Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

04 September, 2013

ဆ၇ာတော်ဦးဥတ္တမ ရုပ်ထု




နိုင်ငံကျော် ပန်းပုဆရာ ဦးဟန်တင် ထုလုပ်ခဲ့သည့် ဆ၇ာတော်ဦးဥတ္တမ ရုပ်ထု အမြင့်(၉)ပေ ရှိသည်၊ ယခုမြောက်ဥက္ကာလာပ တွင်ရှိသည် ၊ ဆရာတော်ဦးဥတ္တမဟာ အင်္ဂလိပ်အစိုးရဒဏ်ကိုလည်းခံရတယ်၊ ဆိုရှယ်လစ်အစိုးရဒဏ်ကိုလည်းခံခဲ့ရတယ်၊ နောက်ဆုံး နာဂစ်ဒဏ်ကိုလည်းခံခဲ့ရတယ်၊ နာဂစ်ကြောင့် ဆရာတော်ဦးဥတ္တမရဲ့ ရုပ်ထုက လက် ကျိုးသွားသည်ဟု သိရပါသည်

လူခန္ဓာကိုယ်ရဲ့ ထူးဆန်းအံသြဖွယ် အချက်အလက်များ

လူခန္ဓာကိုယ်ရဲ့ ထူးဆန်းအံသြဖွယ် အချက်အလက်များ
 
 (1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။

(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ

(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။

(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ က တစ်နေ့ကိုချွေး (1)ပိုင့် မက ထုတ်လုပ်ပါတယ်။

(5) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓားကိုတောင် ချေဖျက်နိုင်တဲ့ အထိ ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်းအရင်းက - အစာအိမ်နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ သစ်တွေ နဲ့ အလိုလိုအစားထိုးနေလို့ပဲဖြစ်ပါတယ်။

(6) နှာချေလိုက်တဲ့အခါထွက်လာတဲ့အမှုန်အစက်တွေဟာ တစ်နာရီကို 100 mph နှုန်းအထိရှိပြီး ၊ ချောင်းဆိုးတဲ့အခါမှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။

(7) သင့်ခန္ဓာကိုယ်ရဲ့သာမန်အပူချိန်ဟာ မိနစ် (၃၀)အတွင်းမှာ (၁)ဂါလံရှိ တဲ့ရေကို ပွက်ပွက်ဆူအောင်တည်ဖို့လုံလောက်ပါတယ်။

(8) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ (၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။

(9) ထပ်တူညီအမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြ ပါတယ်။

(10) ကလေးငယ်ဘ၀မှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့လေးပုံတစ်ပုံ အချိုးအ စားနဲ့ညီမျှပြီး အသက် (၂၅) နှစ်ရောက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ရှစ်ပုံ တစ်ပုံမျှပဲ ရှိပါတော့တယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်မှာဦးခေါင်းရဲ့ကြီးထွားမှုနှုန်းဟာခန္ဓာကိုယ်ရဲ့ကြီးထွားနှုန်းထက် နှေးကွေးနေလို့ပဲဖြစ်ပါတယ်။

(11) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော်ပါရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတာ့ (၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလိုတချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလို ဆက် သွားတဲ့အတွက်အရေအတွက် လျော့နည်းသွားတာဖြစ်ပါတယ်။

(12) ကိုယ့်ကိုယ်ကိုကလိပြန်ထိုးလို့မရနိုင်ပါဘူး..တဲ့ ။။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုး စားလိုက်ပြီဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျသိနေတဲ့အတွက် မယားပဲနေနိုင်တာပါ ....တဲ့။

(13) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကိုမှတ်သားထားနိုင်ပါတယ် ။ ဒါပေမဲ့သင်ဟာ အမျိုးသမီးတစ်ဦး ဖြစ်မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်လုံး အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းဖို့ အလားအလာရှိပါတယ်။

(14) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကိုဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀)ခန့် ရှည်လျားပါတယ်။

(15) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေများသောအားဖြင့် ပထမသုံးလ ပတ်အတွင်းမှ (၁) ဖား (၂) တီကောင်နဲ့ (၃)အပင်စိုက်ထားတဲ့အိုး စတဲ့ အိပ်မက်(၃)မျိုးကို မက်လေ့ရှိပါတယ် ။ ဘာကြောင့်ရယ်လို့ အတိအကျ အတည်မပြုနိုင်သေးပေမယ့် ... သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် စဉ်အတွင်းမှာ ခန္ဓာကိုယ်ကထွက်တဲ့ဟော်မုန်းတွေရဲ့အချိုးအစားမမျှတ မှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။

(16) ဆံပင်တစ်ချောင်းရဲ့ပျမ်းမျှသက်တန်းဟာ (၆)နှစ်ကနေ(၇)နှစ်အထိ ရှိပြီး သာမန်လူတစ်ယောက်ဟာ တစ်နေ့မှာဆံပင်အချေင်းရေ (၆၀)ကနေ (၁၀၀)ကြားကျွတ်ထွက်လေ့ရှိပါတယ် ။

(17) လူ့ဦးနှောက်မှတ်ဥာဏ်ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အ လက်တွေကို သိုမှီးထားနိုင်စွမ်း ရှိပါတယ်။ဦးနှောက်ရဲ့(၈၀)ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက်ဆီဂျင်
ရဲ့(၂၀)ရာခိုင် နှုန်းကို အသုံးပြုပါတယ် ။ ခန္ဓာကိုယ်မှာခံစားရတဲ့ နာကျင်မှု မှန်သမျှကို ဦးနှောက် သိရှိခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ်ဆိုရင်တော့ နာကျင်မှုကိုမခံစားမသိရှိနိုင်ပါဘူး ..... တဲ့။

(18) “သွား” ဆိုတာခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်တဲ့တစ်ခုတည်းသော အစိတ်အပိုင်းပါ။

(19) သင့်မျက်လုံးဟာမိခင်ဝမ်းကကျွတ်လွတ်လာတာနဲ့ကြီးထွားမှုရပ် တန့်သွားပြီး နှာခေါင်းနဲ့နားရွက် ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီးထွားလာလေ့ရှိပါတယ်။

(20) အသက်(၆၀)ရှိတဲ့အခါမှာ - အမျိုးသားတွေရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ (၄၀)ရာခိုင်နှုန်းဟာ အိပ်ပျော်တဲ့အခါ ဟောက်တတ် လာပါတယ်။

(21) ကျနော်တို့တွေဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ(၁)စင်တီမီ တာလောက် အရပ်ပိုရှည်နေလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အရိုး အဆစ်တွေ ဟာ နေ့ခင်းပိုင်း မှာပုံမှန်အတိုင်း ရှိနေပေမယ့် ဒူးအတွင်းမှာရှိတဲ့အရိုးနုနဲ့တချို့အရိုးတွေဟာ တစ်နေ့ခင်းလုံး ဖြေးဖြေး ချင်းဖိနှိပ်ခံထားတဲ့ဒဏ်ကြောင့် ညနေပိုင်းမှာအနည်းငယ် ကျုံ့ဝင်သွားတဲ့ အတွက်ဖြစ်ပါတယ်။ ညပိုင်းအိပ်စက်အနားယူလိုက်တဲ့အခါ ဒူးဆစ်အရိုးနု နဲ့တခြားအရိုးတွေ ပြန်ဆန့်ထွက်လာပြီး ပုံမှန်ဖြစ် သွားလေ့ရှိပါတယ်။

(22) အိပ်ပျော်နေစဉ်အခိုက်အတန့်မှာတောင် မှ ဦးနှောက်ဟာ (10)watt မီးလုံးတစ်လုံးရဲ့ပမာဏနဲ့ ညီမျှတဲ့စွမ်းအင်ကို အဆက်မပြတ် ထုတ် လွှတ်နေပါတယ် ။ တခြားအကြောင်းအရာတစ်ခု အနေနဲ့ကတော့ ... ဦးနှောက်ဟာ နေ့ခင်းထက် ညဘက် မှာသာအလုပ်ပို လုပ်လေ့ရှိပါသတဲ့။

(23) လက်ခလည်မှာရှိတဲ့ လက်သည်းခွံဟာ ရှည်လျားမှုနှုန်းအမြန်ဆုံး ဖြစ်ပါတယ်။

(24) မျက်နှာပြင်တ၀ိုက်ပေါက်တဲ့ အမွေးအမျှင်တွေဟာ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာပေါက် တဲ့အမွှေးအမျှင်ထက်ရှည်လျားမှု နှုန်းမြန်ဆန်ပါတယ် ဒီအချက်ဟာအမျိုးသားရောအမျိုးသမီးမှာပါ တူညီတဲ့အချက်ဖြစ်ပါတယ် ။

(25) တစ်လက်မပတ်လည် လူ့အရေပြားမှာပေါက်တဲ့ အမွေးအမျှင်ဟာ ချင်ပန်ဇီမျောက်တစ်ကောင်ရဲ့ အမွေးအမျှင် အရေအတွက်အားလုံးနဲ့ ညီမျှပါတယ် ။

(26) သန္ဓေသား ဘ၀သုံးလအရွယ်မှာ လက်ဗွေရာ စတင်ထင်ရှားပါတယ် ။

(27) အသက်ခြောက်ဆယ်ရောက်တဲ့အခါ လူအများစုရဲ့လျှာမှာရှိတဲ့ အရသာခံဖု(၅၀)ရာခိုင်နှုန်းမျှ ပျက်စီးသွားလေ့ ရှိကြပါတယ်။

(28) ပိုပြီးအေးမြတဲ့ နေရာမှာအိပ်လေ ... အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်း ပိုများလေ ...။

(29) အရေပြားအောက်မှာ သွေးကြောငယ်ပေါင်းမြောက်များစွာ စုစည်းနေ တဲ့အတွက် နှုတ်ခမ်းဟာ အခြားနေရာထက် နီမြန်းတဲ့အရောင်ဖြစ်နေတာပါ။

(30)မိနစ်တိုင်းမိနစ်တိုင်းမှာခန္ဓာကိုယ်ပေါ်ကမီလျံသန်းတစ်ရာမျှသောဆဲလ်တွေဟာ သေဆုံးနေကြပါတယ်။

(31) တစ်ယောက်နဲ့တစ်ယောက်လက်ဗွေရာချင်း မတူညီနိုင်သလို လူသား တိုင်းမှာမတူညီတဲ့ လျှာတစ်ချောင်းစီရှိကြပါတယ် ။ (စိတ်ဝင်စားမယ်ဆို ရင်နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ လက်ဗွေရာအစား လျှာဗွေရာနှိပ်ဖို့ လွှတ်တော်ကို အဆိုတင်သွင်းနိုင်ပါတယ် ။ )

(32) ခေါင်းဖြတ်ခံလိုက်ရရင်တောင်မှ အဲဒီဦးခေါင်းဟာ(၁၅)စက္ကန့်ကနေ စက္ကန့်(၂၀)လောက်အထိ အသိစိတ်ရှိနေနိုင်ပါသေးသတဲ့။ (သူများပြော တာမယုံရင် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။)

(33) လူတစ်ယောက်ဟာ မအိပ်ပဲနေတာထက်အစာအစားမပဲ ပိုပြီးကြာ ကြာ အသက်ရှင်နေနိုင်ပါ တယ်။ ရေတစ်မျိုးပဲသောက်ရမယ်ဆိုဦးတော့ ...ခန္ဓာကိုယ်အချိုးအစားနဲ့ တခြားအချက်အလက်တွေပေါ် မူတည်ပြီး သာမန်လူတစ်ယောက်ဟာ အစာမစားပဲတစ်လနှစ်လလောက် အသက် ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ရက်အနည်းငယ် အိပ်ရေးပျက်လိုက်ခံရုံနဲ့ အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေ သိသိသာ သာပြောင်းလဲသွားနိုင်ပါတယ်။ လက်တွေ့စမ်းသပ် ချက် မှတ်တန်းများအရ အကြာဆုံးမအိပ်စက်ပဲ နေထိုင်နိုင်ခဲ့တဲ့စံချိန်ကတော့ (၁၁)ရက်ဖြစ်ပါတယ် ။ ဒီလက်တွေ့စမ်းသပ် ချက်အပြီးမှာတော့ အစမ်းသပ်ခံလူသားဟာ စကားထစ်ခြင်း ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း နဲ့ ကိုယ့်ကိုယ် ကိုမကြာခန ဘာလုပ်နေမှန်း မေ့လျော့ခြင်းတွေကို ခံစားရကြောင်းတွေ့ရှိရပါတယ်။

(34) သင့်နားရဲ့လျှို့ဝှက်ချက်ကတော့ သာမန်အချိန်ထက်စာရင်ကြောက် လန့်နေတဲ့အချိန်မှာ ပိုမိုစိုစွတ်နေလေ့ရှိပါသတဲ့ ... ။

(35) ကမ္ဘာပေါ်မှာအတွေ့ရအများဆုံးသွေးအမျိုးအစားက (O) အိုသွေးဖြစ် ပြီး အရှားပါးဆုံးသွေး အမျိုးအစားကတော့(A-H) ခေါ် ဘုံဘေသွေး အမျိုးအစားဖြစ်ပါတယ်။ နေရာဒေသနဲ့ဆက်နွယ်ပြီး စတင်တွေ့ရှိခဲ့ချိန်ကနေ ယခုအချိန်ထိရှာတွေ့ခဲ့သမျှ လူဦးရေဟာ ရာဂဏန်းမျှသာရှိသေးပါတယ် ။

(36) ညာသန်တွေဟာ ဘယ်သန်တွေထက်ပျမ်းမျှ သက်တန်း(၉)နှစ်ခန့် ပိုမိုရှည်လျားလေ့ရှိကြပါတယ် ။ လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက်သာ ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့အတွက် ၊ ဘယ်သန်တွေအသုံးပြုတဲ့အခါ မတော်တ ဆထိခိုက်ဒဏ်ရာခြင်း ၊ အသက်ဆုံးရှုံးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ စာရင်း များအရ မတော်တဆထိခိုက်မှုပေါင်းများစွာဟာ ဘယ်သန်တွေေ ကြာင့်ဖြစ် ပေါ်ခဲ့ပြီး တစ်နှစ်အတွင်းမှာထောင်ပေါင်းများစွာသော ဘယ်သန်တွေ အသက် ဆုံးရှုံး နေလေ့ရှိပါတယ်..တဲ့ ။

(37) Koalas (သြစတေးလျသစ်ရွက်စားဝက်ဝံမျိုး)လို့ခေါ်တဲ့ နို့တိုက်သတ္တ၀ါ တစ်မျိုးတည်းသာ တစ်ကောင်နဲ့တစ်ကောင်တူညီတဲ့ လက်ဗွေရာရှိတတ် ကြပါတယ်။

(38) လူတစ်မျိုးတည်းသာ ခံစားချက်ကြောင့်မျက်ရည်ကျတတ်တဲ့ သတ္တ၀ါဖြစ်ပါသတဲ့ ... ။

(39) လူ့နှလုံးသာ ပေသုံးဆယ်အမြင့်ထိရောက်အောင် သွေးတွေကိုပန်း ထုတ်နိုင်လောက်တဲ့ ညှစ်အားရှိပါ တယ်။ ဒါကတော့ နောက်ဆုံးအချက် ... မိန်းကလေးတွေအတွက်ပါ ... ။

(40) ပြုံးဖို့အတွက်မျက်နှာကြွက်သား(၁၇)ခုအသုံးပြုရပြီး မျက်မှောင်ကြုတ် ဖို့အတွက် (၄၃)ခုအသုံးပြုရ ပါတယ်။ ဟုတ်ကဲ့ .... လက်တစ်ဖက်လုံးကို မ ပြီးအားနဲ့လွှဲရိုက်လိုက်ဖို့ဆိုရင်တော့ ကြွက်သား(၄)ခုပဲ သုံးစရာလိုပါတယ် တဲ့။ မြှောက်ပေးတယ်လို့မထင်ရင်မလိုလားအပ်ပဲကယ်လိုရီတွေမကုန် ရအောင် အကြံဥာဏ်တစ်ခုလောက်ပေးချင်ပါတယ်။တကယ်လို့များပေါ့...ကိုယ်လုံးဝမနှစ်သက်တဲ့ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုသိပ် အနှောင့်အယှက်ပေးနေမယ်ဆိုရင် အားနာပါနာနဲ့ လည်းပြန်ပြုံးပြမနေပါနဲ့။ မကြိုက်မနှစ် သက်ကြောင်းလည်းအမူအရာနဲ့မျက်မှောင်ကြုတ်ပြမနေပါနဲ့...။အလွယ်ဆုံးနည်းဖြစ်တဲ့...ကြွက်သားလေးခုကိုအသုံးပြုပြီး ..အားရပါးရသာ ... Slap လိုက်ပါ...လို့ ...


(တကယ်တော့ ဒီအချက်အလက်တွေဟာ ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ်ရာအကုန်လုံးတော့ မဟုတ်သေးပါဘူး။ နေ့စဉ်လိုလိုပဲ.. အသစ်အသစ်သောအံ့သြဖွယ် အချက်အလက်တွေကို သိပ္ပံပညာ ရှင်တွေ ယနေ့တိုင်ရှာတွေ့နေ ဆဲပါ။

.. www.MyanmarExpress.net

အခြေခံဥပဒေ ပြင်ပေးမယ့် အချိန်

24 August, 2013

ရန်များကို ကိုယ်ရှင်းမယ်

ရုပ်ရှင်အစည်းအရုံးထိပ်ပိုင်းတာဝန်ရှိသူများနုတ်ထွက်ရန် ယနေ့နံနက်ပိုင်းတွင်ဆန္ဒထုတ်ဖော်မှုဖြစ်ပွားခဲ့

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ပူးပေါင်းကော်မတီ ဆုံးဖြတ်


ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ကျင်းပနေစဉ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ် တွေ့ရှိမှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ၏ သြဂုတ် ၂၃ ရက်က ပြုလုပ်သော ပထမအကြိမ် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့သည်။
အဆိုပါ ပူးပေါင်းကော်မတီ အနေဖြင့် မြန်မာနိုင်ငံ၏ တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ်စနစ်နှင့် လျော်ညီစွာ တည်ဆောက်နိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရန်၊ တိုင်းရင်းသား မျိုးနွယ်စုများ အကြား အမျိုးသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းဖြင့် ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ဆိုသည်။
''ပူးပေါင်းကော်မတီရဲ့ သက်တမ်းကိုတော့ စတင်ဖွဲ့စည်းတဲ့ အချိန်ကနေ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီးတဲ့ အချိန်ထိ သတ်မှတ်ထားပါတယ်။ ပြည်သူတွေရဲ့ နိုင်ငံရေး ရင့်ကျတ်မှု အခြေအနေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေအနေ၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး အခြေအနေတို့ပေါ် မူတည်ပြီး လေ့လာသုံးသပ်သွားမှာ ဖြစ်ပါတယ်'' ဟု ဦးအေးမောက်က ပြောကြားသည်။
ထို့အပြင် ကော်မတီ အနေဖြင့် အငြင်းပွားဖွယ်ရာ ဖြစ်နိုင်သည့် ပြဋ္ဌာန်းချက်များထက် ပြည်သူအများ လိုလားသည့် ပြဋ္ဌာန်းချက်များကို ဦးစားပေး လေ့လာသုံးသပ်မည် ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါသော်လည်း လက်တွေ့ဆောင်ရွက်နိုင်ခြင်း မရှိသည့် ကိစ္စရပ်များကို လေ့လာဆန်းစစ် ဖော်ထုတ်ကာ ပြည်သူတို့၏ ယုံကြည်မှုကို ရရှိသည့် တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာရေး စသည့်အချက်များကို လေ့လာသုံးသပ်မည် ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံ လေ့လာရာတွင် ပြဋ္ဌာန်းချက်များကို အစုအဖွဲ့များ ဖွဲ့စည်းကာ အပိုင်းလိုက်ခွဲ၍ လေ့လာသုံးသပ် ရမည်ဖြစ်ပြီး အစုအဖွဲ့အလိုက် လေ့လာတွေ့ရှိချက်များကို ပူးပေါင်းကော်မတီ၌ ပြန်လည်ဆွေးနွေး သုံးသပ်မှု ပြုလုပ်ကာ အများသဘော တူညီသည့် အစီရင်ခံစာအား အပိုင်းလိုက်ခွဲ၍ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်သည်။
အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးမြညိမ်းက လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်နှင့် တွဲဖက်အတွင်းရေးမှူး အဖြစ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

http://news-eleven.com/politics/22522

19 October, 2012

F မြန်မာ့ရေးရာ သတင်းပဒေသာ (၁၉-၁၀-၂၀၁၂ - နံနက်ပိုင်း)

- မြန်မာအစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကချင်ပြည်သူ ၃ ဦး သေဆုံး ၃ ဦး ဒဏ်ရာရ click
- လက်နက်ကြီး ကျည်ကြောင့် ဖားကန့်ဒေသ ရွာသား ၃ ဦး သေဆုံး click
- လက်ပံတောင်းတောင် ပြည်သူ့ညီလာခံ စတင် click
- လက်ပံတောင်းတောင် ပြည်သူ့ညီလာခံ (ဓာတ်ပုံ) click
- နယ်စည်းမခြားဆရာဝန်များအဖွဲ့ ဆေးခန်းကို လူတချို့ ဆန္ဒပြ click
- ဥပဒေအချို့ ပြည်သူ့လွှတ်တော် ပယ်ဖျက် click
- အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော် ရောက်ရှိ click
- အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး မြန်မာသမ္မတနဲ့ တွေ့ဆုံ click
- အမေရိကန်နဲ့ မြန်မာ လူ့အခွင့်အရေး ဆွေးနွေး click
- Forum 2000 အကြံပေးအဖွဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင် click
- NLD ညီလာခံ ကျင်းပရေး ရှင်းလင်းပွဲ (ရုပ်သံ) click
- ကိုမင်းကိုနိုင် နှစ် ၅၀ ပြည့်မွေးနေ့ အလှူဒါနပြု click
- တကယ်တော့ မင်းကိုနိုင်၏ ရွှေရတု click
- ၈၈ မျိုးဆက်အဖွဲ့ ဝေါမြို့နယ်ခရီးစဉ် (ရုပ်သံ) click
- ဖဒိုဒေးဗစ်ထောရဲ့ ဈာပနအခမ်းအနား (ဓာတ်ပုံ) click
- မြန်မာပြည်ကျန် ဗြိတိသျှ Spitfire တိုက်လေယာဉ်များ ပြန်တူးဖော်မည် click
- ရောင်စုံသတင်းစာ စတင်ထုတ်ဝေ click
- ပညာရေးနဲ့ ဆိုင်တဲ့ သမိုင်းစာမျက်နှာများကို ပြန်လှန်၍သုံးသပ်ခြင်း click
- ၂၀၁၁ ရန်ကုန်အကယ်ဒမီနဲ့ မတ္တရာလွင်ပြင် click
- နိုင်ငံတကာအလှမယ်ရွေးပွဲမှာ မြန်မာအလှမယ် ၀င်ပြိုင် click
- အကင်စားတဲ့ခေတ် (ကာတွန်း) click
- ဥရောပဘဏ်တွေကို ဥရောပဗဟိုဘဏ်က ကြီးကြပ်ဖို့ သဘောတူ click
- အမေရိကန်အပေါ် ရုရှားတို့ အမြင်မကြည် click
- တူရကီ စန္ဒရားဆရာ အစ္စလာမ်စော်ကားမှု စွဲဆိုခံရ click
- ကင်ညာနိုင်ငံက မိုဘိုင်းလ်တယ်လီဖုန်းနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့အကြောင်း (အသံ) click
- အငြင်းပွားနေတဲ့ ကျွန်းစုမှာ တရုတ် စစ်ရေးလေ့ကျင့်မယ် click
- တရုတ်စီးပွားရေး ၇.၄ ရာခိုင်နှုန်း ကျဆင်း click
- ကလေးအားလုံး မူလတန်းဆင့် ပြီးမြောက်ရေး ကုလ ထောင်စုနှစ်ပန်းတိုင် မအောင်မြင် click
- နိုင်ငံတကာ သတင်းသုံးသပ်ချက် (အသံ) click
- အောက်တိုဘာ ၁၈ တမိနစ် သတင်းဗီဒီယို click
- ဆုရ သဘာဝဓာတ်ပုံများ click

05 July, 2012

Thursday, July 5, 2012 မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၇-၂၀၁၂ - နံနက်ပိုင်း)

- နေပြည်တော်က ဘုန်းကြီးကျောင်းတွေကို စည်ပင်က မီးရှို့ click
- ဆန္ဒပြ အလုပ်သမားခေါင်းဆောင်တချို့ အလုပ်ဖြုတ်ခံရ click
- လုပ်ငန်း ပြန်လည်လုပ်ကိုင်ခွင့်ပြုဖို့ ရွှေလုပ်သားများ အသနားခံစာတင် click
- SSA သျှမ်းမြောက်ပိုင်းက တပ်စခန်း ၂ ခု ဆုတ်ခွာပေးဖို့ ဆုံးဖြတ် click
- ကချင်စစ်ပြေးဒုက္ခသည်ကိစ္စ HRW ထုတ်ပြန်ချက် တရုတ်အာဏာပိုင် ငြင်းဆို click
- နိုင်ငံခြား အန်ဂျီအိုများ အကူအညီ ဒေသခံများ ငြင်းပယ် click
- ရခိုင်ပြည်နယ် သတင်းတင်ပြမှုဆိုင်ရာ အစီရင်ခံစာ click
- အာမခံပေးတဲ့ ရွာလူကြီး ခေါင်းရိုက်နှက်ခံရလို့ ဆေးရုံတင်ထားရ click
- ဇူလိုင်လ ၇ ရက် အခမ်းအနား ခွင့်ပြုမှာမဟုတ် click
- ၈၈ ကျောင်းသားတွေနဲ့ အာဆီယံအမတ်တွေ ဆွေးနွေး click
- လွှတ်တော် စပြီ click
- ဒု-သမ္မတ ဦးတင်အောင်မြင့်ဦး နှုတ်ထွက် click
- ဦးတင်အောင်မြင့်ဦးနေရာ ဒု-သမ္မတသစ်တဦး အစားထိုးမည် click
- ဒုတိယသမ္မတ ဘယ်သူဖြစ်လာမလဲ (ဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးနဲ့ တရုတ်-မြန်မာ ဆက်ဆံရေး (သတင်းသုံးသပ်ချက်) click
- အစိုးရထဲ အမျိုးသမီးတွေ ပါဖို့ ဥပေဒပြုဖို့ လိုသလား (ဆွေးနွေးဖလှယ်) click
- မြေကြီးက ရယ်သောသူ (ဆောင်းပါး) click
- ငှက်အော်စမ်းက အကျဉ်းစံ ငှက်ကလေးတွေ (အသံ) click
- ကလေးမွေးလာပြီးရင် အာဟာရမချို့တဲ့စေဖို့ click
- ၂၃၆ ကြိမ်မြောက် အမေရိကန် လွတ်လပ်ရေးနေ့ click
- လွတ်လပ်ရေးနေ့မှာ အမေရိကန်နိုင်ငံသားသစ်တွေကို အိုဘားမား ကြိုဆို click
- ပစ်ချခံရတဲ့ဂျက် လေယာဉ်မှူးအလောင်းတွေ တူရကီ ရှာတွေ့ click
- ဘီဘီစီ ညွှန်ချုပ်သစ် ခန့်အပ် click
- ကနဦး ရလဒ်မှာ အာဏာရပါတီမနိုင်လို့ မဲပြန်ရေတွက် click
- လူထု ကန့်ကွက်တဲ့ ကြေးနီစက်ရုံ တရုတ် ရပ်ဆိုင်း click
- တားမြစ် ဝေလငါး တောင်ကိုရီးယား သုတေသနပြုဖို့ ဖမ်းမယ် click
- အနုမြူအက်တမ်ထက် သေးတဲ့ ဒြပ် တွေ့ရှိ click
- မန်ယူအသင်းက အများပိုင် ကုမ္ပဏီဖြစ်ဖို့ စာရင်းသွင်း click
- အာဆင်နယ်မှာ ဗန်ပါစီ စာချုပ်သက်တမ်း ထပ်မတိုးတော့ click

05 June, 2012

Monday, June 4, 2012

- စစ်တွေဈေး အခွန်အကောက်နှုန်း မြင့်၍ ဆန္ဒပြရာမှ အဓိကရုဏ်း ဖြစ်ပွား click
- စစ်တွေ ပစ်ခတ်မှု click
- စစ်တွေမြို့ ဈေးခွန်အရေးအခင်းတွင် ရဲပစ်ခတ်မှုကြောင့် ၁၁ ဦး ဒဏ်ရာရ click
- လူမျိုးရေးပဋိပက္ခကြောင့် တောင်ကုတ်မြို့တွင် ၁၀ ဦး အသတ်ခံရ click
- တောင်ကုတ်တွင် အသတ်ခံရသူ ၁၀ ဦးကို ယနေ့ နေ့လည် သဂြိုဟ်မည် click
- ရခိုင်ပြည်နယ် လူသတ်မှုအပေါ် ၈၈ မျိုးဆက်ကျောင်းသားများ မေတ္တာရပ်ခံ click
- တောင်ကုတ်မြို့ လူသတ်မှု သမ္မတထံ ၀န်ကြီး တင်ပြ click
- ရခိုင်ပြည်နယ်တွင်းမှကိစ္စများ အစိုးရ အထူးသတင်း ထုတ်ပြန် click
- လယ်ယာမြေများပေါ်တွင် စွန့်ပစ်မြေစာများ မပုံရေး ဆန္ဒပြတောင်းဆို click
- ရွှေတွင်းအလုပ်သမား ဆန္ဒပြမှုအခြေအနေ မေးမြန်းချက် (အသံ) click
- ဇေကမ္ဘာနှင့် လယ်သမားများ မြေယာအငြင်းပွားမှု မနက်ဖြန် စစ်ဆေးမည် click
- ငါးဖမ်းခွင့် ကန့်သတ်မှုနှင့် ငါးစားကျက် ပျက်စီးနေ၍ ရေလုပ်သားများ အခက်ကြုံ click
- လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲ ဖယောင်တိုင်မီးငြိမ်းပြီး အဆုံးသတ် click
- ဥပဒေရေးရာ ဆွေးနွေးပွဲ (ရုပ်သံ) click
- အလုပ်သမားသမဂ္ဂများ ဖွဲ့ရန် စက်မှုဝန်ကြီး ထောက်ခံ click
- အဓမ္မ လုပ်အားပေးခိုင်းစေခံရမှု ရင်ဖွင့်ချက် - ၁ (ရုပ်သံ) click
- အဓမ္မ လုပ်အားပေးခိုင်းစေခံရမှု ရင်ဖွင့်ချက် - ၂ (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် မသိတဲ့ ဒုက္ခသည်စခန်းအကြောင်း (ဆောင်းပါး) click
- ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ click
- နျူကလီးယားကို ဆေးဘက်ဆိုင်ရာ အသုံးပြုရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဒု-၀န်ကြီး ပြောကြား click
- ဇွန်လတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လုပ်မည် click
- ၀န်ကြီးဌာနများ၏ ပြောရေးဆိုခွင့်ရှိသူ စာရင်းထုတ်ပြန် click
- ကရင်ပြည်နယ် အလုပ်သမားအဖွဲ့ တရားဝင် မှတ်ပုံတင်ပြီ click
- ဒလပြည်သူများအတွက် ဖွင့်လှစ်လိုက်တဲ့ အမေ့အားမာန် ပညာဒါနကျောင်း (ရုပ်သံ) click
- ရှင်စောပု မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ပြီးစီး click
- မြန်မာနိုင်ငံသားများ ပြည်ပသို့ သွားရာတွင် နိုင်ငံခြားငွေ ယူဆောင်ခွင့်နှင့်ပတ်သက်၍ အမိန့်ထုတ်ပြန် click
- မြ၀တီ-ကော့ကရိတ် အကောက်ခွန်အချို့ လျှော့ချ click
- ငွေတိုးချေးသူမှ မတရား အိမ်သိမ်း (ရုပ်သံ) click
- ဒေလီရောက် ချင်းဒုက္ခသည်တဦး ခွေးကိုက် ဒဏ်ရာကြောင့် သေဆုံး click
- ကိန်းရုပ်ရှင်ပွဲတော်မှာ အာရှဂန္ထ၀င် ရုပ်ရှင်ကားများ ပြသ click
- ဇွန် ၃ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၂၉ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၂၅ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၂၀ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၁၃ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၆ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click

စီမံကိန်းကြီးများတွင် ပွင့်လင်းမြင်သာမှု ရှိရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Published on June 1, 2012 by နေသွင်   ·   No Comments
ထိုင်းနိုင်ငံက မြန်မာပြည်မှာ အကောင်အထည်ဖော်နေတဲ့ ထားဝယ် အထူးစီးပွားရေးဇုန် အပါအ၀င် စီမံကိန်းကြီးတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိရင် အနာဂတ်မှာ ပြဿနာတွေ ဖြစ်လာနိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဘန်ကောက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တယောက်ရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။
“ပွင့်လင်းမြင်သာမှုက သိပ်ကို အရေးကြီး ပါတယ်။ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါတယ်။ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်သူတွေကို ပြောချင်တာ က မြန်မာပြည်မှာ ဘာပဲ လုပ်လုပ် ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ကြပါ။ ရင်းနှီးမြှုပ်နှံမှု ကိစ္စတင်မကပါဘူး၊ ဖွံ့ဖြိုးရေး အကူအညီတွေ၊ လူသားချင်းစာနာမှု အကူအညီတွေမှာလည်း ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်ပါတယ်။ ဒါမှ နောင်မှာ ဖြစ်လာ နိုင် တဲ့ ပြဿနာတွေ ကို ရှောင်ရှားနိုင်ပါ လိမ့်မယ်။”
ဒါကြောင့် စီမံကိန်းတွေ လုပ်ကိုင်တဲ့အခါမှာ၊ အကူအညီတွေပေးတဲ့အခါမျိုးမှာ ပြည်သူတွေအတွက် သိခွင့်ရနိုင်တဲ့ ပွင့်လင်းမြင်သာမှု လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ထားဝယ်စီမံကိန်း အပါအ၀င် တခြား အကျိုးတူ စီမံကိန်းကြီးမှာ ပြဿနာဖြစ်နေရတဲ့ အကြောင်းက မြန်မာပြည်သူတွေဟာ ဒီလို ကိစ္စတွေကို လုံးဝကို ဘာတခုမှ သိခွင့်မရကြပါဘူး၊ စာချုပ်က ဘယ်လိုဖြစ်တယ်၊ ဘာတွေ လုပ်နေတယ်၊ ဘာတွေ ဖြစ်မလဲ ဆိုတာမျိုးတွေကို သိခွင့် မရကြပါဘူး။ အခြေအနေတွေကို ဆွေးနွေးခွင့်တွေ၊ အမြင်ချင်း ဖလှယ်ခွင့်တွေ မရကြပါဘူး။ ဒါဟာ တိုင်းပြည်အတွက် သိပ်ကို အန္တရာယ်များပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အန္တရာယ် ရှိပါတယ်။ သံသယနဲ့ မယုံကြည်မှုတွေကို တိုးပွားလာစေနိုင်ပါတယ်။ ဒါကြောင့် ရင်းနီးမြှုပ်နှံမှု လုပ်တဲ့အခါတိုင်းမှာ အစိုးရချင်း သဘောတူ လက်မှတ်ထိုးတာပဲဖြစ်ဖြစ်၊ အကူအညီတွေ ပေးတော့မယ် ဆိုရင် ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ကြပါ။ ပြည်သူတွေက နားလည်ခွင့်ရတဲ့ အခြေအနေ၊ ဘာတွေ လုပ်မယ်၊ ဘယ်သူအတွက် အကျိုးရှိမလဲ ဆိုတာကို ရှင်းအောင်လုပ်ကြပါ။ ဒီလိုမှ မဟုတ်ရင် အကျိုးအမြတ်က တဖွဲ့တဖွဲ့၊ ဒါမှမဟုတ် လူတဦး တယောက်အတွက် ဖြစ်သွားနိုင်ပါတယ်။”
မြန်မာပြည်မှာ အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလို ဥပဒေမျိုးကို ပြည်သူတွေ အသိမပေးဘဲ ရေးဆွဲ ထားတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာပြည်မှာ အခြေခံအဆောက်အဦတွေ ပြည့်စုံတဲ့ အချိန်အထိ မစောင့်ကြဘဲ ကိုယ်တိုင်က အခြေခံ အဆောက်အဦတွေကို တစိတ်တပိုင်း တာဝန်ယူတာမျိုး၊ အလုပ်အကိုင်တွေကို မြန်မြန် ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို သူ့အနေနဲ့ လိုလားတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

01 June, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၃၁-၅-၂၀၁၂ - ညပိုင်း)

မြန်မာ့ရေးရာ သတင်းပဒေသာ (၃၁-၅-၂၀၁၂ - ညပိုင်း)

- ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံအတွင်း လက်ရှိအစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ အစီရင်ခံစာ ထုတ်ပြန် click
- လှိုင်သာယာလယ်သမားများ အိုးအိမ်ဌာနကို ဆန္ဒပြ click
- ရွှေပြည်သာနှင့် လှိုင်သာယာ လယ်သိမ်းခံ လယ်သမားများ ဆန္ဒပြ click
- လားရှိုး–မူဆယ်လမ်း မသုံးရန် စာကပ်ပြီးနောက် တိုက်ပွဲဆက်ဖြစ် click
- မူစယ်မြို့တွင် သုံးဘီးယာဉ်မောင်းများ တောင်းဆိုမှုပြုလုပ် click
- လျှပ်စစ်ရရေး ဆန္ဒပြများကို ထောက်ခံခဲ့သည့် ပါတီကော်မရှင်မှ ခေါ်တွေ့ click
- ပြည်မြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်သူများကို လုံထိန်းရဲများ၏ အကြမ်းဖက်မှုမြင်ကွင်း (ရုပ်သံ) click
- အပိုပေးရသည့် မီတာခကိစ္စ မြစ်ခြေဒေသခံများ သမ္မတရုံးသို့ တိုင်မည် click
- ပြည်သူတွေ သံသယဖြစ်နေတဲ့ ချောင်းသာ EPC (ရုပ်သံ) click
- အလုပ်သမား အခြေခံလစာကိစ္စ ဆန္ဒပြမှု ၂၅ ရာခိုင်နှုန်းခန့်သာ ပြေလည် click
- ဖားကန့်တွင် အလုပ်လက်မဲ့များ၊ ကားခ ဈေးတက် click
- ဒုက္ခသည်များကို အတင်းအကျပ် ပြန်မပို့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြမည် click
- ဒေါ်အောင်ဆန်းစုကြည် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည် click
- အတိုက်အခံအဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရ၍ စိတ်ပျက် click
- စံပြကျေးရွာ တည်ဆောက်၍ ငြိမ်းချမ်းရေး ကူညီဆောင်ရွက်ရန် နော်ဝေ စီစဉ် click
- ပြည်တွင်းဒုက္ခသည်များကို ကူညီခြင်းသည် မြန်မာနိုင်ငံကို စမ်းသပ်ခြင်းဖြစ်ဟု ဆို click
- ၉၀ အနိုင်ရ တိုင်းရင်းသားပါတီ ၂ ခု ပါတီ ထူထောင်ခွင့်ပြု click
- မွန် နှစ်ပါတီ ဖြစ်မည်၊ “မွန်ဒီမိုကရေစီပါတီ” တည်ထောင်ခွင့် ကျ click
- မွန်ဒီမိုကရေစီပါတီ တည်ထောင်ခွင့်ပြုပြီ click
- စစ်မှန်သည့် ပြည်ထောင်စု ပေါ်ပေါက်ရေး ရခိုင်ပါတီ ဆွေးနွေး click
- ရွာဆိုင်းဘုတ်နှင့်အတူ ကရင်အမျိုးသားအလံတော် ပျောက်ဆုံးနေ click
- သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး - ၃၂ (အောက်မေ့ဖွယ်) click
- မွန်အမျိုးသားကျောင်းများ ဘဏ္ဍာရေး ခက်ခဲနေ click
- အရှေ့တောင်အာရှမှ ငှက်ဖျားဆေး သုံးပုံတပုံကျော်မှာ အတုများဖြစ် click

World Economic Forum on East Asia 2012 တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှု (ရုပ်သံ)

30 May, 2012

ငကန်းတွေ သေမှာကို စိုးသတဲ့လား နောက်ထပ် ငစွေတွေ မပေါ်အောင်သာ ကြံဆ ( ဦးဝင်းတင်)

ငကန်းတွေ သေမှာ ကို စိုးသတဲ့လား … နောက်ထပ် ငစွေတွေ မပေါ်အောင်သာ ကြံဆ
(ဦးဝင်းတင်)

ကျုပ်တို့ တိုင်းပြည်ကြီး ကမ္ဘာ့ အမွဲဆုံး အဆင်းရဲဆုံး ဘိုင်အကျဆုံး နိုင်ငံ အဆင့် ရောက်ခဲ့တယ်ဗျ။ တိုင်းပြည်မှာ ဆန်ရေစပါး အလျှံအပယ် ထွက်ခဲ့တယ်ဗျာ။ သယံဇာတ တွေ အလျှံအပယ် ကြွယ်ဝ ခဲ့တယ်ဗျာ။ အဖိုးတန် ကျောက်မျက် ကျောက်စိမ်းလို ထိတ်ထိတ်ကြဲ ရတနာ တွေ ၊ စိန်ခဲတွေ ၊ မြခဲတွေ  ထိန်ထိန် ကျဲ ခဲ့တယ်ဗျာ။ တခြားပြောပြစရာ လက်ညိုးထိုး ပြစရာ  ထွက်ကုန် တွေ ကလည်း အမှန်တကယ် အောတိုက်အောင် ပေါလိုက်တာဗျာ။

ဒါဖြင့် ဘယ်လိုကနေ ဘယ်လို၊ မြန်မာ့ စီးပွားရေး ခွေးကတတ်ရောက် သွားရတာလဲ။ အံ့ရောဗျာ…အံ့ရော။ အဲဒါပဲ ပြောတတ်တော့တယ်။ ကျိုးသင့် ကြောင်းထိုက် လူတိုင်း စိတ်ကြိုက်တွေ့အောင်တော့ ပြောမပြတတ်တော့ဘူး။
ကမ္ဘာကျော် စီးပွားရေး ပညာရှင်တွေ ၊ ၀င်လိုက်ကြ ထွက်လိုက်ကြ လာလိုက်ကြ သွားလိုက်ကြ တ၀ုန်းဝုန်းပေါ့။ တသဲသဲပေါ့။ ပညာရှင် စကားတွေ ပါးစပ် အမြှုပ်တဖွားဖွား သီးအောင် ပြောကြေ=ာ ကြ နည်းပေးကြ လမ်းပြကြ ပေါ့။ ဘာပြောကောင်းမလဲ။ နိုင်ငံတော် စီးပွားရေး အောင်တော့မယ်။ ချမ်းတော့မယ်။ စိမ်းတော့မယ်။ လန်းတော့မယ်။ စိုတော့မယ်။ ရွှဲတော့မယ်ပေါ့။ ထင် တလုံး နဲ့ ရွှင်ပြုံးလိုက်ကြတာ။

အောင်မလေးဗျ။ ငယ်သံပါအောင် = စ် ကြ၊ ငိုကြ၊ ညည်းကြပေတော့။ ယိုတယ်ဗျို့။ ဆင်းရဲတဲ့ လူထု အိပ်ခန်းတွေ၊ ခေါင်မလုံ လို့ မိုးရေတောက်တောက်ယို ၊ ရွှဲရွှဲစို ကုန်ကြရတယ်လေ။  ထမင်းငတ်သူတွေ၊ ဒူးနဲ့ မျက်ရည် သုတ်နေကြရတဲ့သူ တွေ ၊ ရွှဲရွဲစို ငိုကြီးချက်မ ဘ၀ မလှ ဖြစ်နေကြရတယ်လေ။
ဒါတွေ ထားပါတော့လေ။ တိုင်းသိ ပြည်သိ သူသိ ငါသိ ကမ္ဘာသိ သမိုင်းထဲက ဖြစ်ရပ်ဆိုး တွေ ကို အသာထား လိုက်ပါဦး။ အသာမထား နိုင် ဘဲ ၊ ကမ္ဘာကြားအောင် တအားကျုံးအော်ပြီး ပညာရှင် ပဂေး တို့ကို မေးခွန်းထုတ်ရမယ့် ကိစ္စ က ရှိသေးသဗျ။
အဲဒီ မေးခွန်း က၊ စစ်အာဏာရှင် တွေ၊ ကျိကျိတက် ‘ ထော လာတာ သိတယ်နော်။ အဲ.. တိုင်း သူ ပြည်သား လူအများကတော့ ဖွတ်ကျော ပြာစု ခရု အဆန်ကျွတ် ဖြစ်ကြ ရတာလည်း သိတယ်နော်။
နောက်တခု ဆက်မေးရမယ့် မေးခွန်း ရှိသေးတယ်။ ကဲ =ုတ်ပါပြီ။  ဒါဖြင့် ဒီ ဇွတ်ထော နဲ့ ဖွတ်ကျော ဇာတ်လမ်း မှာ ဗီလိန် ( လူကြမ်း လူဆိုး လူညစ်) က ဘယ်သူလဲ။
ဒီနေရာမှာ ကျုပ်ပြောချင်တဲ့ ဇာတ်လမ်းက စပြီ။ ဒေါက်ခနဲ ကောက်ကာ ငင်ကာ ပြောရရင် ဗီလိန် က ခရိုနီ တွေပေါ့ဗျာ။။ ဂျာနယ်တစောင် က၊ ခရိုနီ ကို ၊ အစိုးရ နဲ့ နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် လို့ စေတနာ ဗရပွ နဲ့ လှလှကလေး ဘာသာ ပြန်သေးသဗျ။ ကျုပ်က စေတနာ တော့ ရှိပါရဲ့။ လှလှလေး ဘာသာ မပြန်တတ်လို့ ငမြွေထိုး ခေါင်း ပိသာလေး နဲ့ ထုသလိုလို အာဏာ ကပ်ပါးစီးပွားရေး ဓါးပြ များ လို့ တဲ့တိုးကြီး ကင်ပွန်း တပ်လိုက်ရတယ်ဗျာ။
အဲဒီ ဓါးပြတွေ =ာ ဘယ်သူတွေ လဲ ဆိုတာ အားလုံး သိကြပါတယ်နော်။ သိရင်လည်း ပြီးရော။ ကျုပ်က သူတို့ အကြောင်း ပြောချင်တာ မ=ုတ်ဘူး။ ပြောနေလည်း ဘာမှ မထူးပါဘူး။ အာဏာ ကပ်ပါး စီးပွါးရေး ဓါးပြ ဆိုတဲ့ အတိုင်း လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ငန်းကြီး တွေ လုပ်တယ်ဗျာ။ လယ်သမားတွေ ရဲ့ စိုက်မြေ- ပျိုးမြေတွေ အဓ္ဒမ သိမ်းတယ်ဗျာ။  မြေလျှိုး မိုးပျံ လုပ်ငန်းကြီး တွေ လုပ်တယ်ဗျာ။ စက်လုပ်ငန်းကြီးတွေ တိုက်လုပ်ငန်းကြီးတွေ ဘဏ်လုပ်ငန်းကြီးတွေ လုပ်တယ်ဗျာ။

အဲဒီ လုပ်ငန်းရှင်ကြီးတွေ က၊ သူတို့ကို မွေးစား ခိုင်းစား တဲ့ အာဏာရှင် ကြီးတွေ ထက်တောင် ချမ်းသာ ကြွယ်ဝ ဘောဂ သူဌေးကြီးတွေ ဖြစ်ကြတယ်။
ဒီနေ့ ပြည်သူတွေက အသံကုန်ဖြဲ ပြီး၊ အသံကွဲ ကြီး တွေ နဲ့ အော်လာကြပြီ။ လက်ဝါးကြီး အုပ်တာတွေ မလိုချင်။ စီးပွားရေး ဓါးပြ တွေ လက်ရှောင်။ အာဏာ ကပ်ပါး တွေ ဇာတ်သိမ်းကြ ။ ပြည်သူလူထု က ဆင်းရဲတွင်း နက်နက်ကြီး ထဲက =စ် နေကြတယ်ဗျ။

ဒီလို ပြည်သူတွေ ဖွတ်ကျော ပြာစု တွေ ရဲ့ အော်သံ =စ်သံ တွေ အကြားမှာ အာဏာရှင် ကပ်ပါး စီးပွားရေး ဓါးပြ တွေ ကို အောင်နိမိတ် နဲ့ အောင်ဘိသိတ်သွန်း တဲ့ အသံဆိုးကြီး တသံ ၀န်ကြီး ဌါန တခု ရဲ့ ဆွေးနွေးပွဲ က ပေါ်ထွက်လာတယ်ဗျ။
အဲဒီ ငှက်ဆိုးထိုးသံလို အသံက ဒီလိုတဲ့ဗျာ။
‘ခရိုနီတွေကို ပြန်သုံးရမယ်။ ကောင်းတဲ့ နေရာမှာ ပြန်အသုံးချ လို့ ရတယ်။ မ=ုတ်ရင် သူတို့ အပြင်ထွက်သွားကြမယ်။ အကုန်ပါသွားမှာ။ တိုင်းပြည် အတွက် လုပ်ချင်တဲ့သူတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားပြောတဲ့ အခါ ဒေါ်စု လည်း ဒီ -=ာ ကို သဘောတူတယ်’  တဲ့။
=ုတ်လား။ ဒေါ်စု က သဘောတူ တယ်တဲ့လား။ =ား =ား  =ား ။ ကျုပ်ကတော့ ဒီလို တောရမ်းပယ်ဖွဲ့ စကားမျိုး ချောကလက် အတောင့်လိုက် စားပြီး ပြောတောင် မယုံရေးချ မယုံဗျ။

အကုန်ပါသွားမှာ…တဲ့လား။ ကုန်စမ်းပါစေဗျာ။ ကျုပ် လူပြိန်းစကားပဲ ပြောမယ်။ တိုင်းပြည်ကြီး အာဏာ ကပ်ပါးတွေ စီးပွားရေး ဓါးပြတိုက်လို့ တာတေလံ အောင် မွဲပြာကျနေပြီဗျ။ သူတို့ တိုက်ရာပါ ဥစ္စာ ခိုးရာပါ ပစ္စည်းတွေ ကို ၊ ခါးပိုက်နှိုက် အလစ်သုတ် သလို ၊ ကဲ့ထုတ် သွားကုန်မှာ စိုးသတဲ့လား။ မပူပါနဲ့။ ငကန်းသေ ငစွေ မပေါ်အောင်သာ ဆုတောင်းပါလေ။ ဒီလို ပြည်သူ့ ဘဏ္ဍာ ကို မ=ာ သူခိုး ဓါးပြ တွေ ကူးတို့ခ သယ်သလို ပြည်ပ သယ်သွားကြတာ ၊ အာဏာရှင် နိုင်ငံတွေ မှာ ဗြောင်းဆန်အောင် ပေါများ ခဲ့တယ်ဗျ။ သမိုင်းခေတ်တွေ သက္ကရာဇ် နှစ် တွေ နဲ့ ချီ လို့တောင် ကြာတောင်း ကြာလှခဲ့ ပြီဗျ။ ဖိလစ်ပိုင် ကြည့်မလား ဗီယက်နာမ် ကြည့်မလား အင်ဒိုနီးရှား ကြည့်မလား အရှေ့အလယ်ပိုင်း ကြည့်မလား တောင်အမေရိကား နိုင်ငံတွေ ကြည့်မလား ၊ အာဖရိက နိုင်ငံတွေ ကြည့်မလား။
အာဏာ ကပ်ပါး ခရိုနီ စီးပွားရေး ဓါးပြ များ နဲ့ ပတ်သတ်လို့ ၊ စီးပွားရေး ပညာရှင် ဦး=န်ထွန်း  ( အခွန်)  ပြောတဲ့ စကား က မှတ်သားစရာ ကောင်းတယ်။ ဦး = န် ထွန်း က….
‘ ပြီးခဲ့တဲ့ ရာဇ၀င်ကို ပြန်ကြည့်ရင် ခရိုနီ တွေ က၊ အလုပ်အကိုင် အခွင့်အလမ်း တွေ ၊ ပေါ်ပေါက်လာအောင် ဖန်တီးပေးခဲ့တာ နည်းတယ်။ ကုန်ထုတ်လုပ်ငန်း တွေကို ထိထိရောက်ရောက် လုပ်ခဲ့တာ နည်းတယ်။ အမြတ်အစွန်း လွယ်လွယ်ကူကူ ရမယ့် အလုပ်တွေကို လုပ်နေတာ များတယ်။
ဦး = န်ထွန်း ဆက်ပြောခဲ့တဲ့ စကားကို နားထောင်ကြည့်ပါ။ ‘ ဆင်းရဲသား လုပ်သား ပြည်သူ ကောင်းကျိုး အတွက် သူတို့ ဘာတွေ လုပ်ခဲ့သလဲ ပြန်စဉ်းစားစေချင်တယ်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မူ အထောက်အကူ ပြုစေရန် ဘာလုပ်ငန်းတွေ လုပ်ခဲ့သလဲ ပြန်စဉ်းစား သင့်တယ်။
မဆုံးသေးဘူး။ ဆက်ပြောသေးတယ်။
‘ အရင်တုန်းက အတိုင်းပဲ။ အာဏာပိုင် ပုဂ္ဂလိက တွေ နဲ့ နှီးနွယ်တဲ့ စီးပွားရေး လုပ်ငန်း မျိုး အခွင့်အရေး တွေ ယူပြီးတော့ မိုနို ပိုလီ (လက်ဝါးကြီးအုပ်) အလုပ်မျိုး ကိုတော့ ခွင့်မပြုသင့်တော့ပါဘူးတဲ့။
ကိုင်း….ကိုင်း တော်လောက်ပါပြီ။
ခရိုနီတွေလို သူခိုးလမ်းပြ ၊ ဓါးပြ လက်ထောက်ချ လုပ်နေတဲ့ ဂုရုကြီးကို မကြားတကြား ပြောချင်တဲ့ စကားကတော့
‘ ခရိုနီတွေ အပြင် ( ပြည်ပ ) ထွက်ကုန်ရင် ခင်ဗျားကြီးပါ နောက်တော်ပါး က၊ အခစါး လိုက်သွားဗျာ ။ သူခိုးတွေ ရဲ့ စီးပွားရေး အကြံပေး အရာရှိ သာ လုပ်စားဗျာ….’
သြော် မေ့လို့..မေ့လို့..။
စာကြွင်း စကားကြွင်းလေး ဆက်ပါရစေဦး။
အဲဒီ ငှက်ဆိုးထိုးသံ ကြီးကို တိုင်းသိ ပြည်သိ ပြောပေါ်မှာ ရွှေ….. ရွှေ…. ရွှေ…. ( စကားထစ်နေတာ ခွင့်လွှတ်ပါဗျာ ) ကြော်ငြာ ထုတ်သူက…သာမျင်ညောင်ည ချောင်ကြားက မောင်ဖား တဲ့လား။ မ=ုတ်ဘူးဗျ။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ရဲ့ စီးပွားရေး အကြံပေး အဖွဲ့ ဥက္ကဌ တဲ့ ဗျ။

ဒေါ်အောင်ဆန်းစုကြည့် ထိုင်းနိုင်ငံရောက်ရုပ်သံ

မြန်မာ့ရေးရာ သတင်းပဒေသာ (၃၀-၅-၂၀၁၂ - နံနက်ပိုင်း)

- ဇာထိုးပန်းထိုးစက်ရုံ အလုပ်သမ ၁,၀၀၀ ကျော် ဆက်လက်ဆန္ဒပြ click
- မြန်မာဆန်နီ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ click
- တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံ ဆန္ဒပြပွဲ (ရုပ်သံ) click
- အလုပ်သမားအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်ဝင်မြန်မာ ဇာပန်းထိုး စက်ရုံအလုပ်သမားများ click
- လေဘာရုံး ဘာလဲနှင့် အလုပ်သမားဝန်ကြီး ဘယ်လဲ (ဆောင်းပါး) click
- အလုံမြို့နယ် လျှပ်စစ်မီးအရေး သုံးရက်ဆက်တိုက် ဆန္ဒပြမည် click
- လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်သူကို မြို့နယ်အာဏာပိုင် ခေါ်ယူမေးမြန်း click
- လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးသူကို KIO စုံစမ်းနေ click
- ဆန္ဒပြပွဲ ပါတီတွေ အမြတ်မထုတ်ဖို့ ကော်မရှင် သတိပေး click
- ဆန္ဒပြတောင်းဆိုမှုကိစ္စ နိုင်ငံရေးပါတီများ ပါဝင်ဖြေရှင်းဖို့ ရွေးကောက်ပွဲကော်မရှင် ပန်ကြား click
- ရွှေနံ့သာ လယ်သမားများအရေး (ရုပ်သံ) click
- ပြင်ဦးလွင် လယ်သမားတွေရဲ့ ဆုတောင်းပွဲ (ရုပ်သံ) click
- မုံရွာ ကြေးနီစီမံကိန်းက မြေသိမ်းခံ လယ်သမားများအရေးနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ (ရုပ်သံ) click
- တိုင်းရင်းသားဒေသခံများ လိုလားချက် အစိုးရ တွေ့ဆုံဆွေးနွေး click
- ၀န်ကြီးများ၊ အမတ်မင်းများအတွက် မုန့်ဖက်ထုပ်လက်ဆောင် click
- ရွှေ့ပြောင်းဒုက္ခသည်တွေထဲမှာ ဈေးလည်း ပါတယ် (ကာတွန်း) click
- ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် သွား click
- ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဝမ်းပန်းတသာ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားများကို အားပေးစကားပြော click
- အလုပ်သမားအခွင့်အရေး ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မိန့်ခွန်း (အသံ) click
- ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်သို့ ရောက်ရှိ၊ မြန်မာပြည်သားတို့နှင့် တွေ့မည် click
- ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်မြို့ ရောက်ရှိ click
- မာမိုဟန်ဆင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံ (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် နေရူးအထိမ်းအမှတ် မိန့်ခွန်းပြောမည် click
- ပန်းတွေနဲ့ ဝေဖြာ သူ့ဆံကေသာ -၂ (မြန်မာပြည်မှ စာ) click
- သဲကုန်း NLD ရုံးဖွင့်ပွဲ ၈၈ မျိုးဆက်များ တက်ရောက် (ရုပ်သံ) click
- RNDP ပါတီ ပထမအကြိမ် ညီလာခံ ကျင်းပမည် click
- ကရင်လူမျိုးစုတွေကို ယာယီမှတ်ပုံတင်ကတ်ပြား ထုတ်ပေး (ရုပ်သံ) click
- အနောက်ကိုငဲ့ .. မျှော်လိုက်လျှင် (ဆောင်းပါး) click
- မင်္ဂလာဒုံလေဆိပ်တွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည် click
- စီးပွားရေး ဆိုက်ရောက်ဗီဇာစနစ် သောကြာနေ့တွင် စတင်မည် click
- ယာယီ နိုင်ငံကူးလက်မှတ်လုပ်ငန်း လိမ်လည်မှုရှိ click
- မူလတန်း အခမဲ့ဆိုသော်လည်း ရန်ကုန်ကျောင်းတချို့ ငွေတောင်းခံနေဆဲ click
- တောင်ဒဂုံမြို့နယ်မှာ ကူးစက်ဝမ်းရောဂါ ဖြစ်ပွား (ရုပ်သံ) click
- အမုန်းကြီးသူသို့ click
- ဘယ်သူ့အတွက် ဖွံ့ဖြိုးရေးလဲ (ကာတွန်း) click
- ဆီးရီးယား သံတမန်တွေကို အနောက်နိုင်ငံတွေ ပြည်နှင်ဒဏ်ပေး click
- ဆီးရီးယားဟာ အတိမ်းအစောင်းမခံတဲ့ အခြေအနေရောက် click
- အယ်လ်ကိုင်းဒါး ဒု-ခေါင်းဆောင် သေဆုံး click
- နျူကလီယားဒုံးကျည် ပါကစ္စတန် စမ်းသပ်အောင်မြင် click
- မြောက်ကိုရီးယားကို ကွန်မန်ဒိုတပ်တွေ စေလွှတ်တဲ့သတင်း အမေရိကန် ငြင်း click
- အာရှတိုက်က အမေရိကန်ရဲ့ အကျိုးစီးပွားများကို အဓိပ္ပာယ်ဖွင့်ခြင်း click
- လိင်တူစုံမက်သူတွေ လက်ထပ်ထိမ်းမြားခွင့် အမေရိကန်သမ္မတ အိုဘားမား ထောက်ခံ click

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မိန့်ခွန်း

22 May, 2012

Monday, May 21, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၁-၅-၂၀၁၂ - ညပိုင်း)

- မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ကုန်ကားတစီး ဗုံးခွဲခံရ click
- ရွာထဲ မိုင်းပစ်ခတ်ပေါက်ကွဲမှုတွင် အပြစ်မဲ့ ပြည်သူ ၁ ဦး ဒဏ်ရာရ click
- လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ၈၈ ကျောင်းသားများ သွားရောက် ထိန်းညှိပေး click
- အခြေခံလစာရရေး လှိုင်သာယာအလုပ်သမားများ သပိတ်ဆက်မှောက် click
- လျှပ်စစ်မီး ပုံမှန်ရရေး မန္တလေးတွင် ဆန္ဒပြ click
- မန္တလေးမြို့တွင် လျှပ်စစ်မီး ပုံမှန်ရရှိရေး တောင်းဆိုဆန္ဒပြ click
- မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ပြည်သူ့ဆန္ဒ ထုတ်ဖော် click
- မန္တလေးမြို့ခံတို့ လျှပ်စစ်မီးရရှိရေး ဆက်လက် တောင်းဆိုမည် click
- မြစ်ဆုံစီမံကိန်း ပြန်လည်တည်ဆောက်ရန် CPI ကြိုပမ်းနေဟု KDNG ထုတ်ပြန် click
- 7 July နှစ် ၅၀ ပြည့် အခမ်းအနား မန္တလေးတွင် ကျင်းပရန် စီစဉ်နေ click
- ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွံ့ဖြိုးရေး သမ္မတအကြံပေး ဦးမြင့် တိုက်တွန်း click
- ကျောင်းတံခါးတွေ ဖွင့်စေချင် (အယ်ဒီတာ့အာဘော်) click
- မဖြူဖြူသင်းအကြောင်း ဘ၀ရုပ်ပုံလွှာကို စာပေစိစစ်ရေးက ခွင့်မပြု click
- မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံများ ချီးကျူး click
- ဦးအောင်မင်းနှင့် KIO တို့ အလွတ်သဘော တွေ့ဆုံ click
- ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ click
- ဦးအောင်မင်းနှင့် KIO ထိပ်တန်းခေါင်းဆောင် တွေ့ဆုံ click
- ကေအိုင်အေနှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ထိုင်းနိုင်ငံတွင် တွေ့ဆုံ click
- အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းနှင့် KIO တို့ တွေ့ဆုံ click
- အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် RCSS/SSA တို့ သဘောတူညီချက်များ click
- ၅၄ နှစ်မြောက် ရှမ်းပြည်တပ်မတော်နေ့ အခမ်းအနား ကျင်းပ click
- ၅၄ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ ရွှေလီမြစ်ဝှမ်း၌ ခမ်းနားစွာ ကျင်းပ click
- အထူး ၄ ခေါင်းဆောင် စ၀်စိုင်းလင်းနှင့် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ပထမဦးဆုံး တွေ့ဆုံ click
- စီးပွားရေး ဦးမော့ရေးအတွက် ခရီးသွားဧည့်သည်များ ကျိုင်းတုံ၌ တညတည်းဖို့ နယ်စပ်ဝန်ကြီး ပြော click
- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းမည် click
- မွန်နှစ်ပါတီ ပေါင်းစည်းရေး အခက်အခဲရှိနေ click
- လစဉ်အစည်းအဝေးသို့ (AMDP) ညှိနှိုင်းရေးကော်မတီဝင်များ မတက်ရောက် click
- ALP ကို ဝန်းရံရန် ဘန်ကောက်ရောက် လူမှုအဖွဲ့အစည်းများ ယာယီဖွဲ့စည်း click
- မြ၀တီခရိုင်ကို မူးယစ်ဆေး ကင်းရှင်းရေးနယ်မြေအဖြစ် KKO သတ်မှတ် click
- ဘုရားသုံးဆူမြို့တွင် ပြန်ပေးအဖွဲ့ ဆက်ကြေးတောင်းခံ click
- သပိတ်ကျင်းရွာသားများ နေရာမှ ဖယ်ပေးရမည့်အရေး ရင်ဆိုင်နေရ click
- ထားဝယ် အထူးစီးပွားရေးဇုန် မြေလျော်ကြေးကိစ္စတွင် ခေါင်းပုံဖြတ်မှုများ ရှိနေ click
- ထားဝယ်ရေနက်စီမံကိန်း လျော်ကြေးကိစ္စ ခြိမ်းခြောက်မှုများရှိ click
- ပေါင်းတည်မြို့တွင် စည်ပင်က အဓမ္မ လုပ်အားပေးခိုင်းစေ click
- အနံ့ဇုန် လုပ်ဖို့ လယ်သိမ်းတဲ့ မြို့တော်စည်ပင် (ရုပ်သံ) click
- မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသားကို စသုံးလုံး ဖမ်း click
- HTC ၏ CEO နည်းပညာဖောင်ဒေးရှင်း တည်ထောင်မည် click
- စေတနာဆရာဝန်ကွန်ရက်နဲ့ အမေ့အိမ် click
- NLD – BG ပညာဒါနကျောင်းက သွေးနဲ့ ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲ click

14 May, 2012

Sunday, May 13, 2012 မြန်မာ့ရေးရာ သတင်းပဒေသာ (၁၃-၅-၂၀၁၂ - ညပိုင်း)

- RCSS/SSA နဲ့ အစိုးရစစ်တပ်အကြား ပစ်ခတ်မှုတွေဖြစ် click
- အစိုးရနှင့် ထပ်မံတွေ့ဆုံရန် ပြင်ဆင်ချိန် RCSS/SSA သုံးကြိမ် တက်တိုက်ခံရ click
- ကချင်မှာ ထိုးစစ်တွေ ရပ်ဖို့ UNFC တောင်းဆို click
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ (ရုပ်သံ) click
- ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အိမ်ပြန်ရေး အတားအဆီးတွေ ရှိနေဆဲ click
- ပုသိမ် လယ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် တားမြစ်ခံရ click
- ချောင်းသာ လူနေအိမ် ၂၅၀ ကျော် ၃ လအတွင်း ပြောင်းရွှေ့ပေးဖို့ အမိန့်ပေး click
- ကလောသစ်သီးခြံ ဧက ၂၀ ဆက်သွယ်ရေး အာဏာပိုင်တွေ ဖျက်ဆီး click
- ရခိုင်လူထု ၆၀၀ ကျော် လက်မှတ်ရေးထိုး တင်ပြသည့်ကိစ္စ ရခိုင်ပြည်နယ်အစိုးရ ကွင်းဆင်း စစ်ဆေး click
- ၀န်ထမ်းလာဘ်စားမူကို ကြံ့ခိုင်ရေးကို တင်ပြ၍ မရ click
- တရားစီရင်ရေးမဏ္ဍိုင် အမြန်ပြုပြင်ပြောင်းလဲရန် လိုနေပြီ (အယ်ဒီတာ့အာဘော်) click
- အင်ဒိုနီးရှား အသွင်ကူးပြောင်းရေးမှ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး သင်ခန်းစာများ (ဆောင်းပါး) click
- အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲ နိုင်/ကျဉ်းအဖွဲ့ ပြုလုပ် click
- မန္တလေးတိုင်းအတွင်း အခမဲ့ဆေးခန်း NLD ဖွင့်မည် click
- ၈၈ မျိုးဆက်ကျောင်းသားတွေ ဒလမှာ သောက်သုံးရေ လှူဒါန်း click
- ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲ click
- အာဖဂန် ငြိမ်းချမ်းရေးကိုယ်စားလှယ် လုပ်ကြံခံရ click
- မြောက်ကိုရီးယား ရန်စမှု ဒေသတွင်း အင်အားကြီး ၃ နိုင်ငံ သတိပေး click
- ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့ ဂရိသမ္မတ ကြိုးပမ်း click
- ဂရိနိုင်ငံမှာ အစိုးရဖွဲ့ရေး ကြိုးပမ်းမှု မအောင်မြင်သေး click

11 May, 2012

Friday, May 11, 2012 မြန်မာ့ရေးရာ သတင်းပဒေသာ (၁၁-၅-၂၀၁၂ - နံနက်ပိုင်း)

- မြန်မာ့အပြောင်းအလဲ စိတ်မချရသေး click
- ဒု-သမ္မတ နားခွင့်တောင်းတာ မှန်တယ်လို့ မိသားစု ပြော click
- ဒီကေဘီအေ သတင်းစာရှင်းလင်းပွဲ click
- မူးယစ်ရာဇာအဖြစ် စွပ်စွဲမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်စောလားပွယ် သတင်းစာရှင်းလင်းပွဲ ပြုလုပ် click
- ထိုင်းအာဏာပိုင်တွေထံ လက်နက်မချဟု ဗိုလ်မှူးချုပ် စောလားပွယ် ပြောဆို click
- မူးယစ်ဆေးကိစ္စ စစ်ဆေးပေးဖို့ DEA ကို ဒီကေဘီအေ ဖိတ်ခေါ် click
- မဆီမဆိုင် နှုတ်ခမ်းမွေးဓားနဲ့ ချိုင် (ကာတွန်း) click
- မူးယစ်ရာဇာ စိုင်းနော်ခမ်းကို တရုတ် လက်လွှဲ click
- ရွှေတြိဂံ မူးယစ်ရာဇာ စိုင်းနော်ခမ်းအား တရုတ်ပြည်သို့ ပို့ဆောင် click
- ကချင်ပဋိက္ခ သို့မဟုတ် ရွှေတောင်တန်းပေါ်က စစ်ပွဲ (ဆောင်းပါး) click
- ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ တိုင်းရင်းသားအဖွဲ့များ ဆန္ဒရှိ click
- တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးကိုပါ စဉ်းစားဖို့ ရင်းနှီးမြှုပ်နှံသူတွေကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုလန်ဝန်ကြီး စာနယ်ဇင်းပွဲ တက်ရောက် click
- ပိုလန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ (ရုပ်သံ) click
- ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်တို့ကို တွေ့ဆုံ click
- ၈၈ ကျောင်းသားများ ရှမ်းပြည်တောင်ပိုင်းခရီးစဉ် - ဒုတိယပိုင်း (ရုပ်သံ) click
- မြေလတ်ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်း click
- မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဥရောပပါလီမန် လေ့လာ click
- ပြောင်းလဲနေပြီလို့ မမြင်ပါဘူး။ ပြောင်းလဲဖို့ ခြေလှမ်းစနေပြီလို့ပဲ မြင်ပါတယ် (အင်တာဗျူး) click
- ရေတမာပင်တန်းကို ခုတ်ပစ်တာ လုပ်သင့်သလား (ဆွေးနွေးဖလှယ်) click
- မီးတိုင်အောက်မှာ ကခုန်ကြသူများ (ဆောင်းပါး) click

စိန်တုံးကြီးနဲ့ ဖက်ရှင်မမ

စိန်တုံးကြီးနဲ့ ဖက်ရှင်မမ
ယာမားရှီး
ဖက်ရှင်မမ ဆိုတာက ဒီနယ်တ၀ိုက်မှာ လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့ အလှမယ်တဦး။ ချစ်သူဝိုင်းဝိုင်းလည်နေရော။ သူကို့ တကယ်ချစ်နေတာက မောင်လုထူ။ ရိုးတယ်။ ပွင့်လင်းတယ်။ လွတ်လွတ်လပ်လပ် နေတတ်တယ်။ အမှန်တရားကို မြတ်နိုးတယ်။ ခွန်အားဗလ ကောင်းတယ်။ ဒါပေမယ့် ဆင်းရဲတယ်။ ထူးဆန်းတာက ဖက်ရှင်မမ ကလည်း သူ့ကို ချစ်သတဲ့ဗျ။ လုထူကို မမ သိပ်ချစ်တယ်။ လုထူက မမကို ချစ်တာ မမသိတယ်။ လုထူကို ဆင်းရဲတွင်းက လွတ်အောင် မမ ကြိုးစားပေးမယ်။ မမကို လုထူက ချစ်သူအဖြစ် ရွေးချယ်ပေးထားတော့ မမကလည်း လုထူရဲ့အချစ်ကို အသိအမှတ်ပြုပါတယ်။ လုထူအခက်အခဲတွေ မမကို ပြော။ ဒါမှ ဖြေရှင်းပေးလို့ ရမှာပေါ့။ ရွှန်းရွှန်းဝေနေရော။ မောင်လုထူကလည်း မမမျက်နှာလေးကို ကြည့်လို့ပျော်နေရော။ ******* စိန်တုံးကြီး ဆိုတာက ဒီနယ်ပိုင်ကြီး။ နာမည်အရင်းက စိန်တုံး။ နယ်ပိုင်ကြီးဖြစ်သွားတော့ နယ်သူသားတွေက လေးစားသမှုနဲ့ ကြီး ထည့်ခေါ်တာပါ။ စိန်တုံးက မျိုးနဲ့ ရိုးနဲ့ ချမ်းသာတာ။ ******* စိန်တုံးကြီး ပေါ်လာတဲ့ ဇာတ်လမ်းက ဒီလို … သူ့အဖေက ရွှေတုံးကြီး။ တော်တော်ဆိုးတာ။ မဟုတ်တာတွေ အကုန်လုပ်ပြီး သေသွားတာ။ ချမ်းသာတယ်ဆိုတော့။ လူမိုက်တွေ အများကြီး မွေးထားနိုင်တယ်။ မျက်လုံးစိမ်းစိမ်း ခွေးကြီးတကောင်ကိုလည်း ပိုင်သေးတယ်။ ခွေးကြီးက ဗလကောင်းပြီး လူတွေကို ရက်ရက်စက်စက် ကိုက်တတ်တယ်။ နှစ်ပေါင်း ၆၀ ကျော်နေပြီ။ မောင်လူထုရဲ့ ဘိုးဘွားပိုင်လယ်မြေတွေကို ဦးရွှေတုံး အတင်းသိမ်းလို့ ပြန်ပေးဖို့ တောင်းဆိုတာကို ခွေးကြီးနဲ့ ကိုက်ခိုင်းတာ။ မောင်လူထု စုတ်ပြတ်သတ်သွားတာပေါ့။ ဘိုးဘွားပိုင် မြေယာတွေကို ငါက တိုးတက်အောင် လုပ်ပေးနေတာကွ။ ကာကွယ်စောင့်ရှောက်ပေးနေတာကွလို့ အမြဲကြုံးဝါးနေတာ။ အချိန်တန်ရင် ပြန်ပေးမှာပေါ့လို့ ပြောလေ့ရှိတယ်။ မောင်လုထူကို နှောင့်ယှက်ဖျက်ဆီးသူဆိုပြီး ဖမ်းလိုက် လွှတ်လိုက် လုပ်နေတာပေါ့။ ကိုယ့်ပစ္စည်း ကိုယ်ပြန်တောင်းတာ မတရားဘူး။ အဆိုးမြင်ဝါဒီတဲ့။ ကောင်းရော။ ကိုယ်ပိုင်တဲ့ လယ်မြေတောင် ကိုယ်ပြန်ရပိုင်ခွင့်မရှိတဲ့ မောင်လုထူ ဆင်းရဲတာ ဆန်းသလား။ သူ့ခွေးကြီးလောက်တောင်မှ မောင်လုထူကို တန်ဘိုးမထား။ အဲဒီအချိန်မှာ သူရဲကောင်း ဖက်ရှင်မမက မောင်လုထူကို သနားသွားတယ်။ မောင်လူထုကို ကယ်တင်မယ်ပေါ့။ ဆင်ဖမ်းမယ်။ ကျားဖမ်းမယ် ပြောတာပေါ့။ မောင်လူထု ဘ၀ကို စာနာပါသတဲ့။ မောင်လုထူလက်ထဲ သူ့ပိုင်မြေတွေ ပြန်ရောက်အောင် လုပ်ပေးမယ်ဆိုပြီး ကတိတွေ အထပ်ထပ်ပေးခဲ့တယ်။ မောင်လုထူကိုလည်းသိပ်ချစ်သတဲ့။ နယ်ပိုင်ကြီးရွေးပွဲ သူဝင်မယ်တဲ့။ နယ်ပိုင်ကြီးဖြစ်မှ မောင်လူထုကို ကယ်နိုင်မှာတဲ့။ ဆင်းရဲတွင်းက လွတ်အောင် ကြံဆောင်ပေးမှာတဲ့။ သူဝင်ပြိုင်တယ်။ နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်လိုက်မှန်းမသိ။ နောက်ဆုံး နယ်ပိုင်ကြီးက ရွှေတုံးကြီးသား စိန်တုံးဖြစ်သွားသတဲ့။ နယ်သူနယ်သားတွေ မကျေနပ်လို့ ၀ိုင်းကန့်ကွက်ကျလည်း … သမိုင်းလိုအပ်ချက်အရ နယ်ပိုင် ဆက်ခံရတာတဲ့။ ကြက်မတွန်လို့ မိုးမလင်းဘူးဆိုပြီး မမကို ဖယ်ရှားပစ်တယ်။ ဖက်ရှင်မမကို မဲပေးခဲ့တဲ့ မောင်လူထုနဲ့ ဘော်ဒါတွေ ပန်လန်လက် (ပက်လက်လန်) ကုန်ရော။ ကံဆိုးတဲ့ မမ ဆိုပြီး သနားနေကြရော။ ဒီလိုနဲ့ နယ်ပိုင်ကြီး စိန်တုံးကြီး ပေါ်လာတာ။ စိန်တုံးကြီးက သိပ်တော်တာဆိုပြီး (နယ်ပိုင်လုပ်တာ) တနှစ်တောင် မပြည့်သေးဘူး ချီးကျူးခံရတယ်။ ဘာတွေ တော်မှန်းတော့မသိ။ ******* ဒါပေမယ့် ဖက်ရှင်မမပဲလေ။ ဘယ်ရမလဲ။ စိန်တုံးကြီးအုပ်စုကို အခြားနယ်တွေနဲ့ အဆက်ပြတ်အောင် ဖန်တီးပေးလိုက်တယ်။ စိန်တုံးကြီးတို့ လာဘ်ပိတ်သွားတယ်။ နောက်တော့ … ဆန်းတယ်ဗျာ။ စိန်တုံးကြီးက မောင်လုထူကို သနားတယ်။ သူ့ဟာတွေ ပြန်ပေးရအောင် ကြိုးစားမယ်လို့ ဆိုတယ်။ ပိုင်ရှင်အစစ်ကို လေးစားပါတယ်တဲ့။ မမကိုလည်း သနားသတဲ့။ တူတာတွေ တွဲလုပ်ပြီး မတူတာတွေ ဘေးဖယ်ထားမယ်တဲ့။ လုထူက မမကို သတိပေးတယ်။ စိန်တုံးကြီးကို သတိထားဖို့။ သူ သိပ်လည်တာနော်။ ရွှေတုံးကြီးရဲ့ အချစ်ဆုံးသားနော် မမ။ သိပ်အရောမ၀င်နဲ့ပေါ့။ မမက အေးပါ အေးပါတဲ့။ စိတ်ချပါတဲ့။ ******* ဒီလိုနဲ့ ဟိုလိုနဲ့ နောက်ဆုံး စိန်တုံးကြီး ဖက်ရှင်မမကို ကောက်ယူပစ်လိုက်ရော။ လုထူမှာ နွေခေါင်ခေါင် မိုးကြိုးပစ်ထည့်သလို ခံစားရတယ်။ ယုံကြည်ထားသမျှတွေ အခုတော့ သဲထဲရေသွန်သလို။ ရည်းစားလူလု အူနုကြံ့ခတ်သလို။ အို ... အသည်းထဲက အတွင်းကြေ။ ******* တွေးရင်းတွေးရင်း မောင်လုထူ တော်တော် စိတ်ဆိုးလာတယ်။ ဖက်ရှင်မမက မောင်လေးအတွက်ပဲကွယ်။ မမကို နားလည်ပါနော်။ ဆိုပြီး ငိုပြတယ်။ လယ်မြေတွေ ပြန်ကို ရစေရမယ် ဆိုပြီး ကတိပေးပါတယ်။ လုထူလည်း ကြိုးစားပေါ့လို့ ဆိုတယ်။ မျက်လုံးစိမ်း ခွေးကြီးကိုလည်း ယဉ်ကျေးအောင် လုပ်ပေးဦးမှာတဲ့။ မောင်လုထူ မမကို ချစ်နေသေးသရွေ့ မမက အမြဲကြိုးစားပေးနေမှာတဲ့။ ******* ယူတာက ယူပေါ့ဗျာ။ အခုဟာက စိန်တုံးကြီးရဲ့ ဒုတိယမယား ဆိုတော့ ဘယ်လို ခံစားရမှန်း မသိတော့ဘူး။ မောင်လုထူ တွေးနေမိတယ်။ “ဒါက မောင်လေးအတွက်ပဲကွယ်။ စိတ်ရှည်မှပေါ့။ မမနဲ့ ပူးပေါင်းမှပေါ့” ချစ်တဲ့အတွက် ခေါင်းညိတ်လိုက်တယ်။ ရင်ထဲကတော့ မကျေနပ်။ ******* “ဘကြီးအောင် ညာတယ်။ အဲလေ ... မမ ညာတယ်” မောင်လုထူ အော်ပစ်လိုက်တယ်။ တနေ့ မမကို ပြန်ရအောင် လုပ်မယ်ဟု ဆုံးဖြတ်လိုက်တယ်။ လယ်မြေတွေ ပြန်ရအောင်လည်း နယ်ပိုင်ကြီးဆီမှာ အရေးဆိုရဦးမယ်။ မမက ဘယ်လိုကူညီမလဲ။ လောလောဆယ်တော့ နယ်ပိုင်ကြီးပေးတဲ့ ရာထူးရသွားသူ။ မျက်လုံးစိမ်းနဲ့ ခွေးကလည်း မာန်ဖီလို့ ကောင်းတုန်း။ ******* အချစ်ဆိုတာ တခါတလေ အသုံးမကျသော အရာတခုဖြစ်တယ်လို့ မောင်လုထူ မှတ်ချက်ချလိုက်တယ်။ မမကို ဆုံးရှုံးလိုက်ရပေမယ့် အချစ်ကတော့ ရှင်သန်နေဆဲ ...။ (ပြည်တွင်းဖြစ် အပေါစား အချစ်ဝတ္ထုတပုဒ်ဖြစ်တဲ့ စာရေးဆရာမကြီး အိုပန်းချယ်ရီအွန်အွန်မောဇာခြည်ရဲ့ “ထွေလီပွေလီ ရှုပ်တယ် ... လူညာတွေကြားက ဖက်ရှင်မမရယ်” ဆိုသော ဘုတ်အုတ်ပါ အကြောင်းအရာများကို မှီငြမ်းရေးသားအပ်ပါ၏။) ယာမားရှီး ၉-၅-၂၀၁၂