Search This Blog

“အမျိုးဘာသာ သာသနာကိုကာကွယ်ကြလော ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုထူထောင်ကြလော”

HTML editor

21 February, 2012

ကျွန်မတို့ တိုးတောင်းတဲ့ နေ့တွက်ခက ကြက်ဥတလုံးစာပဲရှိတာပါ


ကျွန်မတို့ တိုးတောင်းတဲ့ နေ့တွက်ခက ကြက်ဥတလုံးစာပဲရှိတာပါ
by Yangon Press International on Monday, February 20, 2012 at 7:14pm ·
ဖေဖေါ်ဝါရီ ၂၀၊ ၂၀၁၂ -ပဲခူးသွန် ရေးသားသည်။
  နွေဦးရဲ့ နံနက် ၇ နာရီကျော်ကျော် အချိန်က လင်းလင်းထင်းထင်းရှိနေပေမဲ့ အဝေးကနေလှမ်း ကြည့်ရင်တော့ မြူတွေနည်းနည်းဆိုင်း နေပါသေးတယ်။

ကိုယ့်ကိုကိုယ် စောလှပြီးထင်ထားပေမဲ့ သူတို့ကတော့ ထမင်းချိုင့်လေးတွေတောင်ဖွင့်စားနေကြပြီ။

ကိုယ့်အစုနဲ့ကိုယ် ထိုင်နေကြတဲ့ လူတွေ ရှိသလို ရပ်နေကြတဲ့သူတွေလည်း အများအပြား။ တချို့ ကအရိပ်ကောင်းကောင်းအောက်မှာ စကားလေးတွေထိုင်ပြောကြလို့။

ဝိရိယ ကောင်းလှတဲ့ ကြာဆံကြော် အသည်တွေ ၊ဖရဲသီး၊ ပဲပြား သုပ်အရောင်းသည်တွေကတော့ စောစောစီးစီး ဈေးဦးပေါက်နေကြပြီ။
တချို့က ကာတွန်းစာအုပ်လေးတွေနဲ့ နေရာယူထားကြပြီး၊ တချို့ကျတော့လည်း သိုးမွေးချည် လုံးလေးတွေနဲ့ သိုးမွေး စထိုးဖို့ ပြင်နေကြတယ်။

ဒီနေ့ဟာ လှိုင်သာယာမြို့နယ် တိုင်ရီဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားတွေ ဆန္ဒပြတာ ၁၅ ရက်မြောက်နေ့ပါ။

နောက်ဆုံးဆန္ဒပြတဲ့နေ့လို့ သတင်းထွက်နေပါတယ်၊  ဒီနေ့မှာ အလုပ်သမားခေါင်းဆောင်တွေက တာဝန်ရှိသူတွေ နဲ့ သွားရောက်တွေ့ဆုံပြီး တောင်းဆိုချက်တွေရအောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ သတင်းကြောင့် အလုပ်သမလေးတွေက ပိုပြီးတက်ကြွနေကြတယ်။

"ခေါင်းဆောင်တွေက ရအောင်တောင်းဆိုပေးမယ်လို့ ပြောတယ်၊ ဘာပဲပြောပြော သူတို့ကိုယုံတယ်၊ တောင်းဆိုတာတွေရမယ်ထင်တယ်" ဟုအသက် ၁၉ နှစ်အရွယ်အဆောင်နေ အလုပ်သမလေး မသက်သက်အောင်က ပြောတယ်။

သူမက ဧရာဝတီတိုင်း ဂွ၊ ငသိုင်းချောင်းမြို့နယ် ဘက်မှလာပြီး သူမအမနဲ့အတူတူ စက်ရုံမှာ အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။

နှစ်လတခါ မိဘဆီသို့ ပိုက်ဆံပြန်ပို့လေ့ ရှိပြီး စက်ရုံရဲ့အဆောင်မှာ နေတယ်လို့ဆိုပါတယ်။

"လောလောဆယ်တော့ အဆောင်ကထမင်းလည်း မစားရဲဘူး၊သူတို့ကလည်း မချက်ကျွေးတော့ဘူး၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်စားနေရတာပေါ့ ၊ပိုက်ဆံကလည်း ကုန်ခါနီးပြီ " လို့သူမကဆိုပါတယ်။

တိုင်ရီစက်ရုံရှေ့မှာ ဆန္ဒပြသူတထောင်ကျော်ကျော် စုနေတဲ့အထဲမှာ အများစုဟာ အလုပ်သမလေးတွေပါ။

အိမ်ထောင်သည်၊ လူလွတ်၊ ရွေတွဲလွဲ ၊ငွေတွဲလွဲလေးတွေပါသလို တချို့တော့လည်း ပျော်ပျော်ပါးပါး၊ တချို့တော့လည်း မျက်နှာမှာသောကတွေနဲ့။

ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးကာလက တိုင်ရီဖိနပ်စက်ရုံကို စက်ရုံပိုင်ရှင်က ငါးရက်တာပိတ်ခဲ့ပြီးတဲ့နောက် လုပ်အားခရှင်းတဲ့အခါ အဲဒီပိတ်ရက်အတွက်  လစာဖြတ်တောက်ခဲ့ပါတယ်။ လစာဖြတ်တာကို  မကျေမနပ်ဖြစ်ရာမှ ယခု ဆန္ဒပြမှု စတင်လာတာဖြစ်ပါတယ်။  ၁၅ ရက်ကြာသည် အထိ ဆန္ဒပြမှုဟာ ဆက်လက်အားကောင်းနေဆဲပါ၊

စက်ရုံရှေ့က ဈေးသည်တွေ

အလုပ်သမများတောင်းဆိုကြတဲ့ အချက်ကတော့ နေ့တွက် ၇၅ ကျပ်မှ ၁၅၀ အထိတိုးပေးရန်နဲ့ ရက်မှန်ကြေး တလ ကျပ် ၆၀၀၀ မှ ၈၀၀၀ အထိတိုးပေးရန်တို့ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ စက်ရုံ တာဝန်ရှိသူတွေက နေ့တွက်ကို ၇၅ ကျပ်မှ ၁၀၀ ထိ တိုးပေးပေမယ့် အလုပ်သမားတွေက လက်မခံခဲ့ပဲ တောင်းဆိုချက် ရဖို့ ဆက်လက်ဆန္ဒပြနေတာပါ ။

"ကျွှန်မတို့ တိုးတောင်းတဲ့ နေ့တွက်ခက ကြက်ဥတလုံးစာတန်ဖိုးလောက်ပဲရှိတာပါ၊ ရတဲ့လစာနဲ့ မလောက်လို့ အိမ်ဆီကနေတောင်ပြန်တောင်းနေရတာပါ၊အခုတိုးတောင်းတဲ့ကြေးကကုန်ဈေးနှုန်းနဲ့ တွက်ရင် ရသင့်ရထိုက်တာပဲ၊ရသင့်တဲ့လုပ်အားခကိုတောင်းတာပါ" ဟု သူ့နာမည် မဖေါ်လိုတဲ့  အလုပ်သမခေါင်းဆောင် တဦးက ပြောပါတယ်။

၎င်းတို့ရဲ့ လုပ်အားခက အခြေခံလစာ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ တာဝန်ကြေကြေး၊လုပ်သက်ကြေး၊ အတတ်ပညာဆုကြေး၊ ကားခ၊ လူမှုဖူလုံရေးကြေး၊ အချိန်ပိုကြေး စသည်တို့ သတ်မှတ်ထားပြီး ရက်ပြည့်ဆင်းမှသာ တလ ၆၀၀၀၀ကျပ် ၀န်းကျင်ပဲရပါတယ်။ ပြီးခဲ့တဲ့လက လစာအဖြတ်ခံရတဲ့ အတွက် အတော်နည်းသွားခဲ့တယ်လို့အလုပ်သမများကဆိုပါတယ်။

အလုပ်ချိန်မှာ နံနက် ၇နာရီကျော်မှ ညနေ၅ နာရီဝန်းကျင် အထိဖြစ်ပါတယ်။ လုပ်ခထက် အချိန်ပိုကြေး နဲ့ ရပ်တည်နေရတယ်လို့တယ်။

တိုင်ရီဖိနပ်စက်ရုံ ဟာ တရုတ်လူမျိုး(ထိုင်ဝမ်) ပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ပြီး ပြည်ပသို့ တင်ပို့တဲ့ ဖိနပ်များကို ချုပ်လုပ်တဲ့စက်ရုံဖြစ်တယ်။

"ဆန္ဒ ပြတဲ့အလုပ်သမတွေအခြေအနေတော်တော်ဆိုးနေကြတယ်၊အဆောင်နေတဲ့လူတွေကအဆောင် ထမင်းမစားရတော့ဘူး၊ ကိုယ့်ဘာသာကိုယ်ဝယ်စားနေကြရတယ်၊ကြာရင် မလွယ်ဘူး"ဟု ဆန္ဒပြတဲ့ သူတွေကိုယခုလ ၁၇ ရက်နေ့ကစပြီးစားစရာတွေ ဝေငှပေးနေတဲ့ နိုင်ငံရေး အကျဉ်းသားမိသားစု များ အကျိုးဆောင်ကွန်ယက်မှကိုအောင်ဇော်ထွန်းကပြောတယ်။

အလုပ်သမစုစုပေါင်း ၁၈၀၀ ၀န်းကျင် ထဲမှ နယ်မှလာတဲ့ အဆောင်နေအလုပ်သမတွေ ၈၀၀၀န်းကျင်ရှိ တယ်လို့ ဆိုပါတယ်။

အားလုံးနီးပါးဆန္ဒပြကြပြီး ရာထူးအနည်းငယ် ကြီးတဲ့ အလုပ်သမတချို့ကသာ အလုပ်ဆက်လက် ဆင်းနေကြတယ်လို့ ဆိုတယ်။

အဆောင်နေအလုပ်သမများကို ထမင်း နဲ့အဆောင်စရိတ် တသောင်းခန့်ကို စက်ရုံက လစာထဲက ဖြတ်တယ်လို့ ဆိုပါတယ်။

"အဆောင်နဲ့ထမ်ငးလခပေးထားပေမဲ့ အဆောင်ကကျွေးတဲ့ဟင်းကို ဘယ်တော့မှမစားဘူး၊ သူတို့က ရေလုံပြုတ်၊အသီး အရွက်ကြော်တမျိုးပဲ ကျွှေးတာ စားလို့မရဘူး၊ ဟင်းကအမြဲအပြင်မှထွက်ဝယ် စားရတယ်" လို့ ဟင်္သာတ ဘက်မှ အလုပ်လာလုပ်တဲ့ အဆောင်နေသူ အလုပ်သမတဦးကပြောတယ်။

ဟောခန်းပုံစံ အဆောင်မှာ လူ၈၀၀ ခန့် နေရတာ အဆင်ပြေပေမယ့် ရေအတွက်အခက်အခဲဖြစ် ရတယ်လို့ဆိုပါတယ်။
"တနေ့ရေ ၂နာရီ နှစ်ခါပဲရေမောင်းပေးတယ်၊ ရေချိုးချင်ရင် စောစောထရတယ်၊ လူကအရမ်းများတော့ တခါတခါ ရေကုန်သွားလို့ မချိုးရတဲ့ရက်တွေလည်းရှိတယ်လို့" မသက်သက်အောင်ကပြောပါတယ်။

" ဒီမှာနေတဲ့လူတွေက တော်သေးတယ် ၊အဆောင်နေတဲ့လူတွေကအိမ်ပြန်ပို့တာနဲ့ ဘာနဲ့ဆိုတော့ တခါတခါ မလောက်ဘူး ၂၀ ကျပ်တိုးနဲ့ငွေချေးရတယ်၊ကျွှန်မကတော့ လစာက အိမ်စရိတ်နဲ့ စားစရိတ်တချို့ ကာမိနေလို့ လာလုပ်တာပါ"ဟု အိမ်ထောင်သည်အလုပ်သမတဦးဖြစ်သူမသန်းသန်းညွန့်ကပြောတယ်။

လက်ရှိမှာတော့ အလုပ်မဆင်းဘဲ ဆန္ဒပြနေတဲ့အတွက် ၂၀ တိုးနဲ့တောင် ချေးပေးချင်သူတွေမရှိတော့ဘူးလို့ ကလေးနှစ်ယောက်အမေ အလုပ်သမတဦးကပြောတယ်။

ှလုပ်ခတိုးရေး ဆန္ဒပြ ၁၅ ရက်မြောက်နေ့ နံနက် စောစော အလုပ်သမတွေ ရောက်လာကြပြီ

ဒီနေ့မှာတော့ အလုပ်သမားခေါင်းဆောင် (အီးစီ) ၄၉ ယောက်နဲ့ ရှေ့နေကိုဖိုးဖြူတို့က မရမ်းကုန်းမြို့နယ် ၀ါဏိဇ္ဖပဋိပက္ခမှု ကော်မတီသို့တင်ပြရာ ကော်မတီက ခုံရုံးဖွဲ့ ၍ စစ်ဆေးပေးရန် သဘောတူညီခဲ့ပါတယ်။ အဲဒီလို ၀ါဏိဇ္ဖ ကော်မတီကို တင်ပြမယ်ဆို သဘက်ခါ (ဖေဖေါ်ဝါရီ ၂၂ ရက်) နေ့နံနက်မှာ တောင်းဆိုချင်တဲ့ အချက်အလက်တွေကို လုပ်သားခေါင်းဆောင်တွေ ဆွေးနွေးထားဖို့ ဆော်သြထားပါတယ်။

အလုပ်သမားတွေအဖို့တော့ သူတို့ရဲ့ တောင်းဆိုချက်တွေဟာ မှန်ကန်တယ်လို့ ယုံကြည်ထားတာကြောင့် ရှေ့ဆက်တောင်းဆို ဆန္ဒပြဖို့ အသင့်ရှိနေပေမယ့် အောင်နိုင်မယ် မအောင်နိုင်ဘူးဆိုတာကတော့ နွေဦးရာသီ နံနက်ခင်းလို မြူဆိုင်းနေဆဲပါ။       

နားလည်ပေးဖို့ ခက်နေပြီ ( ငါးထောင်တန်ဖုန်းအထူးဆောင်းပါး)


မိုဘိုင်းဖုန်းတွေ အဆမတန်ဈေးကြီးနေရတာနဲ့ ပတ်သက်လို့ ဆဲလူလာခေတ်က ဆက်သွယ်ရေးမှ အသိ အငယ်တန်းအင်ဂျင်နီယာလေးတစ်ယောက်ကို ကျွန်တော် မေးကြည့်ခဲ့ဖူးရဲ့... သူပြောခဲ့တာက ဘတ်ဂျက်မလုံ လောက်လို့ ရှိတဲ့ဘက်ဂျက်လေးနဲ့ပဲ လုပ်ရတော့ လိုင်း အင်အားသောင်းဂဏန်းအတွက်ပဲ တည်ဆောက်ရေးလုပ် ရတယ်... ဒီတော့ တစ်လိုင်းအတွက် ကုန်ကျစရိတ်က သူများနိုင်ငံထက်မြင့်တယ် တဲ့...
ဘတ်ဂျက်မလုံလောက်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုနဲ့ လုပ်ပါလား... အနောက်တိုင်း Sanction ရှိပေမဲ့ တရုတ်လို အာရှနိုင်ငံကြီးတစ်နိုင်ငံနဲ့ ဖက်စပ်လုပ်နိုင်တာ ပဲလို့ ကျွန်တော်က ပြန်ပြောတော့ ဆက်သွယ်ရေးလို အသက်သွေးကြောကိစ္စကို လူကြီးတွေက ပြည်ပနဲ့ လုပ် ချင်ပုံမရလို့ ဖြစ်မှာပေါ့လို့ သူက ပြန်ပြောခဲ့တယ်... ဆက်ပြီး သူက သူလည်းဌာနတာဝန်နဲ့ နိုင်ငံခြားသွားရင် ဒီကိစ္စနဲ့ မျက်နှာတောင်မပြရဲပါဘူးတဲ့... လာအို တို့ ဘင်္ဂ လားဒေ့ရှ်တို့ကတောင် ကိုယ့်ထက် ဖုန်းလိုင်းအရေအတွက်ကော၊ သိပ်သည်းဆပါ မယှဉ်သာအောင်များနေတာ မို့ အသာလေးလျှိုနေခဲ့ရတယ်လို့ ပြောရှာတယ်...
အဲဒီ အင်ဂျင်နီယာလေးရဲ့ စကားကို ကျွန်တော် နားလည်ပေးနိုင်ခဲ့ပါတယ်... ဒါပေမဲ့ တိုင်းပြည်ရဲ့ တခြားအသက်သွေးကြောလို့ ဆိုနိုင်တဲ့ လေဆိပ်တို့၊ ရေ ဆိပ်တို့ ကားလမ်းတို့လို ကိစ္စတွေကိုတော့ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေနဲ့ လုပ်နေတာ ကြားရမြင်ရတိုင်း သက်ပြင်း ချမိပါတယ်။
ဒါနဲ့ပဲ ဆက်သွယ်ရေးကနေပြီး မြန်မာ့ပထမဆုံး GSM ဖုန်းကို ဆင်းမ်ကတ်တစ်ကတ် ငါးသိန်းနှုန်းနဲ့ ပုဂ္ဂ လိကကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်စချပေးခဲ့တော့ လုပ်နိုင်သူမို့ စလုပ်ခွင့်ပေးတာပဲလေလို့ နားလည်ပေးခဲ့ပါ တယ်။ (SKY LINK CO လို့ ခပ်ရေးရေးမှတ်မိပါတယ်။ သေချာတာက ဦးနေဝင်းရဲ့မြေးများ ပိုင်ဆိုင်ခဲ့တာပါ)
နောက်တော့ အကြောင်းကြောင်းတွေကြောင့် အဲဒီ ကုမ္ပဏီကလည်း ဆက်လုပ်ခွင့်မရတော့ဘဲ ဆက်သွယ် ရေးကသာလျှင် GSM စီမံကိန်းကို ဆက်လုပ်ခဲ့တယ်... ငါးသိန်းနဲ့ပဲ ရောင်းတယ်... ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတော့ အပြင်ပေါက်ဈေး သိန်း ၃ဝ ကျော်ထိဖြစ်ပြီး အခွင့်ထူးသူတွေ ထီဆုကြီးပေါက်သလောက်နီးနီး ပွကုန် တယ်... ကျွန်တော့်မိတ်ဆွေ စာနယ်ဇင်းအဖွဲ့ဝင်အချို့ တောင် ထောက်ခံချက်တွေနဲ့ လျှောက်လိုက်ကြတာ ရတဲ့ လူရ... မရတဲ့လူမရ... ဒါနဲ့ပဲ နောက်တော့ တရားဝင် ဈေးကိုပဲ ၁၅ သိန်း သတ်မှတ်လိုက်တော့ အမြတ်နည်းသွား ကြတယ်။
တိုးယူလိုက်တဲ့ငွေတွေ အစိုးရဘတ်ဂျက်ထဲ ရောက် သွားတော့လည်း ပြည်သူ့အကျိုးပြုစီမံကိန်းတွေမှာ သုံး စွဲနိုင်တာပေါ့လို့ နားလည်ပေးခဲ့ပါတယ်... ၁၅ သိန်းနဲ့ တောင် လိုအပ်သလိုမရတာမို့ အပြင်ပေါက်ဈေးက သိန်း နှစ်ဆယ်/အစိတ် ဖြစ်နေခဲ့သေးတာ... အိမ်နီးချင်းနိုင်ငံ တွေနဲ့တော့ အကွာကြီးကွာဆဲပေါ့။
အဲဒီနောက်တော့ အစိုးရသစ်မပြောင်းခင်မှာ မူလ ဈေးငါးသိန်း ပြန်သတ်မှတ်ပေးခဲ့ပါတယ်... တိုးချဲ့လိုင်း အင်အားကလည်း သိန်းနဲ့ချီပြီးဖြစ်လာပြီ...တပ်ဆင်ခ ဒီထက်မလျှော့သင့်ပေဘူးလား တွေးမိပေမဲ့ အခွန်အခ အရနည်းတဲ့ တိုင်းပြည်ပဲလေ ... အစိုးရမှာ ငွေလိုနေ တာပဲလို့ နားလည်ပေးခဲ့ပြန်ပါတယ်။
ဒီလိုနဲ့ GSM သာမက CDMA 450/800 ဆိုတဲ့ ဖုန်းတွေ...FEC ၂ဝ တန်/ ၅ဝ တစ်ခါသုံးကတ်တွေ ပေါ်လာပြီး ဆက်သွယ်ရေးနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့် ကုမ္ပဏီတစ်ခုတည်းကို ချပေးလိုက်ပြန်တော့လည်း ပထမ ဆုံး GSM တုန်းကလိုပဲ လုပ်နိုင်သူမို့ ပေးလိုက်တာပဲလေ လို့ နားလည်ပေးရပြန်ပါတယ်။
ဒါပေမဲ့ မတွေးဘဲတော့ မနေနိုင်... အဲဒီလုပ်ပိုင် ခွင့်ရသူက တရုတ်က HUAWEI စက်ပစ္စည်းတွေ အဓိက ဝယ်ယူလုပ်ကိုင်တာကို သိရတော့... HUAWEI ကုမ္ပဏီ အကြောင်း အင်တာနက်မှာ ရှာကြည့်မိရဲ့... ဒီတော့ HUAWEI ဆိုတာ အစိုးရတစ်ပိုင်းလုပ်ငန်းဖြစ်ခဲ့ပေမဲ့ အခု တော့ ဝန်ထမ်းတွေကိုလည်း ရှယ်ယာပိုင်ဆိုင်ခွင့်ပေးထား လို့ တိုးတက်မှုအလွန်လျင်မြန်ခဲ့ပြီး တရုတ်မှာသာမက နိုင်ငံတကာဈေးကွက်မှာလည်းကုန်ပစ္စည်းတွေကိုဈေးသက်သာစွာဖြန့်ဖြူးရောင်းချပေးနိုင်တဲ့ကုမ္ပဏီတစ်ခုဆိုတာသိရပါတယ်။ ပြည်ပနိုင်ငံတွေမှာ ဘယ်လိုပဲ ဈေးချိုပေမယ့် မြန်မာ ပြည်မှာတော့ ဖုန်းကတ်ပေါင်း တစ်သိန်းပြီးတစ်သိန်း တိုးလာတာတောင် တစ်ကတ် ငါးသိန်း (ဒေါ်လာခြောက် ရာဝန်းကျင်) ကနေ မလျှော့ ပေးခဲ့တာကိုတော့ နားလည် ပေးဖို့ စ.. ခက်ခဲလာပါပြီ။
ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန်မှာ လိုင်းကတ်ပေါင်း သန်းချီလာမယ်ဆိုရင် ၊ကုမ္ပဏီအများ ပါဝင်ခွင့်ရမယ်ဆို ရင် ဆင်းမ်ကတ်တစ်ကတ်တန်ဖိုး (သူများလောက်ဈေး မပေါသေးတောင်) ဒေါ်လာတစ်ရာအောက်လောက်တော့ ဖြစ်လာမယ်လို့ ခန့်မှန်းမျှော်လင့်ထားခဲ့မိပါတယ်။
အထူးသဖြင့် အစိုးရသစ်တက်လာပြီး သမ္မတကြီး စပြောခဲ့တဲ့ သမိုင်းဝင်မိန့်ခွန်းတွေ၊ နိုင်ငံရေးအရ ပြုပင် လုပ်ဆောင်ချက်တွေ၊ မီဒီယာများဖြေလျှော့ပေးမှုတွေ၊ ကားဟောင်းလဲလှယ်ခွင့် အစရှိတာတွေဟာ လစ်ဟာချက် အချို့ ရှိပေမယ့် လူ/နတ် သာဓုခေါ်ရမယ့် လုပ်ဆောင် ချက်တွေ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆက်သွယ်ရေးသိပ်သည်းမှုက ၆ ရာခိုင် နှုန်းသာ ရှိသေးလို့ လိုအပ်ချက်မြင့်မားနေဆဲဖြစ်တဲ့ ၉၄ ရာခိုင်နှုန်းသော ပြည်သူအများစုအတွက်တော့ အဲဒီဖုန်း ကိစ္စ မျှော်လင့်ချက်ဟာ ရိုက်ချိုးခံလိုက်ရပြန်ပါတော့ တယ်။
လိုင်းအင်အား သန်းချီတပ်ဆင်လာရင် တို့တိုင်းပြည် မှာလည်း ဖုန်းဈေး လူတိုင်းသုံးနိုင်အောင်ဖြစ်လာမှာပါ ကွာလို့ အကောင်းမြင်ဟောကိန်းထုတ်ပြခဲ့တဲ့ ကျွန်တော် ဟာ မိတ်ဆွေများအလယ်မှာ ရယ်သွမ်းသွေးခံရပါတော့ တယ်။
ငါးနှစ်အတွင်း သန်း ၃ဝ တပ်ပေးမယ်။ ပထမ ဆုံးနှစ်မှာတင် ၄ သန်း တပ်ပေးမယ်။ ကနဦးတပ်ဆင်ခ ကတော့ နှစ်သိန်းခွဲ၊ သုံးသိန်းဝန်းကျင် (ဒေါ်လာ ၃ဝဝ/ ၃၇ဝ) ဆိုတဲ့ သတ်မှတ်ချက်ဟာ အိမ်နီးချင်းနိုင်ငံတွေ မှာ ကျပ် ၂ဝဝဝ သုံးဒေါ်လာဝန်းကျင်ပဲ ပေးရမှန်းသိ နေသူတွေအတွက် စိတ်အပျက်ကြီးပျက်စရာပါပဲ။ နောက် နှစ်တွေမှ တဖြည်းဖြည်းလျှော့ပေးမယ်၊ ငါးနှစ်ကြာလျှင် တစ်သိန်းအောက် ရောက်ချင်ရောက်သွားနိုင်တယ်ဆိုတာ မျိုးက လူထုအတွက် နှစ်သိမ့်စရာမဖြစ်တော့ပါ။ တစ် သိန်းဆိုတာ ဒေါ်လာတစ်ရာကျော်ပါ၊ ငါးနှစ်ပြည့်တာ တောင် ကတ်တစ်ကတ် ဒေါ်လာတစ်ရာဖြစ်ဖို့ မသေချာ သေးဆိုတော့ ''ငါတို့လက်ထက်မှာ အိမ်နီးချင်းတွေလို သုံးဒေါ်လာလောက်တော့ မမျှော်လင့်နဲ့လို့'' ပြောတာနဲ့ အတူတူပဲလို့ ထေ့ငေါ့လာတဲ့ မိတ်ဆွေတချို့ကို အဆိုးမြင် သူတွေလို့တောင် အရင်လို ကျွန်တော် မချေပနိုင်တော့ ပါ။
တစ်လိုင်း သုံးသိန်းနှုန်းဝန်းကျင်နဲ့သာ ကတ်လေး သန်းရောင်းမယ်ဆိုတော့ တစ်နှစ်အတွင်း လူထု ၉၄ ရာခိုင်နှုန်းဆီကနေ ကျပ်ဘီလီယံပေါင်း ၁၂ဝဝ လောက် ရယူမယ့် စီမံကိန်းကြီး ဖြစ်နေပါရောလား၊ ဒေါ်လာသန်း ပေါင်း ၁၅ဝဝ လောက် ရှာဖွေမယ့်သဘောဖြစ်နေရာ ဓာတ်ငွေ့ရောင်းရသလောက်နီးနီး ပြည်သူတွေက ဖုန်းအ တွက် ကုန်ကျရမလို ဖြစ်နေပါတယ်။ (တစ်လိုင်း နှစ်သိန်း ခွဲနဲ့ ရောင်းလျှင်တောင် ကျပ်ဘီလီယံ ၁ဝဝဝ=ဒေါ်လာ သန်း ၁၂၅ဝ လောက် ဖြစ်ပါတယ်)
အရင်းအနှီးက ကုမ္ပဏီ ၂၃ ခုပေါင်း ကျပ်ဘီလီယံ ၅ဝဝ လို့ သိရတော့ ပြောခတွေ တစ်ပြားမှ မပါသေးဘဲ ဌာနနဲ့ ပုဂ္ဂလိကတွေပေါင်းပြီး တစ်ကျပ်ရင်းပြီး တစ်နှစ် အတွင်း နှစ်ကျပ်ချက်ချင်းပြန်ရှာမယ့်ပုံစံကြီးဖြစ်နေတာ ကို အလွန်အံ့သြစရာ တွက်ချက်မိပါတယ်။
ပြောခကလည်း တစ်မိနစ် ၅ဝ မို့ အဲဒီဖုန်း ၄ သန်း တစ်လအနည်းဆုံး မိနစ်တစ်ရာ ပြောတယ်ထား၊ ၄ သန်း x ၅ဝx၁ဝဝ= ကျပ်ဘီလီယံ ၂ဝ ရပါမယ်။ တစ် နှစ်ဆိုလျှင် အနည်းဆုံး ကျပ်ဘီလီယံ ၂၄ဝ ရပါမယ်။ တွက်ကြည့်ကြပြီး သူငယ်ချင်းတွေက နိုင်ငံခြားကို ဓာတ် ငွေ့တွေဘာတွေမရောင်းဘဲ ပြည်တွင်းမှာပဲ ဖုန်းတွေ ဒီ အရေအတွက် ဒီဈေးနှုန်းနဲ့ရောင်းပြီး ဘီလီယံချီပြီးရနိုင် တာ နိုင်ငံတကာစီးပွားရေးပညာရှင်တွေ သိကြပုံမရဘူး လို့ သရော်ကြပါတယ်။
အဲဒီနောက် ရွှေပြည်တံခွန်ကုမ္ပဏီရဲ့ ငါးထောင်တန် ဖုန်းဂယက်ထလာတော့ ဘာအဖြေပေးမလဲဆိုတာ ကျွန် တော်တို့ အစောကြီးမှန်းဆထားမိသလိုပါပဲ။
ဒါပေမဲ့ အဲဒီ ငါးထောင်ဆိုတဲ့ တန်ဖိုးနဲ့ပဲ တစ်နှစ် နီးပါး အချိန်ယူတည်ဆောက်နေရပါတယ်ဆိုတဲ့ ဆင်းမ် ကတ် လေးသန်းမြှောက်ကြည့်လိုက်တော့ ကျပ်ဘီလီယံ ၂ဝ ရပါတယ်။ စောစောကတွက်ပြခဲ့သလို ဖုန်းတစ်လုံး တစ်လအနည်းဆုံး ပျမ်းမျှကျပ်ငါးထောင်ဖိုး ပြောတယ် ထား၊ တစ်နှစ် ကျပ်ဘီလီယံ ၂၄ဝ နဲ့ နှစ်နှစ်အကြာမှာ အနည်းဆုံး ကျပ်ဘီလီယံ ၄၈ဝ ရမှာမို့ ကတ်ဘိုးနဲ့ပေါင်း လိုက်ရင် အရင်းပြန်ရပါပြီ။ ဒီနေရာမှာ ဖုန်းတစ်လုံး တစ်လ ငါးထောင်ဆိုတာ တကယ့်ကို အနည်းဆုံးနှုန်း နဲ့ တွက်ထားတာပါ။ ကတ်ဘိုး သက်သာတာမို့ ပြောခ ကို မချွေတာကြဘဲ တစ်လတစ်ကတ် ပျမ်းမျှ ကျပ်တစ် သောင်းဖိုးလောက် ပြောကြမယ်ဆိုရင် ပြောခနဲ့တင် တစ်နှစ်အတွင်း အရင်းကျေသွားနိုင်ပါတယ်။
ဟုတ်ကဲ့ ကိုယ့်ဘာသာကိုယ် အေးအေးနေလို့ရပေ မယ့် တိုင်းပြည်အတွက် အနစ်နာခံလုပ်နေရပါတယ်ဆိုတဲ့ လုပ်ငန်းရှင်ကြီးတွေ၊ အသက်တွေဘာတွေစွန့်စရာမလို ပါ၊ အရင်းပေါ်ဖို့ နှစ်နှစ်လောက်သာ ထိုင်စောင့်ပေးကြ ပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။
ငါးထောင်ထိတော့ ချမပေးနိုင်ဘူး။ နိုင်ငံတော်ကို လည်း အခွန်အခတွေသွင်းရဦးမှာဆိုလျှင်လည်း မြန်မာ ပီပီ ဆယ်ဆတိုးပြီး တစ်ကတ် ကျပ်ငါးသောင်းနဲ့ ရောင်း ကြည့်ပါ၊ ၅ သောင်း x ကတ် ၄ သန်း= ကျပ်ဘီလီယံ ၂ဝဝ တိတိရပါမယ်။ အထက်ကလိုပဲ ပြောခ တစ်နှစ် စောင့်ယူလိုက်ရင် အရင်းကြေသွားပါလိမ့်မယ်။ ရှေ့ ဆက်ပြီး ပြည်သူတွေပြောသမျှ အမြတ်ထွက်နေမှာပါ။ (အရင်ဆောင်းပါးမှာ ရေးခဲ့ပြီးပါပြီ)
ဥပဒေအသစ်ဆွဲထားပြီးပြီ၊ လွှတ်တော်မှာတင်လို့ အတည်ဖြစ်တဲ့အခါ Phone Operator တွေ ထပ်ပေါ်လာ ပြီး ဈေးတွေထပ်လျော့ကျနိုင်ပါတယ်လို့ ဆက်သွယ်ရေး တာဝန်ရှိသူတစ်ယောက်က ဖြေတယ်ဆိုတော့ အဲဒီအခါ ကျ မဖြစ်မနေ ထပ်လျှော့ပေးရမှာမို့ လောလောဆယ် ပြိုင်ဘက်ကင်း ဈေးတင်ထားတာလားလို့ တွေးစရာ၊ ဆယ့်ငါးသိန်း/ငါးသိန်းပေးထားရတဲ့ ဖုန်းတွေအကြောင်းကြောင်းကြောင့် ဆင်းမ်ကတ် ပျက်/ပျောက်လို့ အသစ် လဲချင်ရင် ငါးသောင်း (အရင်က တစ်သိန်း၊ အခု သ နားလို့) အမည်ပေါက်နာမည်ပြောင်းချင်ရင် ကိုယ့်တာ ဝန်ကိုယ်ယူ၊ အာမခံလက်မှတ်ထိုး၊ နာမည်ပြောင်းခရေး ခကတော့ ငါးသောင်း၊ လိပ်စာပြောင်းချင်သေးလား၊ တစ်သောင်းဆိုတဲ့ သတ်မှတ်နှုန်းတွေဟာလည်း ပြိုင်ဘက် တွေပေါ်လာပါမှ ပျောက်သွားမယ်ထင်ပါရဲ့လို့ တွေးမိပါ တယ်။
Transition Costs များ လျှော့ချရေး ပြည်ပရင်းနှီး မြှုပ်နှံမှုများ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လယ်ယာ ကဏ္ဍ ဈေးကွက်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးရယူလာသူ တိုင်းရင်းသားတွေရဲ့ လူမှုဘဝမြှင့်တင်ရေး၊ နည်းပညာ တိုးတက်ရေး၊ အလွန်နိမ့်ကျနေဆဲ Tele density အလျင် အမြန် တိုးတက်ရေး၊ ဂျီဒီပီကို အထောက်အကူပြုရေး ဆိုတဲ့ ရည်မှန်းချက်တွေနဲ့……
တန်ဖိုးနိမ့်ပါဆိုတဲ့ ဖုန်းတစ်လုံး အနည်းဆုံး ဒေါ် လာ ၃ဝဝ ….လတ်တလောတစ်နှစ်အတွင်း ဖုန်းလေးသန်း အတွက် ဒေါ်လာ သန်း ၁၂ဝဝ ….ပြောခမပါသေးပါ ဟုတ်ကဲ့ ……. ကျွန်တော်တော့ ဘယ်လိုမှ နားမလည်နိုင်တော့ပါ။
မင်းမြတ်စံ (မက်ဆင်ဂျာဂျာနယ်)





19 February, 2012

ဒီပဲယင်းအရေးအခင်း တရားခံများ

ဒီပဲယင်းအရေးအခင်း တရားခံများ
by Naymin Alinyoung on Tuesday, 17 January 2012 at 03:33 ·



၁။ ခင်ညွန့် -နအဖ အတွင်းရေးမှူး(၁)၊ ဒေါ်စုအား လုပ်ကြံရန် အဓိကအမိန့် ပေးသူ၊ ၄င်းနောက် ဝန်ကြီးချုပ်ဖြစ်လာ၊ ပြီး စစ်အာဏာနေရာလုရန်ကြိုးပန်း၍ ဖမ်းဆီးထား၊ ယခု ပြန်လွတ်။

၂။ စိုးဝင်း-နမခ စစ်တိုင်းမှူး၊ဒီပဲယင်းအရေးအခင်
းတွင် အနီးဆုံးကြီးကြပ်ကွပ်ကဲသူ၊ ၄င်းနောက် အတွင်းရေးမှူး(၁)၊ ပြီး ဝန်ကြီးချုပ်၊ယခု သေဆုံးပြီး။

၃။ သန်းဟန်-ဒု ဗိုလ်မှူးကြီး၊ရွှေဘို ခယက ဥက္ကဌ၊ဒီပဲယင်းသို့ ကိုယ်တိုင်သွားရောက် ဆောင်ရွက်ခဲ့သူ၊၄င်း အရေးအခင်းအပြီး ရဲမှူးချုပ်အဖြစ် ပြောင်းရွေ့ ခြေရာဖျောက်ထား။

၎။ တင်မြင့်-ရွှေဘိုခရိုင် ကြံ့ဖွံ့ အတွင်းရေးမှူး၊ဒေါ်စုအရေးအခင်းအတွက် ရွှေဘိုမှ ချောကားများ၊လက်နက်များ၊လူတစ်ယောက်လျှင် ထမင်းတစ်ထုပ်နှင့် ငွေ(၃၀၀၀)ကျပ်ပေးကာ အင်အားစုစည်းပေးသူ၊ အရေးအခင်းပြီးသောအခါ တိုင်းကြံ့ဖွံ့ အမှူဆောင်အဖြစ် ခြေရာဖျောက်ထားပြီး အခြေအနေငြိမ်သက်သောအခါ ရွှေဘို ခယက အတွင်းရေးမှူး အဖြစ် ချီးမြှောက်ခဲ့။

17 February, 2012

F မြန်မာ့ရေးရာ သတင်းပဒေသာ (၁၇-၂-၂၀၁၂ - နံနက်ပိုင်း)

ကမ္ဘောဇလေယာဉ် သံတွဲမှာ ဗိုက်နဲ့ဆင်း click
- ကူဝိတ်သဲကန္တာရထဲတွင် မြန်မာအလုပ်သမား ၁၆၀ ဒုက္ခတွေ့နေ click
- တာကာငွေ ၃၇ သိန်းဖိုးရှိ ဘိန်းဖြူများ မြန်မာနယ်စပ်အနီးတွင် ဖမ်းမိ click
- နိုင်ငံရေးသမားတွေရဲ့ အသုံးချခံမဖြစ်ဖို့ ရွှေည၀ါဆရာတော်ကို အာဏာပိုင်တွေ လျှောက်ထား click
- ရွှေညဝါဆရာတော် ဦးပညာသီဟ ဆွမ်းအလှူခံကြွချီ (ဓာတ်ပုံသတင်း) click
- ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကျောင်းတိုက်က ထွက်ခွာပေးရတော့မည့် ရွှေညဝါဆရာတော် (ရုပ်သံ) click
- ရွှေည၀ါဆရာတော် (မှတ်ချက်) click
- ရန်ကုန်မှာ ဆန္ဒပြတာ ၁၁ ရက်ကြာပြီ (ဓာတ်ပုံသတင်း) click
- ဆက်လက်တိုက်ပွဲဝင်နေဆဲ တိုင်ရီ ဆန္ဒပြအလုပ်သမားများ (ရုပ်သံ) click
- ၀န်ထမ်းလစာတွေ မတိုးနိုင်သေးဘူးလို့ ၀န်ကြီးတွေ လွှတ်တော်မှာ ရှင်း click
- ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေးအဆို ဘဏ္ဍာရေးဝန်ကြီး ငြင်း click
- ဆည်မြောင်းစီမံကိန်းတချို့ ရပ်ဆိုင်းဖို့ ပြည်ထောင်စုလွှတ်တော်က ထောက်ခံ click
- အစိုးရ ကတိဖျက်ဟု မန်းငြိမ်းမောင် ပြော click
- မန်းငြိမ်းမောင် အမှုတွင် ဝန်ကြီးဦးအောင်မင်းကို သက်သေခေါ်လို click
- ၀န်ကြီး ဦးအောင်မင်းကို သက်သေခေါ်ဖို့ မန်းငြိမ်းမောင်ရဲ့ရှေ့နေ တင်ပြ click
- NUPA နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမည် click
- ဒေါ်အောင်ဆန်းစုကြည်ကို ဖျာပုံလူထုက လှိုက်လှဲစွာ ကြိုဆိုမည် click
- ဖျာပုံက လာတဲ့စာ (ပေးစာ) click
- ဒေါ်​အောင်ဆန်း​စုကြည် ဖျာပုံမြို့ စည်းရုံး​ရေး​ခရီး​စဉ် (သတင်းဓာတ်ပုံ) click
- ဒေါ်အောင်ဆန်းစုကြည် ဖျာပုံခရီးစဉ် (ဓာတ်ပုံသတင်း) click
- မစ္စတာ နမ်ဘီးယားနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ click
- ကုလ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- ရွေး​ကောက်ပွဲ လွတ်လပ်မျှတရန် ​ဒေါ်​အောင်ဆန်း​စုကြည် ကုလသမဂ္ဂကို ​ဆွေး​နွေး​ click
- မစ္စတာနမ်ဘီယားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတင်းစာရှင်းလင်းပွဲ (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် မလေးရှားဝန်ကြီးချုပ်ဟောင်း အာမက်ဘာဒါဝီနဲ့ တွေ့ဆုံ (ရုပ်သံ) click
- ဥပဒေစိုးမိုးရေးအတွက် ရွေးကောက်ပွဲဝင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာ click
- ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း အမည်စာရင်း အတည်ပြုချက် မထွက်သေး click
- လယ်သမားတွေအတွက် ရွေးကောက်ပွဲ ဝင်မယ်လို့ ဒေါ်မြင့်မြင့်အေး ပြောဆို click
- ရွေး​ကောက်ပွဲဝင်မည့်​ ပါတီများ​ နိုင်ငံပိုင်မီဒီယာများ​တွင် ၁၅ မိနစ် မဲဆွယ်ခွင့်​ရမည် click

ဗုံးခွဲမှုအတွင်း တရုတ်အင်ဂျင်နီယာ တစ်ဦး သေဆုံး မြန်မာအရာရှိ ၃ ဦး ဒဏ်ရာရ

သျှမ်းပြည် (မြောက်ပိုင်း) မန်တုံနှင့် နမ့်ခမ်းမြို့နယ် အကြား ကားလမ်းပေါ်တွင် ယခုလ ၁၃ ရက်နေ့က တရုတ်ဂက်စ် ပိုက်လိုင်းအင်ဂျင်နီယာ စီးနင်းလိုက် ပါလာသည့် ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုအတွင်း တရုတ်အင်ဂျင်နီယာ သေဆုံးပြီး ယာဉ်ပါ် ပါ မြန်မာ အရာရှိ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။မန်တုံမြို့နယ်မှ နမ့်ခမ်းဘက်သို့ လည်းကောင်း ယာဉ်ထွက်ခွာလာစဉ် အမည်မသိ အဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း တရုတ်နယ်စပ် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောမှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။“၁၃ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်ပေါ့ ကားကိုဆွဲမိုင်းနဲ့ခွဲတာ တရုတ် အင်ဂျင်နီယာတစ်ဦး သေသွားတယ် မြန်မာအ ရာရှိ ၃ ဦးလည်း ဒဏ်ရာရတယ် တရုတ်အင်ဂျင်နီယာ အလောင်း ကိုတော့ တရုတ်ပြည်ဘက် ပြန်သယ်လာပြီ” - ဟု သူက ဆိုသည်။အစိုးစစ်တပ်များလုံခြုံရေး ထူထပ်စွာ ချထားသည့်ကြားက ယခုဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သူကဆက် ပြော သည်။

ရခိုင်စာပီဟောပြောပွဲ


ဂက်စ်ပိုက်လိုင်းလျော်ကြေးငွေ လက်မခံသည့်တောင် သူများကိုခေါ်ယူကြိမ်းမောင်း


12122011                   
                          ဂက်စ်ပိုက်လိုင်းလျော်ကြေးငွေ လက်မခံသည့် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာရှိ တောင် သူများကို စွမ်းအင်ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်မှ ယခုလ ၁၃ ရက်နေ့ ည ရ နာရီခန့်တွင် ခေါ်ယူကြိမ်းမောင်းခဲ့ကြောင်း သိရသည်။
         ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံအထိ ဂက်စ်ပိုက်လိုင်း သွယ်တန်းရာ တွင် မြေသိမ်းခံရသည့် မိုင်းဝီးရွာခံ တောင်သူများကို စွမ်းအင်နှင့်မြေစာရင်းဦးစီးအရာရှိများက သဘော တူကြောင်း လက်မှတ်ထိုးခိုင်းရာ လက်မှတ်မထိုး သည့် တောင် သူ ၈ ဦးခန့် ကျန်ရှိပြီး အဆိုပါတောင် သူများအား ခေါ်ယူကြိမ်းမောင်းခြင်း ဖြစ်ကြောင်း သိရသည်။မရှင်းလင်းသည်များ ကို မေးမြန်းဆွေးနွေး နိုင်ရန်ဟု ဆိုကာ တောင်သူများကို မိုင်းဝီးရွာ ရယကစာရေး ဦးသန်းဦး နေအိမ်သို့ ခေါ်ယူခဲ့ကြောင်း မိုင်းဝီးရွာခံတောင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။“လက်မှတ်မထိုးသေးတဲ့တောင်သူ ၈ ဦးလောက်ရှိသေးတယ် အားလုံးဦးရေက အယောက် ၁၀၀ လောက်ရှိတယ်။ အဲဒါကို လက်မှတ်မထိုးသေးတာကို မရှင်းလို့လားဆိုပြီး စွမ်းအင်အရာရှိ ဦးမျိုးမြင့်အောင် ၊ မြေစာရင်းဦးစီးမှူး ဦးကျော်နိုင်တို့က ခေါ်တာပေါ့ တောင်သူတွေကမေးမြန်းကြတဲ့ အခါကျတော့ အဆူခံရ ၊ ရန်ရှာခံရတာပေါ့

16 February, 2012

ငါးထောင်တန်နဲ့ရွှေပြည်တံခွန် ဘာလဲ ဘယ်လဲ

ငါးထောင်တန်နဲ့ရွှေပြည်တံခွန် ဘာလဲ ဘယ်လဲ

(အခုလို ချစ်သူများနေ့မှာ မျှော်လင့်ချက်ကိုယ်စီနဲ့ပျော်ရွှင်နေကြမယ့်သူတွေကို ဒီစာလေးတင်လိုက်လို့ အနှောင့်အယှက်ဖြစ်သွားမယ်ဆိုရင်တော့ အထူးပဲ အနူးအညွတ်တောင်းပန်ပါတယ်။ ဒီစာလေးကို ပိတောက်မြေမှာဖတ်လိုက်ရလို့ တင်ပေးလိုက်တာပါ။ သိပြီးသားသူတွေရှိနိုင်ပေမယ့် ကျွန်တော်ကမသိသေးသလို ကျွန်တော့်လိုမသိသေးသူတွေလဲသိသွားကြရအောင် တင်ပေးရခြင်းဖြစ်ပါတယ်။ သိသင့်တယ်လို့လဲထင်ပါတယ်။ ဒီစာလေးထဲမှာ စာရေးသူက ရွှေပြည်တံခွန်နဲ့ ငါးထောင်တန်ဆင်းကဒ်အကြောင်းကို သူ့ဘက်ကအယူအဆနဲ့ ခွဲခြမ်းစိတ်ဖြာပြထားပါတယ်။ သူတွေးတာကလည်း အတွေးကောင်းပဲ။ ဒီစာထဲကအတိုင်းက အပြင်မှာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်၊ ဟုတ်ရင်လဲ ဟုတ်ပါလိမ့်မယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သိထားတာအကောင်းဆုံးမို့ ကူးယူတင်ပြပေးလိုက်ပါတယ်။)
ငါးထောင်တန်အိမ်မက်
စစ်အောင်
( ကိုစစ်အောင် Face Book ပေါ်က ပို့စ်ကို သူ့ခွင့်ပြုချက်နဲ့ မျှဝေပေးလိုက်ပါတယ်။ )

ကိုကိုကြီး (၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်)