Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

30 May, 2012

ငကန်းတွေ သေမှာကို စိုးသတဲ့လား နောက်ထပ် ငစွေတွေ မပေါ်အောင်သာ ကြံဆ ( ဦးဝင်းတင်)

ငကန်းတွေ သေမှာ ကို စိုးသတဲ့လား … နောက်ထပ် ငစွေတွေ မပေါ်အောင်သာ ကြံဆ
(ဦးဝင်းတင်)

ကျုပ်တို့ တိုင်းပြည်ကြီး ကမ္ဘာ့ အမွဲဆုံး အဆင်းရဲဆုံး ဘိုင်အကျဆုံး နိုင်ငံ အဆင့် ရောက်ခဲ့တယ်ဗျ။ တိုင်းပြည်မှာ ဆန်ရေစပါး အလျှံအပယ် ထွက်ခဲ့တယ်ဗျာ။ သယံဇာတ တွေ အလျှံအပယ် ကြွယ်ဝ ခဲ့တယ်ဗျာ။ အဖိုးတန် ကျောက်မျက် ကျောက်စိမ်းလို ထိတ်ထိတ်ကြဲ ရတနာ တွေ ၊ စိန်ခဲတွေ ၊ မြခဲတွေ  ထိန်ထိန် ကျဲ ခဲ့တယ်ဗျာ။ တခြားပြောပြစရာ လက်ညိုးထိုး ပြစရာ  ထွက်ကုန် တွေ ကလည်း အမှန်တကယ် အောတိုက်အောင် ပေါလိုက်တာဗျာ။

ဒါဖြင့် ဘယ်လိုကနေ ဘယ်လို၊ မြန်မာ့ စီးပွားရေး ခွေးကတတ်ရောက် သွားရတာလဲ။ အံ့ရောဗျာ…အံ့ရော။ အဲဒါပဲ ပြောတတ်တော့တယ်။ ကျိုးသင့် ကြောင်းထိုက် လူတိုင်း စိတ်ကြိုက်တွေ့အောင်တော့ ပြောမပြတတ်တော့ဘူး။
ကမ္ဘာကျော် စီးပွားရေး ပညာရှင်တွေ ၊ ၀င်လိုက်ကြ ထွက်လိုက်ကြ လာလိုက်ကြ သွားလိုက်ကြ တ၀ုန်းဝုန်းပေါ့။ တသဲသဲပေါ့။ ပညာရှင် စကားတွေ ပါးစပ် အမြှုပ်တဖွားဖွား သီးအောင် ပြောကြေ=ာ ကြ နည်းပေးကြ လမ်းပြကြ ပေါ့။ ဘာပြောကောင်းမလဲ။ နိုင်ငံတော် စီးပွားရေး အောင်တော့မယ်။ ချမ်းတော့မယ်။ စိမ်းတော့မယ်။ လန်းတော့မယ်။ စိုတော့မယ်။ ရွှဲတော့မယ်ပေါ့။ ထင် တလုံး နဲ့ ရွှင်ပြုံးလိုက်ကြတာ။

အောင်မလေးဗျ။ ငယ်သံပါအောင် = စ် ကြ၊ ငိုကြ၊ ညည်းကြပေတော့။ ယိုတယ်ဗျို့။ ဆင်းရဲတဲ့ လူထု အိပ်ခန်းတွေ၊ ခေါင်မလုံ လို့ မိုးရေတောက်တောက်ယို ၊ ရွှဲရွှဲစို ကုန်ကြရတယ်လေ။  ထမင်းငတ်သူတွေ၊ ဒူးနဲ့ မျက်ရည် သုတ်နေကြရတဲ့သူ တွေ ၊ ရွှဲရွဲစို ငိုကြီးချက်မ ဘ၀ မလှ ဖြစ်နေကြရတယ်လေ။
ဒါတွေ ထားပါတော့လေ။ တိုင်းသိ ပြည်သိ သူသိ ငါသိ ကမ္ဘာသိ သမိုင်းထဲက ဖြစ်ရပ်ဆိုး တွေ ကို အသာထား လိုက်ပါဦး။ အသာမထား နိုင် ဘဲ ၊ ကမ္ဘာကြားအောင် တအားကျုံးအော်ပြီး ပညာရှင် ပဂေး တို့ကို မေးခွန်းထုတ်ရမယ့် ကိစ္စ က ရှိသေးသဗျ။
အဲဒီ မေးခွန်း က၊ စစ်အာဏာရှင် တွေ၊ ကျိကျိတက် ‘ ထော လာတာ သိတယ်နော်။ အဲ.. တိုင်း သူ ပြည်သား လူအများကတော့ ဖွတ်ကျော ပြာစု ခရု အဆန်ကျွတ် ဖြစ်ကြ ရတာလည်း သိတယ်နော်။
နောက်တခု ဆက်မေးရမယ့် မေးခွန်း ရှိသေးတယ်။ ကဲ =ုတ်ပါပြီ။  ဒါဖြင့် ဒီ ဇွတ်ထော နဲ့ ဖွတ်ကျော ဇာတ်လမ်း မှာ ဗီလိန် ( လူကြမ်း လူဆိုး လူညစ်) က ဘယ်သူလဲ။
ဒီနေရာမှာ ကျုပ်ပြောချင်တဲ့ ဇာတ်လမ်းက စပြီ။ ဒေါက်ခနဲ ကောက်ကာ ငင်ကာ ပြောရရင် ဗီလိန် က ခရိုနီ တွေပေါ့ဗျာ။။ ဂျာနယ်တစောင် က၊ ခရိုနီ ကို ၊ အစိုးရ နဲ့ နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် လို့ စေတနာ ဗရပွ နဲ့ လှလှကလေး ဘာသာ ပြန်သေးသဗျ။ ကျုပ်က စေတနာ တော့ ရှိပါရဲ့။ လှလှလေး ဘာသာ မပြန်တတ်လို့ ငမြွေထိုး ခေါင်း ပိသာလေး နဲ့ ထုသလိုလို အာဏာ ကပ်ပါးစီးပွားရေး ဓါးပြ များ လို့ တဲ့တိုးကြီး ကင်ပွန်း တပ်လိုက်ရတယ်ဗျာ။
အဲဒီ ဓါးပြတွေ =ာ ဘယ်သူတွေ လဲ ဆိုတာ အားလုံး သိကြပါတယ်နော်။ သိရင်လည်း ပြီးရော။ ကျုပ်က သူတို့ အကြောင်း ပြောချင်တာ မ=ုတ်ဘူး။ ပြောနေလည်း ဘာမှ မထူးပါဘူး။ အာဏာ ကပ်ပါး စီးပွါးရေး ဓါးပြ ဆိုတဲ့ အတိုင်း လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ငန်းကြီး တွေ လုပ်တယ်ဗျာ။ လယ်သမားတွေ ရဲ့ စိုက်မြေ- ပျိုးမြေတွေ အဓ္ဒမ သိမ်းတယ်ဗျာ။  မြေလျှိုး မိုးပျံ လုပ်ငန်းကြီး တွေ လုပ်တယ်ဗျာ။ စက်လုပ်ငန်းကြီးတွေ တိုက်လုပ်ငန်းကြီးတွေ ဘဏ်လုပ်ငန်းကြီးတွေ လုပ်တယ်ဗျာ။

အဲဒီ လုပ်ငန်းရှင်ကြီးတွေ က၊ သူတို့ကို မွေးစား ခိုင်းစား တဲ့ အာဏာရှင် ကြီးတွေ ထက်တောင် ချမ်းသာ ကြွယ်ဝ ဘောဂ သူဌေးကြီးတွေ ဖြစ်ကြတယ်။
ဒီနေ့ ပြည်သူတွေက အသံကုန်ဖြဲ ပြီး၊ အသံကွဲ ကြီး တွေ နဲ့ အော်လာကြပြီ။ လက်ဝါးကြီး အုပ်တာတွေ မလိုချင်။ စီးပွားရေး ဓါးပြ တွေ လက်ရှောင်။ အာဏာ ကပ်ပါး တွေ ဇာတ်သိမ်းကြ ။ ပြည်သူလူထု က ဆင်းရဲတွင်း နက်နက်ကြီး ထဲက =စ် နေကြတယ်ဗျ။

ဒီလို ပြည်သူတွေ ဖွတ်ကျော ပြာစု တွေ ရဲ့ အော်သံ =စ်သံ တွေ အကြားမှာ အာဏာရှင် ကပ်ပါး စီးပွားရေး ဓါးပြ တွေ ကို အောင်နိမိတ် နဲ့ အောင်ဘိသိတ်သွန်း တဲ့ အသံဆိုးကြီး တသံ ၀န်ကြီး ဌါန တခု ရဲ့ ဆွေးနွေးပွဲ က ပေါ်ထွက်လာတယ်ဗျ။
အဲဒီ ငှက်ဆိုးထိုးသံလို အသံက ဒီလိုတဲ့ဗျာ။
‘ခရိုနီတွေကို ပြန်သုံးရမယ်။ ကောင်းတဲ့ နေရာမှာ ပြန်အသုံးချ လို့ ရတယ်။ မ=ုတ်ရင် သူတို့ အပြင်ထွက်သွားကြမယ်။ အကုန်ပါသွားမှာ။ တိုင်းပြည် အတွက် လုပ်ချင်တဲ့သူတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားပြောတဲ့ အခါ ဒေါ်စု လည်း ဒီ -=ာ ကို သဘောတူတယ်’  တဲ့။
=ုတ်လား။ ဒေါ်စု က သဘောတူ တယ်တဲ့လား။ =ား =ား  =ား ။ ကျုပ်ကတော့ ဒီလို တောရမ်းပယ်ဖွဲ့ စကားမျိုး ချောကလက် အတောင့်လိုက် စားပြီး ပြောတောင် မယုံရေးချ မယုံဗျ။

အကုန်ပါသွားမှာ…တဲ့လား။ ကုန်စမ်းပါစေဗျာ။ ကျုပ် လူပြိန်းစကားပဲ ပြောမယ်။ တိုင်းပြည်ကြီး အာဏာ ကပ်ပါးတွေ စီးပွားရေး ဓါးပြတိုက်လို့ တာတေလံ အောင် မွဲပြာကျနေပြီဗျ။ သူတို့ တိုက်ရာပါ ဥစ္စာ ခိုးရာပါ ပစ္စည်းတွေ ကို ၊ ခါးပိုက်နှိုက် အလစ်သုတ် သလို ၊ ကဲ့ထုတ် သွားကုန်မှာ စိုးသတဲ့လား။ မပူပါနဲ့။ ငကန်းသေ ငစွေ မပေါ်အောင်သာ ဆုတောင်းပါလေ။ ဒီလို ပြည်သူ့ ဘဏ္ဍာ ကို မ=ာ သူခိုး ဓါးပြ တွေ ကူးတို့ခ သယ်သလို ပြည်ပ သယ်သွားကြတာ ၊ အာဏာရှင် နိုင်ငံတွေ မှာ ဗြောင်းဆန်အောင် ပေါများ ခဲ့တယ်ဗျ။ သမိုင်းခေတ်တွေ သက္ကရာဇ် နှစ် တွေ နဲ့ ချီ လို့တောင် ကြာတောင်း ကြာလှခဲ့ ပြီဗျ။ ဖိလစ်ပိုင် ကြည့်မလား ဗီယက်နာမ် ကြည့်မလား အင်ဒိုနီးရှား ကြည့်မလား အရှေ့အလယ်ပိုင်း ကြည့်မလား တောင်အမေရိကား နိုင်ငံတွေ ကြည့်မလား ၊ အာဖရိက နိုင်ငံတွေ ကြည့်မလား။
အာဏာ ကပ်ပါး ခရိုနီ စီးပွားရေး ဓါးပြ များ နဲ့ ပတ်သတ်လို့ ၊ စီးပွားရေး ပညာရှင် ဦး=န်ထွန်း  ( အခွန်)  ပြောတဲ့ စကား က မှတ်သားစရာ ကောင်းတယ်။ ဦး = န် ထွန်း က….
‘ ပြီးခဲ့တဲ့ ရာဇ၀င်ကို ပြန်ကြည့်ရင် ခရိုနီ တွေ က၊ အလုပ်အကိုင် အခွင့်အလမ်း တွေ ၊ ပေါ်ပေါက်လာအောင် ဖန်တီးပေးခဲ့တာ နည်းတယ်။ ကုန်ထုတ်လုပ်ငန်း တွေကို ထိထိရောက်ရောက် လုပ်ခဲ့တာ နည်းတယ်။ အမြတ်အစွန်း လွယ်လွယ်ကူကူ ရမယ့် အလုပ်တွေကို လုပ်နေတာ များတယ်။
ဦး = န်ထွန်း ဆက်ပြောခဲ့တဲ့ စကားကို နားထောင်ကြည့်ပါ။ ‘ ဆင်းရဲသား လုပ်သား ပြည်သူ ကောင်းကျိုး အတွက် သူတို့ ဘာတွေ လုပ်ခဲ့သလဲ ပြန်စဉ်းစားစေချင်တယ်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မူ အထောက်အကူ ပြုစေရန် ဘာလုပ်ငန်းတွေ လုပ်ခဲ့သလဲ ပြန်စဉ်းစား သင့်တယ်။
မဆုံးသေးဘူး။ ဆက်ပြောသေးတယ်။
‘ အရင်တုန်းက အတိုင်းပဲ။ အာဏာပိုင် ပုဂ္ဂလိက တွေ နဲ့ နှီးနွယ်တဲ့ စီးပွားရေး လုပ်ငန်း မျိုး အခွင့်အရေး တွေ ယူပြီးတော့ မိုနို ပိုလီ (လက်ဝါးကြီးအုပ်) အလုပ်မျိုး ကိုတော့ ခွင့်မပြုသင့်တော့ပါဘူးတဲ့။
ကိုင်း….ကိုင်း တော်လောက်ပါပြီ။
ခရိုနီတွေလို သူခိုးလမ်းပြ ၊ ဓါးပြ လက်ထောက်ချ လုပ်နေတဲ့ ဂုရုကြီးကို မကြားတကြား ပြောချင်တဲ့ စကားကတော့
‘ ခရိုနီတွေ အပြင် ( ပြည်ပ ) ထွက်ကုန်ရင် ခင်ဗျားကြီးပါ နောက်တော်ပါး က၊ အခစါး လိုက်သွားဗျာ ။ သူခိုးတွေ ရဲ့ စီးပွားရေး အကြံပေး အရာရှိ သာ လုပ်စားဗျာ….’
သြော် မေ့လို့..မေ့လို့..။
စာကြွင်း စကားကြွင်းလေး ဆက်ပါရစေဦး။
အဲဒီ ငှက်ဆိုးထိုးသံ ကြီးကို တိုင်းသိ ပြည်သိ ပြောပေါ်မှာ ရွှေ….. ရွှေ…. ရွှေ…. ( စကားထစ်နေတာ ခွင့်လွှတ်ပါဗျာ ) ကြော်ငြာ ထုတ်သူက…သာမျင်ညောင်ည ချောင်ကြားက မောင်ဖား တဲ့လား။ မ=ုတ်ဘူးဗျ။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ရဲ့ စီးပွားရေး အကြံပေး အဖွဲ့ ဥက္ကဌ တဲ့ ဗျ။

11 May, 2012

စိန်တုံးကြီးနဲ့ ဖက်ရှင်မမ

စိန်တုံးကြီးနဲ့ ဖက်ရှင်မမ
ယာမားရှီး
ဖက်ရှင်မမ ဆိုတာက ဒီနယ်တ၀ိုက်မှာ လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့ အလှမယ်တဦး။ ချစ်သူဝိုင်းဝိုင်းလည်နေရော။ သူကို့ တကယ်ချစ်နေတာက မောင်လုထူ။ ရိုးတယ်။ ပွင့်လင်းတယ်။ လွတ်လွတ်လပ်လပ် နေတတ်တယ်။ အမှန်တရားကို မြတ်နိုးတယ်။ ခွန်အားဗလ ကောင်းတယ်။ ဒါပေမယ့် ဆင်းရဲတယ်။ ထူးဆန်းတာက ဖက်ရှင်မမ ကလည်း သူ့ကို ချစ်သတဲ့ဗျ။ လုထူကို မမ သိပ်ချစ်တယ်။ လုထူက မမကို ချစ်တာ မမသိတယ်။ လုထူကို ဆင်းရဲတွင်းက လွတ်အောင် မမ ကြိုးစားပေးမယ်။ မမကို လုထူက ချစ်သူအဖြစ် ရွေးချယ်ပေးထားတော့ မမကလည်း လုထူရဲ့အချစ်ကို အသိအမှတ်ပြုပါတယ်။ လုထူအခက်အခဲတွေ မမကို ပြော။ ဒါမှ ဖြေရှင်းပေးလို့ ရမှာပေါ့။ ရွှန်းရွှန်းဝေနေရော။ မောင်လုထူကလည်း မမမျက်နှာလေးကို ကြည့်လို့ပျော်နေရော။ ******* စိန်တုံးကြီး ဆိုတာက ဒီနယ်ပိုင်ကြီး။ နာမည်အရင်းက စိန်တုံး။ နယ်ပိုင်ကြီးဖြစ်သွားတော့ နယ်သူသားတွေက လေးစားသမှုနဲ့ ကြီး ထည့်ခေါ်တာပါ။ စိန်တုံးက မျိုးနဲ့ ရိုးနဲ့ ချမ်းသာတာ။ ******* စိန်တုံးကြီး ပေါ်လာတဲ့ ဇာတ်လမ်းက ဒီလို … သူ့အဖေက ရွှေတုံးကြီး။ တော်တော်ဆိုးတာ။ မဟုတ်တာတွေ အကုန်လုပ်ပြီး သေသွားတာ။ ချမ်းသာတယ်ဆိုတော့။ လူမိုက်တွေ အများကြီး မွေးထားနိုင်တယ်။ မျက်လုံးစိမ်းစိမ်း ခွေးကြီးတကောင်ကိုလည်း ပိုင်သေးတယ်။ ခွေးကြီးက ဗလကောင်းပြီး လူတွေကို ရက်ရက်စက်စက် ကိုက်တတ်တယ်။ နှစ်ပေါင်း ၆၀ ကျော်နေပြီ။ မောင်လူထုရဲ့ ဘိုးဘွားပိုင်လယ်မြေတွေကို ဦးရွှေတုံး အတင်းသိမ်းလို့ ပြန်ပေးဖို့ တောင်းဆိုတာကို ခွေးကြီးနဲ့ ကိုက်ခိုင်းတာ။ မောင်လူထု စုတ်ပြတ်သတ်သွားတာပေါ့။ ဘိုးဘွားပိုင် မြေယာတွေကို ငါက တိုးတက်အောင် လုပ်ပေးနေတာကွ။ ကာကွယ်စောင့်ရှောက်ပေးနေတာကွလို့ အမြဲကြုံးဝါးနေတာ။ အချိန်တန်ရင် ပြန်ပေးမှာပေါ့လို့ ပြောလေ့ရှိတယ်။ မောင်လုထူကို နှောင့်ယှက်ဖျက်ဆီးသူဆိုပြီး ဖမ်းလိုက် လွှတ်လိုက် လုပ်နေတာပေါ့။ ကိုယ့်ပစ္စည်း ကိုယ်ပြန်တောင်းတာ မတရားဘူး။ အဆိုးမြင်ဝါဒီတဲ့။ ကောင်းရော။ ကိုယ်ပိုင်တဲ့ လယ်မြေတောင် ကိုယ်ပြန်ရပိုင်ခွင့်မရှိတဲ့ မောင်လုထူ ဆင်းရဲတာ ဆန်းသလား။ သူ့ခွေးကြီးလောက်တောင်မှ မောင်လုထူကို တန်ဘိုးမထား။ အဲဒီအချိန်မှာ သူရဲကောင်း ဖက်ရှင်မမက မောင်လုထူကို သနားသွားတယ်။ မောင်လူထုကို ကယ်တင်မယ်ပေါ့။ ဆင်ဖမ်းမယ်။ ကျားဖမ်းမယ် ပြောတာပေါ့။ မောင်လူထု ဘ၀ကို စာနာပါသတဲ့။ မောင်လုထူလက်ထဲ သူ့ပိုင်မြေတွေ ပြန်ရောက်အောင် လုပ်ပေးမယ်ဆိုပြီး ကတိတွေ အထပ်ထပ်ပေးခဲ့တယ်။ မောင်လုထူကိုလည်းသိပ်ချစ်သတဲ့။ နယ်ပိုင်ကြီးရွေးပွဲ သူဝင်မယ်တဲ့။ နယ်ပိုင်ကြီးဖြစ်မှ မောင်လူထုကို ကယ်နိုင်မှာတဲ့။ ဆင်းရဲတွင်းက လွတ်အောင် ကြံဆောင်ပေးမှာတဲ့။ သူဝင်ပြိုင်တယ်။ နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်လိုက်မှန်းမသိ။ နောက်ဆုံး နယ်ပိုင်ကြီးက ရွှေတုံးကြီးသား စိန်တုံးဖြစ်သွားသတဲ့။ နယ်သူနယ်သားတွေ မကျေနပ်လို့ ၀ိုင်းကန့်ကွက်ကျလည်း … သမိုင်းလိုအပ်ချက်အရ နယ်ပိုင် ဆက်ခံရတာတဲ့။ ကြက်မတွန်လို့ မိုးမလင်းဘူးဆိုပြီး မမကို ဖယ်ရှားပစ်တယ်။ ဖက်ရှင်မမကို မဲပေးခဲ့တဲ့ မောင်လူထုနဲ့ ဘော်ဒါတွေ ပန်လန်လက် (ပက်လက်လန်) ကုန်ရော။ ကံဆိုးတဲ့ မမ ဆိုပြီး သနားနေကြရော။ ဒီလိုနဲ့ နယ်ပိုင်ကြီး စိန်တုံးကြီး ပေါ်လာတာ။ စိန်တုံးကြီးက သိပ်တော်တာဆိုပြီး (နယ်ပိုင်လုပ်တာ) တနှစ်တောင် မပြည့်သေးဘူး ချီးကျူးခံရတယ်။ ဘာတွေ တော်မှန်းတော့မသိ။ ******* ဒါပေမယ့် ဖက်ရှင်မမပဲလေ။ ဘယ်ရမလဲ။ စိန်တုံးကြီးအုပ်စုကို အခြားနယ်တွေနဲ့ အဆက်ပြတ်အောင် ဖန်တီးပေးလိုက်တယ်။ စိန်တုံးကြီးတို့ လာဘ်ပိတ်သွားတယ်။ နောက်တော့ … ဆန်းတယ်ဗျာ။ စိန်တုံးကြီးက မောင်လုထူကို သနားတယ်။ သူ့ဟာတွေ ပြန်ပေးရအောင် ကြိုးစားမယ်လို့ ဆိုတယ်။ ပိုင်ရှင်အစစ်ကို လေးစားပါတယ်တဲ့။ မမကိုလည်း သနားသတဲ့။ တူတာတွေ တွဲလုပ်ပြီး မတူတာတွေ ဘေးဖယ်ထားမယ်တဲ့။ လုထူက မမကို သတိပေးတယ်။ စိန်တုံးကြီးကို သတိထားဖို့။ သူ သိပ်လည်တာနော်။ ရွှေတုံးကြီးရဲ့ အချစ်ဆုံးသားနော် မမ။ သိပ်အရောမ၀င်နဲ့ပေါ့။ မမက အေးပါ အေးပါတဲ့။ စိတ်ချပါတဲ့။ ******* ဒီလိုနဲ့ ဟိုလိုနဲ့ နောက်ဆုံး စိန်တုံးကြီး ဖက်ရှင်မမကို ကောက်ယူပစ်လိုက်ရော။ လုထူမှာ နွေခေါင်ခေါင် မိုးကြိုးပစ်ထည့်သလို ခံစားရတယ်။ ယုံကြည်ထားသမျှတွေ အခုတော့ သဲထဲရေသွန်သလို။ ရည်းစားလူလု အူနုကြံ့ခတ်သလို။ အို ... အသည်းထဲက အတွင်းကြေ။ ******* တွေးရင်းတွေးရင်း မောင်လုထူ တော်တော် စိတ်ဆိုးလာတယ်။ ဖက်ရှင်မမက မောင်လေးအတွက်ပဲကွယ်။ မမကို နားလည်ပါနော်။ ဆိုပြီး ငိုပြတယ်။ လယ်မြေတွေ ပြန်ကို ရစေရမယ် ဆိုပြီး ကတိပေးပါတယ်။ လုထူလည်း ကြိုးစားပေါ့လို့ ဆိုတယ်။ မျက်လုံးစိမ်း ခွေးကြီးကိုလည်း ယဉ်ကျေးအောင် လုပ်ပေးဦးမှာတဲ့။ မောင်လုထူ မမကို ချစ်နေသေးသရွေ့ မမက အမြဲကြိုးစားပေးနေမှာတဲ့။ ******* ယူတာက ယူပေါ့ဗျာ။ အခုဟာက စိန်တုံးကြီးရဲ့ ဒုတိယမယား ဆိုတော့ ဘယ်လို ခံစားရမှန်း မသိတော့ဘူး။ မောင်လုထူ တွေးနေမိတယ်။ “ဒါက မောင်လေးအတွက်ပဲကွယ်။ စိတ်ရှည်မှပေါ့။ မမနဲ့ ပူးပေါင်းမှပေါ့” ချစ်တဲ့အတွက် ခေါင်းညိတ်လိုက်တယ်။ ရင်ထဲကတော့ မကျေနပ်။ ******* “ဘကြီးအောင် ညာတယ်။ အဲလေ ... မမ ညာတယ်” မောင်လုထူ အော်ပစ်လိုက်တယ်။ တနေ့ မမကို ပြန်ရအောင် လုပ်မယ်ဟု ဆုံးဖြတ်လိုက်တယ်။ လယ်မြေတွေ ပြန်ရအောင်လည်း နယ်ပိုင်ကြီးဆီမှာ အရေးဆိုရဦးမယ်။ မမက ဘယ်လိုကူညီမလဲ။ လောလောဆယ်တော့ နယ်ပိုင်ကြီးပေးတဲ့ ရာထူးရသွားသူ။ မျက်လုံးစိမ်းနဲ့ ခွေးကလည်း မာန်ဖီလို့ ကောင်းတုန်း။ ******* အချစ်ဆိုတာ တခါတလေ အသုံးမကျသော အရာတခုဖြစ်တယ်လို့ မောင်လုထူ မှတ်ချက်ချလိုက်တယ်။ မမကို ဆုံးရှုံးလိုက်ရပေမယ့် အချစ်ကတော့ ရှင်သန်နေဆဲ ...။ (ပြည်တွင်းဖြစ် အပေါစား အချစ်ဝတ္ထုတပုဒ်ဖြစ်တဲ့ စာရေးဆရာမကြီး အိုပန်းချယ်ရီအွန်အွန်မောဇာခြည်ရဲ့ “ထွေလီပွေလီ ရှုပ်တယ် ... လူညာတွေကြားက ဖက်ရှင်မမရယ်” ဆိုသော ဘုတ်အုတ်ပါ အကြောင်းအရာများကို မှီငြမ်းရေးသားအပ်ပါ၏။) ယာမားရှီး ၉-၅-၂၀၁၂

21 March, 2012

တရားစီရင်ခြင်း ဆောင်ရွက်ပုံအဆင့်ဆင့်အကြောင်း သိကောင်းစရာ

(ရွှေချိန်ခွင်)  အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ - ၂၂ ၊ ၃၊ ၂၀၁၂)

တရားစီရင်ရေးတွင်
(၁) ပြစ်မှုဆိုင်ရာအမှုများ
(၂) တရားမ ဆိုင်ရာအမှုများ ဟူ၍ နှစ်မျိုး ရှိပါသည်။

ပြစ်မှုဆိုင်ရာအမှုများမှာ လူပုဂ္ဂိုလ်နှင့် သက်ဆိုင်ပြီး တရားမဆိုင်ရာအမှုများမှာ မူကား ပိုင်ဆိုင်မှုပစ္စည်းများ၊ ငွေကြေးများနှင့် သက်ဆိုင်ပါသည်။ ပြစ်မှုဆိုင်ရာအမှုများမှာ လူပုဂ္ဂိုလ်နှင့် သက်ဆိုင်သောကြောင့် ပြစ်မှုဆိုင်ရာ အမှုများအကြောင်းကို ထဲထဲဝင်ဝင် မဟုတ်သည့်တိုင် ယေဘုယျအားဖြင့် သိထားသင့်သည်ဟု ထင်မြင်မိပါသည်။
သို့အတွက် ပြစ်မှုဆိုင်ရာအမှုများ စစ်ဆေးစီရင်ခြင်းအကြောင်းကို ဗဟု သုတအလို့ငှာ တင်ပြလိုက်ပါသည်။
ရာဇသတ်ကြီးဥပဒေ (The Penal Code) ကို အများသိပြီးဖြစ်ပါသည်။
ယခင်က ရာဇ၀တ်မှုဟု သုံးနှုန်းခဲ့ပါသည်။
ယခုအခါ ပြစ်မှုဆိုင်ရာအမှုဟု ခေါ်ဝေါ်သုံးနှုန်းလျက်ရှိပါသည်။
ပြစ်မှုဆိုင်ရာအမှုကို မည်သို့မည်ပုံ စစ်ဆေးဆောင်ရွက်ကြောင်း အကျဉ်း ချုပ် တင်ပြလိုပါသည်။
ပြစ်မှုဆိုင်ရာအမှုတွင် ပထမဦးဆုံး စတင်သည်မှာ ပထမသတင်းပေး တိုင်ချက် (First Information Report) ပင် ဖြစ်ပါသည်။
ပထမသတင်း ပေးတိုင်ချက် မည်သို့ပြုလုပ်ရကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ တွင် ပြဋ္ဌာန်းထားပါသည်။
'သတင်းပေး တိုင်ချက်ကို ရဲစခန်းမှူးထံ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်တန်းနိုင်သည်' ဟူ၍ ပြဋ္ဌာန်းထားပါသည်။
ရဲစခန်းမှူးထံ တိုင်ကြားရာတွင် တိုင်ချက်ကို ရဲတပ်ကြပ် ကြီး (စာရေး) (ယခင်အခေါ် ဂါတ်စာရေး) က ရေးမှတ်ယူပါသည်။
ထို့နောက် ရဲစခန်းမှူးက ကိုယ်တိုင်ဖြစ်စေ၊ ဒုရဲအုပ် တစ်ဦးဦးကိုဖြစ်စေ တာဝန်ပေးပြီး အမှုကို စုံစမ်းစစ်ဆေးပါသည်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၂ အရ သက်သေ များအား စစ်မေးခြင်းပြုလုပ်ပါသည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၀၃ အရ သက်သေခံပစ္စည်း သိမ်းဆည်းခြင်း ပြုလုပ်ပါသည်။
ထိခိုက်ဒဏ်ရာရသည့် အမှုဖြစ်ပါက ဒဏ်ရာရသူကို ဆေးစာနှင့် အတူ ဆေးရုံသို့ပို့ပြီး စစ်ဆေးခြင်း၊ ဆရာဝန်၏ ထင်မြင်ချက်ကို တောင်းခံ ခြင်းများ ပြုလုပ်ရပါသည်။
ပြစ်မှုကျူးလွန် သူကို ဖမ်းဆီးရပါသည်။
တရားခံအား ၂၄ နာရီထက် ပိုမိုချုပ် နှောင်ထားရန် လိုအပ်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၇ အရ အနီးဆုံး တရားသူကြီး ထံ တရားခံအား တင်ပို့၍ ချုပ်ရမန် တောင်းခံရပါသည်။
ယင်းနောက် မြို့နယ်ဥပဒေအရာရှိ ထံ ရဲစက္ကူများ ပေးပို့ပြီး အကြံပြုချက် တောင်းခံရပါသည်။
အကြံပြုချက်ရရှိပြီး ပါက အမှုကို ပြည့်စုံစွာ တည်ဆောက်ပြီး တရားရုံးသို့ စွဲတင်ရပါသည်။
ပြစ်မှုကြီး များကို ခရိုင်တရားရုံးသို့ တင်ပို့ပြီး ကျန်ပြစ်မှုများကို မြို့နယ်တရားရုံးသို့ စွဲတင်ရပါသည်။
ဆိုင်ရာတရားရုံးက ရဲစွဲချက်တွင် ဖော်ပြပါရှိသော တရားလိုပြသက်သေ များကို ရဲပုံစံ ၁၀၄ ဖြင့် ဆင့်ခေါ်ပြီး စစ်ဆေးပါသည်။
ထိုသို့စစ်ဆေးရာတွင် သက်သေခံဥပဒေပုဒ်မ ၁၃၈ ပါ အစီ အစဉ်အတိုင်း ဥပဒေအရာရှိက ဦးစွာ ပထမ အဓိကစစ်မေးခြင်းပြုပြီး တရားခံ ရှေ့နေက ပြန်လှန်စစ်ဆေးပါသည်။
သက်သေ၏ ထွက်ဆိုချက်တွင် ရှုပ်ထွေး နေပါက မြို့နယ်ဥပဒေအရာရှိက ပြန်ရှင်း စစ်မေးခြင်း (နောက်ထပ်စစ်မေးခြင်း) ကို ပြုလုပ်ပါသည်။
လိုအပ်လျှင် တရားသူကြီးက (ရုံးမေး) ဟူ၍ မေးမြန်းပါ သည်။
ထိုသို့စစ်မေးနေ စဉ် တရားလိုပြ သက်သေ အကုန်မ စစ်ဆေးရသေးမီ ဖြစ်စေ၊ အကုန် စစ်ဆေးပြီးနောက်ဖြစ်စေ တရားခံ သည် ပြစ်မှုတစ်ခုခုနှင့် ငြိစွန်းကြောင်း ပေါ်ပေါက်ပါက တရားခံအား စွဲချက် တင်ပါသည်။
ငြိစွန်းကြောင်း ပေါ်ပေါက် ခြင်းမရှိပါက စွဲချက်မတင်မီ (တရားရှင်)လွှတ်ပါသည်။
စွဲချက်တင်ခဲ့ပါက တရားခံဘက်ကို စစ်ဆေးပါသည်။
ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခြင်းမရှိပါက အမှုမှ အပြီးအပြတ် (တရားသေ)လွှတ်ပါသည်။
ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက တရားခံ အား ပြစ်မှုထင်ရှား စီရင်ပါသည်။
အမှုစစ်တရားသူကြီးသည် အမှုတွဲ တွင် ပေါ်ပေါက်ချက်အပေါ်တွင်သာ သုံးသပ် ဆုံးဖြတ်ရပါသည်။
ဤသည်မှာ ပြစ်မှုဆိုင်ရာအမှုများကို ဆောင်ရွက်ပုံအဆင့်ဆင့်၏ အကျဉ်းချုပ် ဖြစ်ပါသည်။
ယင်းကဲ့သို့ တရားစီရင်ခြင်းကို ဆောင် ရွက်ကြရာ၌ အောက်ပါပုဂ္ဂိုလ်များက ကဏ္ဍအလိုက် ဆောင်ရွက်ကြပါသည်။
၎င်းတို့မှာ - ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိ၊ ဆရာဝန်၊ ဓာတုဗေဒ၀န်၊ ရဲမှုခင်းတပ်ဖွဲ့ (စီအိုင်ဒီ)၊ သက်သေများ၊ ရှေ့နေ၊ တရားသူကြီးတို့ ဖြစ်ပါသည်။
ရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တရားစွဲ အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
အမှုကို ဖော်ထုတ်သူများ ဖြစ်သောကြောင့် လွန်စွာ အရေးပါသောအပိုင်းကို ထမ်းဆောင်ကြသူများ ဖြစ်ပါသည်။
မျက်မြင်သက်သေများ၊ နားကြားသက် သေများ၊ အမှန်ကို ပြောဆိုမည့် သက်သေ များကို ရှာဖွေစုံစမ်းပြီး စစ်ချက်ယူရ သကဲ့သို့ သက်သေခံပစ္စည်းများ သိမ်း ဆည်းခြင်း၊ တရားခံကို ဖော်ထုတ်ဖမ်းဆီး ခြင်းများ ပြုလုပ်ရပါသည်။
လူနာကို ဆေးရုံသို့ပို့ခြင်း၊ သက်သေခံပစ္စည်းကို ဓာတ်ခွဲစမ်းသပ်ရန် ဓာတုဗေဒ၀န်ရုံးသို့ ပို့ခြင်း စသည့် ရဲလုပ်ငန်းများကို အပြည့် အစုံ လုပ်ရပါသည်။
ဥပဒေအရာရှိ အမှုစစ်ရဲအရာရှိက အမှုတည် ဆောက်ပြီးနောက် ရဲစက္ကူများကို ဥပဒေ အရာရှိထံ ပေးပို့ပြီး အကြံပြုချက်တောင်း ခံပါသည်။
ဥပဒေအရာရှိက ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အကြံပေး ခြင်းကို ဆောင်ရွက်ပါသည်။
တရားရုံးသို့ အမှုစွဲတင်သည့်အခါတွင်လည်း ရဲစက္ကူ များကို ကိုင်ဆောင်၍ အမှုမှ သက်သေ များကို စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ပါ သည်။
တစ်နည်းအားဖြင့် တရားလိုဘက် မှ လိုက်ပါဆောင်ရွက်ခြင်း ဖြစ်ပါသည်။
အမှုမှန်ပေါ်ပေါက်စေရေး ဦးတည်ချက် ဖြင့် လိုက်ပါဆောင်ရွက်ရပါသည်။ အမှန် တရားပေါ်ပေါက်လာစေရန် ဆောင် ရွက်ရသဖြင့် ဥပဒေအရာရှိသည်အရေး ပါသောကဏ္ဍကို ဆောင်ရွက်ကြောင်း သိနိုင်ပါသည်။
ဆရာဝန် ရဲက ဆေးစာဖြင့် တင်ပို့လာသော လူနာကို ဆေးကုသပေးရသည့်အပြင် ဒဏ်ရာသည် ပြင်းထန်ဒဏ်ရာဖြစ်သည် သို့မဟုတ် သာမန်ဒဏ်ရာဖြစ်သည် စသည်ဖြင့် ထင်မြင်ချက်ပေးရပါသည်။
ဒဏ်ရာအခြေအနေပေါ်မူတည်လျက် ပုဒ်မအကြီး၊ အသေး ဖြစ်ပေါ်ရပါသည်။
မုဒိမ်းမှုများတွင် ကာယကံရှင်မိန်းကလေး သည် လတ်တလော ကာမစပ်ယှက်ခံ ထားရခြင်းရှိ၊ မရှိ ဆေးစစ်ဆေးရပါ သည်။
ထိုသို့ မစစ်ဆေးမီ မိန်းကလေး အား ဦးစွာမြို့နယ်တရားသူကြီးထံပို့၍ ဆေးစစ်ဆေးခွင့်တောင်းခံရန် လို ကြောင်း ရဲလက်စွဲအပိုဒ် ၁၇၇၀ တွင် ညွှန် ကြားထားပါသည်။
မုဒိမ်းမှုများတွင် အများအားဖြင့် မျက်မြင်သက်သေမရှိ နိုင်ပါ။
သို့ဖြစ်၍ ဆရာဝန်၏ ဆေးစာမှာ အမှုတွင် မည်မျှအရေးကြီးကြောင်း သိ နိုင်ပါသည်။
ဓာတုဗေဒ၀န် ဓာတုဗေဒ၀န်မှာလည်း အရေးကြီး သော အပိုင်းကို ထမ်းဆောင်ရပါသည်။
မူးယစ်ဆေးဝါးမှုများတွင် တရားခံသည် မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ၊ မရှိသိနိုင်ရန် ၎င်း၏ ဆီးနမူနာကို ဆရာဝန်ကရယူပြီး ဓာတုဗေဒ၀န်ထံ ပေးပို့စစ်ဆေးပါသည်။
ဆီးထဲတွင် မူးယစ်ဆေးဝါးအာနိသင် ရှိ၊ မရှိ ဓာတုဗေဒ၀န်က စစ်ဆေးပြီး ဆရာဝန်ထံ ပြန်ကြားရပါသည်။
သို့ဖြစ် ၍ တရားခံသည် မူးယစ်ဆေးဝါးသုံးစွဲ ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရာ၌ ဓာတုဗေဒ၀န်ရုံး ၏ စစ်ဆေးချက်သည် အဓိကကျ ကြောင်း တွေ့နိုင်ပါသည်။
၎င်းအပြင် လူသတ်မှုများတွင် သက်သေခံဓား၊ တုတ် တို့၌ သွေးရှိ၊ မရှိ စမ်းသပ်ပြီး ဆိုင်ရာ ရဲစခန်းသို့ ပြန်ကြားရပါသည်။
မုဒိမ်းမှု များတွင်လည်း တရားခံ၏ အ၀တ် အစားနှင့် မိန်းကလေး၏ အ၀တ်အစား များတွင် သုက်ရည်၊ သုက်ပိုးတွေ့၊ မတွေ့ ဓာတုဗေဒ၀န်ရုံးက စစ်ဆေးရပါသည်။
သို့ဖြစ်ရာ ဓာတုဗေဒ၀န်ရုံး၏ စစ်ဆေး ပြန်ကြားချက်သည် အမှုတွင် အမှန် တရားကို ရှာဖွေရာ၌ လွန်စွာအဖိုးတန် လှပါသည်။
ရဲမှုခင်းတပ်ဖွဲ့(စီအိုင်ဒီ) ရဲမှုခင်းတပ်ဖွဲ့(စီအိုင်ဒီ)သည် အချို့ သော အရေးကြီးအမှုများကိုဖော်ထုတ် ရသော လုပ်ငန်းကို ဆောင်ရွက်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း လက်ရေး၊ လက်မှတ်၊ လက်ဗွေများကို စစ်ဆေးပြန် ကြားပေးရပါသည်။
ပြစ်မှုများတွင် သာမကဘဲ တရားမ မှုများတွင် စာချုပ်စာတမ်းတစ်ခုတွင် ရေးသားထားသော၊ ရေးထိုးထားသော လက်မှတ်၊ လက်ဗွေ တို့အပေါ် စစ်ဆေး ပြန်ကြားပေးသည့် အလုပ်ကိုလည်း လုပ်ပါသည်။
သို့ဖြစ်၍ ရဲမှုခင်းတပ်ဖွဲ့(စီအိုင်ဒီ) သည် ပြစ်မှုများကို ဖော်ထုတ်ရာတွင် အရေးပါသော တာဝန်ကိုထမ်းဆောင် နေကြောင်းမြင် သာပါသည်။
သက်သေများ အမှု၏ အဓိကကျောရိုးမှာ သက်သေများ ဖြစ်ပါသည်။
သက်သေများက အမှန် ကို ထွက်ဆိုကြလျှင် အမှုမှန်ဖော်ထုတ် ရာတွင် လွယ်ကူပါသည်။ သက်သေများ က အမှန်ကို ထုတ်ဖော်ထွက်ဆိုခြင်း မရှိ လျှင် အမှုမှန်ဖော်ထုတ်ရာ၌ ခဲယဉ်းတတ် ပါသည်။
အမှန်တရားသည် သက်သေ များ၏ ဖြောင့်မတ်မှန်ကန်မှုအပေါ် များစွာမူတည်ပါသည်။
သို့ဖြစ်၍လည်း သက်သေများကို ကျမ်းကိုင်ပြီး ထွက်ဆို စေခြင်း ဖြစ်ပါသည်။
တရားခံမှာ မိမိ၏ ဆွေမျိုး၊ မိတ်ဆွေဖြစ်သောကြောင့် လိမ် လည်ထွက်ဆိုသကဲ့သို့ တရားခံကို မုန်းတီးသောစိတ်ကြောင့် ပိုပိုသာသာ ထွက်ဆိုသူများလည်း ရှိတတ်ပါသည်။
အချို့က အသက်အန္တရာယ်စိုးရိမ်သဖြင့် အမှုကို မထွက်ဆိုဝံ့သကဲ့သို့ အချို့က လည်း အဖြစ်အပျက်ကို မသိဘဲ ကောလာဟလကို အမှန်ဟု ရမ်းသမ်း ထွက်ဆိုကြသူများလည်း ရှိတတ်သည်။
အမှုစီရင်ဆုံးဖြတ်ရာတွင် သက်သေ များ၏ ထွက်ဆိုချက်ကို အခြေခံပြီး ဆုံးဖြတ်ရသောကြောင့် သက်သေများ သည် ဖြောင့်မတ်ကြ ရန် လိုကြောင်း တွေ့ နိုင်ပါသည်။
သက်သေများသည် တရား စီရင်ခြင်း၏ အဓိကဇာတ်ကောင်များဟု ပင်ခေါ်ဆိုနိုင်ပါသည်။
ရှေ့နေများ ရှေ့နေများသည်လည်း အလွန်အရေး ပါသော တာဝန်ကိုထမ်းရွက်ကြရပါ သည်။ အမှန်တရားကို ဖော်ထုတ်ရာ တွင် ရှေ့နေများက မေးခွန်းများကို ဥပဒေဘောင်အတွင်းမှ ဉာဏ်ပညာဖြင့် မေးမြန်းဖော်ထုတ်ရပါသည်။
ကြောက်ရွံ့ နေသော သက်သေများ၊ လိမ်လည်နေ သော သက်သေများ၊ ထိမ်ချန်ထွက်ဆို နေသော သက်သေများကို ပညာဉာဏ် ဖြင့် မေးမြန်းဖော်ထုတ်ရပါသည်။
လိမ် လည်ထားသည်ကို ပေါ်လွင်ရန်၊ ဖုံးကွယ် ထားသည်ကို ဖော်ထုတ်ရန်၊ ကွေ့ ကောက်နေသည်ကို ဖြောင့်မတ်လာစေ ရန် ဉာဏ်ပညာဖြင့် ဆောင်ရွက်ကြပါ သည်။
ရှေ့နေများ၏ ဉာဏ်ပညာထက် မြက်လျှင် ထက်မြက်သလောက် အမှန် ကို ဖော်ထုတ်နိုင်ပါသည်။ သို့ဖြစ်ပေရာ တရားစီရင်ခြင်း ဖြောင့်မတ်ရန်အတွက် ဆောင်ရွက်ရာ တွင် ရှေ့နေများ၏ ဉာဏ်ပညာကြီးမား မှုက မည်မျှအရေးပါပုံကို သိမြင်နိုင်ပါ သည်။
တရားသူကြီး အမှုတစ်ခုလုံး၏ အဆုံးသတ်အပိုင်း ကို ဆောင်ရွက်ရသူ ဖြစ်ပါသည်။
အမှု တွဲတွင် ပေါ်ပေါက်ချက်ကိုသာ သုံးသပ် ဆုံးဖြတ်ခွင့် ရှိပါသည်။ အမှုတွဲတွင် ပေါ်ပေါက်ခြင်းမရှိသော အချက်များကို အခြေခံပြီး ဆုံးဖြတ်ခွင့်မရှိပါ။
နှစ်ဖက် အမှုသည်များကတင်ပြကြသော သက် သေခံ အထောက်အထားများအနက် သက်သေခံဥပဒေနှင့် ကိုက်ညီသော အချက်အလက်များကိုသာ ထည့်သွင်း သုံးသပ်ခွင့်ရှိပါသည်။
ဥပဒေနှင့် ကိုက် ညီခြင်းမရှိသည်ကို ပယ်ပြီး ဥပဒေနှင့် ကိုက်ညီသည့်အချက်များကိုသာ လက်ခံ ရပါသည်။
တစ်နည်းအားဖြင့် တရား သူကြီး၏ လုပ်ပိုင်ခွင့်ကို သက်သေခံ ဥပဒေဖြင့် ဘောင်ခတ်ထားသည်ဟု ဆို နိုင်ပါသည်။
သက်သေခံဥပဒေနှင့် ညီညွတ်သော တင်ပြချက်များအပေါ် အခြေခံပြီး ဆုံးဖြတ်ရာတွင်လည်း ပြဋ္ဌာန်းဥပဒေ၊ ကျင့်ထုံးဥပဒေ၊ နည်းဥပဒေ၊ စီရင်ထုံး ဥပဒေလမ်းညွှန်ချက်၊ တရားရုံးများ လက်စွဲများနှင့် ခြုံငုံသုံးသပ်ဆုံးဖြတ်ရပါ သည်။
တရားဥပဒေနှင့် ညီညွတ်ရမည့် အပြင် မျှတမှုရှိရန်လည်း ထည့်သွင်း စဉ်းစားရပါသည်။
သို့ဖြစ်ရာ တရားစီရင်ခြင်း၏ အဆုံး သတ်အပိုင်းကို ဆောင်ရွက်ကြရသော တရားသူကြီး၏ လုပ်ငန်းတာဝန် မည်မျှ ကြီးမားပုံကို သိနိုင်ပါသည်။
ဤသည်မှာ ပြစ်မှုဆိုင်ရာအမှုများကို တရားစီရင်ရာ၌ ဆောင်ရွက်ပုံအဆင့် ဆင့်၏ အကျဉ်းချုပ်နှင့် တရားစီရင်ခြင်း တွင် မည်သူက မည်သည့်အပိုင်းကို တာဝန်ယူကြရကြောင်းသိရှိရန် ဗဟုသုတ အလို့ငှာ တင်ပြလိုက်ရပါသည်။

07 March, 2012

လက်နက်မှသည် Laptop သို့ ( သို့မဟုတ် ) Laptop သမားများကိုလည်း လက်နက်ကိုင်ဖို့



လက်နက်မှသည် Laptop သို့ ( သို့မဟုတ် ) Laptop သမားများကိုလည်း လက်နက်ကိုင်ဖို့ နိုင်ငံရေးအခြေအနေများက တွန်းမပို့သင့်တော့ပါ.....တိုင်းပြည်၏ စီးပွားရေးကို ချောက်ထဲတွန်းပို့နေသည့် အဓိက တရားခံမှာ နှစ်ပေါင်းများ စွာ တောက်လောင်နေသော ရေရှည် ပြည်တွင်းစစ်ဖြစ်သည်ဟု ဆိုလျှင်မည်သူ မှ ငြင်းချက်ထုတ် လိမ့်မည် မထင်ပါ၊ လွတ်လပ်ရေးတိုက်ပွဲဝင် ကာလမှသည် ယနေ့ အချိန်ထိ တိုင်းပြည်သည် ပြည်တွင်းစစ် ဒဏ်ကို အလူးအလဲခံနေရပြီး ခေတ်အ ဆက်ဆက်အစိုးရများမှ စစ်အသုံးစရိတ်အား အဆမတန် သုံးစွဲခဲ့ကြသည် ။စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးမရှိလျှင် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို အင်တိုက်အားတိုက် လုပ်ကိုင်နိုင်မည်မဟုတ်ပါ ။ ထို့ကြောင့် ဦးသိန်းစိန် ဦးဆောင်သော လက်ရှိအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ညီရင်းအကို ပမာ ပွင့်ပွင့်လင်းလင်းစားပွဲဝိုင်း တွင်တွေ့ဆုံ  ဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ညှိနှိုင်း အဖြေရှာရပေမည် ။ သမ္မတကြီး ဦးသိန်စိန်မိန့်ခွန်းတွင် အလေး အနက် ပြောကြားခဲ့သော လက်နက်ကိုင် တိုင်းရင်းသားလူငယ်များ လက်နက်ကိုင်နေခြင်း မှသည် Laptop ကိုင်ဖို့ မြန်မာပြည်ကို ထာဝရငြိမ်းချမ်းရေး တည်ဆောက်မည့်အဆို သည် ကောင်းမွန်လှပေသည်။ဖြစ်နိုင်လျှင်စစ်မှန်သော  ပြည်တွင်းငြိမ်းချမ်းရေးရရှိလာပါက မြန်မာစစ်တပ်ကို လျော့ချပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မြန်မာစစ်သားများ Laptop ကိုင်တာကိုလည်း မြင်ချင်ပါသည် ။ မြန်မာပြည်တွင် တိုင်းပြည်၏ ဆိုးကျိုးများကို ဖန်တီးနေသော ပြည်တွင်းစစ်မှသည် တိုင်းပြည်အား တိုးတက်ဖွံ့ဖြိုးရေးလမ်းကို ဖော်ဆောင် မည့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်မှသာ တိုင်းရင်းသားပြည်သူတစ် ရပ်လုံး ရင်ဆိုင်နေရသော နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး အထွေထွေ အကြပ်အတည်း ဒုက္ခ ပေါင်းစုံမှ လွတ်မြောက်နိုင်ပေ မည် ။ တခြားတစ်ဖက်တွင်လည်း တရားဥပဒေ စိုးမိုးရေးအပါ အ၀င် ပင်လုံစိတ်ဓာတ်ဖြင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်ချင်သည့်ဒီမိုကရေစီလူထု  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အနာဂတ်ငြိမ်းချမ်းရေးလမ်းကို တူညီတာအား တွဲလုပ်လိုသည့် ဦးသိန်းစိန်အနေဖြင့် အတူတကွ လျှောက်လှမ်းသင့်ပေသည် ။

06 March, 2012

ရွှေတိဂုံစေတီတော်ကြီးနှင့် အင်္ဂလန်နိုင်ငံသား လူဝင်စားတစ်ဦး၏ ဘ၀ဖြစ်ရပ်မှန်

 သေခါနီးရောက်နေသည့် သတ္တ၀ါသည် မိမိပြုထားသော ကောင်းမှုကံ၊ မကောင်းမှုကံ တစ်ခုခုကို ဖြစ်စေ၊ ထိုကံကိုပြုစဉ်က ကြုံတွေ့ခဲ့ရသော အာရုံကိုဖြစ်စေ၊ ဖြစ်ရမည့် နောင်ဘ၀က အခြေအနေကိုဖြစ်စေ ထင်မြင်စွဲလမ်းလျက်ရှိနေ၏။ ထိုအာရုံကို အလိုမရှိသော်လည်း ထိုအခါမျိုးမှာ ပယ်ဖျောက်၍မရ၊ ထို့ကြောင့် သေခါနီး၌ မိန်းမောတွေဝေနေသော သူတို့တွင် တစ်ချို့မှာ တစ်စုံတစ်ခုကို ပြုလုပ်နေသကဲ့သို့ လည်းကောင်း၊ တစ်ချို့မှာ ၀မ်းသာစရာ ပျော်ရွှင်စရာများ တွေ့နေသကဲ့သို့လည်းကောင်း၊ တစ်ချို့မှာ ကြောက်လန့် စရာ ဘေးရန် များနှင့် တွေ့နေ သကဲ့သို့လည်းကောင်း ထူးထူးခြားခြားဖြစ်နေသည်ကို အနီးအပါးရှိလူများက အထင်ရှားတွေ့ရလေသည်။
တစ်ချို့မှာ မိန်းမောတွေဝေရာက ပြန်လည်သတိရလာသောအခါ “ဘယ်လိုလူက ခေါ်သွားသည် ဘယ်လိုနေရာရောက်သွားသည်” စသဖြင့် လည်း ပြန်လည်၍လည်း ပြောတတ်ကြ၏။ ဤသို့သော အာရုံနိမိတ်တစ်ခုခုကို စွဲလမ်းရင်းပင် နောက်ဆုံးစုတိစိတ်ကလေး ချုပ်ပျက်လျက် သေ သွား၏။ သေ ဆိုသည်မှာလည်း ယခုကြံသိလိုက်သော စိတ်ကလေးတစ်ခု ကုန်ဆုံးသွားခြင်းမျိုးပင်ဖြစ်၏။  ယခုကြံသိနေသော ရှေးရှေး စိတ် များ ကုန်ဆုံးသွားတိုင်း ထိုစိတ်များ၏ အဟုန်ကြောင့် နောက်နောက်စိတ်များ မပြတ်ဆက်စပ်ကာ ဖြစ်နေသကဲ့သို့ စုတိစိတ်ကလေး ပြတ်စဲ သွားသည်နှင့်တပြိုင်နက် သေခါနီးက စွဲလမ်းခဲ့သည့် အာရုံကိုပင် ဆက်လက်ထင်မြင်လျက် ဘ၀သစ်ဌာန၌ စိတ်အသစ်စ၍ ဖြစ်ပေါ်လာ၏။  ( ၁၉၇၇ - ဒီဇင်ဘာလထုတ်၊ မဟာစည်ဆရာတော်ဘုရားကြီး၏ ဘ၀ ပြဿနာ စာ - ၂၆ )

05 March, 2012

အိုင်တီသမားဖြစ်ချင်ရင် ဒါတွေ ခံနိုင်ရည် ရှိပြီလား



Knowledge ခေတ်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တိုင်းမှာ စိမ်ခေါ်မှုတွေ များပြားလာတာ ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပါတယ်။ အထူးသဖြင့် IT နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်သူတိုင်း ပိုသတိထားမှာပါ။ ဘယ်သူဖြစ်ဖြစ် ပညာအလုပ်ရဲ့စိန်ခေါ်မှုတွေကို မခံနိုင်ဘူးဆိုရင် အဲဒီစိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ် နောက်လူတစ်ယောက်အမြဲတမ်းရှိနေမှာပါ။ အဲဒီတော့ ကိုယ်မလုပ်နိုင်ဘူးလား .. ဒါဆို နောက်လုပ်နိုင်မယ့်သူ ကို ခိုင်းမယ်ဆိုမျိုးတွေကြည့်ပါပဲ။


အိုကေ .. ဒါဆို IT မှာ အလုပ်လုပ်မယ့်သူ ဘာတွေပဲ လာလာလုပ်နိုင်ပါတယ်လို့ အာမခံနိုင်အောင် သတိထားရမယ့် အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်တော့ IT နဲ့ အသက်မွေးမှုကို စွန့်လွှတ်လိုက်တာလိုက်တာ ပိုသင့်တော်ပါလိမ့်မယ်။ မစွန့်လွှတ်ချင်ဘူးဆိုရင်တော့ အနည်းဆုံး အချက်ဆယ်ချက်လောက်တော့ ခံနိုင်ရည်ရှိအောင် လုပ်ရပါ့မယ်။ အဲဒါတွေကတော့

အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်ယူခဲ့တဲ့ နိုင်ငံတကာ ခေါင်းဆောင်များ

ဂရိ ၀န်ကြီးချုပ်နှင့် အီတလီ ၀န်ကြီးချုပ်
လစ်ဗျားဝန်ကြီးချုပ် Abeurrahim el-Keib ၊ ဂရိဝန်ကြီးချုပ် Lucas Papademos နဲ့ အီတလီ ၀န်ကြီးချုပ် Mario Monti တို့မှာ တူညီမှု အတော်များများရှိပါတယ်။ အဲဒီခေါင်းဆောင်သုံးဦးဟာ တည်ငြိမ်အေးဆေးသူတွေဖြစ်ပြီး၊ နိုင်ငံရေးသမားတွေ မဟုတ်ဘဲ ပညာရှင် technocrat တွေ ဖြစ်ခြင်းက အဓိက ထူးခြားချက် ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေ မဟုတ်ကြပေမဲ့၊ အခု သူတို့နိုင်ငံတွေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ သူတို့ ပခုံးပေါ် တာဝန်တွေ ပုံကျလာပါတယ်။ သူတို့နိုင်ငံတွေကို ရေထဲမိုးထဲ အခြေအနေကနေ ပြန်ရုန်းထွက်နိုင်အောင် သူတို့ရဲ့ အတတ်ပညာကျွမ်းကျင်မှုနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေက ကူညီနိုင်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ ဒါဖြင့် သူတို့ သုံးဦးက အဲဒီ အတတ်ပညာတွေ ဘယ်ကများ ဆည်းပူးခဲ့တာလဲ။
လစ်ဗျားဝန်ကြီးချုပ် El-Keib က ၁၉၇၆ ခုနှစ်မှာ University of California ကနေ အီလက်ထရောနစ် အင်ဂျင်နီယာ မာစတာဘွဲ့ ရခဲ့ပါတယ်။ ၁၉၈၄ မှာ North Carolina State University ကနေ အီလက်ထရောနစ် အင်ဂျင်နီယာ ဒေါက်တာဘွဲ့ကို "capacitive compensation planning and operation for primary distribution feeders." စာတမ်းနဲ့ ထပ်ရရှိခဲ့ပါတယ်။ University of Alabama မှာ နှစ် ၂၀ လောက် ဆရာလုပ်ခဲ့ပြီး၊ အခု လစ်ဗျား ကြားဖြတ်အစိုးရ ၀န်ကြီးချုပ် ဖြစ်လာပါတယ်။
လက်ရှိ ဂရိဝန်ကြီးချုပ် Papademos က ရူပဗေနဲ့ အီလက်ထရောနစ် အင်ဂျင်နီယာ မာစာတာဘွဲ့ကို ဂရိ တက္ကသိုလ်တွေက ရခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာ အမေရိကန် MIT နည်းပညာတက္ကသိုလ်ကနေ စီးပွားရေး ဒေါက်တာဘွဲ့ရခဲ့ပါတယ်။ ကိုလံဘီယာနဲ့ ဟားဗတ်တက္ကသိုလ်တွေမှာ ဆရာလုပ်ခဲ့ပြီးနောက် ဂရိဘဏ်နဲ့   ဥရောပဗဟိုဘဏ်မှာ အရာရှိတာဝန်ယူခဲ့ပါတယ်။
အီတလီဝန်ကြီးချုပ် Monti ကတော့ အီတလီ တက္ကသိုလ်ကြီးသုံးခုမှာ  ပညာ ဆည်းပူးခဲ့ပြီးနောက် အမေရိကန် ယေးလ် တက္ကသိုလ်မှာ စီးပွားရေးပညာ သင်ယူခဲ့ပါတယ်။ အီတလီ Bocconi University တက္ကသိုလ်မှာ ပါမောက္ခချုပ် ထမ်းဆောင်ခဲ့ပြီး ဥရောပ ကော်မရှင်နာမင်းကြီးဟောင်းလည်း ဖြစ်ပါတယ်။
ပြောရရင် သူတို့ သုံးဦးလုံးဟာ အမေရိကန်တက္ကသိုလ်တွေမှာ ပညာပြည့်အောင် ဖြည့်ဆည်းခဲ့သူတွေ ဖြစ်ပါတယ်။  သူတို့လိုပဲ လက်ရှိ ကမ္ဘာ့ခေါင်းဆောင်အချို့ဟာလည်း အမေရိကန် တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ပညာသင်ယူခဲ့ပြီး၊ တက္ကနိုခရက်အဖြစ် အုပ်ချုပ်ရေးယန္တရားမှာ ထမ်းဆောင်နေကြပါတယ်။ အလားတူပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ အစိုးရ ၀န်ကြီးတွေ အများစုဟာလည်း အမေရိကန်တက္ကသိုလ်ဆင်းတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အမေရိကန် တက္ကသိုလ်တွေက ကမ္ဘာရေးရာမှာ ဩဇာရှိနေတာကို ပိုမိုမြင်တွေ့လာရပါတယ်။
အခု ဆက်ပြီး အမေရိကန် တက္ကသိုလ်တွေမှာ ပညာဆည်းပူးခဲ့တဲ့ နိုင်ငံခေါင်းဆောင် (၁၀) ဦးကို လေ့လာကြည့်ရအောင်ပါ။

ဒေါ်စုကိုခရီးဦးကြိုပြုနေမဲ့ ဒီပဲယင်းဝိဥာဉ်ရိပ်တွေထဲက သခင်မီးပွား ခေါ် ဦးထွန်းအောင်ကျော်သို့


  ဒေါ်စုကိုခရီးဦးကြိုပြုနေမဲ့ ဒီပဲယင်းဝိဥာဉ်ရိပ်တွေထဲက သခင်မီးပွား ခေါ် ဦးထွန်းအောင်ကျော်သို့
ကိုထက်

သ္ခင်မီးပွားရေ…. ဒေါ်စုရဲ့စည်းရုံးရေးခရီးစဉ်တဲ့ ။ မန္တလေးနဲ့စစ်ကိုင်းမြို့တွေမှာ မြို့လုံးကျွတ်ကြိုလိုက်ကြတာများဗျာ ။ အဲဒီမြင်ကွင်း ကိုတွေ့ရတော့ ကျွန်တော် သ္ခင်မီးပွားကို သတိရလိုက်တာဆိုတာလေ…။

သ္ခင်မီးပွားသာ သက်ရှိထင်ရှားရှိရင် မန္တလေးမှာထဲက ဒေါ်စုအနားကခွာတော့မှာမဟုတ်ဘူးနော် ။ ဘာလို့လည်းဆိုတော့ သ္ခင်မီးပွား က မုံရွာသားဆိုပေမဲ့ မန္တလေးသားတစ်ပိုင်း ဖြစ်ခဲ့တာကိုး ။ မန္တလေးတစ်မြို့လုံးက NLD ခေါင်းဆောင်တွေ ၊ ကျောင်းသားခေါင်း ဆောင်တွေဆိုတာလည်း သ္ခင်မီးပွားနဲ့မသိသူ ၊ မရင်းနှီးသူ မရှိသလောက်ပဲဟာ ။ နဂိုကထဲကမှ ကျောင်းဆရာပီသစွာ ဟိုလိုလုပ် ၊ ဒီလိုလုပ်နဲ့ ဆရာလုပ်နေရမှကျေနပ်တဲ့သူဆိုတော့ ဒေါ်စုဟောပြောဖို့ ပြင်ဆင်ပေးနေတဲ့သူတွေနားမှာ သူတို့စိတ်တိုပြီးတခုခုပြော အော်လွှတ်တဲ့အထိ ပွစိပွစိလုပ်နေမှာ သေချာလောက်ပါရဲ့ ။

ဒါနဲ့ သ္ခင်မီးပွားဆိုလို့ လူတွေက ဒါရိုက်တာမီးပွားနဲ့မှားနေပါဦးမယ် ။ သ္ခင်မီးပွားဆိုတာက ရောက်လေရာမှာ မီးပွားကျသလို ပြဿနာ တစ်ခုခုဖြစ်ပြီး လောင်တတ်လွန်းလို့ ရဲဘော်ရဲဘက်တွေ ၊ တပည့်ကျော်တွေက ချစ်စနိုးနဲ့ပေးထားတဲ့နာမည်လေ ။ နာမည်ရင်းက ဦးထွန်းအောင်ကျော် ။ ဗမာပြည်နိုင်ငံရေးလောကမှာ ထွန်းအောင်ကျော်တွေအများကြီးရှိတဲ့ထဲက မုံရွာဦးထွန်းအောင်ကျော် ။ ကျူ ရှင်ဆရာ ဦးထွန်းအောင်ကျော် ။ တောတန်းအိုင်ဦးထွန်းအောင်ကျော် ။ (တောတန်းအိုင်ဆိုတာက ဦးထွန်းအောင်ကျော်ရဲ့ မိသားစု တွေ မုံရွာမှာဖွင့်ခဲ့တဲ့ တောတန်းအိုင် ၊ ဒုတိယအိမ် ၊ တမ္ပ၀တီ ဆိုတဲ့ လ္ဘက်ရည်ဆိုင်တွေထဲက မုံရွာနယ်မှာမသိသူမရှိတဲ့ နာမည်) ၊ ၈၈မှာစစ်တပ်အာဏာသိမ်းလို့ ကျောင်းသားတွေတောခိုတော့ အိန္ဒိယနယ်စပ်ကိုရောက်သွားတဲ့ကျောင်းသားတွေကို ကူညီထောက်ပံ့ ခဲ့လို့ ညီအကိုနှစ်ယောက်လုံးထောင်ကျခဲ့ရတဲ့ ဦးထွန်းအောင်ကျော် ။ ၁၇(၁) ၅(ည)ပုဒ်မတွေနဲ့ မုံရွာထောင် ၊ မန္တလေးနန်းတွင်း ထောင် ၊ အိုးဖိုထောင်တွေကို အခေါက်ခေါက်ရောက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ခဲ့တဲ့ ဦးထွန်းအောင်ကျော် ။ မန္တလေး ထောင်မှာ ပထမအကြိမ်ထောင်ငါးနှစ်ကျထဲက ပန်းနာရင်ကြပ်ရောဂါနဲ့ သေမှာပဲလို့မှန်းထားခဲ့ကြပေမဲ့ နောက်ထပ်တစ်ကြိမ်ထပ်ကျ ပြီး ပြန်လွတ်သွားတဲ့အထိ အသက်ဆက်ခဲ့ပြီး ဒေါ်စုရဲ့ဒီပဲယင်းခရီးစဉ်ကျမှ ဒေါ်စုကိုလိုက်အားပေးရင်း ၊ ဒေါ်စုကိုကာကွယ်ရင်း ပိန်လှီချည့်နဲ့တဲ့ခန္ဓာကိုယ်လေးနဲ့မတန်အောင် အရိုက်ခံရတဲ့ဒဏ်ရာဒဏ်ချက်တွေကြောင့် မုံရွာဆေးရုံမှာကျဆုံးခဲ့ရရှာသော အညတ ရသူရဲကောင်း ဦးထွန်းအောင်ကျော် ပါလေ ။

01 March, 2012

မြန်မာနိုင်ငံသားဖြစ်ကြောင်း အသိမှတ်ပြုပေးနေသော မဟာသူဌေးကြီးများ

 
အိမ်နီးနိုင်ငံများဖြစ်သော ထိုင်းနှင့်မလေးရှား တွင်ရှိသော မြန်မာနိုင်ငံသား အလုပ်သမားသည်သန်းပေါင်းများ စွာ ရောက်ရှိနေခြင်း  သည် ယနေ့အထိ စစ်တမ်းကောက်၍ မရ နိုင်ခဲ့ပေ။

                ထိုင်းအစိုးရသည် တရားမ၀င်ခိုးဝင်လာသော မြန်မာ-လာအို-ကမ္ဘောဒီးယား အလုပ်သမား ပေါင်း သန်း ချီသော အရည်အတွက်များအား (၀န်ကြိးချုပ်ဟောင်း ထပ်စင် ချင်န၀တ်)လက်ထက်မှ စပြုပြီး -၀န်ကြီးများ အစည်းအဝေး အတည်ပြုချက်ဖြင့် တရားမ၀င်သော အလုပ်သမားများမှ -စာရင်းဇယားကောက်ယူပြီး အလုပ်ရှင် အလုပ်သမားများအကြား - စနစ်တကျ ထိမ်းသိမ်းနိုင်ရေးအတွက် -ထိုင်းအလုပ်သမား ၀န်ကြိးဌာန အလုပ်သမား ရှာဖွေရေးရုံး၏ ထောက်ခံချက်ဖြစ် -တရားမ၀င်သော လုပ်သားများကို ကျမ္မာရေးစစ်ဆေးပေးခြင်း ။ လူမှုဖူလှုံရေး အက်ဥပဒေ များဖြစ် -အလုပ်သမား များအခွင့်အရေး ခရီးသွားလွယ်ကူစေရေး -အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာများ ကို ဖြေရှင်းနိုင်ရေးအတွက် -TR-38 /1- TT-8 - ပုံစံများအပါအ၀င် -ဆိုင်ရာမှ စက်ရုံ အလုပ်ရုံ ကုမ္မဏီ များနှင့်  ပုဂ္ဂလိက အလုပ်ရှင်များ၏ တောင်းခံချက်များ အပါအ၀င် -ကျဘန်း တရားဝင် အလုပ်သမားဘ၀မှ- တရားဝင်နေထိုင်ခွင့်ပြုလုပ်ပေးခဲ့ပါသည်။