုမှုတွေကို ခံစားကြရမှာဖြစ်လို့ပါ။

No comments:

Post a Comment