Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

24 August, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ပူးပေါင်းကော်မတီ ဆုံးဖြတ်


ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ကျင်းပနေစဉ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ် တွေ့ရှိမှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ၏ သြဂုတ် ၂၃ ရက်က ပြုလုပ်သော ပထမအကြိမ် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့သည်။
အဆိုပါ ပူးပေါင်းကော်မတီ အနေဖြင့် မြန်မာနိုင်ငံ၏ တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ်စနစ်နှင့် လျော်ညီစွာ တည်ဆောက်နိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရန်၊ တိုင်းရင်းသား မျိုးနွယ်စုများ အကြား အမျိုးသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းဖြင့် ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ဆိုသည်။
''ပူးပေါင်းကော်မတီရဲ့ သက်တမ်းကိုတော့ စတင်ဖွဲ့စည်းတဲ့ အချိန်ကနေ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီးတဲ့ အချိန်ထိ သတ်မှတ်ထားပါတယ်။ ပြည်သူတွေရဲ့ နိုင်ငံရေး ရင့်ကျတ်မှု အခြေအနေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေအနေ၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး အခြေအနေတို့ပေါ် မူတည်ပြီး လေ့လာသုံးသပ်သွားမှာ ဖြစ်ပါတယ်'' ဟု ဦးအေးမောက်က ပြောကြားသည်။
ထို့အပြင် ကော်မတီ အနေဖြင့် အငြင်းပွားဖွယ်ရာ ဖြစ်နိုင်သည့် ပြဋ္ဌာန်းချက်များထက် ပြည်သူအများ လိုလားသည့် ပြဋ္ဌာန်းချက်များကို ဦးစားပေး လေ့လာသုံးသပ်မည် ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါသော်လည်း လက်တွေ့ဆောင်ရွက်နိုင်ခြင်း မရှိသည့် ကိစ္စရပ်များကို လေ့လာဆန်းစစ် ဖော်ထုတ်ကာ ပြည်သူတို့၏ ယုံကြည်မှုကို ရရှိသည့် တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာရေး စသည့်အချက်များကို လေ့လာသုံးသပ်မည် ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံ လေ့လာရာတွင် ပြဋ္ဌာန်းချက်များကို အစုအဖွဲ့များ ဖွဲ့စည်းကာ အပိုင်းလိုက်ခွဲ၍ လေ့လာသုံးသပ် ရမည်ဖြစ်ပြီး အစုအဖွဲ့အလိုက် လေ့လာတွေ့ရှိချက်များကို ပူးပေါင်းကော်မတီ၌ ပြန်လည်ဆွေးနွေး သုံးသပ်မှု ပြုလုပ်ကာ အများသဘော တူညီသည့် အစီရင်ခံစာအား အပိုင်းလိုက်ခွဲ၍ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်သည်။
အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးမြညိမ်းက လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်နှင့် တွဲဖက်အတွင်းရေးမှူး အဖြစ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

http://news-eleven.com/politics/22522

05 June, 2012

Monday, June 4, 2012

- စစ်တွေဈေး အခွန်အကောက်နှုန်း မြင့်၍ ဆန္ဒပြရာမှ အဓိကရုဏ်း ဖြစ်ပွား click
- စစ်တွေ ပစ်ခတ်မှု click
- စစ်တွေမြို့ ဈေးခွန်အရေးအခင်းတွင် ရဲပစ်ခတ်မှုကြောင့် ၁၁ ဦး ဒဏ်ရာရ click
- လူမျိုးရေးပဋိပက္ခကြောင့် တောင်ကုတ်မြို့တွင် ၁၀ ဦး အသတ်ခံရ click
- တောင်ကုတ်တွင် အသတ်ခံရသူ ၁၀ ဦးကို ယနေ့ နေ့လည် သဂြိုဟ်မည် click
- ရခိုင်ပြည်နယ် လူသတ်မှုအပေါ် ၈၈ မျိုးဆက်ကျောင်းသားများ မေတ္တာရပ်ခံ click
- တောင်ကုတ်မြို့ လူသတ်မှု သမ္မတထံ ၀န်ကြီး တင်ပြ click
- ရခိုင်ပြည်နယ်တွင်းမှကိစ္စများ အစိုးရ အထူးသတင်း ထုတ်ပြန် click
- လယ်ယာမြေများပေါ်တွင် စွန့်ပစ်မြေစာများ မပုံရေး ဆန္ဒပြတောင်းဆို click
- ရွှေတွင်းအလုပ်သမား ဆန္ဒပြမှုအခြေအနေ မေးမြန်းချက် (အသံ) click
- ဇေကမ္ဘာနှင့် လယ်သမားများ မြေယာအငြင်းပွားမှု မနက်ဖြန် စစ်ဆေးမည် click
- ငါးဖမ်းခွင့် ကန့်သတ်မှုနှင့် ငါးစားကျက် ပျက်စီးနေ၍ ရေလုပ်သားများ အခက်ကြုံ click
- လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲ ဖယောင်တိုင်မီးငြိမ်းပြီး အဆုံးသတ် click
- ဥပဒေရေးရာ ဆွေးနွေးပွဲ (ရုပ်သံ) click
- အလုပ်သမားသမဂ္ဂများ ဖွဲ့ရန် စက်မှုဝန်ကြီး ထောက်ခံ click
- အဓမ္မ လုပ်အားပေးခိုင်းစေခံရမှု ရင်ဖွင့်ချက် - ၁ (ရုပ်သံ) click
- အဓမ္မ လုပ်အားပေးခိုင်းစေခံရမှု ရင်ဖွင့်ချက် - ၂ (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် မသိတဲ့ ဒုက္ခသည်စခန်းအကြောင်း (ဆောင်းပါး) click
- ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ click
- နျူကလီးယားကို ဆေးဘက်ဆိုင်ရာ အသုံးပြုရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဒု-၀န်ကြီး ပြောကြား click
- ဇွန်လတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လုပ်မည် click
- ၀န်ကြီးဌာနများ၏ ပြောရေးဆိုခွင့်ရှိသူ စာရင်းထုတ်ပြန် click
- ကရင်ပြည်နယ် အလုပ်သမားအဖွဲ့ တရားဝင် မှတ်ပုံတင်ပြီ click
- ဒလပြည်သူများအတွက် ဖွင့်လှစ်လိုက်တဲ့ အမေ့အားမာန် ပညာဒါနကျောင်း (ရုပ်သံ) click
- ရှင်စောပု မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ပြီးစီး click
- မြန်မာနိုင်ငံသားများ ပြည်ပသို့ သွားရာတွင် နိုင်ငံခြားငွေ ယူဆောင်ခွင့်နှင့်ပတ်သက်၍ အမိန့်ထုတ်ပြန် click
- မြ၀တီ-ကော့ကရိတ် အကောက်ခွန်အချို့ လျှော့ချ click
- ငွေတိုးချေးသူမှ မတရား အိမ်သိမ်း (ရုပ်သံ) click
- ဒေလီရောက် ချင်းဒုက္ခသည်တဦး ခွေးကိုက် ဒဏ်ရာကြောင့် သေဆုံး click
- ကိန်းရုပ်ရှင်ပွဲတော်မှာ အာရှဂန္ထ၀င် ရုပ်ရှင်ကားများ ပြသ click
- ဇွန် ၃ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၂၉ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၂၅ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၂၀ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၁၃ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click
- မေ ၆ ရက် - အာရှသတင်း အာရှရှုခင်း (ရုပ်သံ) click

စီမံကိန်းကြီးများတွင် ပွင့်လင်းမြင်သာမှု ရှိရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Published on June 1, 2012 by နေသွင်   ·   No Comments
ထိုင်းနိုင်ငံက မြန်မာပြည်မှာ အကောင်အထည်ဖော်နေတဲ့ ထားဝယ် အထူးစီးပွားရေးဇုန် အပါအ၀င် စီမံကိန်းကြီးတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိရင် အနာဂတ်မှာ ပြဿနာတွေ ဖြစ်လာနိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဘန်ကောက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တယောက်ရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။
“ပွင့်လင်းမြင်သာမှုက သိပ်ကို အရေးကြီး ပါတယ်။ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါတယ်။ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်သူတွေကို ပြောချင်တာ က မြန်မာပြည်မှာ ဘာပဲ လုပ်လုပ် ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ကြပါ။ ရင်းနှီးမြှုပ်နှံမှု ကိစ္စတင်မကပါဘူး၊ ဖွံ့ဖြိုးရေး အကူအညီတွေ၊ လူသားချင်းစာနာမှု အကူအညီတွေမှာလည်း ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်ပါတယ်။ ဒါမှ နောင်မှာ ဖြစ်လာ နိုင် တဲ့ ပြဿနာတွေ ကို ရှောင်ရှားနိုင်ပါ လိမ့်မယ်။”
ဒါကြောင့် စီမံကိန်းတွေ လုပ်ကိုင်တဲ့အခါမှာ၊ အကူအညီတွေပေးတဲ့အခါမျိုးမှာ ပြည်သူတွေအတွက် သိခွင့်ရနိုင်တဲ့ ပွင့်လင်းမြင်သာမှု လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ထားဝယ်စီမံကိန်း အပါအ၀င် တခြား အကျိုးတူ စီမံကိန်းကြီးမှာ ပြဿနာဖြစ်နေရတဲ့ အကြောင်းက မြန်မာပြည်သူတွေဟာ ဒီလို ကိစ္စတွေကို လုံးဝကို ဘာတခုမှ သိခွင့်မရကြပါဘူး၊ စာချုပ်က ဘယ်လိုဖြစ်တယ်၊ ဘာတွေ လုပ်နေတယ်၊ ဘာတွေ ဖြစ်မလဲ ဆိုတာမျိုးတွေကို သိခွင့် မရကြပါဘူး။ အခြေအနေတွေကို ဆွေးနွေးခွင့်တွေ၊ အမြင်ချင်း ဖလှယ်ခွင့်တွေ မရကြပါဘူး။ ဒါဟာ တိုင်းပြည်အတွက် သိပ်ကို အန္တရာယ်များပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အန္တရာယ် ရှိပါတယ်။ သံသယနဲ့ မယုံကြည်မှုတွေကို တိုးပွားလာစေနိုင်ပါတယ်။ ဒါကြောင့် ရင်းနီးမြှုပ်နှံမှု လုပ်တဲ့အခါတိုင်းမှာ အစိုးရချင်း သဘောတူ လက်မှတ်ထိုးတာပဲဖြစ်ဖြစ်၊ အကူအညီတွေ ပေးတော့မယ် ဆိုရင် ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ကြပါ။ ပြည်သူတွေက နားလည်ခွင့်ရတဲ့ အခြေအနေ၊ ဘာတွေ လုပ်မယ်၊ ဘယ်သူအတွက် အကျိုးရှိမလဲ ဆိုတာကို ရှင်းအောင်လုပ်ကြပါ။ ဒီလိုမှ မဟုတ်ရင် အကျိုးအမြတ်က တဖွဲ့တဖွဲ့၊ ဒါမှမဟုတ် လူတဦး တယောက်အတွက် ဖြစ်သွားနိုင်ပါတယ်။”
မြန်မာပြည်မှာ အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလို ဥပဒေမျိုးကို ပြည်သူတွေ အသိမပေးဘဲ ရေးဆွဲ ထားတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာပြည်မှာ အခြေခံအဆောက်အဦတွေ ပြည့်စုံတဲ့ အချိန်အထိ မစောင့်ကြဘဲ ကိုယ်တိုင်က အခြေခံ အဆောက်အဦတွေကို တစိတ်တပိုင်း တာဝန်ယူတာမျိုး၊ အလုပ်အကိုင်တွေကို မြန်မြန် ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို သူ့အနေနဲ့ လိုလားတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

01 June, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၃၁-၅-၂၀၁၂ - ညပိုင်း)

မြန်မာ့ရေးရာ သတင်းပဒေသာ (၃၁-၅-၂၀၁၂ - ညပိုင်း)

- ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံအတွင်း လက်ရှိအစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ အစီရင်ခံစာ ထုတ်ပြန် click
- လှိုင်သာယာလယ်သမားများ အိုးအိမ်ဌာနကို ဆန္ဒပြ click
- ရွှေပြည်သာနှင့် လှိုင်သာယာ လယ်သိမ်းခံ လယ်သမားများ ဆန္ဒပြ click
- လားရှိုး–မူဆယ်လမ်း မသုံးရန် စာကပ်ပြီးနောက် တိုက်ပွဲဆက်ဖြစ် click
- မူစယ်မြို့တွင် သုံးဘီးယာဉ်မောင်းများ တောင်းဆိုမှုပြုလုပ် click
- လျှပ်စစ်ရရေး ဆန္ဒပြများကို ထောက်ခံခဲ့သည့် ပါတီကော်မရှင်မှ ခေါ်တွေ့ click
- ပြည်မြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်သူများကို လုံထိန်းရဲများ၏ အကြမ်းဖက်မှုမြင်ကွင်း (ရုပ်သံ) click
- အပိုပေးရသည့် မီတာခကိစ္စ မြစ်ခြေဒေသခံများ သမ္မတရုံးသို့ တိုင်မည် click
- ပြည်သူတွေ သံသယဖြစ်နေတဲ့ ချောင်းသာ EPC (ရုပ်သံ) click
- အလုပ်သမား အခြေခံလစာကိစ္စ ဆန္ဒပြမှု ၂၅ ရာခိုင်နှုန်းခန့်သာ ပြေလည် click
- ဖားကန့်တွင် အလုပ်လက်မဲ့များ၊ ကားခ ဈေးတက် click
- ဒုက္ခသည်များကို အတင်းအကျပ် ပြန်မပို့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြမည် click
- ဒေါ်အောင်ဆန်းစုကြည် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည် click
- အတိုက်အခံအဖွဲ့များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရ၍ စိတ်ပျက် click
- စံပြကျေးရွာ တည်ဆောက်၍ ငြိမ်းချမ်းရေး ကူညီဆောင်ရွက်ရန် နော်ဝေ စီစဉ် click
- ပြည်တွင်းဒုက္ခသည်များကို ကူညီခြင်းသည် မြန်မာနိုင်ငံကို စမ်းသပ်ခြင်းဖြစ်ဟု ဆို click
- ၉၀ အနိုင်ရ တိုင်းရင်းသားပါတီ ၂ ခု ပါတီ ထူထောင်ခွင့်ပြု click
- မွန် နှစ်ပါတီ ဖြစ်မည်၊ “မွန်ဒီမိုကရေစီပါတီ” တည်ထောင်ခွင့် ကျ click
- မွန်ဒီမိုကရေစီပါတီ တည်ထောင်ခွင့်ပြုပြီ click
- စစ်မှန်သည့် ပြည်ထောင်စု ပေါ်ပေါက်ရေး ရခိုင်ပါတီ ဆွေးနွေး click
- ရွာဆိုင်းဘုတ်နှင့်အတူ ကရင်အမျိုးသားအလံတော် ပျောက်ဆုံးနေ click
- သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး - ၃၂ (အောက်မေ့ဖွယ်) click
- မွန်အမျိုးသားကျောင်းများ ဘဏ္ဍာရေး ခက်ခဲနေ click
- အရှေ့တောင်အာရှမှ ငှက်ဖျားဆေး သုံးပုံတပုံကျော်မှာ အတုများဖြစ် click

22 May, 2012

Monday, May 21, 2012

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၁-၅-၂၀၁၂ - ညပိုင်း)

- မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ကုန်ကားတစီး ဗုံးခွဲခံရ click
- ရွာထဲ မိုင်းပစ်ခတ်ပေါက်ကွဲမှုတွင် အပြစ်မဲ့ ပြည်သူ ၁ ဦး ဒဏ်ရာရ click
- လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ၈၈ ကျောင်းသားများ သွားရောက် ထိန်းညှိပေး click
- အခြေခံလစာရရေး လှိုင်သာယာအလုပ်သမားများ သပိတ်ဆက်မှောက် click
- လျှပ်စစ်မီး ပုံမှန်ရရေး မန္တလေးတွင် ဆန္ဒပြ click
- မန္တလေးမြို့တွင် လျှပ်စစ်မီး ပုံမှန်ရရှိရေး တောင်းဆိုဆန္ဒပြ click
- မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ပြည်သူ့ဆန္ဒ ထုတ်ဖော် click
- မန္တလေးမြို့ခံတို့ လျှပ်စစ်မီးရရှိရေး ဆက်လက် တောင်းဆိုမည် click
- မြစ်ဆုံစီမံကိန်း ပြန်လည်တည်ဆောက်ရန် CPI ကြိုပမ်းနေဟု KDNG ထုတ်ပြန် click
- 7 July နှစ် ၅၀ ပြည့် အခမ်းအနား မန္တလေးတွင် ကျင်းပရန် စီစဉ်နေ click
- ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွံ့ဖြိုးရေး သမ္မတအကြံပေး ဦးမြင့် တိုက်တွန်း click
- ကျောင်းတံခါးတွေ ဖွင့်စေချင် (အယ်ဒီတာ့အာဘော်) click
- မဖြူဖြူသင်းအကြောင်း ဘ၀ရုပ်ပုံလွှာကို စာပေစိစစ်ရေးက ခွင့်မပြု click
- မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံများ ချီးကျူး click
- ဦးအောင်မင်းနှင့် KIO တို့ အလွတ်သဘော တွေ့ဆုံ click
- ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ click
- ဦးအောင်မင်းနှင့် KIO ထိပ်တန်းခေါင်းဆောင် တွေ့ဆုံ click
- ကေအိုင်အေနှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ထိုင်းနိုင်ငံတွင် တွေ့ဆုံ click
- အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းနှင့် KIO တို့ တွေ့ဆုံ click
- အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် RCSS/SSA တို့ သဘောတူညီချက်များ click
- ၅၄ နှစ်မြောက် ရှမ်းပြည်တပ်မတော်နေ့ အခမ်းအနား ကျင်းပ click
- ၅၄ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ ရွှေလီမြစ်ဝှမ်း၌ ခမ်းနားစွာ ကျင်းပ click
- အထူး ၄ ခေါင်းဆောင် စ၀်စိုင်းလင်းနှင့် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ပထမဦးဆုံး တွေ့ဆုံ click
- စီးပွားရေး ဦးမော့ရေးအတွက် ခရီးသွားဧည့်သည်များ ကျိုင်းတုံ၌ တညတည်းဖို့ နယ်စပ်ဝန်ကြီး ပြော click
- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းမည် click
- မွန်နှစ်ပါတီ ပေါင်းစည်းရေး အခက်အခဲရှိနေ click
- လစဉ်အစည်းအဝေးသို့ (AMDP) ညှိနှိုင်းရေးကော်မတီဝင်များ မတက်ရောက် click
- ALP ကို ဝန်းရံရန် ဘန်ကောက်ရောက် လူမှုအဖွဲ့အစည်းများ ယာယီဖွဲ့စည်း click
- မြ၀တီခရိုင်ကို မူးယစ်ဆေး ကင်းရှင်းရေးနယ်မြေအဖြစ် KKO သတ်မှတ် click
- ဘုရားသုံးဆူမြို့တွင် ပြန်ပေးအဖွဲ့ ဆက်ကြေးတောင်းခံ click
- သပိတ်ကျင်းရွာသားများ နေရာမှ ဖယ်ပေးရမည့်အရေး ရင်ဆိုင်နေရ click
- ထားဝယ် အထူးစီးပွားရေးဇုန် မြေလျော်ကြေးကိစ္စတွင် ခေါင်းပုံဖြတ်မှုများ ရှိနေ click
- ထားဝယ်ရေနက်စီမံကိန်း လျော်ကြေးကိစ္စ ခြိမ်းခြောက်မှုများရှိ click
- ပေါင်းတည်မြို့တွင် စည်ပင်က အဓမ္မ လုပ်အားပေးခိုင်းစေ click
- အနံ့ဇုန် လုပ်ဖို့ လယ်သိမ်းတဲ့ မြို့တော်စည်ပင် (ရုပ်သံ) click
- မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသားကို စသုံးလုံး ဖမ်း click
- HTC ၏ CEO နည်းပညာဖောင်ဒေးရှင်း တည်ထောင်မည် click
- စေတနာဆရာဝန်ကွန်ရက်နဲ့ အမေ့အိမ် click
- NLD – BG ပညာဒါနကျောင်းက သွေးနဲ့ ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲ click

13 March, 2012

ဝန်ကြီးဌာနများရဲ့ ဆုံးရှုံးမှု၊ မသမာမှု၊ လိမ်လည်မှုများအား စာရင်းစစ်ချုပ်ရုံးက လွှတ်တော်ကို တင်ပြ

ဝန်ကြီးဌာနများရဲ့ ဆုံးရှုံးမှု၊ မသမာမှု၊ လိမ်လည်မှုများအား စာရင်းစစ်ချုပ်ရုံးက လွှတ်တော်ကို တင်ပြ

    Posted by Yolanda Aung on မတ် 13, 2012 at 6:46am
 

မြင့်လှိုင်၊ မတ် ၁၂ ရက်၊ ၂၀၁၂
Fire
မြန်မာဝန်ကြီးဌာနများရဲ့ ဆုံးရှုံးမှု၊ မသမာမှုနဲ့ လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး စာရင်းစစ်ချုပ်က ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းဌာနထံ အစီရင်စာ ပေးပို့ခဲ့ကြောင်း ပြည်သူ့လွှတ်တော်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းသတင်းများနဲ့ မြန်မာပြည်ဆိုင်ရာသတင်းများအရ သိရှိရပါတယ်။

02 March, 2012

သျှမ်းပြည်မြောက်ပိုင်း ဂက်စ်ပိုက်လိုင်းပြဿနာ ပြည်နယ်လွှတ်တော်အတွင်းငြင်းခုံဆွေးနွေး




Thursday, 01 March 2012 17:18 သျှမ်းသံတော်ဆင့်
တရုတ်ပြည်သို့ တင်ပို့မည့် ရေနံနှင့် ဂက်စ်ပိုက်လိုင်းဖြတ်သန်းခံရသည့် လယ်ယာမြေများ၏ လျော်ကြေးရရှိမှု၌ တူညီမှု မရှိခြင်း၊ မတရားငွေကြေးဖြတ်စားခံရခြင်းနှင့်ပတ်သက်သည့်မေးခွန်းကို ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ်က ယမန်နေ့အစည်းအဝေး၌ တင်ပြရာ လယ်ယာစိုက်ပျိုးရေးဝန်ကြီးနှင့် ငြင်းခုံပြောဆိုခဲ့ရကြောင်း လွှတ်တော်များ သတင်း ရပ်ကွက်ကဆိုပါသည်။
“ နမ္မတူက နန်းခမ်းအေးရဲ့ မေးခွန်းပေါ့။ လယ်ယာမြေ အသိမ်းခံရတဲ့ဒေသခံတွေရဲ့ လျော်ကြေး ရရှိမှုမတူတာ ၊ မြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်တွေကနေ မတရား ငွေဖြတ်စားခံရတာ စတာတွေကို ခရိုင်ကို ဖြေရှင်းပေးဖို့ ညွှန်ကြားလိုက်ပြီလို့ ဝန်ကြီးက ဖြေတယ်။ ဒါကြောင့် ဒီပြဿနာက ခုထိ မရှင်းသေးဘူး။ လယ်ယာမြေပိုင်ရှင်တွေလဲ ကျေနပ်မှုမရှိသေးဘူး လို့နန်းခမ်းအေးက ပြန်ပြောတော့ ဝန်ကြီးက ဒါ လယ်ယာမြေပိုင်ရှင်တွေက ကျေကျေနပ်နပ်နဲ့ပေးတာလို့ ပြန်ပြောတာ။ ဒီနေ့မှဘဲ လွှတ်တော်ထဲမှာ နိုးနိုးကြားကြားရှိတော့တယ်” ဟု အစည်းအဝေးတက်ရောက်သည့် ကျားဖြူအမတ်တဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း ဂက်စ်ပိုက်လိုင်းပြဿနာ ပြည်နယ်လွှတ်တော်အတွင်း ငြင်းခုံဆွေးနွေး click
- ရခိုင်က တရုတ်ဓာတ်​ငွေ့​ပိုက်လိုင်း​ ရပ်ရန် ကမ္ဘာတလွှား​ တောင်း​ဆို click
- ရန်ကုန် ရွှေဂက်စ်လှုပ်ရှားသူများ ခံဝန်လက်မှတ်ထိုးရ click
- ရွှေသဘာဝဓာတ်ငွေ့အကျိုး ခွဲဝေခံစားခွင့်ရရှိရေး ကျောက်ဖြူတွင် လှုပ်ရှားမှုပြုလုပ် click
- ရန်ကုန် ရွှေဂတ်စ်လှုပ်ရှားသူ ၉ ဦး စစ်ဆေးမေးမြန်းခံရ click
- ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့ ထုတ်ပြန်ချက် click
- ဓာတ်ငွေ့ပိုက်လိုင်းကို ၀ိုင်းဝန်း ကန့်ကွက်တဲ့နေ့ (ဓာတ်ပုံသတင်း) click

01 March, 2012

ရခိုင်က တရုတ်ဓာတ်​ငွေ့​ပိုက်လိုင်း​ရပ်ရန် ကမ္ဘာတလွှား​တောင်း​ဆို


Published on March 1, 2012 by ​အေး​နိုင်   ·

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က​နေ တရုတ်နိုင်ငံထဲကို သွယ်တန်း​ဖောက်လုပ်​နေတဲ့​ ​ရေနံနဲ့​သဘာဝ ဓာတ်​ငွေ့​ ပိုက်လိုင်း​ စီမံကိန်း​ကို ဆိုင်း​ငံ့​ထား​ဖို့​ အဖွဲ့​အစည်း​ ၁၃၀ ​လောက်က မြန်မာသမ္မတ ဦးသိန်းစိန်ကို ​တောင်း​ဆိုလိုက်ပါတယ်။ဒီ​တောင်း​ဆိုတဲ့​ အဖွဲ့​တွေထဲမှာ နိုင်ငံ​ပေါင်း​ ၂၀ က လူအခွင့်​အ​ရေး​အဖွဲ့​တွေနဲ့​ သဘာဝပတ် ဝန်း​ကျင် ထိန်း​သိမ်း​ရေး​အဖွဲ့​တွေ ပါဝင်ပြီး​ ဒီသမ္မတဦး​သိန်း​စိန်က ကချင်ပြည်နယ် မြစ်ဆုံ​ရေ ကာတာကိုဆိုင်း​ငံ့​သလို ဒီဓာတ်​ငွေ့​ပိုက်လိုင်း​ စီမံကိန်း​ကိုလည်း​ ရပ်နား​ဖို့​ လှုပ်ရှား​တာလို့​ ဦး​ဆောင်သူ ကိုဝင်းအောင်က ​ပြောပါတယ်။

“ဒီစီမံကိန်း​ကရတဲ့​ အကျိုး​အမြတ်​တွေရယ် အရင်း​အမြစ်​တွေကို ကျ​နော်တို့​နိုင်ငံမှာ လိုအပ်​နေတဲ့​ စွမ်း​အင်လိုအပ်ချက်ကို မဖြည့်​ဆည်း​ပေး​တဲ့​အပြင် လက်တဆုပ်စာ စစ်အုပ်စုရဲ့​ ၂၀၀၈ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ​အောက်မှာ ဒီပိုက်ဆံ​တွေကို ကြိုက်သလို သုံး​နိုင်တယ်ဆိုတဲ့​ အ​နေအထား​တခုမှာ ပြဌာန်း​ထား​တာ ​တွေ့​ရတယ်။ ဒါ​ကြောင့်​ ​လော​လောဆယ် ​ဒေသခံ​တွေ အတွက် အကျိုး​မရှိတဲ့​ ဒီစီမံကိန်း​ကို ရပ်နား​ထား​ဖို့​ ​တောင်း​ဆိုတာပါ။”

ဒီစီမံကိန်း​က ​ဒေသခံ​တွေရဲ့​ မိရိုး​ဖလာ လုပ်​နေတဲ့​ လယ်​တွေကို သိမ်း​ဆည်း​ပြီး​ နစ်နာ​ကြေး​ တခိျု့​ပေး​ပေမယ့်​ အလုပ်အကိုင်​ပျောက်ကုန်တာရယ်၊​ ​ဒေသံ​တွေဟာ စီမံကိန်း​လုပ်ငန်း​မှာ ​ကျောက်သယ်၊​ အုတ်သယ်အလုပ်​တွေပဲရတာ။ ဒီစီမံကိန်း​က​နေရလာမယ့်​ အ​မေရိကန်​ဒေါ်လာ ၃၀ ဘီလျံခန့်​ရှိတဲ့​ ​ငွေ​တွေကိုလည်း​ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေအရ အစိုး​ရပဲ လိုသလို သုံး​နိုင်ပြီး​ ​ဒေသခံ​တွေအတွက် အကျိုး​ခံစား​ခွင့်​ မပါတာ​တွေကိုလည်း​ ​ရွှေဂတ်စ်ရပ်တန့်​ရေး​ လှုပ်ရှား​သူ ​တွေက ​ထောက်ပြပြီး​ ဆန့်​ကျင်ကန့်​ကွက်ကြပါတယ်။

မတ် ၁ ရက်​နေ့​ကို ကမ္ဘာလုံး​ဆိုင်ရာ လှုပ်ရှား​မှု​နေ့​ အဖြစ် သတ်မှတ်ထား​ပြီး​ ဒီစီမံကိန်း​ရပ်တန့်​ဖို့​ တိုက်တွန်း​တဲ့​ လှုပ်ရှား​မှု​တွေကို ရန်ကုန်၊​ စစ်​တွေ၊​ ​ကျောက်ဖြူမြို့​ ​တွေမှာ လုပ်တယ်လို့​ သိရပါတယ်။ ဒါ့​ပြင် ထိုင်း​နိုင်ငံ ဘန်​ကောက်နဲ့​ ချင်း​မိုင်မြို့်​တွေက တရုတ်သံရုံး​တွေ​ရှေ့​မှာ စီမံကိန်း​ရပ်ဖို့​ ​တောင်း​ဆို ဆန္ဒပြခဲ့​ပါတယ်။ ဂျပန်၊​ မ​လေး​ရှား​၊​ အိန္ဒိယ၊​ ဘင်္ဂလား​ဒေ့​ရှ်နဲ့​ ဥ​ရောပနိုင်ငံ​တွေမှာလည်း​ အလား​တူ လှုပ်ရှား​ဖို့​အစီအစဉ်​တွေ ရှိ​နေပါတယ်။

ရန်ကုန်မြို့​ သာ​ကေတမြို့​နယ်က တိုင်း​ရင်း​သား​ကျေး​ရွာမှာလည်း​ ဒီစီမံကိန်း​ ရပ်ဆိုင်း​ရေး​ လှုပ်ရှား​မှုကို မနက် ၉ နာရီမှာ လုပ်​ဆောင်ခဲ့​ရာမှာ လှုပ်ရှား​သူ​တွေက ‘ငါတို့​သဘာဝဓာတ်​ငွေ့​၊​ ငါတို့​အ နာဂတ်္လ ဆိုတဲ့​ စာတမ်း​ပါ တီရှပ်​တွေ ဝတ်ဆင်​ဝေငှပြီး​ ပြုလုပ်ခဲ့​ပါတယ်။

သာ​ကေတက ​ရွှေဂတ်စ်လှုပ်ရှား​သူ​တွေကို တိုင်း​ရင်း​သား​ကျေး​ရွာ အုပ်ချုပ်​ရေး​မှူး​ရုံး​က​နေ မြို့​နယ်အုပ်ချုပ်​ရေး​မှုး​ရုံး​ကို ရဲက​ခေါ်​ဆောင်ပြီး​ ဒီလှုပ်ရှား​မှုကို ​နောက်​နောင်မလုပ်ဖို့​ ခံဝန်လက်မှတ်ထိုး​ခိုင်း​ပြီး​ ပြန်လွှတ်​ပေး​ခဲ့​ပါတယ်။

လှုပ်ရှား​မှုလုပ်ပြီး​ လက်မှတ်ထိုး​ခဲ့​ရသူ မမာက “လက်မှတ်ထိုး​ရတာက အခုလုပ်တဲ့​ စာရွက်​ဝေတာတို့​၊​ တီရှပ်ဝတ်တာတို့​ဟာ သူတို့​သတ်မှတ်ထား​တဲ့​ ဥပ​ဒေနဲ့​ဆို ငြိတယ်။ ဒီလိုဖြစ်တဲ့​ အတွက် တကယ်လို့​ အ​ရေး​ယူမယ်ဆိုရင် အ​ရေး​ယူနိုင်တယ်။ ဒါကို သိရှိပါတယ်ဆိုတာ လက်မှတ်ထိုး​ခိုင်း​တာပါ” လို့​ ​ပြောပါတယ်။

ရခိုင်ပြည်နယ် ​ကျောက်ဖြူမြို့​မှာလည်း​ စီမံကိန်း​ရပ်​ရေး​လှုပ်ရှား​မှုလုပ်ရာမှာ တူညီဝတ်စုံ ဝတ်တဲ့​ လူ ၆၀ ​လောက်လိုက်ပါတဲ့​ ​မော်​တော်ကား​ရဲ့​မျက်နှာစာမှာ ​ရွှေဂက်စ် လှုပ်ရှား​မှု စာတမ်း​ကို ကပ်ပြီး​ ဘုရား​ဘက်ကို သွား​ရောက်ခဲ့​ကြတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ

မြန်မာနိုင်ငံသားဖြစ်ကြောင်း အသိမှတ်ပြုပေးနေသော မဟာသူဌေးကြီးများ

 
အိမ်နီးနိုင်ငံများဖြစ်သော ထိုင်းနှင့်မလေးရှား တွင်ရှိသော မြန်မာနိုင်ငံသား အလုပ်သမားသည်သန်းပေါင်းများ စွာ ရောက်ရှိနေခြင်း  သည် ယနေ့အထိ စစ်တမ်းကောက်၍ မရ နိုင်ခဲ့ပေ။

                ထိုင်းအစိုးရသည် တရားမ၀င်ခိုးဝင်လာသော မြန်မာ-လာအို-ကမ္ဘောဒီးယား အလုပ်သမား ပေါင်း သန်း ချီသော အရည်အတွက်များအား (၀န်ကြိးချုပ်ဟောင်း ထပ်စင် ချင်န၀တ်)လက်ထက်မှ စပြုပြီး -၀န်ကြီးများ အစည်းအဝေး အတည်ပြုချက်ဖြင့် တရားမ၀င်သော အလုပ်သမားများမှ -စာရင်းဇယားကောက်ယူပြီး အလုပ်ရှင် အလုပ်သမားများအကြား - စနစ်တကျ ထိမ်းသိမ်းနိုင်ရေးအတွက် -ထိုင်းအလုပ်သမား ၀န်ကြိးဌာန အလုပ်သမား ရှာဖွေရေးရုံး၏ ထောက်ခံချက်ဖြစ် -တရားမ၀င်သော လုပ်သားများကို ကျမ္မာရေးစစ်ဆေးပေးခြင်း ။ လူမှုဖူလှုံရေး အက်ဥပဒေ များဖြစ် -အလုပ်သမား များအခွင့်အရေး ခရီးသွားလွယ်ကူစေရေး -အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာများ ကို ဖြေရှင်းနိုင်ရေးအတွက် -TR-38 /1- TT-8 - ပုံစံများအပါအ၀င် -ဆိုင်ရာမှ စက်ရုံ အလုပ်ရုံ ကုမ္မဏီ များနှင့်  ပုဂ္ဂလိက အလုပ်ရှင်များ၏ တောင်းခံချက်များ အပါအ၀င် -ကျဘန်း တရားဝင် အလုပ်သမားဘ၀မှ- တရားဝင်နေထိုင်ခွင့်ပြုလုပ်ပေးခဲ့ပါသည်။