Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

17 February, 2012

ဗုံးခွဲမှုအတွင်း တရုတ်အင်ဂျင်နီယာ တစ်ဦး သေဆုံး မြန်မာအရာရှိ ၃ ဦး ဒဏ်ရာရ

သျှမ်းပြည် (မြောက်ပိုင်း) မန်တုံနှင့် နမ့်ခမ်းမြို့နယ် အကြား ကားလမ်းပေါ်တွင် ယခုလ ၁၃ ရက်နေ့က တရုတ်ဂက်စ် ပိုက်လိုင်းအင်ဂျင်နီယာ စီးနင်းလိုက် ပါလာသည့် ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုအတွင်း တရုတ်အင်ဂျင်နီယာ သေဆုံးပြီး ယာဉ်ပါ် ပါ မြန်မာ အရာရှိ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။မန်တုံမြို့နယ်မှ နမ့်ခမ်းဘက်သို့ လည်းကောင်း ယာဉ်ထွက်ခွာလာစဉ် အမည်မသိ အဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း တရုတ်နယ်စပ် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောမှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။“၁၃ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်ပေါ့ ကားကိုဆွဲမိုင်းနဲ့ခွဲတာ တရုတ် အင်ဂျင်နီယာတစ်ဦး သေသွားတယ် မြန်မာအ ရာရှိ ၃ ဦးလည်း ဒဏ်ရာရတယ် တရုတ်အင်ဂျင်နီယာ အလောင်း ကိုတော့ တရုတ်ပြည်ဘက် ပြန်သယ်လာပြီ” - ဟု သူက ဆိုသည်။အစိုးစစ်တပ်များလုံခြုံရေး ထူထပ်စွာ ချထားသည့်ကြားက ယခုဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သူကဆက် ပြော သည်။
“ဘယ်အဖွဲ့လက်ချက်ဆိုတာတော့ ပြောဖို့ခက်တယ်။ ကီလိုမီတာ ၂၀ လောက်ရှိတဲ့ခွင်ထဲမှာ (အစိုးရ) တပ်က တပ်ရင်း ၈ ရင်း လုံခြုံရေးယူထားတဲ့ကြားက ဖြစ်သွားတာ ခမရ ၅၀၆ က အနီးကပ် လုံခြုံရေးယူ တယ်။ သူတို့ကိုယ်တိုင် လုပ်တာ လည်း ဖြစ်နိုင်တယ် ” ဟု ဆိုသည်။ဒဏ်ရာရ သည့် မြန်မာအရာရှိ ၃ ဦးမှာ အမှတ် ၂ စွမ်းအင်ဝန်ကြီးဌာနမှ ဖြစ်ပြီး ယမန်နေ့က နမ့်ခမ်းဆေးရုံမှ မူစယ် ဆေးရုံသို့ သယ်ဆောင် သွားကြောင်း နမ့်ခမ်းမြို့ခံ ဆေးရုံဝန်ထမ်းအသိုင်းအဝိုင်းမှ တဆင့်သိရသည်။
 http://www.burmese.panglong.org

No comments:

Post a Comment