Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

14 January, 2012

အကျဉ်းကျခံနေရသူ ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်

အကျဉ်းကျခံနေရသူ ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ယနေ့ (၁၂-၁-၁၀၁၂) ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ လူသားခြင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသော နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသူ ၆၅၁ ဦးအား ဇန်နဝါရီလ ၁၃ ရက်နေ့မှ စကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်ပါသည်။

No comments:

Post a Comment