လက်နက်မှသည် Laptop သို့ ( သို့မဟုတ် ) Laptop သမားများကိုလည်း လက်နက်ကိုင်ဖို့ နိုင်ငံရေးအခြေအနေများက တွန်းမပို့သင့်တော့ပါ.....တိုင်းပြည်၏ စီးပွားရေးကို ချောက်ထဲတွန်းပို့နေသည့် အဓိက တရားခံမှာ နှစ်ပေါင်းများ စွာ တောက်လောင်နေသော ရေရှည် ပြည်တွင်းစစ်ဖြစ်သည်ဟု ဆိုလျှင်မည်သူ မှ ငြင်းချက်ထုတ် လိမ့်မည် မထင်ပါ၊ လွတ်လပ်ရေးတိုက်ပွဲဝင် ကာလမှသည် ယနေ့ အချိန်ထိ တိုင်းပြည်သည် ပြည်တွင်းစစ် ဒဏ်ကို အလူးအလဲခံနေရပြီး ခေတ်အ ဆက်ဆက်အစိုးရများမှ စစ်အသုံးစရိတ်အား အဆမတန် သုံးစွဲခဲ့ကြသည် ။စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးမရှိလျှင် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို အင်တိုက်အားတိုက် လုပ်ကိုင်နိုင်မည်မဟုတ်ပါ ။ ထို့ကြောင့် ဦးသိန်းစိန် ဦးဆောင်သော လက်ရှိအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ညီရင်းအကို ပမာ ပွင့်ပွင့်လင်းလင်းစားပွဲဝိုင်း တွင်တွေ့ဆုံ ဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ညှိနှိုင်း အဖြေရှာရပေမည် ။ သမ္မတကြီး ဦးသိန်စိန်မိန့်ခွန်းတွင် အလေး အနက် ပြောကြားခဲ့သော လက်နက်ကိုင် တိုင်းရင်းသားလူငယ်များ လက်နက်ကိုင်နေခြင်း မှသည် Laptop ကိုင်ဖို့ မြန်မာပြည်ကို ထာဝရငြိမ်းချမ်းရေး တည်ဆောက်မည့်အဆို သည် ကောင်းမွန်လှပေသည်။ဖြစ်နိုင်လျှင်စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးရရှိလာပါက မြန်မာစစ်တပ်ကို လျော့ချပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မြန်မာစစ်သားများ Laptop ကိုင်တာကိုလည်း မြင်ချင်ပါသည် ။ မြန်မာပြည်တွင် တိုင်းပြည်၏ ဆိုးကျိုးများကို ဖန်တီးနေသော ပြည်တွင်းစစ်မှသည် တိုင်းပြည်အား တိုးတက်ဖွံ့ဖြိုးရေးလမ်းကို ဖော်ဆောင် မည့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်မှသာ တိုင်းရင်းသားပြည်သူတစ် ရပ်လုံး ရင်ဆိုင်နေရသော နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး အထွေထွေ အကြပ်အတည်း ဒုက္ခ ပေါင်းစုံမှ လွတ်မြောက်နိုင်ပေ မည် ။ တခြားတစ်ဖက်တွင်လည်း တရားဥပဒေ စိုးမိုးရေးအပါ အ၀င် ပင်လုံစိတ်ဓာတ်ဖြင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်ချင်သည့်ဒီမိုကရေစီလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အနာဂတ်ငြိမ်းချမ်းရေးလမ်းကို တူညီတာအား တွဲလုပ်လိုသည့် ဦးသိန်းစိန်အနေဖြင့် အတူတကွ လျှောက်လှမ်းသင့်ပေသည် ။
Search This Blog
07 March, 2012
လက်နက်မှသည် Laptop သို့ ( သို့မဟုတ် ) Laptop သမားများကိုလည်း လက်နက်ကိုင်ဖို့
လက်နက်မှသည် Laptop သို့ ( သို့မဟုတ် ) Laptop သမားများကိုလည်း လက်နက်ကိုင်ဖို့ နိုင်ငံရေးအခြေအနေများက တွန်းမပို့သင့်တော့ပါ.....တိုင်းပြည်၏ စီးပွားရေးကို ချောက်ထဲတွန်းပို့နေသည့် အဓိက တရားခံမှာ နှစ်ပေါင်းများ စွာ တောက်လောင်နေသော ရေရှည် ပြည်တွင်းစစ်ဖြစ်သည်ဟု ဆိုလျှင်မည်သူ မှ ငြင်းချက်ထုတ် လိမ့်မည် မထင်ပါ၊ လွတ်လပ်ရေးတိုက်ပွဲဝင် ကာလမှသည် ယနေ့ အချိန်ထိ တိုင်းပြည်သည် ပြည်တွင်းစစ် ဒဏ်ကို အလူးအလဲခံနေရပြီး ခေတ်အ ဆက်ဆက်အစိုးရများမှ စစ်အသုံးစရိတ်အား အဆမတန် သုံးစွဲခဲ့ကြသည် ။စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးမရှိလျှင် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို အင်တိုက်အားတိုက် လုပ်ကိုင်နိုင်မည်မဟုတ်ပါ ။ ထို့ကြောင့် ဦးသိန်းစိန် ဦးဆောင်သော လက်ရှိအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ညီရင်းအကို ပမာ ပွင့်ပွင့်လင်းလင်းစားပွဲဝိုင်း တွင်တွေ့ဆုံ ဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ညှိနှိုင်း အဖြေရှာရပေမည် ။ သမ္မတကြီး ဦးသိန်စိန်မိန့်ခွန်းတွင် အလေး အနက် ပြောကြားခဲ့သော လက်နက်ကိုင် တိုင်းရင်းသားလူငယ်များ လက်နက်ကိုင်နေခြင်း မှသည် Laptop ကိုင်ဖို့ မြန်မာပြည်ကို ထာဝရငြိမ်းချမ်းရေး တည်ဆောက်မည့်အဆို သည် ကောင်းမွန်လှပေသည်။ဖြစ်နိုင်လျှင်စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးရရှိလာပါက မြန်မာစစ်တပ်ကို လျော့ချပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မြန်မာစစ်သားများ Laptop ကိုင်တာကိုလည်း မြင်ချင်ပါသည် ။ မြန်မာပြည်တွင် တိုင်းပြည်၏ ဆိုးကျိုးများကို ဖန်တီးနေသော ပြည်တွင်းစစ်မှသည် တိုင်းပြည်အား တိုးတက်ဖွံ့ဖြိုးရေးလမ်းကို ဖော်ဆောင် မည့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်မှသာ တိုင်းရင်းသားပြည်သူတစ် ရပ်လုံး ရင်ဆိုင်နေရသော နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး အထွေထွေ အကြပ်အတည်း ဒုက္ခ ပေါင်းစုံမှ လွတ်မြောက်နိုင်ပေ မည် ။ တခြားတစ်ဖက်တွင်လည်း တရားဥပဒေ စိုးမိုးရေးအပါ အ၀င် ပင်လုံစိတ်ဓာတ်ဖြင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်ချင်သည့်ဒီမိုကရေစီလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အနာဂတ်ငြိမ်းချမ်းရေးလမ်းကို တူညီတာအား တွဲလုပ်လိုသည့် ဦးသိန်းစိန်အနေဖြင့် အတူတကွ လျှောက်လှမ်းသင့်ပေသည် ။
06 March, 2012
ရွှေတိဂုံစေတီတော်ကြီးနှင့် အင်္ဂလန်နိုင်ငံသား လူဝင်စားတစ်ဦး၏ ဘ၀ဖြစ်ရပ်မှန်
သေခါနီးရောက်နေသည့် သတ္တ၀ါသည် မိမိပြုထားသော
ကောင်းမှုကံ၊ မကောင်းမှုကံ တစ်ခုခုကို ဖြစ်စေ၊ ထိုကံကိုပြုစဉ်က
ကြုံတွေ့ခဲ့ရသော အာရုံကိုဖြစ်စေ၊ ဖြစ်ရမည့် နောင်ဘ၀က အခြေအနေကိုဖြစ်စေ
ထင်မြင်စွဲလမ်းလျက်ရှိနေ၏။ ထိုအာရုံကို အလိုမရှိသော်လည်း ထိုအခါမျိုးမှာ
ပယ်ဖျောက်၍မရ၊ ထို့ကြောင့် သေခါနီး၌ မိန်းမောတွေဝေနေသော သူတို့တွင်
တစ်ချို့မှာ တစ်စုံတစ်ခုကို ပြုလုပ်နေသကဲ့သို့ လည်းကောင်း၊ တစ်ချို့မှာ
ဝမ်းသာစရာ ပျော်ရွှင်စရာများ တွေ့နေသကဲ့သို့လည်းကောင်း၊ တစ်ချို့မှာ
ကြောက်လန့် စရာ ဘေးရန် များနှင့် တွေ့နေ သကဲ့သို့လည်းကောင်း
ထူးထူးခြားခြားဖြစ်နေသည်ကို အနီးအပါးရှိလူများက အထင်ရှားတွေ့ရလေသည်။
တစ်ချို့မှာ မိန်းမောတွေဝေရာက ပြန်လည်သတိရလာသောအခါ “ဘယ်လိုလူက
ခေါ်သွားသည် ဘယ်လိုနေရာရောက်သွားသည်” စသဖြင့် လည်း ပြန်လည်၍လည်း ပြောတတ်ကြ၏။
ဤသို့သော အာရုံနိမိတ်တစ်ခုခုကို စွဲလမ်းရင်းပင် နောက်ဆုံးစုတိစိတ်ကလေး
ချုပ်ပျက်လျက် သေ သွား၏။ သေ ဆိုသည်မှာလည်း ယခုကြံသိလိုက်သော စိတ်ကလေးတစ်ခု
ကုန်ဆုံးသွားခြင်းမျိုးပင်ဖြစ်၏။ ယခုကြံသိနေသော ရှေးရှေး စိတ် များ
ကုန်ဆုံးသွားတိုင်း ထိုစိတ်များ၏ အဟုန်ကြောင့် နောက်နောက်စိတ်များ
မပြတ်ဆက်စပ်ကာ ဖြစ်နေသကဲ့သို့ စုတိစိတ်ကလေး ပြတ်စဲ သွားသည်နှင့်တပြိုင်နက်
သေခါနီးက စွဲလမ်းခဲ့သည့် အာရုံကိုပင် ဆက်လက်ထင်မြင်လျက် ဘ၀သစ်ဌာန၌
စိတ်အသစ်စ၍ ဖြစ်ပေါ်လာ၏။ ( ၁၉၇၇ - ဒီဇင်ဘာလထုတ်၊ မဟာစည်ဆရာတော်ဘုရားကြီး၏ ဘ၀ ပြဿနာ စာ - ၂၆ )
05 March, 2012
အိုင်တီသမားဖြစ်ချင်ရင် ဒါတွေ ခံနိုင်ရည် ရှိပြီလား
Knowledge ခေတ်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တိုင်းမှာ စိမ်ခေါ်မှုတွေ များပြားလာတာ ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပါတယ်။ အထူးသဖြင့် IT နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်သူတိုင်း ပိုသတိထားမှာပါ။ ဘယ်သူဖြစ်ဖြစ် ပညာအလုပ်ရဲ့စိန်ခေါ်မှုတွေကို မခံနိုင်ဘူးဆိုရင် အဲဒီစိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ် နောက်လူတစ်ယောက်အမြဲတမ်းရှိနေမှာပါ။ အဲဒီတော့ ကိုယ်မလုပ်နိုင်ဘူးလား .. ဒါဆို နောက်လုပ်နိုင်မယ့်သူ ကို ခိုင်းမယ်ဆိုမျိုးတွေကြည့်ပါပဲ။
အိုကေ .. ဒါဆို IT မှာ အလုပ်လုပ်မယ့်သူ ဘာတွေပဲ လာလာလုပ်နိုင်ပါတယ်လို့ အာမခံနိုင်အောင် သတိထားရမယ့် အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်တော့ IT နဲ့ အသက်မွေးမှုကို စွန့်လွှတ်လိုက်တာလိုက်တာ ပိုသင့်တော်ပါလိမ့်မယ်။ မစွန့်လွှတ်ချင်ဘူးဆိုရင်တော့ အနည်းဆုံး အချက်ဆယ်ချက်လောက်တော့ ခံနိုင်ရည်ရှိအောင် လုပ်ရပါ့မယ်။ အဲဒါတွေကတော့
အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်ယူခဲ့တဲ့ နိုင်ငံတကာ ခေါင်းဆောင်များ
လစ်ဗျားဝန်ကြီးချုပ် Abeurrahim el-Keib ၊ ဂရိဝန်ကြီးချုပ် Lucas Papademos နဲ့ အီတလီ ၀န်ကြီးချုပ် Mario Monti တို့မှာ တူညီမှု အတော်များများရှိပါတယ်။ အဲဒီခေါင်းဆောင်သုံးဦးဟာ တည်ငြိမ်အေးဆေးသူတွေဖြစ်ပြီး၊ နိုင်ငံရေးသမားတွေ မဟုတ်ဘဲ ပညာရှင် technocrat တွေ ဖြစ်ခြင်းက အဓိက ထူးခြားချက် ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေ မဟုတ်ကြပေမဲ့၊ အခု သူတို့နိုင်ငံတွေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ သူတို့ ပခုံးပေါ် တာဝန်တွေ ပုံကျလာပါတယ်။ သူတို့နိုင်ငံတွေကို ရေထဲမိုးထဲ အခြေအနေကနေ ပြန်ရုန်းထွက်နိုင်အောင် သူတို့ရဲ့ အတတ်ပညာကျွမ်းကျင်မှုနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေက ကူညီနိုင်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ ဒါဖြင့် သူတို့ သုံးဦးက အဲဒီ အတတ်ပညာတွေ ဘယ်ကများ ဆည်းပူးခဲ့တာလဲ။
လစ်ဗျားဝန်ကြီးချုပ် El-Keib က ၁၉၇၆ ခုနှစ်မှာ University of California ကနေ အီလက်ထရောနစ် အင်ဂျင်နီယာ မာစတာဘွဲ့ ရခဲ့ပါတယ်။ ၁၉၈၄ မှာ North Carolina State University ကနေ အီလက်ထရောနစ် အင်ဂျင်နီယာ ဒေါက်တာဘွဲ့ကို "capacitive compensation planning and operation for primary distribution feeders." စာတမ်းနဲ့ ထပ်ရရှိခဲ့ပါတယ်။ University of Alabama မှာ နှစ် ၂၀ လောက် ဆရာလုပ်ခဲ့ပြီး၊ အခု လစ်ဗျား ကြားဖြတ်အစိုးရ ၀န်ကြီးချုပ် ဖြစ်လာပါတယ်။
လက်ရှိ ဂရိဝန်ကြီးချုပ် Papademos က ရူပဗေနဲ့ အီလက်ထရောနစ် အင်ဂျင်နီယာ မာစာတာဘွဲ့ကို ဂရိ တက္ကသိုလ်တွေက ရခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာ အမေရိကန် MIT နည်းပညာတက္ကသိုလ်ကနေ စီးပွားရေး ဒေါက်တာဘွဲ့ရခဲ့ပါတယ်။ ကိုလံဘီယာနဲ့ ဟားဗတ်တက္ကသိုလ်တွေမှာ ဆရာလုပ်ခဲ့ပြီးနောက် ဂရိဘဏ်နဲ့ ဥရောပဗဟိုဘဏ်မှာ အရာရှိတာဝန်ယူခဲ့ပါတယ်။
အီတလီဝန်ကြီးချုပ် Monti ကတော့ အီတလီ တက္ကသိုလ်ကြီးသုံးခုမှာ ပညာ ဆည်းပူးခဲ့ပြီးနောက် အမေရိကန် ယေးလ် တက္ကသိုလ်မှာ စီးပွားရေးပညာ သင်ယူခဲ့ပါတယ်။ အီတလီ Bocconi University တက္ကသိုလ်မှာ ပါမောက္ခချုပ် ထမ်းဆောင်ခဲ့ပြီး ဥရောပ ကော်မရှင်နာမင်းကြီးဟောင်းလည်း ဖြစ်ပါတယ်။
ပြောရရင် သူတို့ သုံးဦးလုံးဟာ အမေရိကန်တက္ကသိုလ်တွေမှာ ပညာပြည့်အောင် ဖြည့်ဆည်းခဲ့သူတွေ ဖြစ်ပါတယ်။ သူတို့လိုပဲ လက်ရှိ ကမ္ဘာ့ခေါင်းဆောင်အချို့ဟာလည်း အမေရိကန် တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ပညာသင်ယူခဲ့ပြီး၊ တက္ကနိုခရက်အဖြစ် အုပ်ချုပ်ရေးယန္တရားမှာ ထမ်းဆောင်နေကြပါတယ်။ အလားတူပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ အစိုးရ ၀န်ကြီးတွေ အများစုဟာလည်း အမေရိကန်တက္ကသိုလ်ဆင်းတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အမေရိကန် တက္ကသိုလ်တွေက ကမ္ဘာရေးရာမှာ ဩဇာရှိနေတာကို ပိုမိုမြင်တွေ့လာရပါတယ်။
အခု ဆက်ပြီး အမေရိကန် တက္ကသိုလ်တွေမှာ ပညာဆည်းပူးခဲ့တဲ့ နိုင်ငံခေါင်းဆောင် (၁၀) ဦးကို လေ့လာကြည့်ရအောင်ပါ။
ဒေါ်စုကိုခရီးဦးကြိုပြုနေမဲ့ ဒီပဲယင်းဝိဥာဉ်ရိပ်တွေထဲက သခင်မီးပွား ခေါ် ဦးထွန်းအောင်ကျော်သို့
ဒေါ်စုကိုခရီးဦးကြိုပြုနေမဲ့ ဒီပဲယင်းဝိဥာဉ်ရိပ်တွေထဲက သခင်မီးပွား ခေါ် ဦးထွန်းအောင်ကျော်သို့
ကိုထက်
သ္ခင်မီးပွားရေ…. ဒေါ်စုရဲ့စည်းရုံးရေးခရီးစဉ်တဲ့ ။
မန္တလေးနဲ့စစ်ကိုင်းမြို့တွေမှာ မြို့လုံးကျွတ်ကြိုလိုက်ကြတာများဗျာ ။
အဲဒီမြင်ကွင်း ကိုတွေ့ရတော့ ကျွန်တော် သ္ခင်မီးပွားကို သတိရလိုက်တာဆိုတာလေ…။
သ္ခင်မီးပွားသာ သက်ရှိထင်ရှားရှိရင် မန္တလေးမှာထဲက
ဒေါ်စုအနားကခွာတော့မှာမဟုတ်ဘူးေ နာ် ။ ဘာလို့လည်းဆိုတော့ သ္ခင်မီးပွား က
မုံရွာသားဆိုပေမဲ့ မန္တလေးသားတစ်ပိုင်း ဖြစ်ခဲ့တာကိုး ။ မန္တလေးတစ်မြို့လုံးက NLD
ခေါင်းဆောင်တွေ ၊ ကျောင်းသားခေါင်း ဆောင်တွေဆိုတာလည်း သ္ခင်မီးပွားနဲ့မသိသူ ၊
မရင်းနှီးသူ မရှိသလောက်ပဲဟာ ။ နဂိုကထဲကမှ ကျောင်းဆရာပီသစွာ ဟိုလိုလုပ် ၊
ဒီလိုလုပ်နဲ့ ဆရာလုပ်နေရမှကျေနပ်တဲ့သူဆိုတော့ ဒေါ်စုဟောပြောဖို့ ပြင်ဆင်ပေးနေတဲ့သူတွေနားမှာ
သူတို့စိတ်တိုပြီးတခုခုပြော အော်လွှတ်တဲ့အထိ ပွစိပွစိလုပ်နေမှာ သေချာလောက်ပါရဲ့ ။
ဒါနဲ့ သ္ခင်မီးပွားဆိုလို့ လူတွေက
ဒါရိုက်တာမီးပွားနဲ့မှားနေပါဦး မယ် ။ သ္ခင်မီးပွားဆိုတာက ရောက်လေရာမှာ
မီးပွားကျသလို ပြဿနာ တစ်ခုခုဖြစ်ပြီး လောင်တတ်လွန်းလို့ ရဲဘော်ရဲဘက်တွေ ၊
တပည့်ကျော်တွေက ချစ်စနိုးနဲ့ပေးထားတဲ့နာမည်လေ ။ နာမည်ရင်းက ဦးထွန်းအောင်ကျော် ။
ဗမာပြည်နိုင်ငံရေးလောကမှာ ထွန်းအောင်ကျော်တွေအများကြီးရှိ တဲ့ထဲက
မုံရွာဦးထွန်းအောင်ကျော် ။ ကျူ ရှင်ဆရာ ဦးထွန်းအောင်ကျော် ။
တောတန်းအိုင်ဦးထွန်းအောင်ကျော် ။ (တောတန်းအိုင်ဆိုတာက ဦးထွန်းအောင်ကျော်ရဲ့
မိသားစု တွေ မုံရွာမှာဖွင့်ခဲ့တဲ့ တောတန်းအိုင် ၊ ဒုတိယအိမ် ၊ တမ္ပ၀တီ ဆိုတဲ့
လ္ဘက်ရည်ဆိုင်တွေထဲက မုံရွာနယ်မှာမသိသူမရှိတဲ့ နာမည်) ၊ ၈၈မှာစစ်တပ်အာဏာသိမ်းလို့
ကျောင်းသားတွေတောခိုတော့ အိန္ဒိယနယ်စပ်ကိုရောက်သွားတဲ့ကျောင်းသားတွေကို
ကူညီထောက်ပံ့ ခဲ့လို့ ညီအကိုနှစ်ယောက်လုံးထောင်ကျခဲ့ ရတဲ့ ဦးထွန်းအောင်ကျော် ။ ၁၇(၁)
၅(ည)ပုဒ်မတွေနဲ့ မုံရွာထောင် ၊ မန္တလေးနန်းတွင်း ထောင် ၊ အိုးဖိုထောင်တွေကို
အခေါက်ခေါက်ရောက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ် ခဲ့တဲ့ ဦးထွန်းအောင်ကျော် ။
မန္တလေး ထောင်မှာ ပထမအကြိမ်ထောင်ငါးနှစ်ကျထဲက ပန်းနာရင်ကြပ်ရောဂါနဲ့
သေမှာပဲလို့မှန်းထားခဲ့ကြပေမဲ့ နောက်ထပ်တစ်ကြိမ်ထပ်ကျ ပြီး ပြန်လွတ်သွားတဲ့အထိ
အသက်ဆက်ခဲ့ပြီး ဒေါ်စုရဲ့ဒီပဲယင်းခရီးစဉ်ကျမှ ဒေါ်စုကိုလိုက်အားပေးရင်း ၊
ဒေါ်စုကိုကာကွယ်ရင်း ပိန်လှီချည့်နဲ့တဲ့ခန္ဓာကိုယ်လေး နဲ့မတန်အောင် အရိုက်ခံရတဲ့ဒဏ်ရာဒဏ်ချက်တြွေေ ကာင့်
မုံရွာဆေးရုံမှာကျဆုံးခဲ့ရရှာေ သာ အညတ ရသူရဲကောင်း ဦးထွန်းအောင်ကျော် ပါလေ ။
03 March, 2012
02 March, 2012
သျှမ်းပြည်မြောက်ပိုင်း ဂက်စ်ပိုက်လိုင်းပြဿနာ ပြည်နယ်လွှတ်တော်အတွင်းငြင်းခုံဆွေးနွေး
တရုတ်ပြည်သို့ တင်ပို့မည့် ရေနံနှင့် ဂက်စ်ပိုက်လိုင်းဖြတ်သန်းခံရသည့် လယ်ယာမြေများ၏ လျော်ကြေးရရှိမှု၌ တူညီမှု မရှိခြင်း၊ မတရားငွေကြေးဖြတ်စားခံရခြင်းနှင့်ပတ်သက်သည့်မေးခွန်းကို ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ်က ယမန်နေ့အစည်းအဝေး၌ တင်ပြရာ လယ်ယာစိုက်ပျိုးရေးဝန်ကြီးနှင့် ငြင်းခုံပြောဆိုခဲ့ရကြောင်း လွှတ်တော်များ သတင်း ရပ်ကွက်ကဆိုပါသည်။
“ နမ္မတူက နန်းခမ်းအေးရဲ့ မေးခွန်းပေါ့။ လယ်ယာမြေ အသိမ်းခံရတဲ့ဒေသခံတွေရဲ့ လျော်ကြေး ရရှိမှုမတူတာ ၊ မြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်တွေကနေ မတရား ငွေဖြတ်စားခံရတာ စတာတွေကို ခရိုင်ကို ဖြေရှင်းပေးဖို့ ညွှန်ကြားလိုက်ပြီလို့ ဝန်ကြီးက ဖြေတယ်။ ဒါကြောင့် ဒီပြဿနာက ခုထိ မရှင်းသေးဘူး။ လယ်ယာမြေပိုင်ရှင်တွေလဲ ကျေနပ်မှုမရှိသေးဘူး လို့နန်းခမ်းအေးက ပြန်ပြောတော့ ဝန်ကြီးက ဒါ လယ်ယာမြေပိုင်ရှင်တွေက ကျေကျေနပ်နပ်နဲ့ပေးတာလို့ ပြန်ပြောတာ။ ဒီနေ့မှဘဲ လွှတ်တော်ထဲမှာ နိုးနိုးကြားကြားရှိတော့တယ်” ဟု အစည်းအဝေးတက်ရောက်သည့် ကျားဖြူအမတ်တဦးက ပြောသည်။
သျှမ်းပြည်မြောက်ပိုင်း ဂက်စ်ပိုက်လိုင်းပြဿနာ ပြည်နယ်လွှတ်တော်အတွင်း ငြင်းခုံဆွေးနွေး click
- ရခိုင်က တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ရပ်ရန် ကမ္ဘာတလွှား တောင်းဆို click
- ရန်ကုန် ရွှေဂက်စ်လှုပ်ရှားသူများ ခံဝန်လက်မှတ်ထိုးရ click
- ရွှေသဘာဝဓာတ်ငွေ့အကျိုး ခွဲဝေခံစားခွင့်ရရှိရေး ကျောက်ဖြူတွင် လှုပ်ရှားမှုပြုလုပ် click
- ရန်ကုန် ရွှေဂတ်စ်လှုပ်ရှားသူ ၉ ဦး စစ်ဆေးမေးမြန်းခံရ click
- ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့ ထုတ်ပြန်ချက် click
- ဓာတ်ငွေ့ပိုက်လိုင်းကို ၀ိုင်းဝန်း ကန့်ကွက်တဲ့နေ့ (ဓာတ်ပုံသတင်း) click
- ရခိုင်က တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ရပ်ရန် ကမ္ဘာတလွှား တောင်းဆို click
- ရန်ကုန် ရွှေဂက်စ်လှုပ်ရှားသူများ ခံဝန်လက်မှတ်ထိုးရ click
- ရွှေသဘာဝဓာတ်ငွေ့အကျိုး ခွဲဝေခံစားခွင့်ရရှိရေး ကျောက်ဖြူတွင် လှုပ်ရှားမှုပြုလုပ် click
- ရန်ကုန် ရွှေဂတ်စ်လှုပ်ရှားသူ ၉ ဦး စစ်ဆေးမေးမြန်းခံရ click
- ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့ ထုတ်ပြန်ချက် click
- ဓာတ်ငွေ့ပိုက်လိုင်းကို ၀ိုင်းဝန်း ကန့်ကွက်တဲ့နေ့ (ဓာတ်ပုံသတင်း) click
01 March, 2012
ရခိုင်က တရုတ်ဓာတ်ငွေ့ပိုက်လိုင်းရပ်ရန် ကမ္ဘာတလွှားတောင်းဆို
Published on March 1, 2012 by အေးနိုင် ·
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံထဲကို သွယ်တန်းဖောက်လုပ်နေတဲ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ဆိုင်းငံ့ထားဖို့ အဖွဲ့အစည်း ၁၃၀ လောက်က မြန်မာသမ္မတ ဦးသိန်းစိန်ကို တောင်းဆိုလိုက်ပါတယ်။ဒီတောင်းဆိုတဲ့ အဖွဲ့တွေထဲမှာ နိုင်ငံပေါင်း ၂၀ က လူအခွင့်အရေးအဖွဲ့တွေနဲ့ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ ပါဝင်ပြီး ဒီသမ္မတဦးသိန်းစိန်က ကချင်ပြည်နယ် မြစ်ဆုံရေ ကာတာကိုဆိုင်းငံ့သလို ဒီဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကိုလည်း ရပ်နားဖို့ လှုပ်ရှားတာလို့ ဦးဆောင်သူ ကိုဝင်းအောင်က ပြောပါတယ်။
“ဒီစီမံကိန်းကရတဲ့ အကျိုးအမြတ်တွေရယ် အရင်းအမြစ်တွေကို ကျနော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ စွမ်းအင်လိုအပ်ချက်ကို မဖြည့်ဆည်းပေးတဲ့အပြင် လက်တဆုပ်စာ စစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ဒီပိုက်ဆံတွေကို ကြိုက်သလို သုံးနိုင်တယ်ဆိုတဲ့ အနေအထားတခုမှာ ပြဌာန်းထားတာ တွေ့ရတယ်။ ဒါကြောင့် လောလောဆယ် ဒေသခံတွေ အတွက် အကျိုးမရှိတဲ့ ဒီစီမံကိန်းကို ရပ်နားထားဖို့ တောင်းဆိုတာပါ။”
ဒီစီမံကိန်းက ဒေသခံတွေရဲ့ မိရိုးဖလာ လုပ်နေတဲ့ လယ်တွေကို သိမ်းဆည်းပြီး နစ်နာကြေး တခိျု့ပေးပေမယ့် အလုပ်အကိုင်ပျောက်ကုန်တာရယ်၊ ဒေသံတွေဟာ စီမံကိန်းလုပ်ငန်းမှာ ကျောက်သယ်၊ အုတ်သယ်အလုပ်တွေပဲရတာ။ ဒီစီမံကိန်းကနေရလာမယ့် အမေရိကန်ဒေါ်လာ ၃၀ ဘီလျံခန့်ရှိတဲ့ ငွေတွေကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရပဲ လိုသလို သုံးနိုင်ပြီး ဒေသခံတွေအတွက် အကျိုးခံစားခွင့် မပါတာတွေကိုလည်း ရွှေဂတ်စ်ရပ်တန့်ရေး လှုပ်ရှားသူ တွေက ထောက်ပြပြီး ဆန့်ကျင်ကန့်ကွက်ကြပါတယ်။
မတ် ၁ ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် သတ်မှတ်ထားပြီး ဒီစီမံကိန်းရပ်တန့်ဖို့ တိုက်တွန်းတဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်၊ စစ်တွေ၊ ကျောက်ဖြူမြို့ တွေမှာ လုပ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ချင်းမိုင်မြို့်တွေက တရုတ်သံရုံးတွေရှေ့မှာ စီမံကိန်းရပ်ဖို့ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ ဂျပန်၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဥရောပနိုင်ငံတွေမှာလည်း အလားတူ လှုပ်ရှားဖို့အစီအစဉ်တွေ ရှိနေပါတယ်။
ရန်ကုန်မြို့ သာကေတမြို့နယ်က တိုင်းရင်းသားကျေးရွာမှာလည်း ဒီစီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားမှုကို မနက် ၉ နာရီမှာ လုပ်ဆောင်ခဲ့ရာမှာ လှုပ်ရှားသူတွေက ‘ငါတို့သဘာဝဓာတ်ငွေ့၊ ငါတို့အ နာဂတ်္လ ဆိုတဲ့ စာတမ်းပါ တီရှပ်တွေ ဝတ်ဆင်ဝေငှပြီး ပြုလုပ်ခဲ့ပါတယ်။
သာကေတက ရွှေဂတ်စ်လှုပ်ရှားသူတွေကို တိုင်းရင်းသားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကနေ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကို ရဲကခေါ်ဆောင်ပြီး ဒီလှုပ်ရှားမှုကို နောက်နောင်မလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
လှုပ်ရှားမှုလုပ်ပြီး လက်မှတ်ထိုးခဲ့ရသူ မမာက “လက်မှတ်ထိုးရတာက အခုလုပ်တဲ့ စာရွက်ဝေတာတို့၊ တီရှပ်ဝတ်တာတို့ဟာ သူတို့သတ်မှတ်ထားတဲ့ ဥပဒေနဲ့ဆို ငြိတယ်။ ဒီလိုဖြစ်တဲ့ အတွက် တကယ်လို့ အရေးယူမယ်ဆိုရင် အရေးယူနိုင်တယ်။ ဒါကို သိရှိပါတယ်ဆိုတာ လက်မှတ်ထိုးခိုင်းတာပါ” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာလည်း စီမံကိန်းရပ်ရေးလှုပ်ရှားမှုလုပ်ရာမှာ တူညီဝတ်စုံ ဝတ်တဲ့ လူ ၆၀ လောက်လိုက်ပါတဲ့ မော်တော်ကားရဲ့မျက်နှာစာမှာ ရွှေဂက်စ် လှုပ်ရှားမှု စာတမ်းကို ကပ်ပြီး ဘုရားဘက်ကို သွားရောက်ခဲ့ကြတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ
မြန်မာနိုင်ငံသားဖြစ်ကြောင်း အသိမှတ်ပြုပေးနေသော မဟာသူဌေးကြီးများ
အိမ်နီးနိုင်ငံများဖြစ်သော
ထိုင်းနှင့်မလေးရှား တွင်ရှိသော မြန်မာနိုင်ငံသား အလုပ်သမားသည်သန်းပေါင်းများ စွာ ရောက်ရှိနေခြင်း သည် ယနေ့အထိ စစ်တမ်းကောက်၍ မရ
နိုင်ခဲ့ပေ။
ထိုင်းအစိုးရသည်
တရားမ၀င်ခိုးဝင်လာသော မြန်မာ-လာအို-ကမ္ဘောဒီးယား အလုပ်သမား ပေါင်း သန်း
ချီသော အရည်အတွက်များအား (၀န်ကြိးချုပ်ဟောင်း ထပ်စင် ချင်န၀တ်)လက်ထက်မှ
စပြုပြီး -၀န်ကြီးများ အစည်းအဝေး အတည်ပြုချက်ဖြင့် တရားမ၀င်သော
အလုပ်သမားများမှ -စာရင်းဇယားကောက်ယူပြီး အလုပ်ရှင်
် အလုပ်သမားများအကြား - စနစ်တကျ ထိမ်းသိမ်းနိုင်ရေးအတွက် -ထိုင်းအလုပ်သမား
ဝန်ကြိးဌာန အလုပ်သမား ရှာဖွေရေးရုံး၏ ထောက်ခံချက်ဖြစ် -တရားမ၀င်သော
လုပ်သားများကို ကျမ္မာရေးစစ်ဆေးပေးခြင်း ။ လူမှုဖူလှုံရေး အက်ဥပဒေ များဖြစ်
-အလုပ်သမား များအခွင့်အရေး ခရီးသွားလွယ်ကူစေရေး -အလုပ်ရှင်နှင့် အလုပ်သမား
ပြဿနာများ ကို ဖြေရှင်းနိုင်ရေးအတွက် -TR-38 /1- TT-8 -
ပုံစံများအပါအ၀င် -ဆိုင်ရာမှ စက်ရုံ အလုပ်ရုံ ကုမ္မဏီ များနှင့် ပုဂ္ဂလိက အလုပ်ရှင်များ၏ တောင်းခံချက်များ အပါအ၀င် -ကျဘန်း တရားဝင် အလုပ်သမားဘ၀မှ- တရားဝင်နေထိုင်ခွင့်ပြုလုပ်ပေး ခဲ့ပါသည်။
Subscribe to:
Posts (Atom)

