Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

17 February, 2012

ဂက်စ်ပိုက်လိုင်းလျော်ကြေးငွေ လက်မခံသည့်တောင် သူများကိုခေါ်ယူကြိမ်းမောင်း


12122011                   
                          ဂက်စ်ပိုက်လိုင်းလျော်ကြေးငွေ လက်မခံသည့် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာရှိ တောင် သူများကို စွမ်းအင်ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်မှ ယခုလ ၁၃ ရက်နေ့ ည ရ နာရီခန့်တွင် ခေါ်ယူကြိမ်းမောင်းခဲ့ကြောင်း သိရသည်။
         ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံအထိ ဂက်စ်ပိုက်လိုင်း သွယ်တန်းရာ တွင် မြေသိမ်းခံရသည့် မိုင်းဝီးရွာခံ တောင်သူများကို စွမ်းအင်နှင့်မြေစာရင်းဦးစီးအရာရှိများက သဘော တူကြောင်း လက်မှတ်ထိုးခိုင်းရာ လက်မှတ်မထိုး သည့် တောင် သူ ၈ ဦးခန့် ကျန်ရှိပြီး အဆိုပါတောင် သူများအား ခေါ်ယူကြိမ်းမောင်းခြင်း ဖြစ်ကြောင်း သိရသည်။မရှင်းလင်းသည်များ ကို မေးမြန်းဆွေးနွေး နိုင်ရန်ဟု ဆိုကာ တောင်သူများကို မိုင်းဝီးရွာ ရယကစာရေး ဦးသန်းဦး နေအိမ်သို့ ခေါ်ယူခဲ့ကြောင်း မိုင်းဝီးရွာခံတောင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။“လက်မှတ်မထိုးသေးတဲ့တောင်သူ ၈ ဦးလောက်ရှိသေးတယ် အားလုံးဦးရေက အယောက် ၁၀၀ လောက်ရှိတယ်။ အဲဒါကို လက်မှတ်မထိုးသေးတာကို မရှင်းလို့လားဆိုပြီး စွမ်းအင်အရာရှိ ဦးမျိုးမြင့်အောင် ၊ မြေစာရင်းဦးစီးမှူး ဦးကျော်နိုင်တို့က ခေါ်တာပေါ့ တောင်သူတွေကမေးမြန်းကြတဲ့ အခါကျတော့ အဆူခံရ ၊ ရန်ရှာခံရတာပေါ့
” သူက ဆိုသည် ။တောင်သူများက 0x158င်းတို့၏ လယ်မြေများကို မည်သည့်အတန်းအစားတွင် ထည့်သွင်းထားသနည်းဟု မေးမြန်းရာတွင် စွမ်းအင်ဦးစီးအရာရှိမှ ရှင်းလင်းစွာဖြေဆိုခြင်း မရှိကြောင်း သိရသည်။“တောင်သူတွေက သူတို့လယ်တွေကို ဒုတိယတန်းစားမှာ ထည့်မှာစိုးလို့ ဘယ်အတန်းအစားမှာ ထည့်သလဲလို့ မေးတော့ ဦးမျိုးမြင့်အောင်က ပြန်ဆဲဆိုဟိန်းဟောက်တယ် ” ဟု ဆိုသည်။တစ်နှစ်အတွင်း စိုက်ပျိုးသည့် အကြိမ်အရေအတွက်ပေါ် မူတည်၍ သိမ်းယူခံရသည့် လယ်မြေများကို ပထမ ၊ ဒုတိယ နှင့် တတိယတန်းစား ဟူ၍ ခွဲခြားသတ်မှတ်ကာ လျှော်ကြေးငွေကို ပထမတန်းစား ကျပ်သိန်း ၃၀ ၊ ဒုတိယတန်းစား ကျပ် ၂၅ သိန်းနှင့်  တတိယတန်းစား ၂၀ ပေးကြောင်း သိရသည် ။တောင်သူများ က မြေစာရင်းဦးစီးဌာနမှ တိုင်းတာသည့်လယ်မြေ အကျယ်အဝန်း မှန်ကန်မှုမ ရှိ  ကြောင်း  ပြောဆိုခဲ့ရာ မြေစာရင်း ဦးစီးအရာရှိ ဦးကျော်နိုင်မှ ဂရမ်မရှိသည့် မြေ များဖြစ် ၍ လျော်ကြေးအပြည့်မပေးနိုင်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟု ဆိုသည် ။အဆိုပါမြေများ မှာ မြေဂရမ်မရှိသော်လည်းဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့သည့် ဓါးမဦးချ မြေများဖြစ်ကြောင်း ဦးကျော်နိုင် မှတရား မဝင်သလို ခြိမ်းခြောက် ပြောဆိုနေကြောင်း အဆိုပါတောင်သူများက ဆိုသည်။

No comments:

Post a Comment