Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

21 January, 2012

- ပြန်လွတ်လာသည့်​ သံဃာများ​ကို သိက္ခာထပ်ပွဲ ကျင်း​ပ​ပေး​မည် click
- ရွှေညဝါဆရာတော် ကျောင်းတိုက်မှ ထွက်ခွာပေးမည်ဟု ဝန်ခံလက်မှတ်ထိုး (ရုပ်သံ) click
- တရားဝင် အကြောင်းကြားစာနှင့် ကျောင်းထဲကို ဝင်လာတာပါဟု မဂ္ဂင်ဆရာတော် ဦးဣန္ဒက မိန့်ကြား click
- လက်နက်ကိုင်တပ်နှင့်​ ဆက်စပ် ဖမ်း​ဆီး​ခံရသူများ​ ပြန်မလွတ်သေး​ click
- ၉၀ အနိုင်ရ တိုင်းရင်းသားပါတီများ မှတ်ပုံတင်ကြမည် click
- ရွေးကောက်ပွဲ မသမာမှုတွေရှိရင် ကန့်ကွက်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၅ မြို့နယ် အစည်းဝေး (ရုပ်သံ) click
- အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် မဲဆွယ်မှု ပဲခူး​တိုင်း​တွင် စတင်လှုပ်ရှား​ click
- ကြားဖြတ်ရွေးကောက်ပွဲမှာ လှည်းကူးမြို့နယ်က အရွေးခံမယ့် ဦးဖြိုးမင်းသိန်း (ရုပ်သံ) click
- လွှတ်တော်ရဲ့ အခန်းကဏ္ဍ (အင်တာဗျူး) click
- ပြည်ပအတိုက်အခံများကိုလည်း ငြိမ်းချမ်းရေး ကမ်းလှမ်းပြီ click
- တိုင်းသိပြည်သိ တန်းတူရည်တူ တိုက်ရိုက်ဖိတ်ခေါ်မှုက စတင်ရမယ် (ဆောင်းပါး) click
- “တကယ် ငြိမ်းချမ်းရေး ရချင်ရင် အားလုံးနဲ့ စကားပြော” (အင်တာဗျူး) click
- ပြည်သူတွေ ယုံကြည်ဖို့ ဦးသိန်းစိန်အစိုးရက ဘာတွေဆက်လုပ်ရမလဲ (ဆောင်းပါး) click
- သမ္မတ ဦးသိန်းစိန်၏ အကျိုးမရှိ ကချင်ထိုးစစ် ရပ်ဆိုင်းအမိန့် click
- စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းစေလိုကြောင်း ဦးသိန်းစိန် ပြော click
- EU ပိတ်ဆို့ဒဏ်ခတ်မှုများ ရုပ်သိမ်းဖွယ်ရှိ click
- မြန်မာအစိုးရတပ် ခမရ ၃၂၁ က တရုတ်နိုင်ငံသားတဦးကို သတ်ဖြတ် click
- က​လေး​စစ်သား​ကို ပြန်​တွေ့သော်လည်း​ ​ခေါ်ယူရန် ခက်ခဲ​နေ click
- “ကလေးစစ်သား မရှိစေရတော့” ဟု မြန်မာအစိုးရကိုယ်စားလှယ် ပြော click
- ဒီမိုကရက်တစ်မြန်မာ့​အသံ ​ငွေ​ကြေး​အလွဲသုံး​စား​မှုနှင့်​ စပ်လျဉ်း​၍ သတင်းထုတ်ပြန်ချက် click
- ကမ္ဘာလှည့်မယ့် ဇာဂနာ တစေ့တစောင်း click
- သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးကျော် ကွယ်လွန် click
- “အဘ” နဲ့ သူ၏ စာမျက်နှာများ click
- ဂျာနယ်မင်းသားကြီး ဦးခင်ညွန့်၊ ဘယ်ဟာရှားသလဲ စံရတီမိုးမြင့်နဲ့ ခြေစမ်းပွဲကန်မယ့် ဇေယျာသော် click
- မေးခွန်းထုတ်ခံနေရတဲ့ အပြောင်းအလဲ (ဆောင်းပါး) click
- လိမ္မော်ရောင် စာမျက်နှာများ (ဆောင်းပါး) click
- မြန်မာဒုက္ခသည်၊​ အလုပ်သမား​များ​နှင့်​ ပတ်သက်ပြီး​ နှီးနှောဖလှယ်ပွဲ ကျင်း​ပ click
- ဆင်း​ရဲမွဲ​တေမှု​ လျှော့​ချ​ရေး​စီမံကိန်း​ အ​သေး​စား​ချေး​ငွေ လိုအပ်သူများ​ထံ မ​ရောက် click
- မူစယ်မြို့ ရွှေဆိုင်ပိုင်ရှင်တဦး သိန်းထောင်ချီတန်ဖိုးရှိ ရတနာများ ဓားပြတိုက်ခံရ click
- နတ်ထိပ်ရွာသူကြီးနှင့် ရွာသား ၂ ဦး ပြန်လည်ရောက်ရှိ click
- အခြေအနေမကောင်းတဲ့ ရန်ကုန်က ၈ ထပ်တိုက် (ဓာတ်ပုံသတင်း) click
- မပြိုခင် အက်ကြောင်း ကြိုမြင်နေရတဲ့ အလုံက ၈ ထပ်တိုက် (ရုပ်သံ) click
- ရေသန့်ရှားပါးသည့် အရပ်ဒေသများအတွက် ရေသန့်နည်းပညာသင်တန်း (ရုပ်သံ) click
- ၀န်ကြီး၊ ညွှန်မှူးများနဲ့ ဂေါက် (ပေးစာ) click
- ကျောင်းတွင်း ဒီမိုကရေစီ (၁၉၅၂ ခု ထုတ် စာအုပ်) click
- အိမ်ကလေး - ၁၃ (၀တ္ထုတို) click
- စစ်ပွဲကြီးတွေ ပြီးတဲ့ခါ (ကဗျာ) click
- အိမ်အပြန်လမ်းဟာ ကွေ့ကောက်လွန်းတယ် (ကဗျာ) click

20 January, 2012

Friday, January 20, 2012 မြန်မာ့ရေးရာ သတင်းပဒေသာ (၂၀-၁-၂၀၁၂ - နံနက်ပိုင်း)

- ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးမှာ ရွေးကောက်ပွဲမျှတမှု အရေးပါ click
- ပိတ်ဆို့မှု ရုပ်ဖို့ စဉ်းစားမယ်လို့ ကန်အမတ် ပြော click
- ဦးသိန်းစိန်ရဲ့ ပထမဆုံး ပြည်ပမီဒီယာ အင်တာဗျူး click
- လွတ်မြောက် နိုင်/ကျဉ်းစာရင်း NLD စိစစ် click
- NLD ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ ရွေး click
- ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင် (ရုပ်သံ) click
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအား ကားဖြင့် ၀င်တိုက်ခြင်း click
- ရွှေည၀ါဆရာတော် သာဓုကျောင်းက ထွက်ခွာဖို့ မဟန ဆုံးဖြတ် click
- ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်က ထွက်ခွာရန် အမိန့်ထုတ် click
- ရွှေညဝါဆရာတော်ကြီး ၀န်ခံကတိပြု click
- ရွှေည၀ါဆရာတော်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံ (ရုပ်သံ) click
- ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး (အင်တာဗျူး) click
- ၈၈ မျိုးဆက် ခွပ်ဒေါင်းမော်ကွန်း click
- မြန်မာအစိုးရ စစ်ကြောင်းများ ဟူးကောင်းသို့ ချီတက် click
- အစိုးရနဲ့ KIA ငြိမ်းချမ်းရေး ဆက်ဆွေးနွေးဖို့ သဘောတူ click
- KIO နဲ့ အစိုးရ ဆက်လက်ဆွေးနွေးမယ်၊ ပူးတွဲကြေညာချက်ထုတ် click
- အစိုးရနဲ့ KIO ရဲ့ ပူးတွဲကြေညာချက် click
- မြန်မာအစိုးရနှင့် KIO စစ်ရေးအရင် ညှိနှိုင်းရန် သဘောတူ click
- KIO နှင့် အစိုးရကြား ရရှိသော သဘောတူညီချက်များ click
- တဖွဲ့တည်း​ ငြိမ်း​ချမ်း​နေရုံနဲ့ ပြည်​ထောင်စုကြီး​တခုလုံး​ရဲ့ ငြိမ်းချမ်းမှုကို ​ဖော်​ဆောင်နိုင်မှာ မဟုတ်ပါဘူး (မေး မြန်းခန်း)​ click
- “အမျိုးသားတန်းတူရေးနှင့် လွှတ်တော်နိုင်ငံရေး ဘယ်လမ်းလိုက်မလဲ (KIO တွဲဘက်အထွေထွေအတွင်းအရေးမှူး ဦးလနန်နှင့် အင်တာဗျူး) click
- CNF က ပြည်နယ်အစိုးရနှင့် ၉ ချက်ပါ ငြိမ်းချမ်းရေး သဘောတူညီမှုအပေါ် ရှင်းလင်း click
- ပြည်ပအတိုက်အခံတွေကို အစိုးရ ကမ်းလှမ်း click
- ပြည်ပရောက် အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ မြန်မာအစိုးရ ကမ်းလှမ်း click
- ငြိမ်းချမ်းရေးကော်မတီက FDB နဲ့ DPNS ကို ကမ်းလှမ်း click
- နှစ်ပါတီ ပူးပေါင်းပြီးမှသာ တရားဝင်ပါတီအဖြစ် ရပ်တည်မည်ဟု MNDF ပြော click
- ရခိုင်နိုင်ငံရေးပါတီတွေ အင်အားတောင့်တင်းရေး ရှေ့ရှု click
- WAO နဲ့ ဆက်သွယ်တဲ့ စွပ်စွဲချက်နဲ့ လူမသိသူမသိ ဖမ်းဆီးခံ လူငယ် ပြန်လွတ်လာ click
- လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချရေး မဲခေါင်အစည်းအဝေး ဆွေးနွေး click
- ဂျပန် Mizuho ဘဏ် မြန်မာရုံးခွဲ ဖွင့်ခွင့်ရ click
- ကားသစ် ၂ သောင်း တင်သွင်းခွင့်ကြောင့် ဒေါ်လာဈေး တက် click
- ထိုင်းမှာ မြန်မာအလုပ်သမား ၂၀၀ နီးပါး အလုပ်ထုတ်ခံရ click
- ဆရာကြီး ဒေါက်တာအေးကျော် ကွယ်လွန် click
- ရခိုင်ရဲအရာရှိတွေလည်း လူမျိုးရေး ခွဲခြားဆက်ဆံခံနေရ (ပေးစာ) click
- မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး - ၁၉ (ဆောင်းပါး) click

နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရန် လွှတ်မြောက် ရခိုင်နိုင်ငံရေး အကျဉ်းသားများက သမ္မတ ဦးသိန်းစိန်ကို မေတ္တာရပ်ခံ

များမကြာမှီက လွှတ်မြောက်လာသော ရခိုင်နိုင်ငံရေး အကျဉ်းသား (၈) ဦးက ထောင်ထဲတွင်ကျန်ရှိနေသေးသော ရခိုင်နိုင်ငံရေး အကျဉ်းသမား (၄) ဦးနှင့် တခြား မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ထံသို့ စာရေး တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ စာအား လွတ်မြောက်လာသူ ရခိုင်နိုင်ငံရေးသမား (၈) ဦးက လက်မှတ်ရေးထိုးပြီး ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၈ ရက်နေ့က သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တောင်းဆိုသူများထဲတွင် ဘားအံထောင်မှ လွတ်မြောက်လာသူ ဂွမြို့နယ် ၁၉၉၀ ရွှေးကောက်ပွဲနိုင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးညီပု၊ မြစ်ကြီးနား အကျဉ်းထောင်မှ လွှတ်မြောက်လာသူ ရခိုင်ကျောင်းသား ကိုကျော်ဝင်း၊ ကသာ အကျဉ်းထောင်မှ လွှတ်မြောက်လာသူ ရခိုင် ကျောင်းသား ထွန်းလင်းကျော်(ခေါ်) ထွန်းလင်း၊ အင်းစိန် ဗဟို အကျဉ်းထောင်မှ လွှတ်မြောက်လာသူ ရခိုင်ကျောင်းသားများ ဖြစ်ကြသည့် ကျော်ဇံသိန်း၊ ခိုင်ကျော်မိုးနှင့် အောင်စံသိန်း၊ ဗန်းမော် အကျဉ်းထောင်မှ လွှတ်လာသည့် ရခိုင်ကျောင်းသား နိုင်စိုးတို့ ဖြစ်ကြသည်။

ထောင်ထဲတွင် ကျန်ရှိနေခဲ့သော ရခိုင်နိုင်ငံရေး အကျဉ်းသမား (၄) ဦးမှာ အင်းစိန်း ဗဟို အကျဉ်းထောင်တွင် ရှိနေကြသော ရခိုင်ကျောင်းသားများ ဖြစ်ကြသည့် အောင်မိုးဇော် (ခေါ်) မိုးသီး၊ ရဲထက်စိုး၊ အောင်နိုင်နှင့် ပခုက္ကူထောင်တွင် ရှိနေသော နိုင်စိုး(ခေါ်) မဲလုံးတို့ ဖြစ်ကြသည်။

သူတို့၏ သမ္မတထံ ရေးသားပေးပို့သည့် စာထဲတွင် တိုင်းရင်းသား ပြန်လည် စည်းလုံး ညီညွှတ်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ထာဝရ ငြိမ်းချမ်းမူ ဖေါ်ဆောင်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ရာ၌ အတားအဆီးမရှိ အဆင်ပြေချောမွေ့စေရန် အတွက် ထောင်တွင်း ကျန်ရှိနေသေးသော ရခိုင်တိုင်းရင်းသားများ အပါအ၀င် ကျန်နိုင်ငံရေး အကျဉ်းသား အားလုံးတို့အား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည် လွှတ်ပေးသင့်ကြောင်း ကျွန်တော်တို့ လေးစားစွာ စာရေး တောင်းဆို အပ်ပါသည်ဟု ပါရှိသည်။


http://www.narinjara.com/detailsbur.asp?id=3736 

ရခိုင်ရိုးရာပြိုင်လောင်းပြိုင်ပွဲ

19 January, 2012

19/01/2012

- ရွှေညဝါဆရာတော်နဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံ click
- ရွှေည၀ါဆရာတော်အရေး ၈၈ ကျောင်းသားများ သဘောထားဖော်ထုတ် click
- မင်းကိုနိုင်နဲ့ ရှစ်လေးလုံးမျိုးဆက်ကျောင်းသားတွေ ပြန်လာပြီ (ကဗျာ) click
- ၂ဝဝ၇ မျိုးဆက် ဗကသ ပြန်လည်ဖွဲ့စည်း (ဓာတ်ပုံသတင်း) click
- “ရိုးသားမယ်၊ ပွင့်လင်းရမယ်၊ ရဲရဲလုပ်ရမယ်၊ အစိုးရကို အဲလိုပြောချင်တယ်” (ကျော်ကိုကို) click
- ရခိုင်စာပေနှင့် သမိုင်းသုတေသီ ရမ္မာဝတီ အရှင်ပညာစာရနှင့် တွေ့ဆုံမေးမြန်းခန်း click
- နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် လွတ်မြောက် ရခိုင်နိုင်ငံရေးအကျဉ်းသားများက သမ္မတ ဦးသိန်းစိန်ကို မေတ္တာရပ်ခံ click
- ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင် click
- ရွေးကောက်ပွဲဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် လျှောက်လွှာတင် click
- ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင် (ရုပ်သံ) click
- လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း အဆိုပြုလွှာ တင်သွင်း (ရုပ်သံ) click
- နေပြည်တော် နှစ်နေရာအတွက် ၈၈ နှင့် ဟစ်ဟော့အဆိုတော်ကို NLD ရွေး click
- ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှတ်ပုံတင်တော့မည် click
- ခွန်ထွန်းဦး ရွေးကောက်ပွဲဝင်ဖို့ SNDP ကမ်းလှမ်း click
- ဦးခွန်ထွန်းဦး ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီက ဖိတ်ခေါ် click
- SNLD ပါတီ မှတ်ပုံပြန်တင်ရေး မကြာမီ ဆုံးဖြတ်မည် click
- မြန်မာ့အရေးနဲ့ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး (သတင်းသုံးသပ်ချက်) click
- ကြားဖြတ်ရွေးကောက်ပွဲမှာ တစညပါတီ နေရာ ၂၀ ခန့် ၀င်ပြိုင်မည် click
- ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့ တွေ့ဆုံ click
- KIO နဲ့ မြန်မာအဖွဲ့ ရွှေလီမှာ ဆွေးနွေးပွဲစတင် click
- KIO နဲ့ အစိုးရ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေး click
- မြန်မာအစိုးရက ကချင်ကို “အပြုတ်တိုက် ချေမှုန်းနေ” ဟု KIO ဆို click
- ဖားကန့်ဒေသ မိုင်းသတင်း click
- ABSDF အစိုးရအကျိုးဆောင်အဖွဲ့နှင့် တွေ့ဆုံ click
- ABSDF လည်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆန္ဒရှိ click
- မွန်ပြည်သစ်နှင့် အစိုးရ ဇန်နဝါရီလကုန်တွင် ဆွေးနွေးမည် click
- အပြောင်းအလဲ လုပ်ဆောင်ရေး မြန်မာအစိုးရ အလေးအနက်ထား click
- မြန်မာနိုင်ငံအပေါ် အရေးယူမှု အီးယူ သုံးသပ်မည် click
- စီးပွားရေးပိတ်ဆို့အရေးယူမှု ဖေဖော်ဝါရီလမှာ အီးယူ ရုပ်သိမ်းဖွယ်ရှိ click
- မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းသင့်ကြောင်း ဖိလစ်ပိုင် ပြော click
- အထူးဝမ်းသာပီတိကြည်နူးမှုဖြစ်ရ click
- လူထုကြိုက်တဲ့ သမ္မတမို့ … (ကာတွန်း) click
- RFA ရုပ်မြင်သံကြားအစီအစဉ် စတင်ထုတ်လွှင့်ပြီ click
- RFA ရုပ်မြင်သံကြားအစီအစဉ် မြန်မာပြည်မှာ ကြည့်နိုင်ပြီ click
- ဦးတင်မောင်ဝင်း (ခရမ်း) ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့် အလှူ (ဓာတ်ပုံသတင်း) click
- စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ၉၃ နှစ်မြောက် မွေးနေ့အကြို အလှူပွဲကျင်းပ (ဓာတ်ပုံသတင်း) click
- အညတရအကျဉ်းသား ရဟန်းတော်များ (၁၁) - ဦးဝိစိတ္တာဘိဝံသ (ခ) ဆရာတော် ၀ီရသူ click
- တစ္ဆေသို့ ပြောသောပုံပြင် (၁) click
- မင်္သကာသည့် သဘောင်္တစင်းအား စစ်ဆေး click
- ဇာဂနာ၊ မင်းထင်ကိုကိုကြီးတို့၏ စင်္ကာပူပွဲ လက်မှတ်အရောင်းသွက် click
- ရခိုင်ပြည် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့ ဒေသဖွံ့ဖြိုးမှု (ဘလော့ဂါ) click
- နေပြည်တော် မီးသွေးဖိုကုန်း မြေယာရှင်းတမ်း click
- ရန်ကုန်မှ ကလေးများ ကျောင်းမပိတ်ရန် ဆန္ဒပြ (ဓာတ်ပုံသတင်း) click
- LCCI သင်တန်း ဖွင့်လှစ်တော့မည် click
- သပိတ်မှောက်တဲ့ ၀ီကီကို ဘယ်လိုဖတ်မလဲ click
- စိတ်လှုပ်ရှားမှုနဲ့ ရုတ်တရက် နှလုံးဖောက်ပြန်ခြင်း click

ABSDF လည်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆန္ဒရှိ

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မြန်မာအစိုးရ
နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆန္ဒရှိကြောင်း အင်္ဂါနေ့က အကြောင်းပြန်ကြားလိုက်ပြီဟု အဖွဲ့ပြောခွင့်ရသူ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းကိုယ်စား ဒုဗိုလ်မှူးကြီးဟောင်း
စောခင်စိုး လက်မှတ်ထိုး၍ ကိုယ်တိုင် လာရောက်ပေးပို့သည့် ဇန်န၀ါရီ ၁၀ ရက်စွဲပါ ကမ်းလှမ်းစာကို အကြောင်းပြန် လိုက်ခြင်းဖြစ်သည်။

စောခင်စိုး၏ စာတွင် ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ‘တန်းတူညီတူ’ ဆွေးနွေးမည်ဟု ဖော်ပြပါရှိပြီး မိမိတို့ဘက်မှ သဘောဆန္ဒကို ပြန်ကြားလိုက်ခြင်းဖြစ်ကြောင်း ဦးမျိုးဝင်း က မဇ္ဈိမကို ပြောသည်။

“နိုင်ငံရေးပြဿနာတွေကို တန်းတူညီတူ အဖြေရှာနိုင်ဖို့အတွက် ကျနော်တို့ဘက်ကလည်းပဲ ဆန္ဒရှိတယ်ဆိုတာကို အဓိကပါ။ တရားဝင်စာနဲ့တော့ မနေ့ကပဲ ကျနော်တို့ ဆက်သွယ်ရေး လမ်းကြောင်းကနေတဆင့် အကြောင်းပြန် လိုက်ပါပြီ” ဟု ပြောသည်။

ကျောင်းသားတပ်မတော် (ခေါ်) ABSDF အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စသည့် နိုင်ငံရေး လုပ်ငန်းစဉ်များကို ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း စာအတွင်း၌ ထည့်သွင်းဖော်ပြခဲ့သည်ဟု သိရသည်။

တွေ့ဆုံမည့် နေရာနှင့်ပတ်သက်၍မူ “ကျနော်တို့ရွေးချယ်မှုအတိုင်း သူတို့လက်ခံ ဆောင်ရွက်သွားမယ်လို့ သဘောထားကတော့ သူတို့ အကြမ်းမျဉ်း မိတ်ဆက်ပေးပါတယ်။ ဒီကိစ္စ တွေကို ကျနော်တို့ ဘာမှ မဆွေးနွေးရသေး ပါဘူး” ဟု ဦးမျိုးဝင်း က ပြောသည်။

ဦးသိန်းစိန် အစိုးရအနေနှင့် တိုင်းရင်းသား အဖွဲ့ ၅ ခုနှင့် အပစ်ရပ် သဘောတူညီမှုများ ရထားပြီးဖြစ်သော်လည်း တပြည်လုံးအတိုင်းအတာ အပစ်ရပ်ကာ နိုင်ငံရေးလုပ်ငန်းစဉ်များ ပါဝင်ရမည်ဟု အနှစ် ၂၀ ကျော် အတွေ့အကြုံကို အခြေခံ၍ သုံးသပ်ထားကြောင်း ဦးမျိုးဝင်းက ပြောသည်။

ABSDF ၏ တပ်ရင်း ၉ ရင်းအနက် အများစုမှာ မြန်မာအစိုးရနှင့် အပစ်ရပ် သဘောတူပြီးဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေအတွင်းနှင့် ကရင်နီ၊ မွန်၊ ကချင်နှင့် ရခိုင်ပြည်နယ်စပ်တို့တွင် အခြေခံ လှုပ်ရှားနေကြ
ခြင်း ဖြစ်သည်။

KNU နှင့် စစ်ရေးပူးပေါင်းလှုပ်ရှား ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ဖြစ်လာနိုင်သည့်တိုင် နိုင်ငံရေးလုပ်ငန်းစဉ်များကိုမူ ဆက်လက်ဆောင် ရွက်နိုင်မည်ဟု KNU နှင့် နှစ် ၂၀ ကျော် ဆက်ဆံရေးအပေါ်အခြေခံ၍ ABSDF က ယုံကြည်သည်ဟု ဆိုသည်။

KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ကမူ အစိုးရနှင့် အပစ်ရပ်ထားသော်လည်း နိုင်ငံရေး လုပ်ငန်းစဉ်များ
ဆွေးနွေးရန်ကျန်ရှိသေးသည်ဟု ပြောသည်။

“တပြည်လုံး အတိုင်းအတာ အပစ်ရပ်ရေးရမှ ပြေလည်မှာပေါ့လေ။ နိုင်ငံရေး ဆွေးနွေးစရာ အများကြီးရှိသေးတယ်။ (ABSDF နဲ့) လောလောဆယ် ပူးပေါင်းလှုပ်ရှားတာ ရှိသေးတာပေါ့။ မဟာမိတ်ကဏ္ဍမှာ ပြန်ဆွေးနွေးရမှာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရန်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က အစိုးရ
နှင့် ABSDF အကြား ငြိမ်းချမ်းရေး ဆွေးနွေးမည်ကို ကြိုဆိုလိုက်သည်။

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ABSDF ၏ အခန်းကဏ္ဍသည် တိုင်းရင်းသားများနည်းတူ အရေးပါကြောင်း၊ သို့သော် အဖွဲ့အတွင်း အကျေအလည် သဘောတူရန် အရေးကြီးသည်ဟု သုံးသပ်သည်။

ထို့ပြင် မြန်မာ့တပ်မတော်၏ သဘောထားကိုလည်း သတိရှိရန် လိုသည်ဟု ထောက်ပြသည်။

“ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ သမ္မတက ထိုးစစ်တွေရပ်ပါလို့ ကာကွယ်ရေးဦးစီးချုပ်ကို ညွှန်ကြားတယ်။ ထိုးစစ်တွေ က ထိုးနေတုန်းပဲ။ သုံးဘက် ရှိတယ်ဗျ။ လက်နက်ကိုင်အဖွဲ့အစည်းများ အကုန် အစုံ၊ တဘက်က အစိုးရ သူတို့ survival အရ၊ သူတို့လုပ်ငန်းတွေ အောင်မြင်ဖို့အရ ငြိမ်းချမ်းရေး လိုအပ်ပြီဆိုတာ သိတယ်။ တဘက်က အစိုးရ စကားတောင်မှ နားမထောင်ဘဲနဲ့ ဒီနေ့အထိ ထိုးစစ် တွေ လုပ်နေတဲ့ စစ်တပ်ရှိတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို
ပြောသည်။

၁၉၈၈ ဒီမိုကရေစီအုံကြွမှုကြီးမှ ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည့် ABSDF အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် မိမိအဖွဲ့တွင်းနှင့် ပြည်တွင်း/ပြည်ပ ကျောင်းသားလူထု၏ သဘောထား အကြံဉာဏ်များ ရယူသွားရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)

All Burma Students’ Democratic Front-ABSDF

absdf

မှတ်ချက်။ ။ ကချင်ပြည်နယ်ရှိ ကမဒတ တပ်ဖွဲ့ဝင်များအတွင်း သူလျှိုမှုဖြင့် ဖမ်းဆီးသတ်ဖြတ်မှုများ ၁၉၉၁ ခုတွင်
ဖြစ်ပွားခဲ့သည်။ အမှုမှန်ပေါ်ရေး လက်ရှိ မကဒတက ဗဟိုကော်မတီက အလုပ်အဖွဲ့တခု ဖွဲ့စည်း ဆောင်ရွက်
နေသည်။
http://www.mizzimaburmese.com/

January 18, 2012 ၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၉ - အမှတ် ၅၊ ဇန်န၀ါရီလ - ၂၀၁၂ ခုနှစ်)

8888 People Power - Vol 9 No 5 - January 2012

19/01/2012

- ဖျက်သိမ်း​ခံခဲ့​ရသည့်​ အနိုင်ရပါတီများ​ ပြန်မှတ်ပုံတင်​တော့​မည် click
- ကော့မှူးမြို့နယ်က ၀င်အရွေးခံမယ် ဆိုတဲ့အကြောင်း တရားဝင် အကြောင်းကြား click
- ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဒေါ်အောင်ဆန်းစုကြည် ယနေ့ မှတ်ပုံတင်ပြီ click
- ခရိုင်ကော်မရှင်ရုံးရောက် NLD ခေါင်းဆောင် (ဓာတ်ပုံသတင်း) click
- အမေစု (ရုပ်သံ) click
- ဝေဖန်အကြံပြုရန် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ် click
- ကိုယ်စားလှယ်လောင်း မဖြူဖြူသင်း click
- ဇေယျာသော် ရွေးကောက်ပွဲဝင်မည် click
- ဇေယျာ​သော် ကြား​ဖြတ်​ရွေး​ကောက်ပွဲတွင် အန်အယ်လ်ဒီကိုယ်စားပြု ဝင်ပြိုင်မည် click
- မန္တလေး​မြို့တွင် အမျိုးသား​ဒီမိုက​ရေစီအဖွဲ့ချုပ်က ကာတွန်း​ပြပွဲ ပြုလုပ် click
- ပါတီနှစ်ခုပေါင်းပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ခွန်ထွန်းဦးအား ကျားဖြူပါတီ ဥက္ကဌ ကမ်းလှမ်း click
- ဒေါ်မြင့်​မြင့်​အေး​ တသီး​ပုဂ္ဂလ ဝင်ပြိုင်မည် click
- ပေးဆပ်ဖို့ ဝန်မလေးတဲ့ ရွှေညဝါဆရာတော်ရဲ့ အခြေအနေ (ရုပ်သံ) click
- ဦးတင်မောင်ဝင်း (ခရမ်း) ၏ သေဆုံးခြင်း ၂၁ နှစ်ပြည့် (ရုပ်သံ) click
- ကွယ်လွန်ချိန်အထိ ယုံကြည်ချက်ကို ဆုပ်ကိုင်ခဲ့တဲ့ ဒေါ်ထွေးရီရဲ့ ဈာပန (ရုပ်သံ) click
- ကျောင်း​သား​ရှိရင် ​ကျောင်း​သား​သမဂ္ဂ ရှိရမယ် (မေးမြန်းခန်း) click
- သာကေတရှိ အစ္စလာမ်စာသင်ကျောင်း နှစ်ကျောင်းကို ပိတ်ပင် click
- လယ်သမား​များ​ထံမှ အာဏာပိုင်များ​ အဓမ္မ စပါး​ကောက်ခံမှုကို မပေး​ရန် ရခိုင်အမတ် ​ဆော်ဩ click
- ရခိုင်မှ ထောင်သားများ ကျေးကျွန်သဖွယ် စေခိုင်း ရောင်းစားခံနေရ click
- ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ စာရင်းရှိပါက ပေးပို့နိုင် click
- ဇာဂနာပြောတဲ့ ဇာဂနာ ဘာကြောင့် ဦးခင်ညွှန့်နဲ့ တွေ့ရလဲ (အင်တာဗျူး) click
- ဇာဂနာ စင်္ကာပူရောက်၊ မြန်မာဌာနချုပ်ကို သွား click
- ကိုကျော်ကျော် (ဒေါပုံမြို့နယ် NLD လူငယ်) ၏ ထောင်တွင်း အတွေ့အကြုံ (ရုပ်သံ) click
- သမ္မတ ဦးသိန်းစိန် ပြောင်းလဲရေးသမား အစစ်ဟု မက်ကော်နယ် ပြော click
- အာဏာသိမ်းမှု ထပ်မဖြစ်နိုင်ဟု ဦးရွှေမန်း ပြော click
- စစ်အာဏာ မသိမ်းတော့ပါဘူးလို့ သူရရွှေမန်း ပြောကြား click
- ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် မန်းငြိမ်းမောင်ကို လွှတ်မည် click
- KNU အမှုဖြင့် အကျဉ်းကျနေသူများ လွှတ်ပေးရန် တောင်းဆိုမည် click
- KIO နှင့် အစိုးရကိုယ်စားလှယ်များ တရုတ်၌ ထပ်တွေ့ click
- အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေး click
- KIO နှင့် ပြည်ထောင်စုအဆင့် ငြိမ်းအဖွဲ့နှင့် ဆွေးနွေး click
- နိုင်ငံရေးဆွေးနွေးရန် KIO မှ မြန်မာအစိုးရသို့ တင်ပြသော စာတမ်း click
- ကချင်ပဋိပက္ခ အဆုံးသတ်ရန် ၁၀ ဖွဲ့မှ တောင်းဆို click
- ဖားကန့်တွင် ပြည်သူများကို မြန်မာအစိုးရတပ်က ပစ်သတ်နေဆဲ click
- သျှမ်းပြည်တပ်မတော် (RCSS) ဒေသခံ လူ့အဖွဲ့အစည်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံ click
- ပန်းဆေးပြည်သူ့စစ်အဖွဲ့ ဒု-ခေါင်းဆောင်နေအိမ် ဗုံးပစ်ခံရ click
- အချက်အချာ မိုင်းယောင်းဒေသအား RCSS လက်မလွှတ်ရန် CPB တပ်မှူးဟောင်း တိုက်တွန်း click
- ကျန်း​မာ​ရေး​နှင့်​ ပညာ​ရေး​အသုံး​စရိတ်များ​ အစိုး​ရ တိုး​မြှင့်​မည် click
- ထား​ဝယ်​ရေနက်ဆိပ်ကမ်း​တွင် အီတာလျံထိုင်း​က မဂ္ဂါဝပ် ၄၀၀၀ လျှပ်စစ်စက်ရုံ ဆက်​ဆောက်​နေ click
- ဒိတ်လိုင်း ဧရာဝတီ (ရုပ်သံ) click
- ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည် (ဆောင်းပါး) click
- လက်နက်ချပါ - ဂလိုဘယ်လိုက်ဇေးရှင်းကို ၀ိုင်းထားပြီ (ဆောင်းပါး) click
- အခုတမျိုး တော်ကြာတမျိုး ရုက္ခစိုး (ထွေရာလေးပါး) click
- မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့အကြား တိုက်ရိုက် လေယာဉ်ပျံသန်းရန် သဘောတူ လက်မှတ်ရေးထိုး click
- ပလက်ဝ-ဟားခါးအကြား အနီးဆုံး ကားလမ်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖောက်လုပ် click
- မီဇိုရမ်ပြည်နယ် ကျေးရွာတရွာမှ ချင်းမိသားစု ၁၉ အိမ်ခြေကို ဒေသခံလူထုက မောင်းထုတ် click
- အမည်မသိ လူတစုက ခေါ်ဆောင်မှုကြောင့် နတ်ထိပ်ရွာသူကြီးနှင့် ရွာသားနှစ်ဦး ပျောက်ဆုံးနေ click
- နတ်တလင်းမြို့ရှိ ရွှေဆိုင်တွေကို အခွန်တိုးမြှင့် click
- မဲဆောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရှေ့ဆက်နေထိုင်ရန် အခက်အခဲဖြစ် click
- လူ ၇၀ ​ကျော်ကို လူပွဲစား​လက်မှ ကယ်တင်နိုင် click
- ရပ်ကွက်ထဲမှ လုပ်စားကွက်များ (တိုင်စာ) click

18 January, 2012

- ဒီမိုကရေစီလမ်းကလွဲလို့ တခြားရွေးစရာမရှိလို့ ဦးရွှေမန်း ပြော click
- စစ်အာဏာမသိမ်းတော့ဘူးလို့ သူရရွှေမန်း ပြော click
- အမေရိကန်ဒဏ်ခတ်မှု ရုပ်သိမ်းရေး ဒေါ်အောင်ဆန်းစုကြည်အမြင် အရေးပါ click
- မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ စောင့်ကြည့်နေကြ click
- ငွေလဲနှုန်း တသမတ်တည်းဖြစ်ရေး ဆွေးနွေးပြောဆို click
- ပြောင်းလဲမှုတွေ စစ်မှန်တယ်လို့ McConnell ပြော click
- သမ္မတ ဦးသိန်းစိန်ကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယုံကြည် click
- ရွှေညဝါဆရာတော်ကို ဖယ်ရှားမယ့် ကြားနာပွဲ click
- ချိတ်ပိတ်ခံ ကျောင်းနှစ်ကျောင်း အရှင်ဂမ္ဘီရ ပြန်ဖွင့် click
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားနယ်မြေ စစ်ပွဲရပ်စဲရေး ဆက်ကြိုးပမ်းမယ် click
- ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ကင်တားနား မျှော်လင့် click
- ၉၆ မျိုးဆက်ကျောင်းသား ကိုချစ်မင်းလေး ထောင်တွင်းအတွေ့အကြုံ (ရုပ်သံ) click
- နိုင်/ကျဉ်းလွတ်မြောက်မှုနဲ့ မြန်မာနိုင်ငံရေး ရိုက်ခတ်ချက် (တိုက်ရိုက်လေလှိုင်း) click
- လွှတ်တော်အမတ်တွေကို ဝေဖန်ပိုင်ခွင့်ရှိသင့် click
- ရွေးကောက်ပွဲမှာ မဲထည့်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် မဲဆွယ်ကြောင်း ကော့မှူးဒေသခံတွေ ပြော click
- NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့ စာရင်းထုတ်ပြန် click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများစာရင်း click
- “အခုမှ နိုင်ငံရေး လုပ်ခွင့်ရတာ” လို့ ဒေါ်ဖြူဖြူသင်း ပြော (အင်တာဗျူး) click
- ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့နှင့် SSA (S) လက်မှတ်ထိုး click
- ကချင်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် မြန်မာအစိုးရနှင့် KIO ဆွေးနွေးမည် click
- ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာညီလာခံ ကျင်းပခြင်း click
- ကရင်နီဒေသအတွင်း ဘိန်းစိုက်ပျိုးမှု ပိုများလာ click
- လွတ်လပ်ခြင်းအနုပညာ ဆုရရုပ်ရှင်များ (အနုပညာမိုးကောင်းကင်) click
- “ရွှေဂက်စ်က ထွက်တဲ့ လျှပ်စစ်မီးကို လူတိုင်း လိုလားတယ်ရှင့်” (အင်တာဗျူး) click
- Bertil Lintner သုံးသပ်ချက်ဆောင်းပါး click
- မှိုနတိုချိုးခဲ့ပါဆို ရေပဲချိုးပြန်လာခဲ့ရသလား ဟဲ့ (ဆောင်းပါး) click
- ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​ဖွံ့ဖြိုးတိုး​တက်မှု – အပိုင်း ၈ (ဆောင်းပါး) click
- စင်ကာပူမှ ဆောက်လုပ်ရေး အလုပ်အကိုင်များနှင့် မြန်မာများ (ဆောင်းပါး) click
- ယမကာညနေခင်း - ၈ (ဆောင်းပါး) click
- ချိုးကူသံလမ်းကလေး (ကဗျာ) click
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ကျန်နေသေး click
- ကျောင်း​သား​တပ်မ​တော် ရဲ​ဘော် ၃၀ ​ကျော် အဖမ်း​ခံထား​ရဆဲ click
- ရမ္မာဝတီ အရှင်ပညာစာရ စစ်တွေကို ယနေ့ ရောက်မည် click
- ဒီဗွီဘီ ပြည်တွင်း​သတင်း​ထောက်အား​လုံး​ ​ထောင်က လွတ်ပြီ click
- လွတ်မြောက်လာသူရဲ့ ဒီမိုကရေစီမိန့်ခွန်း (ရုပ်သံ) click
- မိုင်း မသယ်ဘဲ မိုင်း သယ်မှုနဲ့ ဖမ်းဆီးခံခဲ့ရသူ နန်းအောင် (ခ) ကပ္ပလီ (ရုပ်သံ) click
- အမျိုးသား​ဒီမိုက​ရေစီအဖွဲ့ချုပ် ရုံး​ခန်း​ဖွင့်​ပွဲအခမ်း​အနား​ ကျင်း​ပ click
- ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရခြင်းအကြောင်းရင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း click
- ဒေါ်အောင်ဆန်းစုကြည်၏ ရုတ်တရက်စကား လူထု သဘောကျ click
- အမျိုးသား​ဒီမိုက​ရေစီအဖွဲ့ချုပ် ရုံး​ခန်း​ဖွင့်​ပွဲအခမ်း​အနား​များ​ ကျင်းပ (ဓာတ်ပုံ) click
- မင်္ဂလာတောင်ညွှန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ဆိုင်းဘုတ်တင်ပွဲ (ရုပ်သံ) click
- ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ကိုယ်စားလှယ်လောင်းစာရင်း click
- ဒီမိုက​ရေစီမဟာမိတ် ၁၀ ပါတီ ၁၉ ​နေရာ ဝင်ပြိုင်မည် click
- ကြားဖြတ်ရွေးကောက်ပွဲ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နိုင်လှခိုင် ပြန်လည်အရွေးခံမည် click
- စင်ကာပူက မြန်မာတွေ ကြိုတင်မဲ ပေးနိုင်ပြီ click
- စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ မေတ္တာလှုပ်ရှားမှု ကမ်ပိန်း စတင် (ရုပ်သံ) click
- KIO နှင့် အစိုးရ ပြည်ထောင်စုအဆင့် ဆွေးနွေးတော့မည် click
- အစိုးရနှင့် KIO ရွှေလီတွင် နိုင်ငံရေး ဆွေးနွေးမည် click
- ကချင်ထိုးစစ်တွင် မြန်မာအစိုးရစစ်သား အကျအဆုံးများဟု KIA ဆို click
- ကိုယ်ဝန်ဆောင်ကျောင်း ဆရာမကို မြန်မာတပ်မှ ပစ်သတ် click
- KIA မှ ဖားကန့် ကျောက်စိမ်းမှော်လမ်း ပြန်ဖွင့် click
- KIO ၏ ပြည်သူလူထုထံသို့ အသိပေးပန်ကြားချက် click
- KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ရှင်းလင်းပွဲ ပြုလုပ် click
- ပဒိုမန်းငြိမ်းမောင်ကို ဥပဒေအရ အရေးယူဆောင်ရွက်နေဟု အစိုးရ ပြောဆို click
- ကရင်လူထုအားလုံးထံသို့ ကျမရဲ့ ပထမပို့စာ (ပေးစာကဏ္ဍ) click
- တံခါးဖွင့်ကြိုဆိုလိုက်ပါ (အယ်ဒီတာ့အာဘော်) click
- ချင်းပြည်ငြိမ်းချမ်းရေး အရုဏ်တက်ပြီလား (ဆောင်းပါး) click
- ကာရန်မဲ့အပြုံး (ဆောင်းပါး) click
- ဗိုလ်ချုပ်ကျော်သောင်း၏ ဘဝအစိတ်အပိုင်းများ - ၁၂ (ဆောင်းပါး) click
- မီဒီယာဥပဒေ အတည်ပြုဖို့ မျှော်လင့်နေတယ် (ရုပ်သံ) click
- အလင်းသစ်ပွဲတော် (သီချင်းရုပ်သံ) click
- “ပြိုင်တူ တွန်းလျှင် ရွေ့နိုင်သည်” DVD တေးစီးရီး အယ်လ်ဘမ် အသစ်ထွက်ရှိ (ရုပ်သံ) click
- မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် OSS အဖွဲ့ အပြောင်းအလဲလုပ် click
- ရခိုင်ပြည်သူများ​ကို ​ရွှေသဘာဝဓာတ်​ငွေ့ အသုံး​ပြုခွင့်​ပေး​ရန် ​တောင်း​ဆို click
- ရွှေသဘာဝဓာတ်ငွေ့ ပြည်သူများ သုံးစွဲခွင့်ရရေး စစ်တွေနှင့် မြောက်ဦးမြို့များတွင် လူပ်ရှားမှု ပြုလုပ် click
- ရွှေသဘာဝဓာတ်ငွေ့ အကျိုးအမြတ် ရခိုင်လူထု ခံစားရရေး click
- ပိုက်လိုင်းဒေသအတွက် ကျောင်းနဲ့ဆေးခန်း click
- မြန်မာ့ ရေဖြန့်ဝေထိန်းချုပ်မှု ဈေးကွက်တွင် ထိုင်းကုမ္ပဏီ ဝင်ရောက်ရန် စီစဉ် click
- ရေနံကုမ္ပဏီ၏ လယ်လုပ်ပိုင်ခွင့် ဂရမ်လျှောက်ထားမှုကို သျှမ်း(မြောက်)လယ်သမားများ ကန့်ကွက် click
- ဖားကန့်ပြန်များအတွက် အကူအညီ (ဓာတ်ပုံ) click
- တောင်သူများ၏ လူမှုစီးပွားစစ်တမ်း ကောက်ယူရာမှာ လယ်သမားများ ကြောက်ရွံ့နေ click
- သင်္ဃန်းကျွန်း အမကကျောင်းအုပ် ဦးဌေးလွင်မှ ကျောင်းသားကို တိရိစ္ဆာန်ကဲ့သို့ ကြိုးတုပ်ရိုက် click
- နည်းနည်းတော့ ရှင်းပါရစေ click

17 January, 2012

စစ်တွေနှင့် မြောက်ဦးမြို့ များတွင် ရွှေဂတ်စ် ကပ်ပိန်းယနေ့ပြုလုပ်ကြ


- “စစ်မှန်သော ဒီမိုကရေစီ ၁၀၀ ရာခိုင်နှုန်း ပြည့်ဖို့ လူထု၊ ဒီမိုကရေစီအင်အားစုနဲ့ အစိုးရ လက်တွဲ့ဖို့ လို” (ခွန်ထွန်ဦးနှင့် ဆက်သွယ်မေးမြန်းခန်း) click
- “ဒီမိုကရေစီကို ယုံကြည်သူများနှင့် လက်တွဲဆောင်ရွက်မည်” ဟု ကိုမင်းကိုနိုင် ပြော click
- “ကိုယ့်လူမျိုးကိုယ် အထင်မသေးသင့်ဘူး၊ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်တာကို လက်ခံနိုင်တဲ့ လူမျိုးပါ” - ကိုကိုကြီး (ရုပ်သံ) click
- “တိုင်းပြည်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခက်အခဲတခုကို ဖြေရှင်းလိုက်တာပါ” - ကိုဌေးကြွယ် (ရုပ်သံ) click
- “ချည်နှောင်မှုရှိတယ်၊ ပြစ်မှုတခု ကျူးလွန်ရင် ကျန်တဲ့ပြစ်မှုတွေပါ ပေါင်းပြီးခံရမယ်၊ အဲ့ဒါတော့ ကွဲကွဲပြားပြား မြင်ဖို့လိုတယ်” - ကိုမြအေး (ရုပ်သံ) click
- “အရင်ထောင်က လွတ်ခဲ့တဲ့ အခြေအနေမျိုးနဲ့ မတူဘဲ အခုအခါ မှာ စိတ်လှုပ်ရှားမှုတော့ ခံစားရတာ အမှန်ပါပဲ” - ကိုအံ့ဘွယ်ကျော် (ရုပ်သံ) click
- မဂ္ဂင်ကျောင်းတိုက် ပြန်ဖွင့်၊ ကျောင်းထိုင်ဆရာတော်နှင့် ဦးဇင်း ၂ ပါး သီတင်းသုံးနေပြီ click
- မဂ္ဂင်ကျောင်းတိုက် ပြန်ပွင့်ပြီ (ရုပ်သံ) click
- ဇန်န၀ါရီ ၁၃ မှာ ပုသိမ်ထောင်မှ အရှင်နန္ဒ လွတ်မြောက်လာ၊ အလှူရှင်များကို ကျေးဇူးတင်တဲ့ စာကလေး ရေးပို့ပေးခဲ့ click
- ဦး​ခင်ညွန့်နှင့်​ ကိုဇာဂနာ ​တွေ့​ဆုံ click
- လွတ်ငြိမ်း​ခွင့်​အ​ပေါ် အမြင်သ​ဘောထား​ click
- အမေ့သားရဲ့ ၅ (ည) ဖက်ရှင် (၀တ္ထုတို) click
- ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်ဝန်ကြီးတို့ သတင်းစာရှင်းလင်းပွဲ (အသံဖိုင်) click
- D Wave ပထမဆုံးအကြိမ် ပရိသတ် ရှေ့မှောက်သို့ ရောက်ရှိ click
- သတင်းဂျာနယ်များ စိစစ်ရေးမတင်ဘဲ ဖြန့်ချိ click
- အသနား​ခံစာ ပယ်ချသည့်​ စာအ​ပေါ် ​ရွှေညဝါဆရာ​တော် အံ့​ဩ click
- “Hack ချင်ရင် Disk ထဲမှာရှိတဲ့ Data တွေကိုလည်း ကြည့်” ဟု ရွှေညဝါ ဆရာတော်မိန့် click
- အခြေအနေ တိုးတက်မှုအလိုက် ကန်ပိတ်ဆို့မှု လျှော့ချမည် click
- တိုင်းရင်းသားအရေး ပြေလည်လျှင် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရန် အမေရိကန် စဉ်းစားမည် click
- တရုတ်-မြန်မာဆက်ဆံရေး ပျက်စီးရန် အမေရိကန်က ဖိအားပေးနေခြင်း မဟုတ် click
- ဂျပန်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးစာချုပ် ချုပ်ဆိုပြီးစီး click
- အစိုး​ရနှင့်​ တွေ့ဆုံခဲ့​သည့်​ ​ကေအန်ယူအဖွဲ့ ရှင်း​လင်း​ပွဲလုပ် click
- ခရီးစဉ်ကို ကျေနပ်အားရမှုရှိဟု KNU ငြိမ်းချမ်းရေးအဖွဲ့ ပြော click
- ပဒိုမန်း​ငြိမ်း​မောင် မကြာမီ ပြန်လွတ်မည် click
- KNU နှင့် အစိုးရ ထပ်ဆွေးနွေးဦးမည် click
- တဆင့်​ချင်း​ တဆင့်​ချင်း​ နိုင်ငံ​ရေး​ကိစ္စ​တွေကို ​ဆွေး​နွေး​ပြောဆိုသွား​မယ် (မေးမြန်းခန်း) click
- KNU နယ်မြေအတွင်း အစိုးရစစ်တပ် ရိက္ခာပို့ click
- RCSS နှင့် အစိုးရတို့၏ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှ သဘောတူညီချက် ၁၁ ချက် ရရှိ click
- သျှမ်းစစ်သားအား အစိုးရတပ် ဖမ်းဆီး၊ လမ်းပြခိုင်းပြီး စခန်းတက်တိုက် click
- ရှမ်း​ပြည်နယ် ​ကျေး​ရွာများ​တွင် အဓမ္မ စစ်သား​စု​ဆောင်း​ click
- KIO နှင့် အစိုးရ ထပ်တွေ့မည် click
- ကချင်လွတ်​မြောက်​ရေး​တပ်မ​တော်နှင့်​ အစိုး​ရ ​ရွှေလီတွင် ​ဆွေးနွေးမည် click
- တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု KIO မျှော်လင့် click
- မြန်မာအစိုးရတပ်နှင့် KIA ကြား ဂျာပူရွာတွင် သုံးရက် တိုက်ပွဲဖြစ် click
- ချင်းအမျိုးသားသမိုင်းသစ်တွင်သည့် ငြိမ်းချမ်းရေးတွေ့ဆုံပွဲသာ click
- ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ click
- လေးလပတ် အစည်းအဝေး စတင်ကျင်းပ click
- အတိုက်အခံတချို့ ဦးသိန်းစိန်ကို ကျေးဇူးတင် အိတ်ဖွင့်စာ ပို့ click
- အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအပေါ် ပြည်ပရောက် မြန်မာကျောင်းသားများက ထောက်ခံ click
- အစိုးရအရှိန်အဝါ သုံး၍ ကြံ့ခိုင်ရေးပါတီ မဲဆွယ် click
- နင်လားဟဲ့ ... ဒီမိုကရေစီ click
- ရဲက ကြမ်း​ကြမ်း​တမ်း​တမ်း​ ဖမ်း​ဆီး​သဖြင့်​ ​ကျောင်း​သား​တဦး​ ​သေဆုံး​ click
- နှစ် ၆ဝပြည့် ကယားဒေးနေ့ နာမည်ကြီး အိုင်စီအဖွဲ့ဖြင့် စည်ကား click
- မတရား မမျှတမှု (ပေးစာ) click
- နို့ဖိုး၊ မျိုးမင်းအောင်နဲ့ စိန့်ဖရန့်စစ်က အကြွေစေ့ကလေးတွေ (၂) (ဆောင်းပါး) click

14 January, 2012

အကျဉ်းကျခံနေရသူ ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်

အကျဉ်းကျခံနေရသူ ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ယနေ့ (၁၂-၁-၁၀၁၂) ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ လူသားခြင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသော နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသူ ၆၅၁ ဦးအား ဇန်နဝါရီလ ၁၃ ရက်နေ့မှ စကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်ပါသည်။

သတင်း

လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ် click

လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်

လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ဇန်န၀ါရီလ (၁၄)ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အကျဉ်းသားများကို ဘာကြောင့် လွှတ်ပေးခဲ့ရသည်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြခဲ့သည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၆၀၄ ဦးစာရင်းကို အတည်ယူပြီး လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မရှိကြောင်း၊ ကျန်ရှိသည့် ၁၂၈ ဦးကို ဆက်လက်ထိန်းသိမ်းထားကြောင်း၊ အဆိုပါအထဲတွင် တာလီဘန်နှင့် ဆက်နွယ်နေသည့် (၁၃)ဦးလည်း ပါဝင်ကြောင်း၊ ဖဒိုမန်းငြိမ်းမောင်နှင့် ပတ်သက်ပြီး တရားဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ယခု လွှတ်ပေးခဲ့သူများသည် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်လုံခြုံရေးကို အန္တရယ်မပေးနိုင်သည့်သူများ ဖြစ်ကြောင်း တို့ကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ထည့်သွင်းပြောကြားခဲ့ပါသည်။


၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သူ ၆၅၁ ဦးအနက် အကျဉ်းသား ၆၂၂ ဦး၊ အကျဉ်းသူ ၂၉ ဦးဖြစ်ကြောင်း သိရသည်။

ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသင်းအဖွဲ့အချို့မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည်ဆိုသူများအား လွှတ်ပေးရန် အမည်စာရင်းများ အသီးသီးပေးပို့ တင်ပြ တောင်းဆိုခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စိစစ်တင်ပြထားသော အင်အား ၆၀၄ ဦးစာရင်းအား စိစစ်၍ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစာရင်းတွင် အင်အား ၆၀၄ဦး၊ တင်ပြတောင်းဆိုထားသော်လည်း လက်ရှိအကျဉ်းကျခံနေရ သူ ၄၂၁ ဦး၊ အချုပ်သား ၉ဦး၊ ပေါင်း ၄၃၀ ဦးသာရှိပြီး ၊ ၁၀၇ ဦးမှာ လွတ်ငြိမ်းချမ်းသာခွင့်အသီးသီးဖြင့် ရက်စေ့၍ လွတ်မြောက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၁၃ဦးမှာ အမည်ထပ်နေပြီး ၅၁ဦးမှာ အချက်အလက် မပြည်စုံသဖြင့် စိစစ်မရကြောင်း၊ သေဆုံးသူတစ်ဦး၊ သာသနာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့သူနှစ်ဦးရှိခဲ့ကြောင်း အဆိုပါ လက်ရှိအကျဉ်းကျနေသူ ၄၃၀ ဦးမှ ၃၀၂ ဦးအား နိုင်ငံတော်တည်ငြိမ်ရေးနှင့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရန် လွတ်ငြိမ်းချမ်းသာခွင့် ခွင့်ပြုပေးခဲ့ပြီး ၁၂၈ ဦးမှာမူ ရာဇ၀တ်ပြစ်မှုကြီးများကို ကျူးလွန်ထားသူများ ဖြစ်သဖြင့် လွတ်ငြိမ်းချမ်းသာခွင့်၏ ရည်ရွယ်ချက်နှင့် အကျုံးမ၀င်သောကြောင့် တရားဥပဒေစိုးမိုးရေးအတွက်အလို့ငှာ ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစာရင်းတွင်ပါရှိသော အကျဉ်းသားအကျဉ်းသူ ၃၀၂ ဦး နှင့် အကျဉ်းထောင်အသီးသီးတွင် စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်၍ ထိုက်သင့်သော ပြစ်ဒဏ်အသီးသီးကို ကျခံခဲ့ပြီးဖြစ်သည့် အခြားအကျဉ်းသား ၃၄၉ ဦး အားလည်း နိုင်ငံတော်အကျိုးအတွက် အများပြည်သူနှင့်အတူ တာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ စုစုပေါင်း အကျဉ်းသားအကျဉ်းသူ ၆၅၁ ဦး တို့ကို သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီးမှ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက နိုင်ငံ့တာဝန်ယူခဲ့သည့် ဆယ်လတာကာလအတွင်း အကျဉ်းသားများအား လူသားချင်းစာနာထောက်ထားသော ကိုယ်ချင်းစာစိတ်များ အကျဉ်းသားတို့၏ မိသားစုများကို ငဲ့ညာသောစေတနာများဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး မည်သည့် အဖွဲ့အစည်း မည်သည့်လူပုဂ္ဂိုလ်တို့ ၏ ပယောဂများတိုက်တွန်းချက်များကြောင့် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ လွတ်ပေးသင့်လွတ်ပေးထိုက်သူများကို စိစစ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
http://www.weeklyeleven.com

ပုဂံ


အိုးဝေ

02 December, 2011

အမေရိကန်-မြန်မာ ဆက်ဆံရေး

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သမိုင်းဝင် အလည်အပတ်ခရီး သွားချိန်နှင့် တဆက်တည်း အမေရိကန်-မြန်မာ ဆက်ဆံရေးကို ယှဉ်ထိုး လေ့လာနိုင်ရန် အတွက် နှစ်နိုင်ငံအကြား အဓိက ဖြစ်ထွန်းမှုများကို နှစ်အလိုက် ဖော်ပြလိုက်ပါသည်။နိုဝင်ဘာ ၃၀ ရက်က စတင်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် အမေရိကန် ထိပ်တန်းသံအဖွဲ့နှင့် အတူ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်ပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ နိုဝင် ဘာ ၁၈ ရက်က အမေရိကန်သမ္မတ ဘားရက် အိုဘားမား ကြေညာလိုက်သော ထိုခရီးစဉ်သည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်း လဲမှုများပိုမိုဖြစ်ထွန်းလာစေရန် အားပေးသည့် ကြိုးပမ်းချက်တခုအဖြစ် ရှုမြင်နိုင်သည့်အပြင် အနောက်နိုင်ငံများနှင့် သံတမန်ရေး အရ အထီးကျန်ဆန်နေသော မြန်မာနိုင်ငံကို ကူညီအားပေးရာ လုပ်ရပ်တခုအဖြစ်လည်း ရှုမြင်ကြပါသည်။

စစ်တပ်နောက်ခံ အစိုးရသစ်သည် ကမ္ဘာ့ သြဇာတိက္ကမ အကြီးဆုံးနိုင်ငံနှင့် ‘ပုံမှန်’ ဆက်ဆံရေး ပြန်လည်ရရှိရန် ကြိုးပမ်းနေချိန်ဖြစ်သည်။

မြန်မာ – အမေရိကန် ဆက်ဆံရေး မှတ်တမ်း

၁၈၅၆ ခုနှစ် ။ ။ မင်းတုန်းမင်းသည် အမေရိကန်နိုင်ငံနှင့် နီးနီးကပ်ကပ်ဆက်ဆံချင်ကြောင်း အမေရိကန်သမ္မတ ဂျိမ်းစ် ဗြူကန်နန် ထံသို့ စာရေးသည်။

၁၈၅၇ ခုနှစ် ။ ။ ဘူချာနန်က အမေရိကန်နှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးလိုလားကြောင်းနှင့် မြန်မာ့ အချုပ်ချာအာဏာကို ထိပါးစေမည့်ဖြစ်ရပ်များကို သူ မမြင်တွေ့လိုကြောင်း ထပ်လောင်းကတိပြုရင်း မင်းတုန်းမင်းထံသို့ ပြန် စာပို့သည်။ အမေရိကန်သမ္မတက မြန်မာဘုရင်မင်းမြတ်ထံသို့ စာအုပ်နှင့် ရေနွေးငွေ့သုံး မီးရထားပုံစံငယ်ကို လက်ဆောင်
အဖြစ် ဆက်သသည်။

၁၉၄၈ ခုနှစ် ။ ။ အမေရိကန်က မြန်မာ့လွတ်လပ်ရေးကို အသိအမှတ်ပြုသည်။ ရန်ကုန်တွင် သံရုံးဖွင့်ပြီး အောက်တိုဘာလတွင် ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ခန့်အပ်သည်။

၁၉၄၈-၅၃ ခုနှစ် ။ ။ အမေရိကန်သည် မြန်မာနိုင်ငံကို စီးပွားရေးအထောက်အပံ့ပေးသည့်အပြင် မြန်မာနိုင်ငံတွင်းခိုလှုံနေသော တရုပ်ကူမင်တန်(KMT) တပ်များကိုလည်း လျှို့ဝှက်ထောက်ပံ့ပေးသည်။ ထို အကူအညီသည် ၁၉၅၃-၅၄ ခုနှစ်တွင် ရပ်တန့်ခဲ့ပြီး ကူမင်တန်အများစု ထိုင်ဝမ်သို့ ပြန်ပို့ခံရသည်။

၁၉၅၀ ပြည့်နှစ် ။ ။ ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံအား မြောက်ကိုးရီးယားက ၀င်ရောက်သိမ်းပိုက်မှုကို မြန်မာနိုင်ငံက ရှုတ် ချသည်။ ဇူလိုင်လတွင် ကမ္ဘာ့ကုလသမဂ္ဂ တုံ့ပြန်ချက်ကို ထောက်ခံသည့် မဲ ထည့်သည်။ ဇွန်လတွင်ပင် ဗြိတိသျှ ဓနသဟာယနိုင်ငံများ အဖွဲ့က မြန်မာကို ဗြိတိသျှ စတာလင်ပေါင် ၆ သန်းချေးရန် သဘောတူသော်လည်း စက်တင်ဘာလတွင် မြန်မာနိုင်ငံ က အမေရိကန်အစိုးရ၏ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(TCA) ထံမှ အကူအညီရယူသည်။

၁၉၅၃ ခုနှစ် ။ ။ အမေရိကန် ဒု သမ္မတ ရစ်ချတ် နစ်ဆင်သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ်ခရီး ရောက်ရှိသည်။ ရန်ကုန်တွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများနှင့် ကြုံရသည်။ နယူးယောက် တိုင်းမ် သတင်းစာအဆိုအရ ပဲခူးတွင်“မြန်မာ နိုင်ငံသည် အမေရိကန်စစ်ဘီလူးများအတွက် နေရာမဟုတ်”ဟု ဖော်ပြသောစာတန်းနှင့်ဆန္ဒပြသူများက နစ်ဆစ်ကိုကြိုဆိုခဲ့ကြ သည်။

၁၉၅၅ ခုနှစ် ။ ။ ဖေဖော်ဝါရီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဖော်စတာ ဒါးလက်စ် သည် ရန်ကုန်ကို အလည်ရောက်ရှိလာပြီး ၀န်ကြီးချုပ် ဦးနု အပါအ၀င် မြန်မာ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံသည်။

၁၉၅၅ ခုနှစ် ။ ။ ဇွန်လတွင် ဦးနုသည် ၀ါရှင်တန်သို့ တရားဝင် သွားရောက်လည်ပတ်ပြီး အမေရိကန် လွှတ်တော်တွင် မိန့်ခွန်းပြောသည်။ အမေရိကန်သမ္မတ ဒွိုက် အိုင်ဆင်ဟောင်ဝါနှင့် မြန်မာဝန်ကြီးချုပ် ပူးတွဲထုတ်ပြန်သောကြောညာချက်၌“ရန်ကုန်မြို့တော်တွင် လတ်တလော ကျင်းပနေသော ဆဋ္ဌမ သံဃာရတနာ တင်ပွဲသည် ဒေသတခုလုံးအတွက် အကျိုးကျေးဇူးဖြစ်ထွန်း စေ သည်”ဟု မှတ်ချက်ချခဲ့ပြီး ကွန်မြူနစ်တရုတ်နိုင်ငံတွင် အဖမ်းခံထားရသော အမေရိကန် လေယာဉ်မှူးများအရေးကိုလည်း ပြန် လည် သုံးသပ်ခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် အမေရိကန်နှင့် မြန်မာနိုင်ငံတို့၌ နိုင်ငံခြားတင်ပို့ရောင်းချမည့် ဆန်စပါးများ အဆမတန် ပိုလျှံခြင်းကြောင့် ဖြစ်ပေါ်လာသည့် “ရှုပ်ထွေးခက်ခဲသော စီးပွားရေးပြဿနာများ”များကိုလည်း ဆွေးနွေးခဲ့သည်။

၁၉၅၇ ခုနှစ် ။ ။ မြန်မာနိုင်ငံ သမ္မတ မန်းဝင်းမောင်သည် ဆေးကုသမှုခံယူရန်အတွက် အမေရိကန်နိုင်ငံသို့ သွားရောက်သည်။ ဒီဇင်ဘာ၂၃ရက်နေ့တွင် အမေရိကန်သမ္မတ အိုင်ဆင်ဟောင်ဝါနှင့် တွေ့ဆုံသည်။

၁၉၅၆-၆၄ ခုနှစ် ။ ။ မြန်မာနိုင်ငံသို့ အမေရိကန်က စားနပ်ရိက္ခာအထောက်အပံ့များ ၁၉၅၆ ခုနှစ်တွင် စတင်ပေးခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး နေ၀င်းက ရပ်ဆိုင်းခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းချိန်၌ အမေရိကန်တွင် စစ်ပညာ သင်ကြားနေသော မြန်မာ့တပ်မတော် အရာရှိပေါင်း ၁၀၀၀ ခန့် ရှိသည်။

၁၉၆၆ ခုနှစ် ။ ။ စက်တင်ဘာလတွင် ဗိုလ်ချုပ်နေ၀င်းသည် အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်လည် ပတ် ပြီး သမ္မတ လင်ဒန် ဘီ ဂျွန်ဆင်နှင့် တွေ့ဆုံသည်။ တရားဝင်ထုတ်ပြန်ကြေညာချက်တွင် အမေရိကန်သမ္မတက မြန်မာနိုင်ငံ ၏ ဘက်မလိုက်မူဝါဒကို နားလည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး“နှစ်ပြည်ထောင် နိုင်ငံသားများ၏ အပြန်အလှန် အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာနားလည်မှုအကျိုး ထမ်းရွက်ရာတွင်”ရင်းနှီးသောဆက်ဆံရေးကို ပိုမိုခိုင်မာအောင်လုပ် ဆောင်သွားမည်ဟု နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက ထပ်လောင်းပြောဆိုခဲ့သည်။

၁၉၇၄ ခုနှစ် ။ ။ အမေရိကန်နှင့် မြန်မာအစိုးရသည် တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု တိုက်ဖျက်ရေး ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးသည်။ အမေရိကန်က Bell 205 ရဟတ်ယဉ်များ မြန်မာနိုင်ငံအား ထောက်ပံ့ရန်လည်း သဘောတူသည်။

၁၉၈၂ ခုနှစ် ။ ။ အမေရိကန်နိုင်ငံ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်သို့ လာရောက် လည် ပတ် သည်။ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်များကို ဆက်လက်ထောက်ပံ့ပေးမည်ဟု ပြောကြားသည်။

၁၉၈၈ ခုနှစ် ။ ။ နိုင်ငံတ၀န်း ဒီမိုကရေစီလူထုအုံကြွမှုကြီး ဖြစ်ပေါ်နေသော စက်တင်ဘာလတွင် အာရှနှင့်ပစိဖိတ်ရေးရာ ကော် မတီ ဥက္ကဌ အောက်လွှတ်တော်အမတ် စတီဖင် ဂျေ ဆိုလာ့ဇ် ရန်ကုန်သို့ လာရောက်လည်ပတ်ပြီး သမ္မတသစ် ဒေါက်တာ မောင်မောင်နှင့် တွေ့ဆုံသည်။ ဒေါ်အောင်ဆန်းစုကြည့် အပါအ၀င် အတိုက်အခံခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသည်။

၁၉၈၈ ခုနှစ် ။ ။ နိုဝင်ဘာလတွင် အမေရိကန်အောက်လွှတ်တော်အမတ် ဒန်နာ ရိုရာဘာချာသည် ထိုင်းမြန်မာနယ်စပ်အနီးရှိ သေဘောဘိုးကျောင်းသားစခန်းသို့လာရောက်လည် ပတ်ပြီး ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲများကို စစ်တပ်ကဖြိုခွင်း ခဲ့သဖြင့်ပြည်ပသို့ရောက်ရှိလာသူများအတွက်နိုင်ငံရေးထောက်ခံမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု က တိပေးပြောကြားသည်။

၁၉၉၀ ပြည့်နှစ် ။ ။ အမေရိကန်က မြန်မာကိုပေးနေသော စီးပွားရေးနှင့် စစ်ရေးအကူအညီများ ဖြတ်တောက်လိုက်သည်။ နှစ် ပေါင်း၃၀အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပသော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အပြတ်အသတ်အနိုင်ရလိုက်သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်မပြုသောကြောင့် သံတမန်ဆက်ဆံရေးအဆင့်ကို သံအမတ်အဆင့်မှ သံရုံးယာယီ တာဝန်ခံ အဆင့်သို့ ယနေ့အထိ လျှော့ချလိုက်သည်။

၁၉၉၄ ခုနှစ် ။ ။ ဖေဖော်ဝါရီလတွင် အမေရိကန်အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆန် သည် နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် တွေ့ဆုံခွင့်ရသည်။ အမေရိကန် သမ္မတ ဘီလ်ကလင်တန်က ဒေါ်အောင် ဆန်းစုကြည်အတွက် ပေးပို့သော စာတစောင်အား အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆန် က ဒေါ်အောင်ဆန်းစုကြည် ထံသို့ ပေးအပ်သည်။ အောက်လွှတ်တော်အမတ်သည် စစ်ထောက်လှမ်းရေးအကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့်လည်း
တွေ့ဆုံသည်။ ဘန်ကောက်မြို့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏အနာဂတ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှစ်ဦးတည်းကသာ အဆုံးအဖြတ်ပေးမည်ဟု သူက ပြောဆိုသည်။

၁၉၉၅ ခုနှစ် ။ ။ စက်တင်ဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး နောက်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ် လာသူ မက်ဒ်လင်း အောလ်ဘရိုက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့်တွေ့ဆုံသည်။ ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် က ၎င်းတို့ အစိုးရသည် လူထုထောက်ခံမှုအများအပြားရရှိနေသည်ဟု အောလ်ဘရိုက်ကို ပြောဆိုသည်။ နောက်တနေ့တွင် မစ္စ အောလ်ဘရိုက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသည်။

၁၉၉၇ ခုနှစ် ။ ။ မြန်မာနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံများ အသင်းတွင် ၀င်ခွင့်ပြုခဲ့ခြင်းအပေါ် အမေရိကန်အစိုးရက ပြင်းပြင်း ထန်ထန် ကန့်ကွက်သည်။

၁၉၉၇ ခုနှစ် ။ ။ အမေရိကန် နိုင်ငံသားများ အနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းကို သမ္မတ ကလင်တန်က တားမြစ်ပိတ်ပင်သည်။ မြန်မာနိုင်ငံတွင် ငွေခ၀ါချခြင်း အား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် အမေရိကန်ပြည်ထောင်စုက တားမြစ်ပိတ်ပင်မှုချမှတ် လိုက်သည့်အပြင် တချို့သော မြန်မာစစ်တပ်အရာရှိများနှင့် မိသားစုဝင်များကိုလည်း ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ပိတ်ပင်သည်။

၂၀၀၃ ခုနှစ် ။ ။ မေလ ၃၀ ရက် မြန်မာနိုင်ငံအလယ်ပိုင်း ဒီပဲယင်းအရပ်တွင် NLD ယာဉ်တန်းအား အကြမ်းဖက် တိုက်ခိုက်မှုအပြီး ဇူလိုင်လတွင် သမ္မတ ဂျော့ရှ် ဒဗလျူ ဘုရှ်အစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်သည်။ မြန်မာနိုင်ငံ လွတ်မြောက်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ နှင့် အမိန့်စာ အမှတ် ၁၃၃၁၀ အရ မြန်မာနိုင်ငံမှ ထုတ်ကုန် တင်သွင်းခြင်းကို တားမြစ်ခြင်း၊ မြန်မာနိုင်ငံအတွင်းသို့ ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ခြင်း၊ စစ်အစိုးရနှင့် မြန်မာနိုင်ငံခြား ကူး သန်းရောင်းဝယ်မှု အဖွဲ့သုံးဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသည်။ ထိုဒဏ်ခတ်ပိတ်ဆို့မှုများအရ အမေရိ ကန် အစိုးရက နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့ကူညီမှုတိုင်းကို ကန့်ကွက်သွားမည် ဖြစ်သည်။

၂၀၀၅ ခုနှစ် ။ ။ သမ္မတ ဘုရှ်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားသော ကွန်ဒိုလီဇာ ရိုက်စ်က မြန်မာနိုင်ငံကို“ကမ္ဘာတ၀န်း အာဏာရှင်များ၏ ခံကတုတ် ခြောက်ခုအနက်”တခုဖြစ်သည်ဟု ပြောဆိုသည်။

၂၀၀၇ ခုနှစ် ။ ။ အစိုးရက လောင်စာဆီဈေး ရုတ်တရက်မြှင့်တင်လိုက်သဖြင့် ရန်ကုန်နှင့် နေရာ အနှံ့အပြားတွင် လူထုဆန္ဒပြပွဲများဖြစ်ပေါ်လာသည်။ ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်သည့်အတွက် သမ္မတ ဘုရှ်က လူ့ အခွင့်အရေးချိုးဖောက်မှုများနှင့် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားလုပ်မှုအတွက် တာဝန်ရှိသူဟု သတ်မှတ်ခံရသူ တဦးချင်းစီ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသည့် အမိန့် ကြေညာချက် အမှတ် ၁၃၃၄၈ ကို ထုတ်ပြန်သည်။ ထို့အပြင် ၎င်းတာဝန်ရှိသူများအား ဘဏ္ဍာ ရေးနှင့် ရုပ်ဝထ္ထုပစ္စည်း အထောက်အပံ့ပေးသော လူပုဂ္ဂိုလ် တဦးချင်းနှင့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုကိုလည်း သိမ်းဆည်း ရန် ယင်း အမိန့်တွင်ပါဝင်သည်။ ယခင်ပြစ်ဒဏ်ခတ်မှုအား တိုးချဲ့ထားသော အမိန့်စာဖြစ်သည်။

၂၀၀၈ ခုနှစ် ။ ။ သမ္မတ ဘုရှ်သည် မြန်မာနိုင်ငံမှထွက်သော ကျောက်မျက် ရတနာများ တင်သွင်းခြင်းကို ကန့်သတ်ခြင်းနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောလက်ရှိ သွင်းကုန်ကန့်သတ်မှုအား တိုးချဲ့သော Burma Jade Act ကို လက်မှတ်ရေး ထိုး ထုတ်ပြန်သည်။ မြန်မာကုမ္ပဏီ ၁၀ ခုထက်မနည်း အဆိုပါ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခံရသည်။၂၀၀၈ ခုနှစ် ။ ။ မေလတွင် ရဟတ်ယဉ်များ၊ ရေ နှင့်အစားအစာ တန်ပေါင်းများစွာ တင်ဆောင်လာသော အမေရိကန် လေ ယာဉ်တင် သဘောင်္(US Aircraft Carrier Essex)သည် ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်းသင့်ပြည်သူများကို ကူညီရန် မြန်မာ အစိုးရထံမှ ခွင့်ပြုချက်ကို ကမ်းလွန်ပင်လယ်ပြင်တွင် ရက်သတ္တပတ် ၃ ပတ်ကြာစောင့်ဆိုင်းသည်။ မြန်မာအစိုးရက ကယ် ဆယ်ရေး အစီအစဉ်ကို ပယ်ချလိုက်သည်။ သို့သော် အမေရိကန်အစိုးရကို အမေရိကန်ဒေါ်လာ ၁ ဒဿမ၂ သန်းတန်ဖိုးနီးပါးရှိအစားအစာနှင့်နေထိုင်စရာအကူအညီများ 185 DOD C-130 ကုန်တင်လေယာဉ်များဖြင့် ရန်ကုန်သို့ သယ်ဆောင်ခွင့်ပြုသည်။

၂၀၀၈ ခုနှစ် ။ ။ သြဂုတ်လတွင် အမေရိကန် သမ္မတ ဂျော့ ဘုရှ်နှင့် ပြည်ပရောက် မြန်မာ အတိုက်အခံများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံသည်။ သမ္မတ ကတော် လော်ရာ ဘုရှ် က ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော်ဆေးခန်းနှင့် ဒုက္ခသည် စခန်းများကို သွားရောက်သည်။

၂၀၀၉ ခုနှစ် ။ ။ သြဂုတ်လတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသဖြင့် ဆယ်စုနှစ်များစွာအတွင်း မြန်မာ စစ်ခေါင်းဆောင်နှင့်တိုက်ရိုက်ထိတွေ့ခွင့်ရခဲ့သော အဆင့်မြင့်ဆုံးအရာရှိဖြစ် သည်။ မြန်မာနိုင်ငံအတွင်း တရုတ်သြဇာလွှမ်းမိုးမှု ကြီးထွားလာနေခြင်းကို ထောက်ပြပြီး အမေရိကန်အစိုးရအား မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံရန် ဂျင်မ် ၀က်ဘ်က အပြင်းအထန် စည်းရုံးသည်။၂၀၀၉ ခုနှစ် ။ ။ စက်တင်ဘာလတွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းမရှိဘဲ မြန်မာအစိုးရ စစ်ခေါင်းဆောင်များနှင့် တိုက်ရိုက်ထိတွေ့မှုလုပ်ဆောင်ရန် ကြိုးပမ်း သွားမည်ဟု ဆိုသည်။

၂၀၀၉ ခုနှစ် ။ ။ နိုဝင်ဘာလက စင်ကာပူနိုင်ငံတွင် ကျင်းပသော အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သမ္မတ အိုဘားမား က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား လက်ဆွဲနှုတ်ဆက်သည်။
မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်မည်ဆိုပါက နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်မည်ဟု သမ္မတ အိုဘားမားက ပြောဆိုသည်။ ၁၄ နှစ် အတွင်း အဆင့်မြင့်ဆုံး အမေရိကန်အရာရှိအဖြစ် အမေရိကန်အစိုးရ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည်။ ထိုခရီးစဉ်သည် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ်ချမှတ်သော မူဝါဒအသစ် တိုက်ရိုက် ထိတွေ့ဆက်ဆံရေး၏ တစိတ်တဒေသဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ။ ။ နိုဝင်ဘာလ ၇ ရက်နေ့က အနှစ်၂၀အတွင်း ပထမဆုံးအကြိမ် ကျင်းပသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ
အား “လွတ်လပ်မှု နှင့် တရားမျှတမှုမရှိသော ရွေးကောက်ပွဲ”ဟု သမ္မတ အိုဘားမားက ရှုတ်ချသည်။ ရွေးကောက်ပွဲမှတဆင့် စစ်အရာရှိဟောင်းများ ဦးဆောင်သော အမည်ခံအရပ်သားအစိုးရထံသို့ စစ်အစိုးရက အာဏာလွှဲပြောင်းပေးသည်။

၂၀၁၁ ခုနှစ် ။ ။ ဧပြီလတွင် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရ ခေါင်းဆောင်များအကြား ဆက်သွယ်ဆောင်ရွက်သူအဖြစ် ဒဲရစ် မစ်ချယ်ကို မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် သမ္မတ အိုဘားမားက ခန့်အပ်သည်။

၂၀၁၁ ခုနှစ် ။ ။ စက်တင်ဘာ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အမေရိကန်နိုင်ငံခြားရေး ထိပ်တန်းအရာရှိများနှင့် ၀ါရှင်တန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံသည်။ နောက်တနေ့တွင် သမ္မတ ဦး သိန်းစိန်က မြန်မာနိုင်ငံမြောက်ဘက်ခြမ်းတွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်နေသော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား ယာယီရပ်ဆိုင်းလိုက်သည်ဟု ထုတ်ပြန်ကြေညာသည်။ ၀ါရှင်တန်က အရေးပါပြီး အပြုသဘောဆောင်သော လုပ်ရပ်တခုအဖြစ် ကြိုဆိုလိုက်သည်။

၂၀၁၁ ခုနှစ် ။ ။ နိုဝင်ဘာတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ်ချယ်သည် သက်တမ်းနှစ်လ မပြည့်သေးသည့် အချိန်တွင် တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့သွားရောက်ပြီး မြန်မာအစိုးရခေါင်းဆောင်များအပါအ၀င် ဒေါ်အောင် ဆန်းစုကြည်နှင့်ပါ တွေ့ဆုံသည်။ မြန်မာနိုင်ငံမှ နောက်ထပ်ဖြစ်ပေါ်လာမည့် အပြုသဘောဆောင်သော အပြောင်း အလဲ များနှင့်အတူ အမေရိကန်အစိုးရကလည်း အပြန်အလှန်ဆောင်ရွက်သွားမည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာ သည်။

၂၀၁၁ ခုနှစ် ။ ။ နိုဝင်ဘာ ၁၈ ရက်တွင် သမ္မတ အိုဘားမားက မြန်မာနိုင်ငံတွင် “တိုးတက်ပြောင်းလဲမှု အရိပ်အယောင်များ” ဖြစ် ပေါ်နေသည်ဟု ပြောဆိုလိုက်ပြီး “နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ တဦးချင်းအခွင့်အရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ် ငန်း များ ပိုမိုတိုးတက်လာစေရန် အမေရိကန်အနေဖြင့် ကူညီပေးနိုင်မှုများ” ရှာဖွေလေ့လာရန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ကို ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့စေလွှတ်မည်ဟု ထုတ်ပြန်ကြေညာသည်မြန်မာအစိုးရက အမေရိကန်သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အပြုသဘောဆောင်သည့် အပြောင်းအလဲများကို အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ပြောဆိုလိုက်ပြီး သမ္မတ အိုဘားမား၏ ကြေညာချက်ကို ကြိုဆိုလိုက်သည်။

၂၀၁၁ ခုနှစ် ။ ။ ဒီဇင်ဘာ ၁ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် နေပြည်တော်၌ တွေ့ဆုံသည်။ အမေရိကန်-မြန်မာ ဆက်ဆံရေး အခန်းကဏ္ဍ တခုကို ရောက်ရှိပြီ ဖြစ်ကြောင်း ဦးသိန်းစိန်က ပြော သည်။

http://burma.irrawaddy.org/archives/3111